Tuesday, March 20, 2012

ချစ်သားငယ်လေး၆နှစ်ပြည့်


အတန်းရှေ့မှာ


ဝိုင်းဝိုင်းလည်


မွေးနေ့ကိတ်ဖယောင်းတိုင်မှုတ်ခါနီး


အတန်းဖော်သူငယ်ချင်းများနှင့်အမှတ်တရ


ဒင်နာအတွက်မွေးနေ့ကိတ်


အာလူးဟင်းနဲ့နံပြား


ဆိတ်သားဒံပေါက်


မွေးနေ့လက်ဆောင်



သားလေးဒီနေ့၆နှစ်ပြည့်ပါတယ်... သူ့သူငယ်ချင်းတွေနဲ့ အတန်းထဲမှာ မွေးနေ့ပွဲလုပ်ပေးဖို့ ပူဆာထားတာနဲ့ မနက်ဘက်ကျောင်းသွားပို့ထဲက မွေးနေ့ကိတ်ရယ်... သူ့အတန်းဖော်တွေကိုဝေပေးဘို့ လက်ဆောင်အိတ်လေးတွေရယ်... သူ့ဆရာမကိုပေးခဲ့ပြီး ဓာတ်ပုံရိုက်ပေးဘို့ ကင်မရာပါပေးထားခဲ့ပါတယ်... အခုတင်ထားတဲ့ပုံတွေက သူ့ဆရာမရိုက်ပေးထားတာပါ...
အိမ်မှာတော့ မနက်ပိုင်း မုန့်ဟင်းခါးနဲ့ ဟင်းတစ်ချို့ချက်ပြီး နေ့လည်ဘက်အားတဲ့သူငယ်ချင်းတွေကို ဖိတ်ပါတယ်... ညဘက်မှာတော့ မိသားစုဝင်တွေဘဲ သက်သက် မွေးနေ့ပွဲလေးထပ်လုပ်ပေးဖြစ်ပါတယ်... အိန္ဒိယန်းဆိုင်က ကုလားစာမှာစားကြပါတယ်... သားလေးကတော့ကျေနပ်စွာပျော်ရွှင်နေလေရဲ့...

14 comments:

  1. Happy Birthday ပါ သားငယ်လေး ရေ...
    ပျော်ရွှင်တဲ့ နေ့ရက်တွေ ကို မိသားစုနဲ့ အတူ ထာဝရပိုင်ဆိုင်ပြီး ဘုရားရှေ့ လူရှေ့ မျက်နှာရသော သားလိမ္မာလေး ဖြစ်ပါစေ။

    ပျော်စရာကောင်းတဲ့ မိသားစုလေးနဲ့ မဖောလဲ ပျော်ရွှင်ပါစေနော်..
    ချစ်တဲ့
    အိမ်မက်

    ReplyDelete
  2. Wishing you many many returns of the day... :)

    ReplyDelete
  3. ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာကို ဖြတ်သန်းနိုင်ပါစေ သားငယ်ရေ။
    Rose ရေ ဒီကနေ့က တီတင့်ကျွေးမေမေရဲ့ အသက် ၈၀ပြည့်တဲ့နေ့လေ။
    မွေးနေ့လေးတူနေတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. Happy Birthday cute boy! Wishing you all the best! Always happy and healthy <3 <3

    poepoe

    ReplyDelete
  5. Happy Birthday Thar Thar!!! မွေးနေ့အနှစ်တရာ တိုင်အောင်ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းရပါစေ။

    ReplyDelete
  6. Happy birthday thar thar Mickey...!!!

    ဘုရားရှေ့၊ လူရှေ့မှာ အစဉ်အတိုင်းကြီးလျှက် ငယ်ရွယ်သော်လည်း ဥာဏ်ပညာနဲ့ ပြည့်စုံတဲ့ ‘တိမောသေ’ လို ကလေး,လေး ဖြစ်နိုင်ပါစေလို့ ဆုတောင်းပေး ပါတယ်..။

    ReplyDelete
  7. ဟက်ပီးဘတ်ဒေးပါ.. သားငယ်လေး...း)... သားငယ်လေးက ဗီယက်နမ်ရုပ်လေးပေါက်နေပြီ..း))....

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  8. May HE remember him like Noah,
    Favor him like Moses,
    Prosper him like Issac,
    Promote him like Joseph,
    Intervene him like Esther,
    Protect him like Daniel,
    Use him like Paul,
    Heal him like Nathen,
    Answer him like Elijah,
    Annoint him like David,
    And keep him safe like Shadrach, Meshach and Abednego.
    Happy Birthday !

    ReplyDelete
  9. သားငယ်လေး ကျန်းမာချမ်းသာပြီးမိဘ ကျေးဇူးသိတဲ့သားလိမ္မာလေးဖြစ်ပါစေကွယ်
    ချစ်တဲ့
    အန်တီဦး

    ReplyDelete
  10. သားလေးကျန်းမာပျှော်ရွှင်ပါစေ။
    လိုချင်တာတွေအားလုံး မေမေနဲ့ ဖေဖေက ၀ယ်ပေးပါစေ။
    ပညာဥာဏ်ထူးချွန်ထက်မြက်ပါစေ။
    အန်တီ ရှင်လေး နဲ့ ဦးလေးသောမတ်စ်။။။။။

    ReplyDelete
  11. သားလေး အမြဲပျော်ရွှင်ကျန်းမာပြီး သားကောင်းလိမ္မာလေးဖြစ်ပါစေ။
    (လီယို)

    ReplyDelete
  12. သားလေး ကျန်းမာပျော်ရွှင်ပါစေ...

    ReplyDelete
  13. တီတီခိုင်နဲ့လီအိမ်းApril 6, 2012 at 11:56 AM

    တို့သားအမိ အရမ်းချစ်ရသော သားသားလေး....ယနေ့မှစပြီး နှစ်ပေါင်းများစွာ အချစ်ဆုံးမိသားစုနဲ့ မွေးနေ့များစွာ ပြုလုပ်နိုင်ပါစေ.....

    ReplyDelete