Friday, September 30, 2011

ရပ်ကွက်တိုင်းကထိုမိန်းမ


ရပ်ကွက်တိုင်းမှာ ထိုမိန်းမရှိသည်… သင့်ပတ်ဝန်းကျင်မှာထိုမိန်းမရှိသည်… ကျမပတ်ဝန်းကျင်မှာလည်း ထိုမိန်းမရှိနေသည်….

++++++++++++++++++++++++++++++++++++++++++++++

ထိုမိန်းမသည် သူများကိုယ်ရေးကိုယ်တာအကြောင်း၊သူများအိမ်တွင်းရေးကိစ္စနှင့် သူများဘဝနောက်ကြောင်းတွေကို အလွန်သိချင်သူဖြစ်သည်… သူ့ဘဝနောက်ကြောင်းတွေကိုတော့ဖုံးကွယ်ထားသူဖြစ်ပြီး ကောင်းချက်လေးတွေကိုသာရွေးပြီး ထုတ်ဖော်ကြွားဝါတတ်သူဖြစ်သည်… ပွင့်လင်းသည်ဟုခေါင်းစဉ်တတ်ပြီး သူများခံရခက်အောင်ခပ်ကျောကျောစကားတွေပြောတတ်သည် (တကယ်ကပွင့်လင်းခြင်းမဟုတ်၊ဟောင်ဖွာဖွာနိုင်ခြင်းနှင့် စရိုက်ကျခြင်းဖြစ်သည်)
တခြားသူတစ်ယောက်နှင့်ရင်းနှီးနေသူအား သူလည်းထိုသူအကြောင်းသိထားသလိုလိမ်ညာပြီး စကားတွေအစ်အောက်တတ်သည်… ထို့နောက်ထိုတခြားသူတစ်ယောက်နှင့်ရင်းနှီးနေသူအား နင်ကသာခင်နေ ငါကဖြင့်နင့်အကြောင်းတွေ သူအကုန်ပြောသွားလို့သိရတာဆိုပြီး ရန်တိုက်ပေးတတ်သည်…
အခုမှတွေ့သူတစ်ယောက်ကိုလည်း ကိုယ်ရေးကိုယ်တာတွေ အတင်းမေး စပ်စုပြီး မကျေနပ်သေးလျှင် နီးစပ်ရာတွေဆီက အကြောင်းအချက်တွေရယူလျှက် နောက်ကြောင်းရာဇဝင်အသေးစိတ် လိုက်လံစုံစမ်းတတ်သေးသည်…
လူစုနှင့်ဆုံစည်းဖို့စိတ်မဝင်စားဘဲ တစ်ယောက်ချင်းတွေနှင့်တလှည့်စီတွေ့ကာ နင့်ကိုခင်လို့ပြောပြတာနော်ဆိုပြီး မနေ့ကတွေ့ခဲ့သူအကြောင်းမကောင်းပြောလေ့ရှိပြီး ထိုမနေ့ကတွေ့ခဲ့သူနှင့် နောက်တခါပြန်တွေ့ပါလျှင်လည်း သူနှင့်တွေ့ခဲ့ပြီးသူတစ်ယောက်၏မကောင်းကြောင်းကို ခင်လို့ပြောတာဆိုပြီးပြောပြပါဦးမည်…
သူ့ကိုယ်သူသနားစရာသတ္တဝါလေးဖြစ်အောင်လုပ်ကြံပြောပြီး ကျန်တဲ့သူတွေက သူ့ကိုဝိုင်းနှိပ်စက်နေကျသော လူယုတ်မာတွေဖြစ်ကြောင်းလီဆည်ပြောလျှက် သူနှင့်စတင်ဆုံစည်းသူထံမှ အကြင်နာတွေရယူတတ်သူဖြစ်သည်( တကယ်က သူ့ပတ်ဝန်းကျင်ကလူတွေခမျာ သူနှိပ်စက်ထားလို့ ခြေကုန်လက်ပန်းကျနေပြီ)
သူများဆီက ဂရုစိုက်မှုရယူရန်အတွက် ဘာမှမသိနားမလည်သော အပြစ်ကင်းစင်သူလေးကဲ့သို့လည်း ပုံဖမ်းတတ်ပြန်သေးသည်.. တကယ်တော့သူ့ရုပ်သွင်က လိမ်လည်လုပ်ကြံပြောတတ်သူဖြစ်ကြောင်း ဥပတိရုပ်ကပေါ်လွင်နေရက်နဲ့ သိုးဖြူလေးကဲ့သို့ဟန်ဆောင်နေခြင်းက သိပ်တော့မပိရိလှပါ…
မသိနားမလည်ဟုဗြောင်လိမ်လျှက် သူတပါးကိုညာခိုင်းတတ်သူလည်းဖြစ်သည်… အားနာတတ်သူ အချင်းမပွားလိုသူ စိတ်သဘောဖြူစင်သူတို့ကတော့ သူ့ခိုင်းဖတ်ဖြစ်သွားတတ်သည်… သူ့ခိုင်းဖတ်များမသိအောင် သူ့လောက်ပညာမတတ်ဟု သူယူဆမိသူများအပေါ်မှာတော့ ဆရာကြီးလုပ်ဦးဆောင်ပြတတ်သူလည်းဖြစ်သေးသည်…
သူများမှာရှိနေခြင်းမှန်သမျှအား သူ လိုချင်လျှက်မရရှိသည့်အခါ ထိုသူများအားလုံး ၏ရှိသမျှများသည် ကြွားဝါခြင်းဟု သူယူဆလျှက် မြင်ပြင်းကတ်ကာ ထိုသူများအားကျိန်ဆဲနေတတ်သည်…
နောက်ဆုံးတွင်တော့ သူ့အကုသိုလ်နှင့်သူ ရောဂါတွေရ တချိန်လုံး နေမကောင်းဖြစ်တော့သည်…
တခါတခါ သူ့ကိုယ်သူမလုံမလဲဖြစ်လျှက် ပတ်ဝန်းကျင်မှလူများက သူ့ကိုမုန်းတီးနေကြသည်ထင်တာ တိတ်တိတ်ကြိတ် ကြေကွဲနေတတ်သေးသည်…

