Thursday, September 1, 2011
အမိမြေသို့အပြန် (အပိုင်း၂)
တူလေးတစ်ယောက်ရဲ့မွေးနေ့မှာ မောင်နှမဝမ်းကွဲများပျော်ရွှင်စွာ
ခဏလေးပါဘဲ…. အဲဒီခဏလေးဟာ အသက်ရှုရပ်တန့်သွားမတတ်အောင် ကိုထိတ်လန့်ရပါတယ်… သမီးလေးရဲ့လက်ကိုကိုင်အားပေးစကားတွေကြိုးစားပြောနေပေမဲ့ ကိုယ်တိုင်က ရင်ထဲမှာစိုးရိမ်ထိတ်လန့်နေမိတာ… ဒို့သားအမိတွေရဲ့နောက်ဆုံးနေ့များလားလို့တွေးရင်းပေါ့…. စိတ်ကိုကြိုးစားထိန်းချုပ်ရင်း သမီးလေးကို အရမ်းမကြောက်သွားအောင် မှတ်မိသလောက်ကြိုးစားရှင်းပြရတယ်… လေယာဉ်ပေါ်မှာ အော်တိုထိန်းချုပ်လို့ရတဲ့စနစ်တွေအလုပ်မလုပ်တော့ရင်တောင် Manural နဲ့ထိန်းပြီးမောင်းလို့ရတယ်… အခုမောင်းနေတဲ့လေယာဉ်မှုးဟာ ကျွမ်းကျင်အဆင့်ရှိသူမို့ ပြည်ပနိုင်ငံသွားတဲ့လေယာဉ်ကိုမောင်းနေတာ… သူကသိပ်တော်ပါတယ်…မစိုးရိမ်ပါနဲ့လို့… ပြီးတော့ စိတ်ငြိမ်အောင် ဘုရားသီချင်းတွေဆိုညည်းပြီး သားအမိနှစ်ယောက်ဆုတောင်းကြတယ်…
အဲလိုမျိုးအောက်ကိုထိုးကျသွားလိုက် လူးကာလွန့်ကာပြန်တက်လိုက်နဲ့ သုံးခေါက်လောက်ဖြစ်အပြီးမှာ လေယာဉ်ကအပေါ်ဘက်ကမမောင်းတော့ဘဲ အနိမ့်ကမောင်းတယ်လို့ထင်ပါတယ်… အောက်ကိုလှမ်းမြင်နေရလို့လေ… အနိမ့်ကမောင်းတော့လဲတိမ်ထုနဲ့လွတ်ပေမဲ့ ဘွားခနဲပေါ်လာမဲ့တောင်တွေနဲ့မတိုးမိဘို့ ဆုတောင်းနေရပါသေးတယ်…
ရန်ကုန်လေဆိပ်ကိုဆိုက်တော့မှဘဲ အသက်ဝဝပြန်ရှုရတော့တယ်… တိမ်စိုင်တွေကို ကဗျာဆန်ဆန်မချစ်နိုင်တော့တာတော့ သေချာသွားပြီ….လေယာဉ်ဆိုက်ရမဲ့အချိန်ထက်လဲစောရောက်တာမို့ အိမ်ကလာကြိုသူတွေလဲအံ့သြလို့… သူတို့တွေကအင်မီဂရေးရှင်းထဲထိဝင်လို့ရဖို့ အတွက် လုပ်စရာလေးတွေလုပ်ရအောင်စောရောက်နေကြလို့တော်ပါသေးရဲ့…
လေယာဉ်ဆိုက်တဲ့အချိန်အင်မီဂရေးရှင်းမှာလဲကျမတို့စီးလာတဲ့လေယာဉ်တစီးဘဲရှိတာမို့ လူရှင်းတယ်… နိုင်ငံသားတွေတန်းစီရမဲ့နေရာမှာစီနေရင်း အဲဒီကတာဝန်ကျတဲ့သူကို မှီခိုထောက်ခံစာပြပြီး ဖောင်ဖြည့်ရမှာလားဆိုတော့ အဲဒီလူက ဖြည့်ရမယ်ဆိုပြီး ဖောင်သွားယူပေးတယ်… သူ့ကိုဘဲ ကျမခလေးတွေကနိုင်ငံခြားသားပတ်စပို့နဲ့ဆိုတာဘဲပြောရသေးတယ်… သမီးလေးပတ်စပို့သက်တမ်းအကြောင်းတောင်စကားမစရသေးဘူး ကူညီပါ့မယ်ဆိုပြီး ခလေးတွေပတ်စပို့တောင်းတယ်…( အထဲမှာက ဒေါ်လာ၁၀စီထည့်ထားပြီးသား)
