Tuesday, May 15, 2012

မမုန်းလိုက်ပါနဲ့


မမုန်းလိုက်ပါနဲ့…. ဘဝမှာ နာကျည်းစရာတွေကြုံလာတဲ့အခါ ဥပေက္ခာ ပြုတတ်ဖို့သာ ကြိုးစားပါ… ဘဝကိုမမုန်းလိုက်ပါနဲ့…. ကိုယ့်ကိုကိုယ် မမုန်းလိုက်ပါနဲ့…. သူများတွေကိုလည်းမမုန်းပါနဲ့…

အခုဖြစ်နေသမျှဟာ ပြီးတော့လည်း ပြီးသွားတာပါဘဲ…. ဒီနေ့ရင်ဆိုင်ရသမျှဟာ မနက်ဖြန်မှာ အတိတ်ဖြစ်သွားမှာ… ကိုယ်မသိလိုက်ဘဲ ပြီးသွားမဲ့ အရာတွေအတွက် စိတ်ဆင်းရဲမနေပါနဲ့….

ဘယ်သူ့ကိုမှ မုန်းဘို့မကြိုးစားပါနဲ့… ဘဝဆိုတာ တိုတိုလေးပါ… ကိုယ့်ကိုမုန်းနေမဲ့သူတွေကို အမုန်းနဲ့မတုန့်ပြန်ပါနဲ့… ကိုယ်ပါလိုက်ပါပူလောင်နေဘို့မှမလိုဘဲ…. အချိန်တန်ရင် မေ့သွားမဲ့ အရာတွေအတွက် စိတ်ထဲမထားပါနဲ့….

အဆင်မပြေတာတွေရှိရင် ခဏလောက်မေ့ထားပြီး အနားယူလိုက်ပါ… ဘာမှမတတ်နိုင်တဲ့အချိန်တွေမှာ ဘာလုပ်ရမှန်းလည်း မသိနေမှတော့ အနားယူလိုက်ခြင်းဟာ ကိုယ်ခန္ဒာအတွက်တော့ အကျိုးရှိမှာပါ…

ဘာအကြောင်းမှမရှိဘဲ သင့်ကိုမုန်းနေတဲ့သူတွေကို တုန့်ပြန်ဘို့ မကြိုးစားပါနဲ့… သင့်ဘဝရဲ့ကျေနပ်ရောင့်ရဲစရာအကြောင်းအရာတွေကို ကျေးဇူးတင်သတိရရင်း ပျော်ရွှင်ကြည်နူးလိုက်ပါ….

ဘယ်သူ့ကိုမှမမုန်းလိုက်ပါနဲ့…

အမုန်းစိတ်ဝင်လာခြင်းကြောင့် ရရှိလာမဲ့အကျိုးအပြစ်ကို မြင်ယောင်ကြည့်လိုက်ပါ… ကောင်းခြင်းတွေရှိမနေမှတော့ မလုပ်သင့်တဲ့အကြောင်းအရာဆိုတာ သေချာနေပြီဘဲ… မမုန်းလိုက်ပါနဲ့…

မုန်းချင်စိတ်စတင်ကိန်းအောင်းလာရင် ပြန်လည်ဆင်ခြင်ကြည့်လိုက်ပါ… သူ့ကြောင့်လား… ကိုယ့်ကြောင့်လား… သူ့ကြောင့်ဆိုရင် ခွင့်လွှတ်ဘို့သာကြိုးစားပါ… သူဟာတချိန်မဟုတ်တချိန် သင့်အနားကထွက်ခွါသွားမှာ သေချာတယ်… ဘဝဆိုတာတိုတိုလေးပါ… ခွင့်လွှတ်နိုင်ဘို့ကြိုးစားပါ… ခွင့်လွှတ်ခြင်းကြောင့် ခံစားရရှိတဲ့ အေးချမ်းမှုဟာ သိပ်ကိုတန်ဘိုးရှိပါတယ်…

ကိုယ့်ကြောင့်ဆိုရင် ကိုယ့်ကိုကိုယ်ပြင်ဆင်ပါ… ချစ်တတ်ဘို့သာ သင်ယူပါ… ချစ်ခြင်းကြောင့်သာ ပျော်ရွှင်မှုကိုခံစားနိုင်ပြီး မုန်းတီးခြင်းဟာ ဘဝကိုခါးသီးစေပါတယ်…

