Wednesday, March 14, 2012

Monsoon Restaurant & Bar



ငါးမြင်းဆီပြန်ဟင်း




မုန့်ဟင်းခါး




လက်ဖက်သုပ်





ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ မြန်မာအစားအသောက်အချို့ပါ မှာယူစားသောက်နိုင်တဲ့ စားသောက်ဆိုင်လေးကို လွန်ခဲ့တဲ့တစ်လလောက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်….
မြန်မာနိုင်ငံ ရန်ကုန်မြို့က Monsoon ရဲ့ဆိုင်ခွဲဖြစ်ပါတယ်… ဗီယက်နမ်မှာ ပထမဆုံးမြန်မာအစားအသောက်ရတဲ့ ဆိုင်မို့ ဟိုချီမင်းမြို့မှာနေတဲ့ မြန်မာတွေ ခဏခဏသွားအားပေးကြပါတယ်… Menu ထဲမှာ ဟင်းအမယ်သိပ်မများပေမဲ့ မြန်မာအစားအသောက်နဲ့ ဝေးနေရသူတွေအတွက်တော့ အလွမ်းပြေစေပါတယ်…
ကျမတို့လို မြန်မာအမျိုးသမီးအိမ်ရှင်မတွေအတွက်ကတော့ ကိုယ့်ဟာကိုယ်အိမ်မှာချက်စားနေကျမို့ မြန်မာအစားအသောက်ကို လွမ်းလို့သွားစားဖြစ်တာမဟုတ်ဘဲ မြန်မာအစားသောက်ရောင်းချခြင်းကို ကျေနပ်သဘောကျစိတ်သက်သက်နဲ့ သွားရောက်အားပေးကြတာဖြစ်ပါတယ်... ဗီယက်နမ်မှာနေသူမြန်မာမိတ်ဆွေများ၊ ဗီယက်နမ်ကို လာလည်ဘို့ စိတ်ဝင်စားသူများအတွက် ဝေငှပေးခြင်းဖြစ်ပါတယ်…
Monsoon Restaurant & Bar Saigon
No.1 , Cao Ba Nha , Nguyen Cu Trinh ,
District 1 , Ho Chi Minh City , Vietnam.
Tel: +848 6290 8899

11 comments:

  1. ဗီယက်နမ်ကို အလည်ရောက်ဖူးချင်တယ် Rose ရေ။
    မြန်မာအစားအစာနဲ့ပတ်သက်ပြီး ပထမဦးဆုံးဖွင့်လှစ်တဲ့
    Monsoon Restaurant ကို တီတင့်လာလည်ရင်လိုက်ကျွေးနော် :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. လိုက်ကျွေးမယ်တီတင့်...တကယ်လာလည်နော်...း))

      Delete
  2. ဗီယက်နမ်ကိုလာနိုင်ဖို့ကျိုးစားကြည့်ဦးမယ်ဗျာ.....၊

    ReplyDelete
  3. မျှဝေခြင်း အတွက် ကျေးဇူး ရောက်လာခဲ့ရင်တော့ ဆိုင်မစားပါဘူး ညီမ စီဘဲ လာစားတော့မယ်

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  4. မုန့်ဟင်းခါးပြင်ဆင်ပုံလေး လှတယ်ဗျ။
    (လီယို)

    ReplyDelete
  5. ငါးမြင်းဆီပြန်စားချင်တယ်..။
    လက်ဖက်သုတ်က လက်ဖက်သုတ်နဲ့မတူပဲ
    ဂျင်းသုတ်နဲ့တူတယ်.။
    မုန့်ဟင်းခါးကိုအဲ့လို ပြင်ပေးထားတာ မကြိုက်ဖူး။
    အဟီးး
    အကုန်တခါတည်းထည့်ပြီး ဟင်းရည်ပူပူနဲ့မှ
    ကြိုက်ပါတယ်။


    ပေါက်

    ReplyDelete
  6. မုန့်ဟင်းခါး ပြင်ထားတာလေး သဘောကျတယ်၊ ဝ, မဝ ဆိုတာထက် လှတာတော့ သေချာတယ်၊း) သိမ်ဖြူလမ်းက Monsoon ကိုတော့ ဒီတစ်ခေါက် သွားကြတယ်..။

    ReplyDelete
  7. ဗီယက်နမ် လာလည်ရင် သွားအားပေးမယ်

    ReplyDelete
  8. မုန့်ဟင်းခါးကစားချင်စရာလေးနော်
    သန့်လည်းသန့်လိုက်တာ

    ReplyDelete
  9. A ma, thanks a lot for sharing Ho Chi Minh Monsoon restaurant where we can get some Myanmar food. I will try it soonest. :)

    ReplyDelete
  10. Haa...... lucky for us , i'll pass to all my friend your restaurent address , in here every sunday we meet together andcooking to Myanmar food . Now no need to cook , great.....good new

    ReplyDelete