အမပတ်စပို့လဲပေးလိုက်ဆိုပြီး ယူသွားပြီးခဏနေတော့ ကောင်တာကတစ်ယောက်ကလှမ်းခေါ်တယ်… ဘာမှလဲမမေးဘူး… အဝင်တုံးပေါ်မှာမှီခိုဆိုတာလေးရေးပေးလိုက်တယ်… သိပ်မကြာခင် ခလေးတွေပတ်စပို့လဲလာပြန်ပေးတယ်… သမီးလေးရဲ့ပတ်စပို့သက်တမ်းအကြောင်းဘာမှ မပြောလိုက်ဘူး…အားလုံးအဆင်ကိုချောလို့…
အထုတ်တွေလဲအရင်လိုအကြာကြီးမစောင့်ရဘူး… တန်းယူလို့ရတယ်…. ဒီလိုနဲ့ဘဲ လေဆိပ်ကနေ ဆယ်မိနစ်လောက်ဘဲ ကားမောင်းသွားရတဲ့ ကျမတို့နေတဲ့ကွန်ဒိုကိုရောက်ပါတယ်… ခလေးတွေကတော့စောင့်နေကြတဲ့မောင်နှမဝမ်းကွဲတွေနဲ့တန်းကိုဆော့ကြတာ ကျွတ်ကျွတ်ကိုညံလို့…သူတို့ဆော့နေတဲ့အချိန်ကျမကတော့ အမေ၊မောင်နှမတွေနဲ့ စကားတွေပြောကြ သူတို့ချက်ထားတဲ့ မြန်မာအစားအစာတွေစားနဲ့ ညကိုးနာရီထိုးလို့ အမတွေပြန်ကြတော့မယ်ဆိုမှ အချိန်ကုန်မြန်လိုက်တာလို့တွေးမိတယ်… အမတွေပြန်သွားအပြီး ညအတူလာအိပ်ပေးတဲ့ အမေရယ်ညီမရယ်နဲ့ စကားတွေဆက်ထိုင်ပြောကြတာ တော်တော်ညနက်မှအိပ်ဖြစ်တယ်…
နောက်နေ့မှာအောက်ထပ်ကတယ်လီဖုန်းတွေရောင်းတဲ့ဆိုင်လေးမှာ အိုင်ပတ်ချာဂျာရှိလားမေးကြည့်တော့ ရှိတယ်တဲ့… ကြည့်ပါရစေဆိုတော့ ကောင်မလေးကထုတ်ပြတယ်.. အိုင်ပတ်၂ချာဂျာမဟုတ်ဘဲ အိုင်ပတ်၁ချာဂျာဖြစ်နေတော့ ရပါ့မလားစိတ်ပူမိတယ်… ဆိုင်ကကောင်မလေးက အမအိုင်ပတ်ယူလာပြီး ဆိုင်မှာလာစမ်းကြည့်ပြီး အဆင်ပြေမှဝယ်ပါ… ဝယ်ပြီးမှအဆင်မပြေရင် ပြန်လဲလို့မရလို့ပါဆိုပြီးပြောတယ်…အဲဒီတော့ဘေးကပါလာတဲ့သမီးလေးက မြန်မာတွေကစိတ်ထားကောင်းတယ်နော်တဲ့… ကျမတကယ်ကိုဝမ်းသာကြည်နူးမိပါတယ်… ဗီယက်နမ်မှာဒီလိုသဘောကောင်းပြီး ချိုသာယာဉ်ကျေးစွာပြောဆိုရှင်းပြတတ်တဲ့အရောင်းစာရေးမျိုး သမီးလေးတခါမှမတွေ့ဘူးခဲ့လို့ ဒီလိုမှတ်ချက်ချတာလေ…
အိုင်ပတ်ပြန်သွားယူပြီး ချာဂျာစမ်းကြည့်တော့ ချာဂျင်ဝင်ပါတယ်… မြန်မာငွေ၁၆၀၀၀ပေးရပါတယ်… ခလေးတွေလဲပျော်သွားတယ်.. အိုင်ပတ်က ညကထဲကချာဂျင်ကုန်သွားတော့ သူတို့ဆော့လို့မရတော့ဘူးလေ…
