Thursday, October 20, 2011

ချစ်သူသိစေ

ရင်ထဲကအကြင်နာတွေကို
မြင်သာအောင်သက်သေပြနေလဲ
တမင်မျက်နှာလွှဲရက်သူ....

ချစ်သူ့ရင်ခွင်မှာ
တွယ်ငင်ကာခိုနားချင်ပေမဲ့
ရှောင်ဖယ်လှည့်ထွက်ရက်သူ....

နာကျင်ဖွယ်စကားတွေဆို
ရှိုက်ငိုအောင်သူနှိပ်စက်
စိမ်းကားစွာထားရစ်ခဲ့သူ....

နှလုံးသားတွေကြေမွ
နွမ်းလျကာခွေယိုင်
ယှဉ်ပြိုင်မစိမ်းရက်နိုင်သူမှာ
ချစ်သူလှည့်ပြန်လာနိုး
တိတ်တိတ်မျှော်ကိုးလျှက်
မနက်ဖြန်တိုင်းကိုကျော်ဖြတ်
အသက်ဆက်လို့နေ
ချစ်သူသိစေ။

16 comments:

  1. မမရေ တကယ်ကောင်းတဲ့ ချစ်သူ့အလွမ်းဖွဲ့ကဗျာတေးလေးပါပဲနော် ..

    ReplyDelete
  2. မပြောလည်း သိတယ် ချစ်သူရယ်..
    အကြင်နာ အကြွေးတွေ ပြန်ကာမပေးဆပ် ချင်လို့ ..
    တမင်တကာ ရှောင် ထွက် ပြေး ခဲ့တာပါကွယ်
    ( ခု မှ ကြွေးရှင် နဲ့ တွေ့ နေ လို့ ..း))

    ဆောရီး.. ခံစားချက် အပြည့်နဲ့ ရေးထားတာ ကို ပြန် ခံစား မိပြီး သေချာ မန့် လိုက် ကာ မှ ခု လို ကြီး ဖြစ် သွားတယ်..း))

    ဖွကိ

    ReplyDelete
  3. မသိချင်ယောင်ဆောင်တတ်တဲ့ ချစ်သူက သိအောင် ကဗျာလေးနဲ့ ပြောထားတာလေး မိုက်တယ်...။

    ReplyDelete
  4. အလွမ်းကဗျာလေးဖတ်ပြီးတော့
    ငိုတောင်ငိုချင်သွားတယ်အမရယ်..

    ReplyDelete
  5. မမရေ ဖတ်ရင်း ငိုတောင်ငိုချင်သွားတယ်..:(
    အဲလောက် ရက်စက်တဲ့ချစ်သူမျိုးနဲ့သာ..ဆိုရင်...
    ခံစားနိုင်မယ် မထင်ဘူးမမရယ်..

    ReplyDelete
  6. ကဗျာထဲကလို ချစ်သူသိပါစေလေ။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  7. 'သူမသိဘယ်ခါရှိပါလိမ့်' ဆိုသလိုပေါ့ Rose ရေ။
    ထောင့်တစ်နေရာကနေ သူ မသိချင်ယောင်ဆောင်နေသည့်တိုင် သူ သိနေပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. သိမှာပါ မမရဲ့.. မသိလဲ သိအောင်သာ ဇွတ်အတင်းပြောပြလိုက်..း)

    ReplyDelete
  9. လှလှလေး လွမ်းထားတဲ့ ဗျာလေးက ချစ်စရာ ။

    ReplyDelete
  10. သူသိမှာပါ။ မသိချင်ယောင်ဆောင်ရတဲ့ အကြောင်းတွေ ရှိနေလို့နေမှာပါ။ ချစ်သူအချင်းချင်း အပြန်အလှန် သိနားလည်ကြပါစေလို့...
    ဆုတောင်းပေးခဲ့ပါတယ်။

    ReplyDelete
  11. သိသွားပါစေ

    ReplyDelete
  12. နှလုံးသားတွေကြေမွ
    နွမ်းလျကာခွေယိုင်
    ယှဉ်ပြိုင်မစိမ်းရက်နိုင်သူမှာ
    ချစ်သူလှည့်ပြန်လာနိုး......

    ကြွေမွသွားတဲ့နှလုံးသားလေးကိုတော့ ချစ်သူကသိမှာပါ။

    ReplyDelete
  13. အစ်မရေ... ပထမဆုံး အကြိမ်ရောက်ခဲ့ပါတယ်...
    လင့် ချိတ်သွားခွင့်ပြုပါ...

    ReplyDelete
  14. နွမ်းလျကာခွေယိုင်
    ယှဉ်ပြိုင်မစိမ်းရက်နိုင်သူမှာ
    ချစ်သူလှည့်ပြန်လာနိုး
    တိတ်တိတ်မျှော်ကိုးလျှက်
    မနက်ဖြန်တိုင်းကိုကျော်ဖြတ်
    အသက်ဆက်လို့နေ
    ချစ်သူသိစေ။

    ReplyDelete
  15. ကဗျာလေးက ချစ်စရာ...း))

    ReplyDelete