Monday, August 29, 2011
ဘလော့ဒေးအမှတ်တရ
(ပုံကိုgoogleမှယူပါသည်)
ဘလော့ဒေးအမှတ်တရအတွက် သတိတရတဂ်တဲ့ ချစ်သူငယ်ချင်းနတ်သမီးလေးနဲ့ ချစ်ညီမလေးရို့စ်တို့ကိုအထူးဘဲကျေးဇူးတင်ပါတယ်….
သူများတွေရေးထားတာကိုလိုက်ဖတ်လိုက်တော့ ရေးရမှာတကယ်ဘဲလက်တွန့်မိပါတယ်… ကျမက သူများလိုမှတ်ဥာဏ်အားမကောင်းတဲ့အပြင် ဘလော့လည်အားလဲမကောင်းပါဘူး… ကော်မန့်လေးတိုင်းကို ပြန်ချင်ပေမဲ့ တခါတလေ အားလုံးကိုခြုံပြီးတော့ဘဲ ကျေးဇူးတင်ကြောင်းပြောရချိန်တွေလဲ မနည်းပါဘူး… အဲလောက်လူမှုရေးပိုင်းမှာအားနည်းတဲ့ကျမဘလော့လေးကို လာလည်ကြတဲ့ ဘလော့ဂါမောင်နှမများနဲ့ ဘလော့မိတ်ဆွေ(ဘလော့လည်စာလာဖတ်သူ၊ကော်မန့်ရေးသွား၊စီဘောက်မှာနှုတ်ဆက်သွားကြတဲ့ အနောနီးမတ်စ်များ)များအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ဘလော့ဒေးအမှတ်တရအနေနဲ့ပြောပါရစေ….
ကျမဘလော့လေးကိုစရေးဖို့အကြောင်းဖန်လာတာကတော့ ကျမဘဝမှာအလွန်အရေးပါတဲ့ ကျမယောက္ခထီးကြောင့် အများကြီးပါပါတယ်…. သူ့ရဲ့ကျမတို့အိမ်ထောင်ရေးအပေါ်စွက်ဖက်လွန်းမှုတွေ၊ သြဇာပြလွန်းမှုတွေကို မခံမရပ်နိုင်ဖြစ်တာတွေကို ကျမရဲ့ မိဘတွေစိတ်ဆင်းရဲမှာစိုးလို့ ရင်မဖွင့်ရက်တာကြောင့် ဘလော့လေးဖွင့်ပြီး ဒိုင်ယာရီဆန်ဆန်ရေးဖြစ်မိတာက စတာပါ… ဒီလိုနဲ့ စိတ်တွေသိပ်မွန်းကျပ်လာလွန်းရင် ဘလော့လေးပေါ်မှာ ရင်ဖွင့်လိုက်၊ စိတ်ပြေသွားရင် ဒီလိလုပ်လိုက်နဲ့ ဟောင်းလောင်းဖြစ်သွားရင် ခလေးတွေဓာတ်ပုံလေးတွေတင်ပြီးကလိလိုက်နဲ့ နေနေရင်း တချို့ဘလော့တွေလိုက်ဖတ်ကော်မန့်ပေးမိတယ်… တနေ့မှာ အမေရိကားရောက်ခါစဘလောဂါညီမငယ်တစ်ယောက်က ဓာတ်ပုံအောက်မှာ ကော်မန့်ရေးသွားတာတွေ့လိုက်တဲ့အခါ အံ့သြသွားမိပါတယ်… နောက်တခြားနာမည်ကြီးဘလော့ဂါတချို့ပါလာလည်ပြီးကော်မန့်ရေးသွားကြတဲ့အခါ လာလည်တဲ့သူတွေကို အားနာပြီး သူများလာလည်ရင် ဖတ်စရာလေးရှိအောင်ရေးဦးမှဘဲလို့ စိတ်ကူးမိပြီး အဲဒီကစလို့ ဘလော့ပို့စ်လေးတွေ စရေးဖြစ်သွားပါတယ်… သိပ်personal ဆန်တဲ့ပို့စ်တွေကို deleteလုပ်ပစ်လိုက်ရတာတွေလည်းရှိပါတယ်…
