Monday, April 30, 2012

ယုံကြည်ဆုတောင်း




သူ


လိုအင်ဆန္ဒတွေပြည့်ဝပါစေ

သူ

ဖြစ်ချင်တာတွေဖြစ်လာပါစေ

သူ

ဘဝလေးငြိမ်းချမ်းပါစေ

သူ

ပူလောင်ခြင်းတွေနဲ့ကင်းဝေးပါစေ

သူ

အရာရာအဆင်ပြေပါစေ

ထပ်ခါထပ်ခါသတိယတိုင်းဆုတောင်းပေးနေတယ်

စော်ကားတိုင်းလည်းသည်းခံခဲ့ပါတယ်

နောက်ကွယ်ကအတင်းစကားတွေကိုလည်း

ဥပေက္ခာပြုခဲ့ပါတယ်

နောက်ကျောကထိုးစိုက်ခဲ့တဲ့ ဓားဒဏ်ရာတွေ

နာကျင်နေသော်လည်း

အားယူပြုံးပြခဲ့ပါတယ်

အထင်လွဲကောင်းလွဲခဲ့မယ်

အမြင်တိမ်းစောင်းခဲ့လိမ့်မယ်

ဘာမှမစဉ်းစားဘဲမသိယောင်သာဆောင်ခဲ့ပါတယ်

ဆုတောင်းပေးရင်းကိုယ့်စိတ်ကိုဖြေသိမ့်တယ်

သူ့ဘဝအရာရာပြည့်စုံရင်

အရာရာကိုအကောင်းဘက်ကမြင်တတ်လာမယ်ယုံကြည်ရင်း

13 comments:

  1. ဒီလို ဝမ်းနည်းအောင် ပြုတတ်သူတွေကို ဆုတောင်းပေးပုံခြင်း တူလိုက်တာ.... သူများကို ဘာလို့ ဝမ်းနည်းအောင် လုပ်တတ်ကြလဲ.... ကိုယ့်ကိုထိတော့ သူများထက်ပိုနာ......

    ReplyDelete
    Replies
    1. ဟုတ်ပသူငယ်ချင်းရေ... ဒို့တွေကဘဝတူတွေလေ....

      Delete
  2. ကိုအောင်April 30, 2012 at 7:47 PM

    အင်း........တစ်ခုခုတော့တစ်ခုခုဘဲ???????????????????????????????????????????????????????????????????????????????????????????????????????????????///

    ReplyDelete
  3. ကိုအောင်April 30, 2012 at 7:48 PM

    တစ်ခုခုတော့ တစ်ခုခုဘဲ လို့ရေးလိုက်ထာ ..ဘယ်လိုတွေဖြစ်ကုန်ပါလိမ့်..

    ReplyDelete
    Replies
    1. ဖြစ်ရမယ်...ကိုအောင်ရေ.. ဘယ်လိုတွေဖြစ်ကုန်ပါလိမ့်................... :D

      Delete
  4. read Psalm 37.

    May myo thu

    ReplyDelete
  5. you re not alone, a ma!

    ReplyDelete
  6. ကောင်းလိုက်တာဗျာ

    ReplyDelete
  7. ကဗျာလေးဖတ်ရင်း ကိုယ်ချင်းစာမိတယ် ..

    ခင်မင်စွာဖြင့်
    မြတ်

    ReplyDelete
  8. ကောင်းလိုက်တဲ့ ဆုတောင်းလေးပါ မနော်ရယ်။
    ဒီလိုစိတ်မျိုး ထားနိုင်ဖို့ ညီမကိုယ်တိုင်တောင် တော်တော်လေး ကြိုးစားရမယ်ထင်တယ်။ ခနခနဒီဆုတောင်းလေးကို ရွတ်ဖတ်မိတယ် ကောင်းလွန်းလို့ပါ။

    ReplyDelete
  9. တစ်ဦးတစ်ယောက်ရဲ့ အတ္တကြီးမားမှုဟာ တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာစေတယ်။
    လူသားတိုင်း ကိုယ်ချင်းစာတရား လက်ကိုင်ထားရင်း ခွင့်လွှတ်သည်းခံခြင်းများနဲ့
    လောကကို အလှဆင်နိုင်ကြပါစေလို့ ဆန္ဒပြုမိတယ် Rose ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete