Thursday, January 19, 2012

ပညာရေးကုန်ဈေးနှုန်း


(ကျောင်းကပို့တဲ့စာ)


ဗီယက်နမ်နှစ်သစ်ကူးရာသီအတွက် ကျောင်းတွေမပိတ်ခင်နောက်ဆုံးနေ့က ခလေးတွေရဲ့ကျောင်းလွယ်အိတ်ထဲမှာ ကျောင်းကထည့်ပေးလိုက်တဲ့စာပါလာတယ်… ဖွင့်ဖတ်ကြည့်တော့ ကျောင်းလခတွေနောက်နှစ်တက်မယ်ဆိုတာရယ်… တက်မဲ့ကျောင်းစာရိတ်တွေရယ်… တကယ်ကို အံ့သြသွားမိတယ်….
--------------------------------------------------------
ဒီကျောင်းလေးကိုပြောင်းလိုက်တာတစ်နှစ်ခွဲလောက်ဘဲရှိသေးတယ်… ခလေးတွေအရင်တက်တဲ့ကျောင်းက နှစ်နှစ်တစ်ခါ ကျောင်းလခတွေတိုးတိုးတောင်းတာကိုမနှစ်သက်တာရယ်… ဒီကျောင်းမှာ အရင်ကျောင်းကနဲ့မတူတဲ့ ကျောင်းသင်ရိုးညွှန်းတမ်းတွေကို သဘောကျလို့ရယ်…ဒီကျောင်းလေးကိုရွေးပြီးပြောင်းထားခဲ့တာ…


အဲဒီအရင်ကျောင်းက ၄နှစ်သားအရွယ်ကျောင်းခလ တစ်နှစ်စာ ဒေါ်လာ၆၀၀၀ အစား ဒေါ်လာ၈၀၀၀လောက်ဖြစ်သွားပြီး ၉နှစ်သမီးအရွယ်ကျောင်းလခတစ်နှစ်စာ ဒေါ်လာ၈၀၀၀ကျော်ကနေ ဒေါ်လာ၁၀၈၀၀ လောက်ဖြစ်သွားတယ်… ဒီတော့ နောက်နှစ်နှစ်မှာ ထပ်တက်ဦးမှာသိနေတာမို့ တခြားကျောင်းဘဲပြောင်းတော့မယ်ဆိုပြီး စိတ်ကြိုက်တွေ့ဘို့ကျောင်းကိုရှာခဲ့ရပါတယ်…


သင်ရိုးညွှန်းတမ်းထဲမှာ အကျင့်စာရိတ္တအတွက် တစ်ဘာသာထည့်သင်တာကို အရမ်းနှစ်သက်မိတယ်… ပြီးတော့ ပြင်သစ်စကားလဲ ဘာသာရပ်တစ်ခုအနေနဲ့သင်တာကိုလဲ သဘောကျတယ်… အဲဒါအပြင် ကျောင်းလခကလဲ ၄နှစ်သားအတွက် ဒေါ်လာ၄၉၅၀ ဖြစ်ပြီး ၉နှစ်သမီးအတွက်က ဒေါ်လာ၈၉၀၀ ဆိုတော့ အရင်ကျောင်းနဲ့ယှဉ်လိုက်ရင် တော်တော်သက်သာတယ်… ဒီကျောင်းက အသစ်ဖွင့်တဲ့ကျောင်းမို့ ကျောင်းလခလျှော့ပေးထားတာဖြစ်ပြီး ၂၀၁၂မှာ ကျောင်းလခတိုးရင်တိုးမယ်… လျှော့ရင်လည်းလျှော့မယ်လို့ ကြိုပြောထားပါတယ်… ကိုယ်ကတော့ လျှော့မှာတော့မဟုတ်ဘူး တိုးဘို့ဘဲရှိမှာလို့ ကြိုတွေးထားပါတယ်… တိုးခဲ့ရင်လည်း ခလေးတွေကို ဒီကျောင်းမှာဘဲအထက်တန်းပြီးတဲ့ထိထားဘို့ဆုံးဖြတ်ထားပါတယ်… ကျောင်းရဲ့ သင်ရိုးညွှန်းတမ်းကိုနှစ်သက်လို့ပါ….



