Friday, March 30, 2012

မန္တလေးပဲကြော်


မကြော်ခင်


ကြော်နေစဉ်


မန္တလေးပဲကြော်ရပါပြီ


ရန်ကုန်ပြန်တုန်းကသယ်လာတဲ့ ကမ္ဘာ့အဆင့်မီမြန်မာ့ရေနွေးကြမ်းနဲ့သောက်ရင်းစားပါတယ်


red bean အထုတ်


မန္တလေးပဲကြော် ကြော်ဖြစ်သွားရတဲ့အကြောင်းရင်းကတော့ မနော်ကနေစပါတယ်… March လ ၂၂ရက်မနက်က မနော်က Facebook ပေါ်က AaB page မှာ Breakfast Tray လေးလာတင်တယ်… အဲဒီထဲက မန္တလေးပဲကြော်က ကိုယ်သိပ်ကြိုက်ပြီး ကိုယ့်ဟာကိုယ်မလုပ်ဖြစ်လို့ မလုပ်တတ်တော့တဲ့ မုန့်ဖြစ်နေတယ်… အဲဒီအကြောင်းလေး ကော်မန့်ရေးမိတော့ မသက်ဝေက သူကြော်ခဲ့တဲ့ မန္တလေး ပဲကြော်ပုံလေး ကျမဆီ tag ပေးပြီး လုပ်ရတာလွယ်တဲ့အကြောင်းပြောပါတယ်… ကျမက အဲဒီပဲမျိုးရှာဝယ်ဖူးတယ်… ဒီမှာမတွေ့ဘူးဆိုတော့ အမသက်ဝေက ဂူဂယ်ကနေ ပုံနဲ့ အခေါ်အဝေါ်လေးပါပြပါတယ်…. ညီမ ဗစ်နဲ့ ညီမသန္တာ တို့ကလဲ အဲဒီ red bean မရရင် kidney bean နဲ့လုပ်လို့ရကြောင်း ပြောပြကြပါတယ်… မနော်ကလဲ အိန္ဒိယန်းဆိုင်တွေမှာရနိုင်ကြောင်းပြောပါတယ်… March လ ၂၆ရက်နေ့မှာ မချစ် ကလဲ မန္တလေးပဲကြော် ကြော်ပြီး facebook မှာတင်ပါတယ်… ဒါနဲ့ကိုယ်လဲ ရောဂါတခုရသွားသလို မရရအောင် ကြော်မယ်ဆိုတဲ့စိတ်နဲ့ ခလေးတွေကျောင်းသွားချိန် စူပါမားကတ်တကာပတ်ရှာပါတော့တယ်…
ကိုယ်ရောက်ခါစက ကြိုးစားရှာပေမဲ့ မတွေ့လို့လက်လျှော့ထားတာ ဆယ်နှစ်ကျော်ပြီထင်ရဲ့… အခုထရှာတော့ စူပါမားကတ်တိုင်းမှာရှိနေပြီ… အရင်က ပြည်ပဘဲပို့ကြလို့ရှာမရတာလားတွေးမိတယ်… အခုတော့ အဆင်သင့်တွေ့ပြီမို့ ဒီမနက်ဘဲအကောင်းအထည်ဖေါ်လိုက်ပါတယ်… ချက်နည်းကို မဆွိဆီကယူပါတယ်…
Red bean ကိုတစ်ညရေစိမ်ထားပြီး မနက်ကျတော့ microwave ထဲမှာနာရီဝက်ထည့်ပေါင်းပါတယ်... ကြက်သွန်ဖြူရှစ်မွှာနဲ့ ချင်းတတက်ကို ညက်နေအောင်ထောင်းပါတယ်... ပေါင်းပြီးသားပဲကို Blander နဲ့ခြေပါတယ်... ခြေပြီးသားပဲ(80 gram)တွေကို ကောက်ညှင်းမှုန့် (40 gram), ဆား (1 teaspoon), ဆားဆိုဒါ( 1 teaspoon), ထောင်းပြီးသားကြက်သွန်ဖြူ၊ချင်းတွေနဲ့ နယ်လို့ရရုံရေအနည်းငယ်ထည့်ပြီး ဇလုံထဲမှာနယ်ပါတယ်... နယ်ပြီးတော့ နာရီဝက်လောက်နှပ်ထားလိုက်ပြီးမှ မီးနဲနဲနဲ့ကြော်ပါတယ်...