အဲဒီကစပြီး ဘလော့လောကလေးမှာကျင်လည်နေတာ ယနေ့ထက်ထိတိုင်ပါဘဲ…ရည်ရွယ်ပြီးရေးခဲ့တာမဟုတ်တာကြောင့် ဘလော့မွေးနေ့ဆိုတာမျိုးတွေလဲ ကျမ မလုပ်ဖြစ်သလို ဘယ်သူတွေ ဘယ်ကလာလို့ ဘယ်နှစ်ယောက်လာလည်သွားတာမျိုး record တွေလည်းကျမမှာမရှိပါဘူး… စီဘောက်တောင်မှ ဘလော့ဂါတစ်ယောက်က ထားခိုင်းလို့ထားလိုက်တာပါ…
ကျမဘလော့မှာ ပို့စ်လဲခပ်စိပ်စိပ်မတင်နိုင်ပါဘူး… ခင်ပွန်းတာဝန်၊ခလေးနှစ်ယောက်တာဝန်တွေကြားမှာ ရေးချင်သလောက်မရေးနိုင်ခဲ့ပါဘူး… အဲလိုကျမရဲ့ဘလော့လေးကိုဘဲ လာလည်ကြကော်မန့်ရေးသွားကြတဲ့ ဘလော့ဂါမောင်နှမများ၊ဘလော့လည်စာဖတ်သူများအားလုံးကို အသိအမှတ်ပြု အထူးဘဲကျေးဇူးတင်ပါတယ်
ကျမဘလော့လေးသက်တမ်း၃နှစ်ပြည့်ခါနီး အခုချိန်မှာ ညီအစ်မလိုချစ်ရတဲ့ ဘလော့ဂါတွေလည်းရှိသလို အစ်ကိုတွေမောင်တွေလိုခင်ရတဲ့ ဘလော့ဂါတချို့လည်းရှိပါတယ်… အပြင်မှာဆုံဖူးပြီးသားသူတချို့ရှိသလို ဆုံဖူးချင်သူများလည်းရှိနေပါသေးတယ်… ဒါ့အပြင် ဘလော့ဂါသူငယ်ချင်းချင်းအပြင်မှာဆုံဖြစ်ပြီး ငယ်ပေါင်းတွေလို ပြောမနာဆိုမနာအရမ်းရင်းနှီးသွားရတဲ့ ဘလော့ဂါတစ်ချို့လည်းရှိပါတယ်… အဲဒီအတွက် ဘလော့ဆိုတာလေးဖြစ်တည်လာဘို့ ဖန်တီးခဲ့ကြသူများကိုလည်းအရမ်းကျေးဇူးတင်မိပါတယ်…
ယောက္ခထီးကိုမကျေနပ်လို့ဘလော့စရေးမိပေမဲ့ အခုချိန်မှာ ကျမရဲ့ယောက္ခထီးနဲ့ကျမလည်း နားလည်မှုရနေပါပြီ… ဒီအတွက်လည်း ဘလော့လေးရှိနေခြင်းအပေါ်ကျေးဇူးတင်မိနေပါတယ်… ဘလော့လေးသာမရှိခဲ့ရင် ကျမမှာတခြားထွက်ပေါက်မရှိဘဲ အိမ်ထောင်ရေးလဲထိခိုက်နိုင်ပါတယ်…ဒီအတွက် ဘလော့ဒေးဖြစ်ပေါ်လာခြင်းအပေါ်အရမ်းကိုကြည်နူးဝမ်းသာကြောင်း မှတ်တမ်းတင်ရင်း ကျမရဲ့ဘလော့ဒေးတဂ်ပို့စ်လေးကို အဆုံးသတ်ပါရစေရှင်…..
(သူငယ်ချင်းနတ်သမီးလေးနဲ့ညီမရို့စ်တို့ရေ… ဒို့ဒိထက်ပိုပြီးမရေးတတ်တော့ဘူးကွယ်)
Subscribe to:
Post Comments (Atom)
အဆင်ပြေပါတယ် သူငယ်ချင်းလေးရယ်...
