ချစ်သောမနော်၊ချစ်သောဝါဝါ၊ချစ်ညီမမေလေးတို့နှင့်အမှတ်တရ
ဘုရားကျောင်း
ပဲခူးမြို့ကစားသောက်ဆိုင်
စိမ်းလဲ့တင်ကအပြန် လမ်းမှာကားရပ်ပြီးကျွဲကောသီးဝယ်ကြတယ်… ပြီးတော့ပဲခူးမှာနေ့လည်စာစားကြတယ်… အဲဒီစားသောက်ဆိုင်လေးကိုမြင်မြင်ချင်းနှစ်သက်မိပါတယ်… ကရင်ဖားစည်နဲ့ ကရင်ရိုးရာပစ္စည်းလေးတွေတွေ့တာကြောင့် ခလေးတွေကို ကရင်ဖားစည်နဲ့ ကရင်ရိုးရာအကြောင်းတွေကို ကျမသိသလောက်ရှင်းပြခဲ့ပါတယ်… ဆိုင်ပိုင်ရှင်က ကရင်ဖြစ်ပြီး ဝန်ထမ်းတွေအားလုံးလဲကရင်တွေပါဘဲ… အစားအသောက်တွေလဲအရမ်းစားကောင်းပါတယ်… ဈေးလဲမကြီးပါဘူး… (ကရင်ဆိုင်မို့ ညွှန်းခြင်းမဟုတ်ပါ :p )…
အိမ်ကိုညနေ၃နာရီလောက်ပြန်ရောက်ပါတယ်…. ကျမတို့သားအမိတွေအနားယူပြီး ခဏနေမှ အိမ်အောက်ကစူပါမားကတ်မှာလိုတာလေးတွေဆင်းဝယ် ညနေစာစားပြီးအနားယူ.. ခလေးတွေကိုလည်း ခရီးပန်းလာတာမို့ရယ်… နောက်နေ့ မနက်ဘုရားကျောင်းသွားရမှာမို့ရယ် သူတို့လေးတွေကို စောအိပ်ခိုင်းရပါတယ်…
ခလေးတွေကဘုရားကျောင်းတက်ရမှာသိပ်ပျော်ကြပါတယ်… ရန်ကုန်ရောက်မှ မြန်မာလိုဘုရားရှိခိုးရတာမို့ ရန်ကုန်ရောက်တိုင်း တနင်္ဂနွေနေ့တွေမှာ ဘုရားကျောင်းတက်မပျက်ကြပါဘူး… ရောက်ရောက်ချင်းခရီးတွေထွက်… အိမ်လည်…လျှောက်သွားတာတွေများသွားလို့ထင်ရဲ့… ရောက်ပြီး တစ်ပတ်ကျော်ကျော် နှစ်ပတ်နီးပါးလာက်မှာ သားလေးနေမကောင်းဖြစ်ပါလေရော… သားလေးကဖုန်ရှုမိတာများရင် အလာဂျီဖြစ်တတ်တယ်… အဲလိုဖြစ်တိုင်း အသက်ရှုသံတွေပုံမှန်မဟုတ်တော့တဲ့အခါ စက်ကလေးနဲ့ဆေးရည်ထည့်ပြီး ရှုဆေးပေးရပါတယ်… ဒီတခေါက်က အကြောင်းကြောင်းကြောင့် သူဆေးရှုနေကျစက်က ဗီယက်နမ်မှာကျန်ခဲ့တာမို့ အဲဒီစက်မရှိဘဲသက်သာမလားစောင့်ကြည့်ပေမဲ့ မသက်သာလာတာကြောင့် အောက်ထပ်ကဆေးဆိုင်မှာ အဲဒီစက်ရှိလားသွားမေးတော့ ကုန်နေတယ်…မှာပေးမယ်တဲ့… နောက်တနေ့မှာအဲဒီစက်လေးရပါတယ်… ဗီယက်နမ်မှာထက်ဈေးပိုကြီးလို့မတန်မှန်းသိပေမဲ့ သားလေးနေကောင်းဘို့ကအရေးကြီးတာမို့ အဲဒီစက်လေးကို ဝယ်ခဲ့ရပါတယ်… အိမ်ရောက်ရောက်ခြင်း သားလေးကို အဲဒီစက်လေးနဲ့ ဗီယက်နမ်ကယူလာတဲ့ သူသုံးနေကျဆေးရည်လေးထည့်ပြီး ရှုဆေးပေးရပါတယ်.. အဲဒီညမှဘဲ သားလေး အသက်ရှုမှန်ပြီး ကောင်းကောင်းပြန်အိပ်နိုင်တော့တယ်…