ကိုယ့်ဟာကိုယ်ကြော်ပြီး စားကြည့်တော့စားကောင်းလိုက်တဲ့ဖြစ်ခြင်း… မြန်မာပြည်ပြန်ပြီး international standard အကြော်ဆိုင်လေး ပြန်ဖွင့်ရင်စီးပွါးဖြစ်နိုင်မယ်ထင်ရဲ့…

16 comments:

  1. thnx for sharing, i will try this weekend

    rgds/nag myint

    ReplyDelete
  2. ဒီဘလောဂ်ဂါတွေကြားထဲ မန်းလေးပဲကြော် တော်တော်ခေတ်စားနေပါလားး) အိမ်မှာတောင် ကြော်မစားဖြစ်တာကြာပြီ။ နော်ဖော့ကြော်ထားတာလဲ စားချင်စဖွယ်ပါပဲလား။

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. စားချင်တယ် မရေ

    ReplyDelete
    Replies
    1. လာလည်တာကျေးဇူးနော်ညီမလေးEvy :)

      Delete
  5. ခုလို အကြော်အကြောင်းလေးကို ဖတ်လိုက်ရမှ အကြော်မစားဖြစ်တာတောင် ကြာပါပကောလားလို့ စဉ်းစားမိလိုက်တယ်... ဗိုက်တောင် စာသွားသလို ခံစားလိုက်ရတယ်...

    ReplyDelete
    Replies
    1. အမလည်းမစားဖြစ်တာကြာပြီညီရဲရေ....

      Delete
  6. မန်းကြော် သိပ်ကြိုက်တယ်......လုပ်စားမယ်လို့ စိတ်ကူးတာ ကြာပြီ ခုထိမလုပ်ရသေးဘူး....။

    ReplyDelete
    Replies
    1. လုပ်လိုက်တော့လည်လွယ်လွယ်လေးညီမရဲ့...

      Delete
  7. ဒီပဲကြော်ထက် သူ့ကို ဘယ်လိုကြောင့် ကြော်ဖြစ်သွားတာလဲ ဆိုတဲ့ Behind the story က ပိုပြီး စိတ်ဝင်စားဖို့တောင် ကောင်းနေပါလား မရိုစ့်ရေ..၊း) ဘလော့ဂါတွေ အများကြီးက အင်နဲ့အားနဲ့ ဝိုင်းဝန်း၊ တိုက်တွန်း၊ နားချ၊ တရားပြ၊ သွန်သင်၊ ဆုံးမ.. အာ.. ရှုပ်ကုန်ပြီ၊း))

    ပြီးတော့ ကျနော်တို့ သိကြတာက Before and After ပဲ၊ ဒီမှာတော့ Before, During and After...၊ အဲဒီလို အကြောင်းချင်းရာတွေနဲ့ ဖြစ်လာတဲ့ ပဲကြော်က မကောင်းပဲ နေပါ့မလား။း)

    ReplyDelete
    Replies
    1. ကျေးဇူးညီလင်းသစ်ရေ...း))

      Delete
  8. အိမ်မက်လဲ မကြောက်တက်ဖူး
    စားချင်တယ်..

    ReplyDelete
  9. စားချင်စရာကြီး.... တော်တယ်ကွာ... တယ်ချင်းက

    ReplyDelete
  10. လွယ်သားပဲ မရို့ စ်ရေ..အကြော် မစားဖြစ်တာတောင် အတော်ကြာပြီ..

    ReplyDelete