Wednesday, May 9, 2012

ပြုံးသူ








ဘဝခါးခါးမှာနေသားကျစေဘို့
အပြုံးတုတွေပန်ဆင်ရမှာမျိုး
ကိုယ်မနှစ်သက်ခဲ့သူပါ....

အားယူပြုံးတွေတော့
ကြိုးစားပြုံးပြခဲ့ဘူးရဲ့
ခလေးချော့တဲ့ကိုယ့်အပြုံးမှာ
မေတ္တာတွေမွှေးပျံ့နေခဲ့မယ်
ဝမ်းသာကြည်နူးပြုံးနဲ့
ချစ်သူကိုကြိုဆိုတဲ့အခါ
ရင်ခုန်ခြင်းတွေသံစဉ်ချိုနေခဲ့
ရင်ဘတ်တူသူငယ်ချင်းများနဲ့
စကားတွေဖောင်ဖွဲ့နေချိန်
ကိုယ့်အပြုံးတွေလတ်ဆတ်နေမှာသေချာ
ဘဝမှာအပြုံးတုမရှိခဲ့သူပါ
ကိုယ့်နောက်ကျောဓားစိုက်ထိုးနေသူကိုတောင်
နောက်လှည့်ပြုံးပြခဲ့လေသူ
အဲဒီအပြုံးဟာ
အပြုံးတုမဟုတ်ခဲ့
မဲ့ပြုံးမဟုတ်တဲ့
ကျေနပ်စေလိုတဲ့အားယူပြုံး
တသက်စာပြုံးပြခဲ့ဘူးပါတယ်….

13 comments:

  1. အဲ့လိုမျိုး ပြုံးမပြတတ်ဘူး အစ်မရာ...၊မကျေနပ်ရင် မျက်နှာက စူပုပ်နေရော၊
    ကိုယ့်နောက်ကျောဓားလာစိုက်လို့ကတော့ ဘာပြောကောင်းမလဲ....၊
    အမလေးဗျ လို့အော်ပလိုက်မယ် ပြောပါတယ်....:)))

    ReplyDelete
  2. ကိုယ်ပေးတဲ့ အပြုံးစစ်စစ်အတွက် ထိုက်တန်တဲ့ အပြုံးလေးတွေပဲ ပြန်ရမှာပါ။ သေချာတာတော့ ကိုယ်တိုင်အေးချမ်းစေပါတယ်။

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. ခိုင်May 10, 2012 at 12:55 AM

    သူငယ်ချင်းရေ.... ပြုံးသူမှာ မျက်ရည်စတွေ နဲ့ သုတ်လိုက်ပါဦးကွယ်......း))

    ReplyDelete
  5. ကိုယ့်နောက်ကျောဓားစိုက်ထိုးနေသူကိုတောင်
    နောက်လှည့်ပြုံးပြခဲ့လေသူ...

    အဲဒီလို ပြုံးနိုင်ဖို့ တော်တော် ကြိုးစားနေရတယ်...း)

    ReplyDelete
  6. ဟန်ဆောင်မှုတွေ ဖုံးလွှမ်းနေတဲ့ လောကကြီးထဲမှာ
    ဟန်ဆောင်မှုတွေ ကင်းစွာနဲ့ လိပ်ပြာသန့်သန့်နေနိုင်တာဟာ
    အကောင်းဆုံးပေါ့ Rose ရေ။ ကဗျာလေးအားပေးသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. ပြုံးပြ ကျေနပ် နှစ်သိမ့် နိုင်ပါစေ။

    ReplyDelete
  8. ကဗျာလာဖတ်သွားပါတယ်။

    ReplyDelete
  9. ကိုအောင်May 10, 2012 at 11:30 PM

    ဘီယာနဲ့မြည်းသွားပါတယ်...

    ReplyDelete
  10. အဲလိုအပြုံးမျိုး အမြဲပြုံးနိုင်ပြီး စိတ်ချမ်းသာကြည်လင်ပါစေနော်

    ReplyDelete
  11. ကဗျာလေးက အရမ်းကောင်းတယ်

    ReplyDelete
  12. ကိုယ့်နောက်ကျောဓားစိုက်ထိုးနေသူကိုတောင် ပြုံးပြနိုင်တာကို အားကျတယ်..အနော်က ကိုညိမ်းနိုင်လို မကျေနပ်ရင် ဆူပုပ်နေရာဗျ..ကဗျာလေးက ကောင်းသလို ပုံလေးကလည်း ပြုံးသူမှာ မျက်ရည်စတွေနဲ့ ခင်ည..

    ReplyDelete
  13. ကဗျာလေးဖတ်ပြီး ဆွေးမိသွားတယ်။ အခုတလော ရင်နာနာနဲ့ ပြုံးပြတတ်အောင် လေ့ကျင့်နေရလို့ ..အဲတာဟာလည်း ကျေနပ်စေလိုတဲ့အားယူပြုံး
    မျိုးပဲ ထင်တယ်နော်။

    ခင်မင်စွာဖြင့်
    မြတ်

    ReplyDelete