Friday, September 23, 2011

ဧရာဝတီသည်ငါတို့မြစ်


ဧရာဝတီသည် ငါတို့မြစ်
ဧရာဝတီသည် ငါတို့အသက်
ဧရာဝတီသည် ငါတို့သမိုင်း
ငါတို့မြစ်(ဧရာဝတီ)ကိုချစ်ပါ
ငါတို့အသက်(ဧရာဝတီ)ကိုမြတ်နိုးပါ
ငါတို့သမိုင်း(ဧရာဝတီ)ကိုလေးစားပါ

ဧရာဝတီဟာ ဒေါင်လိုက်တည့်တည့် မြန်မာ တစ်နိုင်ငံလုံးကို ဖြတ်သန်းစီးဆင်းတဲ့ ငါတို့မြန်မာလူမျိုးတွေအားလုံးနဲ့ဆိုင်တဲ့ ၊ ငါတို့မြန်မာလူမျိုးတွေ အားလုံးပိုင်တဲ့မြစ်

ဧရာတီကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ ဆန်စပါးအထွက်နှုန်းဟာ တစ်နိုင်ငံလုံးဆန်စပါးအထွက်နှုန်းရဲ့ ၆၀% နီးပါးထွက်ရှိနိုင်ခဲ့တာ... မြန်မာနိုင်ငံသားတွေ အသက်ဆက်နိုင်ဘို့ နေ့စဉ်စားသုံးနေရတဲ့ဆန်စပါးဟာ ဧရာဝတီကြောင့် ထွက်ရှိနိုင်ခဲ့တာ... မြန်မာနိုင်ငံသားတွေအသက်ဆက်နိုင်ဘို့က ဧရာဝတီပေါ်မူတည်နေတာ

ဧရာဝတီဟာ မြန့်မာ့လွတ်လပ်ရေးသမိုင်းမှာ အရေးပါအရာရောက် အဓိကကျခဲ့တာ... ဧရာဝတီဟာ မြန့်မာ့လွတ်လပ်ရေးသမိုင်းရဲ့ စစ်ချီရာလမ်းကြောင်း ၊ ဧရာဝတီမြစ်ရိုးဟာ မြန်မာ့လွတ်လပ်ရေးအတွက် ရန်သူကိုခုခံတွန်းလှန်တဲ့ ခံတပ်တွေတည်ဆောက်ရာနေရာ

ငါတို့ရဲ့မြစ်၊ ငါတို့ရဲ့အသက်၊ ငါတို့ရဲ့သမိုင်းကို ဘယ်လိုနည်းနဲ့မှ အဖျက်အဆီးမခံနိုင်ဘူး
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါတယ်

19 comments:

  1. ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

    ReplyDelete
  2. ဧရာဝတီ သည် မြန်မာပြည်သား အားလုံးနဲ့ဆိုင်တဲ့အတွက် ၊
    ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်ခွင့်လည်း မြန်မာပြည်သားအားလုံးတွင်ရှိပါသည် ။
    ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကွက်ပါသည် ။

    ခင်မင်စွာ
    မကိ

    ReplyDelete
  3. ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

    ReplyDelete
  4. ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

    ဧရာဝတီကိုချစ်တဲ့
    မိုးငွေ့

    ReplyDelete
  5. ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
    ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
    ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်..။
    ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။

    ReplyDelete
  6. မဟာတံတိုင်းနောက်က လူတွေ တိုက်ဝါကြီးထဲကလူတွေ ကြားစေသား

    ReplyDelete
  7. ကိုအောင်(ပျူနိုင်ငံ)September 23, 2011 at 6:47 PM

    မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

    ReplyDelete
  8. ဧရာဝတီ ထာဝရ စီးဆင်းစေရမယ်
    မြစ်ဆုံဆည်တည်ဆောက်မှုကို အပြင်းအထန်ကန့်ကွက်ပါတယ်

    ခင်မင်တဲ့
    seesein

    ReplyDelete
  9. မြန်မာပြည်သူပြည်သားအားလုံးနဲ့သက်ဆိုင်တဲ့
    ဧရာဝတီ ကိုလွတ်လပ်ဖို့အတွက် တွဲလက်ညီညီနဲ့
    တိုက်ပွဲဆင်နွဲကြပါစို့.......
    ခင်မင်တဲ့ jasmine

    ReplyDelete
  10. ငါတို့ရဲ့မြစ်၊ ငါတို့ရဲ့အသက်၊ ငါတို့ရဲ့သမိုင်းကို ဘယ်လိုနည်းနဲ့မှ အဖျက်အဆီးမခံနိုင်ဘူး

    ကျေးဇူးတင်ပါတယ် ညီမရေ
    ညီမ နဲ့ ထပ်တူပါဘဲ
    ရွှေစင်ဦး

    ReplyDelete
  11. ဧရာဝတီကို အဆုံးရှုံးမခံနိုင်ပါ။

    ReplyDelete
  12. နတ်တွေက နေရာချပေးထားသလို နိုင်ငံရဲ့အလည်တည့်တည့်မှာ ဖြတ်စီးပြီး ပင်လယ်ဝရောက်တဲ့အထိ နိုင်ငံကို ကောင်းကျိုးပေးနေတဲ့ မိခင်ဧရာဝတီ အခက်အခဲမရှိ စီးဆင်းနိုင်ပါစေ။
    (လီယို)

    ReplyDelete
  13. အားလုံးနဲ့ဆိုင်တဲ့ ဧရာဝတီကို လူတစ်စုက သူတို့ပိုင်လိုလိုနဲ့ ခပ်တည်တည်ရောင်းစားနေကြတယ်။ ပြီးရင်တော့ တိုင်းပြည်ကို ချစ်သယောင်ပြောသေးတယ် ။ တကယ်တမ်းချစ်ရင် ဒီလိုလုပ်ပါ့မလား စဉ်းစားစရာပါ။ မြစ်ဧရာအမြဲတမ်းစီးဆင်းနိုင်ပါစေ

    ReplyDelete
  14. ကဗျာအဟောင်းလေးပေမဲ့ အသက်ပါလွန်းပါတယ် ဧရာဝတီကို ပြစ်မှားနေသူတွေကြောင့် မြစ်ဧရာလည်း ပျက်စီးတော့မယ်။ သမိုင်းဝင်ဧရာဝတီ ထာဝစဉ်တည်တံ့စေချင်ပါတယ်။

    ReplyDelete
  15. မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
    ဧရာဝတီ အမြဲ ရှင်သန်ပါစေ။

    ReplyDelete
  16. ဒီစီမံကိန်းကြီးကိုလုံးဝကန့်ကွက်ပါတယ်..

    ReplyDelete
  17. မြစ်ဆုံဆည် စီမံကိန်းကို တသဘောတည်း လုံးဝ ဆန့်ကျင်ကန့်ကွက် ပါတယ်။

    ReplyDelete
  18. မမရေ..အားလုံးနဲ့ ထပ်တူထပ်မျှပါပဲ။

    ReplyDelete
  19. ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။

    ReplyDelete