Saturday, May 19, 2012

"လ"ချစ်သူ




လသာတဲ့ညတွေမှာ

စကားလုံးလှလှတွေထွက်ကျ

ဖွင့်ဟဝန်ခံခဲ့ဘူး

အသက်နဲ့ထပ်တူချစ်ရသူသို့….

လမိုက်တဲ့ညတွေမှာ

ဆွံ့အတဲ့နှလုံးသားနဲ့

နာကျင်စွာခံခက်

ရက်စက်လွန်းသူအတွက်

သွေးပျက်မတက်ကြေကွဲခဲ့ဘူး…

"လ"ကလှည့်စားတယ်လို့

လကိုပြန်လှည့်စားသူများ

လကိုငဲ့ညှာကြပါ

လဟာ “သာ”သင့်ရင်သာ

မိုက်သင့်ရင်မိုက်

သူ့တာဝန်သူထမ်း

မနားတမ်းတာဝန်ကျေခဲ့

အပြစ်မဖို့ကြပါနဲ့

ကိုယ်ဟာ လ ကိုချစ်တဲ့သူ။

10 comments:

  1. ကဗျာလေးကကောင်းပါတယ်...အားလုံးဟာ တာဝန်ကိုယ်စီနဲ့မို့
    ကိုယ့်တာဝန် ကိုယ်ကျေတာအကောင်းဆုံးပါပဲ

    ReplyDelete
  2. လ၀န်းသော်တာကိုချစ်တဲ့သူပေါ့.... ကဗျာလေးကိုခံစားသွားပါတယ်...။

    ReplyDelete
  3. ဟုတ်ပါ့ ညီမရိုစ့်ရယ်။ လကိုပဲ ခုတုံးလုပ်နေကြတာ။ သီချင်းရေးဆရာတွေ ပိုဆိုးသေး ဟဟဟားး)))

    ReplyDelete
  4. မနော်ဖောက ကဗျာတွေလည်း တကယ်ကောင်းအောင်ရေးနိုင်တယ်။
    အရမ်းအားကျတာဘဲ..

    ReplyDelete
  5. လကြီး ပြည့်ဝန်းနေရင် ဘာမှန်းမသိပဲ အရမ်းလွမ်းတယ်...
    မဖောရေ.. ဆုတောင်းပေးတာ ကျေးဇူးပါနော်..
    သိပ်မရောက်ဖြစ်ခဲ့ပေမယ့် အမြဲသတိရနေတယ်..
    ခင်တဲ့
    အိမ်မက်

    ReplyDelete
  6. လသာတဲ့ညတွေကိုချစ်တယ်

    ReplyDelete
  7. လမင်းကြီးက အေးချမ်းပါတယ် :D

    ReplyDelete
  8. မြသွေးလဲ “ လ ” ကိုချစ်တယ်...။
    ကြယ်စင်တွေ ၀န်းရံခနေတဲ့ လမင်းကြီးကို ကြည့်ရတာ ဘယ်တော့မှ ကြည့်မ၀ဘူး..။

    ReplyDelete
  9. မြတ်လည်း လ ကို ချစ်တယ်လို့ ပြောမလို့ဟာ မမြသွေးနီ ပြောထားနှင့်တယ်။း)
    လမင်းကြီးရဲ့ အေးချမ်းမှုနဲ့ ကြည်လင်မှုကြောင့် သူ့ကိုချစ်သူတွေ များတယ် ထင်ပါရဲ့။

    ခင်မင်စွာဖြင့်
    မြတ်ပန်းနွယ်

    ReplyDelete
  10. ခိုင်May 22, 2012 at 2:51 AM

    ကဗျာလေးကို လာရောက်ခံစားသွားပါတယ် သူငယ်ချင်းရေ

    ReplyDelete