Monday, April 30, 2012

ယုံကြည်ဆုတောင်း




သူ


လိုအင်ဆန္ဒတွေပြည့်ဝပါစေ

သူ

ဖြစ်ချင်တာတွေဖြစ်လာပါစေ

သူ

ဘဝလေးငြိမ်းချမ်းပါစေ

သူ

ပူလောင်ခြင်းတွေနဲ့ကင်းဝေးပါစေ

သူ

အရာရာအဆင်ပြေပါစေ

ထပ်ခါထပ်ခါသတိယတိုင်းဆုတောင်းပေးနေတယ်

စော်ကားတိုင်းလည်းသည်းခံခဲ့ပါတယ်

နောက်ကွယ်ကအတင်းစကားတွေကိုလည်း

ဥပေက္ခာပြုခဲ့ပါတယ်

နောက်ကျောကထိုးစိုက်ခဲ့တဲ့ ဓားဒဏ်ရာတွေ

နာကျင်နေသော်လည်း

အားယူပြုံးပြခဲ့ပါတယ်

အထင်လွဲကောင်းလွဲခဲ့မယ်

အမြင်တိမ်းစောင်းခဲ့လိမ့်မယ်

ဘာမှမစဉ်းစားဘဲမသိယောင်သာဆောင်ခဲ့ပါတယ်

ဆုတောင်းပေးရင်းကိုယ့်စိတ်ကိုဖြေသိမ့်တယ်

သူ့ဘဝအရာရာပြည့်စုံရင်

အရာရာကိုအကောင်းဘက်ကမြင်တတ်လာမယ်ယုံကြည်ရင်း