ရောက်ခါစပထမပတ်မှာတော့ မိသားစုအတွက်ဘဲအချိန်ပေးပြီး မိသားစုတွေနဲ့ဘဲနေပါတယ်… မောင်နှမတွေ အတူတူချက်စားကြ အတူတူဝိုင်းသောက်ကြနဲ့လူကြီးတွေကတဝိုင်း… ခလေးတွေကဂိမ်းတွေနဲ့တစ်ဝိုင်းနဲ့… ကျမတို့အိမ်ခန်းလေးဟာ အသံမစဲဘဲကို နေ့ရောညရောဆူညံနေတော့တာ… ဘေးခန်းတွေကိုအားနာပေမဲ့ တနှစ်တခါပြန်လာမှ ဒီလိုကြုံကြရတာမို့ သူတို့တွေ သည်းခံကြရှာတယ်…
နောက်နှစ်ရက်လောက်လောက်မှ အရင်က ဗီယက်နမ်မှာလာနေသွားကြတဲ့ သူငယ်ချင်းတွေဆီကိုဖုန်းဆက်ပါတယ်…. သူငယ်ချင်းမိသားစုသုံးစုနဲ့အတူ စုစုပေါင်းမိသားစုလေးစု အတူတူခရီးထွက်ဘို့စီစဉ်ကြပါတယ်…သူတို့တွေနဲ့ကျမတို့မိသားစုဟာ ဗီယက်နမ်ရောက်မှခင်မင်ကြပေမဲ့ စိတ်တူကိုယ်တူ ပေါင်းသင်းလို့ရကြတာမို့ အရမ်းကိုခင်မင်ရင်းနှီးသွားကြရာကနေ… ငယ်ပေါင်းတွေလို၊ဆွေမျိုးတွေလိုကိုဖြစ်သွားတော့တာ….
ပြန်ဆုံဖြစ်ကြတိုင်းအတူတူစုစားကြ၊မိသားစုလိုက်ချိန်းပြီးတွေ့ကြ၊ခရီးတွေထွက်နေကျမို့ အခုတခါလဲ ခရီးအတူထွက်ဖို့စီစဉ်ထားကြတာပါ…
Subscribe to:
Post Comments (Atom)
ခလေးတွေ နိုင်ငံခြားမှာ အမျိုးတွေနဲ့ ခွဲနေရလို့လားမသိဘူး။ မြန်မာပြည်ရောက်ရင် ၀မ်းကွဲတွေနဲ့ ဆော့ရတာ အရမ်းပျော်တယ်။ သမီးလဲ ရန်ကုန်ပြန်ရင် သိပ်ပျော်။
ReplyDeleteလေယာဉ်တွေလည်း မကြာခဏစီးရပါရဲ့  ကြောက်တဲ့စိတ်ကလည်း ခုထိရှိတုန်း ဒါတောင် မမလိုမျိုး မကြုံဖူးလို့  ကြုံများကြုံဖူးရင်တော့ မလွယ်ဖူး
ReplyDeleteမြန်မာတွေက ဖော်ရွှေစိတ်ထားကောင်းကြပါတယ် ဒါပေမယ့် တခါတလေ တချို့ တလေက နောက်ကျောကို ဒါးနဲ့  ထိုးတတ်ကြတယ် :P :P
ဆွေမျိုးမိသားစု စုံရင်ပျော်တဲ့အရသာကတော့ ဘာနဲ့ မှ မလဲနိုင်အောင်ပဲ
ပိုးပိုး
သူများတွေအိမ်ပြန်တဲ့အကြောင်း ဖတ်ရတော့ ပိုပြီးတော့တောင်အိမ်ပြန်ချင်လာပြီ မမရယ်.. သားလေးကိုလဲ လွမ်းသွားပြီ..
ReplyDeleteပြန်သွားလည်ရတာလား.။
ReplyDeleteပျော်စရာကြီး..။
ပေါက်
လပေါင်းများစွာ ဝေးကွာနေတဲ့ အမိမြေကိုပြန်ရောက်တဲ့အခါတိုင်း ရင်ထဲမှာ ကြည်နူးပီတိဖြစ်မှုခံစားချက်က ဖော်ပြလို့မရအောင်ဖြစ်မှာပဲနော်။ အန်တီ့သားလည်း ပိတ်ရက်လေးရတာနဲ့ အပြေးပြန်လာတတ်တယ်း))
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တော်တော် ပျော်ခဲ့ပုံပဲ :)
ReplyDeleteပျော်စရာကြိးပါလား မမရေ ..ဟင့် လွမ်းထှာနော်...