မမုန်းလိုက်ပါနဲ့… အမုန်းတရားက သင့်ထံချဉ်းကပ်လာရင် ချစ်ခြင်းတရားကိုသာ ဖက်တွယ်ထားလိုက်ပါ… တန်ဘိုးမဖြတ်နိုင်တဲ့ စိတ်ချမ်းသာမှုကို သင်ခံစားရပါလိမ့်မယ်…

15 comments:

  1. ခွင့်လွတ်တတ်အောင်သင်ယူနေပါတယ်

    ReplyDelete
    Replies
    1. ကိုယ်တိုင်လဲ သင်ယူနေတုန်းပါဘဲး)

      Delete
  2. ဒီပိုစ့်လေး ဖတ်ပြီး အမုန်းကို နည်းနိုင်သမျှ နည်းအောင်၊ ခွင့်လွှတ်သီးခံစိတ်ကို တတ်နိုင်သမျှ မွေးဖို့ ကြိုးစားဖို့ ဆုံးဖြတ်မိတယ် အစ်မ...

    ReplyDelete
    Replies
    1. အမလဲအဲလိုဆုံးဖြတ်ထားပါတယ်...း)

      Delete
  3. ဘကြီးအောင်May 15, 2012 at 7:28 PM

    သြော်.....တကယ်တော့ Blog ရေးတယ်ဆိုတာ တနည်းအားဖြင့်ခံစားနေရတဲ့ ရင်ဘတ်ကြီးကို ဖွင့်ထုတ်လိုက်တာပါလားလို့....

    ReplyDelete
    Replies
    1. လာလည်သွားတာကျေးဇူးတင်ပါတယ်... စာဖတ်တဲ့သူတိုင်းရဲ့ အမြင်တွေက မတူတတ်ကြပါဘူး... ဘကြီးအောင်ရဲ့ အမြင်က ဘကြီးအောင်လိုလူမျိုးအတွက် မှန်ချင်မှန်နိုင်ပါတယ်...

      Delete
  4. သူငယ်ချင်းးးး မမုန်းမချင်းတော့ ကောင်းတယ်နော်.... :P စတာပါ.... သူငယ်ချင်း

    ReplyDelete
  5. မမုန်းအောင် ကြိုးစားပါမယ် မရို့ စ်...

    ReplyDelete
  6. မှန်ကန်တဲ့ စကားလုံးလေးတွေကို အားပေးထောက်ခံသွားတယ် Rose ရေ။
    လူသားတိုင်း အရာရာကို အပြစ်သဘောမမြင်ပဲ အပြုသဘောနဲ့မြင်ပေးရင်
    အမုန်းနေရာမှာ အပြုံးကို အစားထိုးသွားနိုင်ကြမှာပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. “ ဘယ်သူ့ကိုမှ မုန်းဘို့မကြိုးစားပါနဲ့… ဘဝဆိုတာ တိုတိုလေးပါ… ကိုယ့်ကိုမုန်းနေမဲ့သူတွေကို အမုန်းနဲ့မတုန့်ပြန်ပါနဲ့… ကိုယ်ပါလိုက်ပါပူလောင်နေဘို့မှမလိုဘဲ…. အချိန်တန်ရင် မေ့သွားမဲ့ အရာတွေအတွက် စိတ်ထဲမထားပါနဲ့….”

    သိပ်မှန်ပါတယ်။ ဘ၀မှာ မုန်းရမယ့်သူတော့ မရှိသေးပါဘူး။ ဒါပေမယ့် စိတ်ပျက်လက်ပျက်နဲ့ အသံတောင်မကြားချင်လောက်တော့တဲ့ ခံစားမှုမျိုးတော့ လူတစ်ယောက်အပေါ် လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ဖြစ်ခဲ့ဘူးပါတယ်။ အခုကျတော့လည်း စိတ်ထဲ ဘာမှတောင် မကျန်တော့ဘူး။ စိတ်ပြတ်သွားတဲ့ သဘောလားမသိ... :)

    ReplyDelete
  8. ကိုယ့်ကိုမုန်းနေမဲ့သူတွေကို အမုန်းနဲ့မတုန့်ပြန်ပါနဲ့… ကိုယ်ပါလိုက်ပါပူလောင်နေဘို့မှမလိုဘဲ
    ဟုတ်တာပေါ့ သူကိုမုန်းနေတာကိုက ကိုယ့်ကိုကုယ့်ပူလောင်နေရတာပါပဲ

    ReplyDelete
  9. တန်ဖိုးရှိတဲ့ ပိုစ့်လေး ဖတ်သွားပါတယ်ရှင့် :D

    ReplyDelete