တကယ်တမ်းတိုးပြီဆိုတဲ့စာရတော့… ဘုရား ဘုရား ဆိုပြီး မျက်လုံးပြူးသွားတယ်… နည်းနည်းနောနောတိုးတာမှမဟုတ်ဘဲ… နောက်နှစ်စာသင်နှစ်မှာ ၆နှစ်အရွယ်သားအတွက် ဒေါ်လာ၁၀၈၀၀ လောက်ပေးရမှာဖြစ်ပြီး ၁၁နှစ်အရွယ်သမီးအတွက် ဒေါ်လာ၁၃၀၀၀နီးပါးပေးရမှာဖြစ်တယ်…. ဒါ့အပြင် admission fee တွေလဲ ထပ်ပေးရမှာဆိုတော့ မောင်နှမနှစ်ယောက်ပေါင်းကို ဒေါ်လာနှစ်သောင်းခွဲလောက်သွင်းရမှာဖြစ်တယ်…



ဗီယက်နမ်မှာနေတဲ့ နိုင်ငံခြားသားခလေးတွေအတွက် ရွေးချယ်စရာမရှိပါဘူး… International School ဘဲတက်စရာရှိပါတယ်… တခြားဈေးနဲနဲပိုသက်သာတဲ့ကျောင်းရှာရင်ရနိုင်ပေမဲ့ ခလေးတွေဘဝမှာ ခဏခဏ အပြောင်းအလဲတွေ မကြုံတွေ့စေချင်တာရယ်… ဒီကျောင်းရဲ့ သင်ရိုးညွှန်းတမ်းမျိုး တခြားကျောင်းမှ မရှိနိုင်တာရယ်ကြောင့် ဒီကျောင်းမှာဘဲဆက်ထားရမှာပါ… စားသုံးကုန် လူသုံးကုန်တွေ ဈေးတက်နေချိန်မှာ ပညာရေးကပါဈေးလိုက်တက်တော့ တော်တော်လေး ဦးနှောက်ခြောက်ရတယ်….



ဒီတော့… အဖေကပိုက်ဆံပိုရှာဘို့ပြင်… အမေက အသုံးချွေတာဘို့ဘဲရှိတော့တာပေါ့… အသုံးချွေတာဘို့ကလဲ အစစ အရာရာ ဈေးတက်နေတဲ့အချိန်မှာ ဘာကိုများလျှော့လို့ရမလဲ မသိပါဘူး… ခရီးအထွက်တွေလျှော့… ကျောင်းပိတ်ရက်တွေ ပြည်တွင်းခရီးတွေဘဲထွက် … ပြီးတော့… ပြီးတော့… စဉ်းစားရင် အဖြေမထွက်နိုင်သေးတာမို့… ဘယ်လိုများအသုံးလျှော့ရမလဲ… လာလည်သူ သူငယ်ချင်းတို့ရေ… အကြံလေးများပေးသွားကြပါနော်…..

19 comments:

  1. မမနော်ရယ် ဖတ်ပီး အတော်မောသွားတယ် အဲ့လောက်တောင် ဈေးကြီးတယ်လား မိဘတွေကို သနားမိတယ် ဘာပဲဖြစ်ဖြစ်မမနော်ရယ် ကလေးတွေပညာရေးအတွက်ဆိုတော့ မမနော် ဈေးဝယ်တာတွေလျှော့နော် :P

    ပိုးပိုး

    ReplyDelete
  2. ပညာကို ရွှေအိုးနဲ့  ဝယ်ရတာ ဆိုတာ အမှန်ပဲ အမရေ..စန်းထွန်းလည်း ဖေ၊မေ၊မကြီးက ကျောင်းစရိတ် ထောက်လိုက်၊ အလုပ်ရလို့  ပြန်ဆပ်တာ မကျေသေးခင် နောက်ထပ် ကျောင်းထပ်ဖို့  ထပ်ထွက်လာရော..မိဘတွေ ခမျာလည်း သားသမီးတွေ ကျောင်းစရိတ်ကို တွေးရတာနဲ့  ခေါင်းခြောက်တယ်..ကိုယ်ချင်းစာတယ် အမရေ..