သားလေးနေလို့ကောင်းလာပေမဲ့ နောက်ထပ်ပြန်မဖြစ်အောင် သားလေးကို လူထူတဲ့နေရာတွေခေါ်မသွားဖြစ်တော့ပါဘူး… သားလေးက သူ့ကိုမခေါ်သွားရင် ကျမလဲမသွားရဘူးဆိုတော့ ကျမပါအိမ်တွင်းအောင်းရပါတော့တယ်…. ဒါကြောင့် တွေ့ချင်တဲ့သူတွေကိုလည်း မှန်းထားသလိုမတွေ့နိုင်ခဲ့တော့တာကို ဘလော့စာမျက်နှာပေါ်ကနေ အနူးအညွတ်တောင်းပန်ပါတယ်…
ပြန်ခါနီးတပါတ်မှသားလေးလဲနေတော်တော်ကောင်းလာလို့ ပြန်ထွက်ဖြစ်တဲ့အခါ ဆုံတွေ့ခဲ့ရတဲ့ မနော်ဟရီ၊ဝါဝါခိုင်မင်း၊မေလေး၊ကိုကြီး၊မက်မက်၊ခြင်တို့ကိုလည်း ကျမကို အချိန်ပေးတွေ့ဆုံခဲ့တဲ့အတွက် အရမ်းကိုကျေးဇူးတင်မိပါတယ်… ဖုန်းနဲ့နှုတ်ဆက်ခဲ့တဲ့မနန်းကိုလည်းကျေးဇူးတင်ပါတယ်…
အမိမြေသို့ပြန်တဲ့တခဏမှာ ကျမကိုပျော်ရွှင်ကြည်နူးစေခဲ့ကြသူ အမေ၊မောင်နှမ၊ဆွေမျိုးများ၊အခင်ရဆုံးသူငယ်ချင်းများနဲ့ ဘလော့ဂါမောင်နှမများအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း သတိတရမှတ်တမ်းတင်ရင်း ကျမရဲ့အမိမြေသို့အပြန် ခရီးသွားပို့စ်လေးကို အဆုံးသတ်လိုက်ပါတယ်…
ချစ်ခင်စွာဖြင့်
နော်ဖော( Rose of Sharon )
ပြည်တော်မှာ ပျော်ရွှင်ပါစေ မမရေ။ ဒို့များလည်း ဘယ်နေ့ ပြန်လည်နိုင်မှာပါလိမ့်...။
ReplyDeleteခင်တဲ့
မေသိမ့်
ပျော်ရွှင်ခဲ့ပါတယ်ညီမလေး မေသိမ့်သိမ့်ကျော်ရေ... ကျေးဇူးနော်...
ReplyDeleteအားလုံး လာဖတ်တယ် သူငယ်ချင်း
ReplyDeleteကျေးဇူးနော်..သူငယ်ချင်းလေးစူးနွယ်...
ReplyDeleteမရိုစ့် သားလေးလည်းကျန်းမာပျော်ရွှင်ပါစေ။
ReplyDeleteအမိမြေသို့အပြန် ဖတ်သွားပြီ။
ပျော်စရာ
ကျေးဇူးပါညီမလေးဖြိုးဖြိုးရေ...
ReplyDeleteအဆုံးသတ်တော့ မှပဲ အစ လာဖတ်ဖြစ်တော့တယ် ဖေါဖေါရေ .. တောင်းပန်တယ် ပေါ့ .. ( အောင်လ လို .. မှားတာ ရှိရင် တောင်းပန်တယ်..း)
ReplyDeleteနောင်နှစ်ခါ တွေ့ ကြ မယ် လေ.. နော်.. နော်..