ReplyDeleteအမှတ်တရ တခုပေါ့...
မမနဲ့ တွေ့ဆုံခင်မင်ခွင့်ရတဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်။ မမရဲ့ blog လေးဟာ စိတ်ထွက်ပေါက်လေးအဖြစ် အမြဲတည်ပါစေး)
ReplyDeleteဘလော့ဂင်းအစ ယောက္ခထီးကပဲဆိုဆို အခုအချိန်မှာတော့ ချစ်စရာ ကောင်းတဲ့ သားနဲ့သမီး အကြောင်းတွေ၊ အိမ်ရှင်မ တစ်ယောက်ရဲ့ လောကကို မြင်တဲ့ ရှုထောင့်တွေနဲ့ ကြည်နူးစရာ ဘလော့ဂ်လေး ဖြစ်နေတာ တော့ သေချာပါတယ်၊ စာတွေကို ပျော်ရွှင်ကြည်နူးစွာနဲ့ ဆက်ရေးနိုင်ပါစေဗျာ။
ReplyDeleteတိုပေမယ့် ရိုးဂုဏ်အပြည့်နဲ့ ရှင်းရှင်းလေးလှနေတဲ့ ဘလော့ဒေးကိုသဘောကျ
ReplyDeleteသွားတယ်....၊ကိုညီလင်းသစ်ပြောသလို ဘလော့ဂင်းအစ ယောက္ခထီးကပေါ့
နော်...:)))
စိတ်ထွက်ပေါက်တခုအနေနဲ့ ရပ်တည်ခဲ့တဲ့ ဘလော့ဂ်ပေါ့၊
ReplyDeleteဘာပဲဖြစ်ဖြစ် ဘ၀အကြောင်းအရာတွေ မတူကြတာကို ဖတ်ရတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။
ဘလော့ဂ်ဒေးအမှတ်တရပို့စ်လေး ဖတ်သွားတယ်နော်။
ReplyDeleteလူတိုင်းမှာ အခက်အခဲကိုယ်စီမို့ အဆင်ပြေတဲ့အခါ အခွင့်အခါသင့်တဲ့အခါ ပို့စ်လေးတွေတင်ရင်း နွေးထွေးမှုနဲ့ချစ်စရာကောင်းတဲ့ ဘလော့ဂ်လောကလေးမှာ ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေလို့ တောင်းဆုချွေခဲ့ပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
စာကိုတော့ ရိုးရိုးရှင်းရှင်းရေးတတ်တာကို သဘောကျတယ်။
ReplyDeleteလူကိုတော့ ကလေးအမေချင်းမို့ သိနားလည်တယ်။
ဒီအမှတ်တရပို့စ်လေးကိုတော့ S-C ဆိုက်ဘားမှာတင်ထားဖို့ ယူသွားမယ်း)
တဂ်ပို့စ်လေးကို ဖတ်သွားပါတယ် အမရေ။။။
ReplyDeleteအရာရာတိုင်း အဆင်ပြေပါစေဗျာ။။
Happy blog day ပါမမရေ...
ReplyDeleteအရေးကျဲပေမယ့်လည်း ဘလော့ထဲ တစ်ဝဲလည်လည်ဖြစ်နေမှာတော့
အသေချာ သိနေပါတယ်မမရေ :)
ကောင်းသောနေ့လေး ဖြစ်ပါစေလို့...