    ReplyDelete
  3. မလွယ်ပါ့လားနော်..

    ReplyDelete
  4. ဟုတ်တယ်နော်ဖောရေ။ဗီယက်နမ်ကအခုမှစတာ။ဂျပန်မှာတီတင့်တို့နေစဉ်ချိန်က
    ကျောင်းစရိတ်ကြီးပုံများတီတင့်ဖေဖေရဲ့တစ်လစာလေ။
    ဒါကြောင့်အငယ်တွေပဲကျောင်းထားပြီးတီတင့်တို့အကြီးတွေကမြန်မာပြည်ပြန်တက်ရတဲ့အဖြစ်။
    နော်ဖောတို့လိုမိဘတွေနဲ့ဆုံရတဲ့သားသမီးဖြစ်ရတာအင်မတန်ကံကောင်းပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ပညာကို ၀ယ်ယူရတဲ့ စံနစ်ဆိုးတွေ ပပျောက်စေချင်လှတယ်...။
    ဒီမှာလည်း အလားတူပါဘဲ ညီမရေ...။
    ပေးနေရတာပါဘဲ..။

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
    2. ကျောင်းလခတွေ ဈေးတက်တာက ဟိုကကြားရ ဒီကကြားရနဲ့ တကမ္ဘာလုံးများ ဖြစ်နေမလားဘဲ။ ဒေါ်လာ နှစ်သောင်းခွဲဆိုတော့ အစ်မတို့ တော့ တော်တော်လေး နင့်သွားမယ်နဲ့ တူတယ်နော်... ဒီခောတ်က ပညာကို ငွေနဲ့ ဝယ်ယူနေရတာနဲ့ တူနေပါပြီလေ...

      Delete
  6. အင်း... မိဘနေရာရောက်လာတော့လည်း မလွယ်ပါလားနော်..... ဗီယက်နမ်ဆိုတော့လည်း part time job ကအဆင်မပြေလောက်ဘူးထင်တယ်နော်.. သိတော့မသိဘူး... အဟဲ.. အကြံပေးမယ်... အစ်ကိုနဲ့အစ်မတို့ သေချာတိုင်ပင်ဗျာ. ဟီးဟီး... (ပျော်အောင်နောက်သွားတယ်.. )

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  7. မလွယ်ပါလားနော်။ သူတို့ ရှေ့ရေးအတွက်ဆိုတော့လည်း မိဘတိုင်းက အကောင်းဆုံးလုပ်ပေး
    ရမှာပဲလေ။ ကလေးတွေကိုနှုတ်ဆက်လိုက်ပါတယ်။

    ReplyDelete
  8. Commentလေးများအားလုံးအတွက်ကျေးဇူးတင်ပါတယ်ရှင်....

    ReplyDelete
    Replies
    1. ဖတ်ရတာ ရင်မောလိုက်တာ။ သားသမီးပညာရေးဆိုတော့လည်း မဖြစ်ဖြစ်အောင် လုပ်ပေးမယ့် မိဘတွေရဲ့ မေတ္တာကို ခံစားမိပါတယ်။ ကလေးတွေရဲ့ ဖေဖေ လခထပ်တိုးပါစေလို့ ဆုတောင်းပေးပါတယ်။ လောလောဆယ် ဖြေရှင်းနည်းတော့ အဲဒါပဲ မြင်မိတယ်။ တခြားနောက်ထပ် ဈေးသက်သာမယ့် ကျောင်းတွေရှိသေးရင်တော့ ရွေးချယ်ခွင့်ပိုလာမှာပဲ။

      (ကွန်မန့်ဘယ်နားရေးရမှန်း မတွေ့လို့ Reply ဆိုတာနှိပ်ပြီး ရေးလိုက်တယ်အစ်မရေ)