++++++++++++++++++++++++++++++++++++++++++++++++
ရပ်ကွက်တိုင်းမှာ ထိုမိန်းမရှိသည်… သင့်ပတ်ဝန်းကျင်မှာ ထိုမိန်းမရှိသည်… ကျမပတ်ဝန်းကျင်မှာလည်းထိုမိန်းမရှိနေသည်…

(မည်သူ့ကိုမှမရည်ရွယ်ပါ၊တိုက်ဆိုင်မှုရှိလျှင်ခွင့်လွှတ်ပါ)

20 comments:

  1. Ma Ma I also meet like that lady. I feel very fed up :(

    ReplyDelete
  2. Anonymous-- I understand how you'd feel :( , thanks for your comment.

    ReplyDelete
  3. တိုက်ဆိုင်မှုရှိလျှင် တမင်တကာ တိုက်ဆိုင်မှုသာဖြစ်ပါကြောင်း..ဟဲဟဲ...

    ပွင့်လင်းတယ်ပြောပြီး အကုန်ထုတ်ကြွားတဲ့သူတွေ တွေ့ဖူးလွန်းလို့။ ပြီးတော့ ဆရာကြီးလုပ်တတ်တဲ့သူတွေက သူငယ်ချင်း မမြဲဘူး။ ခဏပေါင်းပြီး ပြဿနာဖြစ်လို့ ကွဲသွားတာတွေချည်းပဲ။ တလောက တွေ့တုန်းက ဘယ်သူငယ်ချင်းနဲ့ဘယ်လိုခင်ပြီး သွားလည်တာတွေ လျှောက်ကြွားလာပြောပြပြီး နောက်တခေါက် ထပ်တွေ့တော့ကျ ခွာပြဲနေတဲ့အကြောင်း ကြားရတော့တာပဲ။ တို့တော့ အဲလိုလူတွေကို ကြာကြာတခါ ကြုံမှ တွေ့တယ်။ တမင်တကာ သွားမတွေ့ဘူး... စိတ်ရောကိုယ်ပါ မပေါင်းဘူး။

    စူးနွယ်လေး

    ReplyDelete
  4. ဟင်...နာနဲ့ လာတူနေသလိုလိုပဲ........အဟိ :P
    စိတ်တွေ လျှော့ပါ ရိုစ့်လေးရယ် သူ့အကုသိုလ်နဲ့သူပေါ့၊ သွားပါလိမ့်မယ်....

    ပုံ / ထိုမိန်းမကြီးးးး

    ReplyDelete
  5. မမရေ.. ဖတ်ပြီးမောသွားပါတယ်။ ဒီလို လူမျိုးတွေကို တွေ့ ဖူးပါတယ်။ ကြုံခဲ့ဖူးရင်လည်း စိတ်ထဲမထားပါနဲ့ ။ သူနဲ့ ဆက်ဆံဖူးတဲ့ သူတွေလည်း သူ့ အကြောင်းမသိသေးရင်လည်း တဖြည်းဖြည်းနဲ့  သိသွားပါလိမ့်မယ်။

    Khaing

    ReplyDelete
  6. ဟုတ်တယ်မမ အဲလိုအဲလိုပဲ :):)

    ReplyDelete
  7. ဟုတ်တယ်အမရေ
    တချို့တွေကအဲလိုပါဘဲ..

    ReplyDelete
  8. ငယ်ငယ်တုန်းက ရွာမှာတွေ့ဖူးတယ် အဲလိုမိန်းမမျိုး...။

    ReplyDelete
  9. ဟင်... ကြောက်စရာကြီးနော်.....အဲ့လိုလူမျိုးများ ဘယ်တော့မှ စိတ်အေးအေးချမ်းချမ်းနေရမယ်မထင်ဘူး.... :(
    သန့်

    ReplyDelete
  10. ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်..
    ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်..
    ဒန်တန်တန်.. ( လွှမ်းမိုး သီချင်းလေး တရပ်ကွက်လုံးကြားအောင် အကျယ်ကြီး အော်ဆို ပေး လိုက် သည် ..) .