ReplyDeleteညီမလေးလည်း ပန်ချင်ပြီ :P
ဒီလိုဆိုတော့လည်း လူဝင်မှုကော၊ ချာ့ဂျာပါ ချက်ချင်းပဲ အဆင်ပြေသွား ပါလား၊း) ကလေးတွေတော့ အတော်လေးကို ပျော်မှာပဲနော်၊ ဆက်ရန်ကိုလည်း စောင့်နေပါတယ်...။
ReplyDeleteအဲ.....ကျွန်တော်တို့ မြန်မာပြည်လူဝင်မှုကြီး ကိုခုလိုအဆင်ပြေပြေဖြတ်သန်းနိုင်
ReplyDeleteတာဝမ်းသာစရာပဲဗျနော်....၁၀တန်ကျေးဇူးများလား...:)))
ကလေးတွေရဲ့ ပြုံးရွင်ကြည်နူးနေကြတဲ့ မျက်နှာကြည်ကြည်လေးတွေကိုကြည့်
ရတာ စိတ်ချမ်းသာလိုက်တာ....၊သိပ်ချစ်စရာကောင်းကြတယ်....။
ကလေးတွေပျော်ရင် လူကြီးတွေကြည်နူးတယ်ဆိုတာကို တွေ့လိုက်ရပါတယ်၊
ReplyDeleteအဆင်ပြေ ပျော်စရာခရီးဖြစ်လိမ့်မယ်ထင်ပါတယ်။
လေယာဉ်ပေါ်မှာ ဘာမှမဖြစ်လို့ တော်သေးတာနော်။ ကလေးတွေ တော်တော်ကြောက်သွားမှာပဲ။
ReplyDeleteမြန်မာပြည်ခရီး အများကြီး ပျော်ခဲ့လား..။
ဆက်သွယ်လို့ မရလို့.. ဒီကတွေ့ချင်တာ..ကို (..)
အမကလေးပုံလေးတင်ပေးပါလား နောက်အဆက်ကျရင် ကလေးလေးတွေကိုချစ်လို့....။
ReplyDeleteလေယာဉ်ပျံကြီးတက်သွားတာ တွေ့လိုက်တိုင်းလေ
ReplyDeleteအိမ်ပြန်ချင်တဲ့ စိတ်ကြီး တားမရဘူးးးးးးးးးးးးးးး...
အိမ်ပြန်ချင်လိုက်တာ...
အမလေးချောချောမောမော လိမ်ပျံဆိုက်သွားလို့တော်သေး ဖတ်ရတာ မထိတ်သာ မလန့်သာရှိလိုက်တာ။။။။။။။။။
ReplyDeleteအစစအရာရာ အဆင်ပြေပါစေ။
ခင်မင်တဲ့
seesein
ဟေးဟေး...ဟုတ်ပါ့ အမလည်း လိန်ပျံစီးလို့ အဲလိုဖြစ်ရင် တိမ်တွေကို မကြိုက်တော့ဘူး။ မြန်မာပြည်ပြန်တာကတော့ ကလေးမပြောနဲ့ အမတို့ လူကြီးတွေလည်း သိတ်ပျော်တာ.....
ReplyDeleteမရေ
ReplyDeleteမပြောတာနဲ့ ဗီယက်နမ်လေကြောင်းလိုင်းစီးရမှာပိုကြောက်သွားပြီ..
ဒါပေမယ့်လည်းတိမ်ကြောင့်လို့ပဲ မှတ်လိုက်ပါတယ်ကွယ်.
ဗီယက်နမ်နဲ့ မြန်မာပြည် အစားအသောက်ကတော့ သိပ်အခက်ခဲမရှိပေမယ့် ပြန်ရတာပျော်တာပေါ့နော်..
ညီမလည်းပြန်တော့မယ် မရေ .......
အင်း ပြည်တော်တစ်ခါပြန်ပါတယ်...အတွေ့အကြုံတွေ တစ်လှေကြီးရနေပါရောလား မနှင်းဆီရယ်...အပိုင်း ၃ ကို စောင့်ဖတ်ပါဦးမဗျား...
ReplyDelete