      Delete
  9. လျှော့တော့လျှော့ပါ မမရယ် ဖတ်ခဲ့ဖူးတဲ့ စာလေးထဲကလို မနက်စာ ညစာထဲက တစ်နက်စာတော့ မလျှော့ပရစေနဲ့ ဆိုသလို....:):)

    ReplyDelete
  10. ဘုရားရေ.......ကလေးငယ်လေးတစ်ယောက်ရဲ့ တစ်နှစ်ပညာသင်စားရိတ်က ၁၀၀၀၀ ဆိုတော့
    မျက်ချိ ကိုမနဲပွတ်သတ်ဖတ်ကြည့်လိုက်ရတယ်အစ်မရယ်....၊အင်းပေါ့လေ....အင်တာနေရှင်
    နယ်ကျောင်းဆိုတော့လည်း ဒီလောက်တော့ရှိပေမပေါ့နော်....ဟူး.....လွယ်ဘူးနော်....။

    ReplyDelete
  11. အကြံတော့ ပေးတက်ဖူး မမရေ ဒီလိုတွေ့ နေကြားနေရတာနဲ့ နော်တော့ ၃၀ ပြည့်တော့မယ်..တတ္တိ တွေရှိတော့ဘူး.ခိခိ..

    ReplyDelete
  12. ဗီယက်နမ်ရောက်မြန်မာMarch 24, 2012 at 11:43 PM

    ခုမှ ဒီဘလော့ကိုတွေ့လို့ဖတ်ရင်း ...HCMC က ဆိုတော့ ပြောပြချင်ပါတယ်။ ဒီမှာ Phillippine Registered နဲ့ ကျောင်းတစ်ကျောင်းရှိပါတယ်။ တော်တော်သက်သာပါတယ် သူ့ကလေးတွေလဲအဲဒီမှာဘဲထားတာသိရပါတယ်။ စိတ်ဝင်စားရင်တော့ သူ့ကိုမေးပေးပါ့မယ်။

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ်ရှင်

      Delete
  13. ဒီဘလောက်ကို တွေ့တာတော့ကြာပြီ ဗီယက်နမ်အကြောင်းတခါဖတ်ပြီးတော့ ချောင်ထိုးထားလိုက်တယ်... အခုစိတ်ကူးပေါက်ပြီး ဘလောက်တွေ ဆိုက်တွေကို လိုက်လှန်ကြည့်ရင်း နဲနဲလေး ရေးချင်စိတ်ပေါက်သား..... ...မပူပါနဲ့အမရယ် ဆင်ပိန်တာကျွဲလောက်တော့ရှိပါတယ်....မြန်မာပြည်သားသန်း၇၀ရှိတာ အမတို့ကလေးတနှစ်စာကျောင်းလခလောက် တသက်စုမရတဲ့သူတွေ ၆၉သန်း၉သိန်းရှိပါတယ်...အားမငယ်ပါနဲ့ ကျနော်တို့လို မြန်မာပြည်သားတွေ ထမင်းကြမ်းနဲ့ပဲပြုတ်နှပ်မှန်အောင်မစားနိုင်တဲ့သူတွေ မနက်စာညစာပေါင်းပြီး ဆန်ပြုတ်သောက်တဲ့သူတွေအများကြီးဘဲ အမတို့အဲဒီအဆင့်မရောက်သေးပါဘူး...ကျနော်တို့လိုလူ ခိုငှက် ဖြစ်ဖို့လေးလဲထားစမ်းပါဦး...အော် လနဲ့စတဲ့လောကကြီးလဲ အခက်သား ဘနဲ့စတဲ့ဘဝ နှလုံးထဲနဲ့ရှူပ်နေပါပေါ့လား ရလေလိုနေအိုသစ္ဆေ.....

    ReplyDelete
    Replies
    1. ဘာဘဲရေးသွားရေးသွား... လာလည်သွားတာကျေးဇူးတင်ပါတယ်...

      Delete