Friday, August 26, 2011
အမိမြေသို့အပြန်( အပိုင်း၁)
တစ်လအလိုလောက်ထဲကကြိုတင်ပြင်ဆင်ထားတဲ့အိတ်တွေသယ်ပြီးလေဆိပ်ဆင်းရုံပါဘဲ… အားလုံးအဆင်သင့်ကြိုတင်ပြင်ဆင်ထားရက်နဲ့ သွားခါနီးမှ ဖိနပ်စီးနေတုန်း လက်ထဲကအိုင်ပတ်ချာ့ဂျာကကျန်နေခဲ့တာ ကားထွက်ပြီးမှ သတိရလို့ ပြန်လှည့်မယူတော့ဘူး… ရန်ကုန်မှာဝယ်လို့ရမယ်လို့ထင်တယ်… လေဆိပ်ရောက်တော့လဲအေးအေးဆေးဆေးပါဘဲ ၂နာရီ၁၅မိနစ်လောက်စောရောက်နေတော့ ကောင်တာတောင်အဆင်သင့်မဖြစ်သေးဘူး… အရှေ့မှာကိုယ့်ထက်စောရောက်နေတဲ့သူသုံးယောက်လောက်တန်းစီနေကြတယ်… ကိုယ့်အလှည့်ရောက်တော့ အခါတိုင်းလိုအေးဆေးဘဲထင်ထားတာ သမီးလေးပတ်စပို့က သက်တမ်း၆လမကျန်လို့တဲ့ ခဏစောင့်ပါဆိုပြီး ကောင်တာကအမျိုးသမီးက သူ့အထက်လူကြီးကိုသွားမေးတယ်… သူတို့ကပြောတယ်… မြန်မာဘက်ကိုဝင်ရင် ပြသနာတက်လိမ့်မယ်တဲ့… သက်တမ်း၆လမရှိရင် သူတို့နိုင်ငံထဲပေးမဝင်ဘူးတဲ့… ဒါနဲ့ကျမကလဲပြောပြရတယ်… ငါကမြန်မာပါ… ဟိုဘက်ကအပိုင်းကို ငါ့ဟာငါရှင်းနိုင်တယ်… boarding passဘဲပေးပါလို့… သူတို့တွေလဲခေါင်းချင်းဆိုင်သွားတယ်… ခဏနေတော့ ရာထူးပိုကြီးပုံရတဲ့အမျိုးသမီးကထွက်လာပြီး နင်တာဝန်ယူတယ်ဆိုရင် လက်မှတ်ထိုးသွားပါတဲ့… ပြသနာဖြစ်လာရင် သူတို့အဲလိုင်းနဲ့မဆိုင်ပါဘူး… ကိုယ့်ဟာကိုယ်တာဝန်ယူပါ့မယ်ဆိုတာလက်မှတ်ထိုးခဲ့ရပါတယ်… အဲဒီအမျိုးသမီးကပြောသေးတယ်… ဗီယက်နမ်ဆိုရင် တလသက်တမ်းကျန်သေးရင်တောင် အဝင်လက်ခံတယ်တဲ့ (ဒါဟဲ့ ဒို့ဗမာ.. ပေါ့သေးသေးတော့မဟုတ်ဘူး…အဝင်ထဲကခြောက်ထားတာ)
ဗီယက်နမ်အင်မီဂရေးရှင်းကတော့ အဝင်လွယ်သလို အထွက်လဲလွယ်ပါတယ်… စာအုပ်ထဲက အဝင်တုံးကိုရှာပြီး အဲဒီဘေးမှာ အထွက်တုံးလေးထုပေးလိုက်တာပါဘဲ … ဘာစကားမှပြောစရာမလိုပါဘူး… သူ့နိုင်ငံကနေပြန်ထွက်ရင် ဒေါ်လာ၅၀၀၀ထက်ပိုယူသွားခွင့်မရှိဘူး( အရင်ကဒေါ်လာ၇၀၀၀) ဆိုပေမဲ့ အိတ်တွေသေချာဖွင့်ခိုင်းပြီးစစ်တာမျိုးတော့မရှိပါဘူး….
လေယာဉ်စောင့်နေချိန်မှာမြန်မာသုံးလေးယောက်လောက်တွေ့ပေမဲ့ ကျမတို့သားအမိတွေ မြန်မာစကားပြောနေသံကြားတော့ ကျမတို့နားကထထွက်သွားကြတဲ့အခါ ကျမလဲ မသိချင်ယောင်ဘဲဆောင်နေလိုက်ပါတော့တယ်… အရင်ကဆို မြန်မာစကားသံကြားရင် မြန်မာလားဟင်လို့မေးပြီး ဖုန်းနံပါတ်ပေး မိတ်ဆက်တတ်ပေမဲ့ အခုနောက်ပိုင်းတော့ မြန်မာချင်းအပေါင်းအသင်းမလုပ်ချင်သူတချို့နဲ့ ဆုံပြီးတဲ့နောက်ပိုင်း သူများကရှောင်တယ်လို့ခံစားမိရင် ကိုယ်လည်း မသိသလိုနေတတ်လာပါပြီ…
လေယာဉ်ကစထွက်ပြီးသိပ်မကြာခင် တိမ်တွေဖြတ်တဲ့အခါ လေယာဉ်ခါတာအရမ်းဘဲ… ခဏနေတော့ လေယာဉ်မှုးကကြေငြာတယ်… မမျှော်လင့်ထားတဲ့ စက်ချို့ယွင်းမှုဖြစ်နေတာတဲ့…ဘုရားဘုရားလို့ ဘုရားတနေတုန်း ရင်ထဲမှာလှိုက်ခနဲဖြစ်ပြီး လေယာဉ်အောက်ကိုဒုန်းခနဲထိုးကျသွားတာခံစားလိုက်ရတယ်… သားလေးကအိပ်နေလို့မသိလိုက်ပေမဲ့ သမီးလေးခမျာကြောက်ပြီး လက်ဖျားတွေချက်ချင်းအေးခဲသွားတာ သနားလိုက်တာ….