    ရှလွတ် လေး ဂလို ရေးပုံ ထောက်ရင်..အင်း... တထုထု တော့ တထုထု ပဲ ၊
    ဖွလိုက် အုံး မှ..း))

    ဖွ ကိ ..

    ReplyDelete
  11. ဟားဟားးးးးး ဘလောဂ် ရွာ ထိပ် က ရွှေစင်ဦး တော့ ဟုတ်လောက်ပါဘူးနော်

    ReplyDelete
  12. အစ်မပြောသလိုပါဘဲ သူကိုယ်တိုင်လည်း လုပ်ကြံလီဆည်ပြီးပြောနေပေမဲ့ ကိုယ်စိတ်တွင်းမှာတော့ မနာလိုမှုတွေနဲ့ ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး
    ဘာဘဲပြောပြော ပတ်ဝန်းကျင်တွေမှာ အဲဒီလိုလူတွေလည်း တစ်ဦးတစ်လေ ရှိကို ရှိနေတတ်ပါတယ်။

    ReplyDelete
  13. တစ်ခါတစ်လေ အိမ်ကိုလည်း အလည်လာတတ်သည်

    ReplyDelete
  14. စူးနွယ်လေး၊ မချစ်၊ညီမလေးခိုင်၊ညီမလေးအိမ်ဂျယ်လ်၊blackroze၊မိုးငွေ့၊သန့်၊ဖွကိ၊မရွှေစင်၊ချော၊ Sosegado......ကော်မန့်လေးတွေအတွက် အားလုံးကိုကျေးဇူးတင်ပါတယ်... နောက်ဆုံးစာကြောင်းထဲကအတိုင်း (မည်သူ့ကိုမှမရည်ရွယ်ပါ)... ပတ်ဝန်းကျင်မှ မြင်တွေ့ဘူးခဲ့သမျှ မကောင်းဘူးထင်တဲ့ စရိုက်တစ်ချို့ကို စုစည်းပြီးရေးလိုက်တာပါ

    ReplyDelete
  15. လူအမျိုးမျိုးစိတ်အထွေထွေနဲ့အတူ စရိုက်အမျိုးမျိုးရှိတတ်ကြတယ် Rose ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  16. လူအမျိုးမျိုး စရိုက်အထွေထွေ...
    တစ်ခါတစ်ခါ အဲ့ဒီလို လူမျိုးနဲ့ ကိုယ်ပေါင်း စိတ်ခွာနေရတဲ့အချိန်မျိုးဆို ကိုယ့်ကိုယ်ကိုတောင် စိတ်ပျက်မိတယ်။

    ReplyDelete
  17. တစ်ကယ်ကိုရှိပါတယ်တွေ့ဖူးတယ်.....
    တောင်ကြီးမှာတုန်းကတော့မသိဘူးပေါ့
    ခုမလေးရှားမှာတွေ့ဖူးတာ....
    အဲတာမျိုးကျတော့ ကိုယ်ပေါင်းစိတ်ခွါလဲမရလို့
    မသိသလိုပဲနေလိုက်တယ်....
    ခင်တဲ့ jasmine

    ReplyDelete
  18. ကိုယ်တစ်ယောက်ထဲခံနေရတယ်အောက်မေ့နေတာ
    သူလိုလူတွေအများကြီးပါပဲလား

    ReplyDelete
  19. ရပ်ကွက်တိုင်းက ထိုမိန်းမဆိုမှတော့ ဒီနားဟိုနားလည်း ရှိတာပေါ့ သူငယ်ချင်းလေးရယ်..။ မတွေ့ချင်ဘူးဆိုလေ၊ တွေ့တတ်လေ လား လို့တောင် တွေးဖြစ်တယ် :D

    လသာည

    ReplyDelete
  20. အော်..ဒီလိုမိန်းမမျိုးကြီးကိုမြင်ဖူး၊တွေ့ဖူးပါတယ်၊ မိန်းမ၊ခလေးရှိတဲ့ယောင်္ကျားကို အတင်းဖမ်း၊ ကလေး၂ယောက်ရအောင်ယူပြီး သူကပဲမယားကြီးလိုလိုဘာလိုလိုလုပ်၊ ကလေးစရိတ်တောင်းထိုင်စားပြီးအထက်ကရေးထားတဲ့အချက်တွေအကုန်လုံးလုပ်တယ်၊ ကျန်းမာနေတာကလွဲလို့... ကလေးကျောင်းအကြောင်းပြပြီးစလုံးမှာနေ ဗီရမ်နမ်နဲ့မလေးကိုလည်ပတ်ပြီး ခုတော့ အော်စီရောက်နေလေရဲ့...အော်..လူ့ဘ၀...

    ReplyDelete