သားလေး ၊ သမီးလေးတွေ အတွက် အရမ်းကောင်းတဲ့ မေမေ ဖြစ်ရတာ ဝမ်းသာစရာကြီးပဲ နော်..။
ဟီးဟီး... ကျေးဇူးပါချစ်သောကိရေ...
ReplyDeleteဖောရေ ဖတ်တာနေ့လည်က ခုမှ အားလို့ ကော်မန့်ရေးရတယ်.... ကြိုက်တယ် ဖောရေ... အဲတာတွေ တို့တွေ့တုန်းက မပြောမိကြဘူးနော်... လေပျံ အကြောင်းရော စိမ်းလဲ့တင် အကြောင်းရော.... ဟိဟိ.... ရေပက်မဝင်လို့လေ.... ဟေးဟေး
ReplyDeleteဟုတ်ပသူငယ်ချင်းခိုင်ရေ... သတိရတယ်အေ...
ReplyDeleteအမရေ
ReplyDeleteလာဖတ်သွားတယ်နော်
သားသားနဲ့မီးမီးကချစ်စရာလေးရယ်..
ရွှေပြည်တော်ကို မျှော်ကြည့်ပြီး ပြန်သွားပါရဲ့ဗျာ။။။ လွမ်းလိုက်တာ ရွှေနိုင်ငံကို။။
ReplyDeleteမမ ပြန်တာအကြာကြီးကို ၄ပိုင်းတင်ရေးတယ်
ReplyDeleteဒီကတော့ အဲ့ကိုလာတာ အပိုင်း၄၀လောက်ရေးမလားစိတ်ကူးတာ ဟိဟိ
ပိုးပိုး
စာလာဖတ်သွားပြီဗျို့............မျှော်ရတာ မောလို့။
ReplyDeleteကျေးဇူး
နောက်တခါဆိုရင် မန်းထိရောက်အောင်လာခဲ့ပါ....
ခင်မင်တဲ့
seesein
ကြည့်စမ်း..လေဒီ တွေ ပျော်စရာပဲ..း)
ReplyDeleteအပေါ်ဆုံးက ပုံတွေကြည့်ရတာ ပျော်စရာကြီးရယ်
ReplyDeleteပဲခူးက စားသောက်ဆိုင် ဘဘောကျတယ်
စားသောက်ဆိုင်နဲ့မတူဘဲ အိမ်နဲ့တူတယ်
တကယ်ကို သဘာဝဆန်ဆန်ဘဲနော်
ကလေးတွေလည်း သဘောကျကြမှာ သေချာတယ်
ချစ်သောရိုစ်ရေ..
ReplyDeleteမတွေ့လိုက်ရလို့ စိတ်မကောင်းဘူး။ ဒီတခါ တွေ့ရအောင်နော်။
ဇာတ်သိမ်းသွားပြီပေါ့နော် နောက်တခါ ရေးနိုင်အောင် နောက်တခေါက်လာခဲ့ပါအုန်း
ReplyDeleteသားလေး နေမကောင်းဖြစ်ပေမယ့် သူ လိုအပ်တဲ့ စက်ကလေး အချိန်မီ ဝယ်နိုင်လို့ တော်သေးတာပေါ့နော်..၊ အမိမြေ ခရီးက အဆုံးသတ်တဲ့အထိ ပျော်စရာပါပဲ...။
ReplyDeleteအပိုင်း၎ ကစပြီးဖတ်လိုက်တာ...
ReplyDeleteအချိန်ရမှ ၃-၂-၁-ကိုပြန်ဖတ်မယ်နော်
ပြောင်းပြန်ဖတ်ခြင်းပေါ့....
ဒီပိုဒ့်လေးကိုဖတ်ပြီး ပြန်တောင်ပြန်ချင်မိတယ်....
ခင်မင်တဲ့ jasmine