(ဆက်ပါဦးမည်)
Subscribe to:
Post Comments (Atom)
ကလေးလေးတွေသနားပါတယ်....ကြောက်နေမှာနော်...။ အဆက်လေးစောင့်ဖတ်ပါဦးမယ်အမ...။
ReplyDeleteခင်တဲ့
မိုးငွေ့
ဗီယက်နမ်လေကြောင်းလိုင်း က မဆိုးပါဘူးလို့ ပဲ သတင်းထွက်တာ။ စက်ချို့ယွင်းတယ် ဆိုတာကတော့ ကြောက်စရာ ကြီးဗျ။
ReplyDeleteမမ ကိုရီးယားကားလိုပဲ ကောင်းခန်းရောက်တော့ ဖြတ်ချလိုက်တယ်.. :P
ReplyDeleteတော်ပါသေးရဲ့ ဒီပို့စ်ကို ဖတ်ခွင့်ရနေလို့ အန္တရာယ်မဖြစ်ခဲ့ဘူးဆိုတာကို သိတယ်.. ဒါပေမဲ့ လန့်သွားတယ် .
ဆက်ရန်တွေ မျှော်နေမယ်..
မမရေ စောင့်မျှော်လျှက်ပါလို့.. ရင်တထိတ်ထိတ်ရှိလှတယ်မမရေ..
ReplyDeleteဒီပို့ စ်လေးရေးနေနိုင်တယ်ဆိုတော့ လောလောဆယ် အခြေအနေကောင်းတယ်လို့ ဘဲတွေးပြီး ၀မ်းသာမိပါတယ်။
ReplyDeleteကြောက်စရာကြီးနော်။
အိုင်အိုရာ
You did art of writing:)My heart leaps up to read sequel.You may be busy just come back.Take your time...
ReplyDeleteGyidaw
အောင်မလေး မရိုစ့်တို့က ကိုရီးယားကားလို လုပ်ချလိုက်ပြန်ပြီ....:)
ReplyDeleteမြန်မြန်ဆက်ပါ ဖောရေ...
ReplyDeleteဇတ်လမ်းက အဖွင့်ကတည်းက ဆွဲခေါ်သွားတာပါလား..၊ အိုင်ပက် ချာ့ဂျာ၊ မြန်မာအင်မီဂရေးရှင်း...ဒါတွေကို ဘယ်လိုကြုံမှာလဲ၊ ဒီကြားထဲ စက်ချို့ယွင်းတဲ့ လေယာဉ်ကပါ ဇတ်ရှိန်ကို မြှင့်လိုက်သေးတယ်..၊း) ဆက်ရန် ကို စောင့်နေမယ်ဗျို့...။
ReplyDeleteအောင်မလေးဗျာ....လေပျံစီးရင် ပျက်ကျမှာသိပ်ကြောက်တာ....၊ဘာတွေဖြစ်
ReplyDeleteသလဲသိချင်သွားပြီ...၊ဆက်ရန်မျှော်နေသဗျိုး.....။
ဖတ်လို့ ကောင်းတယ် မနော်ရေ။
ReplyDelete"လေယာဉ်စောင့်နေချိန်မှာမြန်မာသုံးလေးယောက်လောက်တွေ့ပေမဲ့ ကျမတို့သားအမိတွေ မြန်မာစကားပြောနေသံကြားတော့ ကျမတို့နားကထထွက်သွားကြတဲ့အခါ "
အဲဒါမျိုးကျမလည်းခနခန ကြုံရတတ်တယ်၊
ဘာဖြစ်လို့ အချင်းချင်းအပေါင်းအသင်းမလုပ်ချင်ကြတာလဲနော်!!!!
ခင်မင်တဲ့
မီးမီး(US)
facebook Mall World မှာလက်ဆောင်တွေ
အများကြီးပို့ ပေးလိုက်မယ်နော် :)
သူများတွေ ပြောသလိုပဲ၊
ReplyDeleteဆက်ရန်ကို အတော် စိတ်ဝင်စားသွားတယ်။
မရောက်ဖြစ်တာ တော်တော်ကိုကြာသွားပါရဲ့...မဖတ်ဖြစ်ခဲ့တဲ့ကာလက စာကြွေးတွေကို အချိန်ရမှ အားပါးတရ လာရှင်းပါဦးမယ်...ပြည်တော်ပြန်ခရီးကိုလည်း စိတ်ဝင်တစား စောင့်ဖတ်လျှက်ပါ...
ReplyDeleteပြန်ရောက်ပြီလား သူငယ်ချင်းလေး။
ReplyDeleteမသေကောင်း မပျောက်ကောင်း ရိုစ်ရယ်၊ ရင်တုန်လိုက်တာ..။
ဘာလို့ အပိုင်း(၁)ကို ဖြတ်လိုက်တာလဲ..။
ပြန်ရေးပြနေတာဆိုတော့ ဘာမှမဖြစ်လို့သာလို့ တွေးလိုက်မယ်နော်။
အခန်းဆက်ကို မျှော်နေမယ်
ခင်မင်လျှက်
လသာည
မဖော မကြာမီလာမည် မျှော်ပေါ့နော်... မျှော်နေပါတယ်..
ReplyDelete