ညီမ ရေ
ReplyDeleteအမှတ်တရ လေးလာဖတ်သွားတယ် ယောက်ခမ ကြောင့် ဘလောဂ့် တခု ရသလို ယောက်ကျားကြောင့် ကလေး၂ယောက် ရသွားတယ်နော် ဟားးးးးးဟားးးးးးးးးးးးးး စတာပါ
ပျော်ပျော်ရွှင်ရွှင် ဆက်လက်ချီတက်ကြမယ်
ဘာကြောင့်ပဲဘလော့ရေးရေး မမတစ်ယောက် စာဆက်လက်ရေးသားနိုင်ပါစေလို့..။
ReplyDeleteဟက်ပီးဘလော့ဒေးနော်..။
သူ ဘလော့ဂ် ရေးဖြစ်ပုံကလည်း တစ်မျိုးပါလား :)
ReplyDeleteဘလော့ဂ်ရေးဖြစ်ပုံလေးတွေက ကိုယ်စီကိုယ်စီ စိတ်ဝင်စားစရာပဲ။
ဘာပဲဖြစ်ဖြစ် မမြင်မတွေ့ရပေမယ့် ခင်မင်မှုတွေ တိုးပွားစေခဲ့တဲ့ ဘလော့ဂ် လောကအပေါ်မှာတော့ ဘလော့ဂ်ဂါတိုင်း သံယောဇဉ်ကြီးကြပါတယ်လေ။
ပျော်ရွှင်ပါစေ..
ReplyDeleteဘာကြောင့်ပဲဖြစ်ဖြစ်...
ဘလော့ရေးဖြစ်အောင် တွန်းအားပေးတဲ့ ယောက္ခထီးကို ကျေးဇူးတင်ရမလိုလိုရယ်နော်း)
ReplyDeleteဘာကြောင့်ရေးရေး ဘလော့ထဲရောက်ပြီဆိုမှတော့ ရေးချင်တာလေးတွေ ဆက်ရေးပါဦးလို့။
အချိန်ရတိုင်းတော့ လာဖတ်ပါမယ်
ပျော်ရွှင်ချမ်းမြေ့ပါစေ။
အခုလို တဂ်ပို့စ်လေး စလိုက်တော့မှ ဘလော့ရွာကြီးမှာ ဘလော့ရေးဖြစ်ရတဲ့ အကြောင်းလေးတွေက ဆန်းဆန်းလေးတွေ သိရတော့တာပါပဲ။ ကျနော်လည်း နောင်တစ်နေ့ ယောက္ခထီးကို မကျေနပ်ရင် ရေးဖို့ ဘလော့တစ်ခုလောက်တော့ ကြိုတင်ပြင်ဆင်ထားဦးမှပါပဲ . . :D
ReplyDeleteသုံးနှစ်တောင် ရှိတော့မယ်နော် မရိုစ်..
ReplyDeleteနှစ်ပေါင်းများစွာ ဆက်ရေးနိုင်ပါစေ...
ချစ်တဲ့ ...
မလေး
ယောက္ခထီးနဲ့ အဆင်ပြေသွားပြီဆိုလို့ ၀မ်းသာပါတယ်။း)ဆက်လက်ဘလော့ဂ်ကင်းနိုင်စေသော်။
ReplyDeleteHappy Blog Day!
ReplyDeleteဘလောဂ့်ဒေးအမှတ်တရလေးက မှတ်မှတ်ရရလေးဖတ်သွားပါတယ်မရိုစ့်။
အမြဲမရောက်ဖြစ်ပေမယ့် စာသစ်လေးတွေတင်တိုင်း လာဖတ်ပါတယ်။
အဆင်မပြေတဲ့အချိန်တွေကြားထဲမှာ ခုလိုရေးနိုင်တာကိုက လေးစားမိပါတယ်။ ရတဲ့အချိန်လေးမှာ စိတ်ချမ်းမြေ့ပျော်ရွှင်စွာနဲ့ ဝေမျှပေးနိုင်ပါစေလို့ ဆုမွန်တောင်းပါတယ်မရေ။
ခင်မင်လျက်
သဒ္ဓါ
ဟီးးဟီး အစ်မရှာရွန် ဘလော့ဂ်စရေးဖြစ်ပုံလေးက အဆန်းနော်။ ချစ်စရာလည်းကောင်းသား စိတ်ကူးလေးက။ သည်းခံခွင့်လွှတ်တတ်တဲ့ အိမ်ထောင်ရှင်မကောင်း တစ်ယောက်ရဲ့ အတွေးလေးပေါ့။ တက်ဂ်ထားတာလေး ရေးပေးလို့ ကျေးဇူးပါ အစ်မရေ...း)
ReplyDelete