Sunday, April 3, 2011

စကာင်္ပူနေသူများသို့

ဒီတစ်ခေါက်ခလေးတွေကျောင်းက ၂၉ ရက် ဧပြီလကနေ ၉ရက် မေလအထိပိတ်တယ်… ဗီယက်နမ်ထဲမှာလဲ beach တွေဘဲသွားနေရတာရိုးလာတာရယ်… သမီးလေးနဲ့သားလေး လိုချင်တာတစ်ချို့ဗီယက်နမ်မှာ ဝယ်မရတာရယ်ကြောင့် စကာင်္ပူသွားလည်ဖို့ဆုံးဖြတ်လိုက်ပါတယ်… ခလေးတွေရဲ့အဖေပါလိုက်နိုင်မယ်ဆိုရင် တစ်ပတ်လောက်နေဘို့စဉ်းစားထားပေမဲ့ သူအလုပ်မအားလို့ မလိုက်နိုင်တော့တာကြောင့် ကျမတို့သားအမိတွေချည်းမို့ ၄ရက်ဘဲနေပါတော့မယ်… အရင်အခေါက်တွေက နေရာတွေစုံအောင်ရောက်ဖူးပြီးသွားပြီမို့ အခုထိတော့ လည်မယ့်နေရာတွေ မစဉ်းစားထားပါဘူး… ခလေးတွေသွားချင်တဲ့နေရာတွေဘဲ လိုက်ပို့ဖြစ်မှာပါ… စကာင်္ပူရောက်တိုင်း နေ့တိုင်းသွားဖြစ်တာက Bugis Junction ပါ… သမီးလေးက အဲဒီအပေါ်ထပ်က ဂိမ်းစင်တာကို သဘောကျတယ်… တခြားမှာ ဒိထက်ကောင်းတဲ့ ကစားကွင်းတွေ ရှိလဲ အဲဒီနေရာကိုဘဲ သူနေ့တိုင်းသွားချင်တာမို့ ဒီတစ်ခေါက်လဲ အဲဒီဘဲနေ့တိုင်းသွားဖြစ်မှာဆိုတော့ ဟိုတယ်ကို အဲဒီနားမှာရှာထားပါတယ်… တခြားနိုင်ငံတွေခရီးထွက်တိုင်း ဟိုတယ်ကို Asiatravel ကနေရှာနေကြမို့ ဒီတခေါက်လဲ သူတို့ဝက်ဘ်ဆိုက်ကနေဘဲရှာပါတယ်… ၄ယောက်တခန်းရဘို့က ဝက်ဆိုဒ်ကနေရှာရတာ ခက်ပါတယ်… လူကြီး၂ယောက်နဲ့ခလေးတစ်ယောက် နေလို့ရတဲ့အခန်းတွေဘဲများတယ်... Bugis Juction နဲ့လဲနီး ၄ယောက်နေလို့ရမဲ့အခန်း ကရမဲ့ရတော့ သိပ်မကောင်းမှန်းသိပေမဲ့ ယူလိုက်ပါတယ်… ကျမက စိတ်မြန်တော့ အရင်တွေ့တဲ့ဟာကိုဘဲ ချက်ချင်းဘွတ်ကင်တင်လိုက်တာ တန်းရသွားတော့ နောင်တ တောင်နဲနဲရလိုက်တယ်… ဒါပေမဲ့ ခလေးတွေကို ပြကြည့်တော့ ကြိုက်ပါတယ် ဆိုတာနဲ့ စိတ်အေးသွားပါတယ်…ပိုက်ဆံလည်း အင်တာနက်ကနေ တခါတည်း အကြေချေရတာမို့ မကြိုက်ကြရင်လည်း ဘာမှမတတ်နိုင်ပါဘူး….
စကာင်္ပူကမရောက်ဖြစ်တာ၃နှစ်လောက်ရှိပြီ…. ငယ်သူငယ်ချင်းတချို့လဲရှိနေတာမို့ သူတို့နဲ့တွေ့ရမှာပျော်နေပါတယ်…ဒီတခေါက်တော့ လူမမြင်ဘူးဘဲ ဘလော့ပေါ်မှာရင်းနှီးနေတဲ့ သူငယ်ချင်းတစ်ချို့နဲ့လဲတွေ့ဖြစ်မှာမို့ အရင်အခေါက်တွေထက် ပိုပျော်ရမှာသေချာတယ်… ကိုယ့်ကိုဆက်သွယ်မဲ့သူတွေကိုဘဲတွေ့ဖြစ်မှာပါ… ကိုယ်ကဘလော့ဂါတွေအားလုံးကိုတွေ့ချင်ပေမဲ့ ကိုယ်ကစတွေ့ဘို့မတောင်းဆိုချင်ပါဘူး… အကြောင်းရင်းကတော့ ကိုယ်ကတွေ့ဘို့တောင်းဆိုမိရင် အငြင်းခံလိုက်ရမှာစိုးရိမ်လို့ပါ (ကျမက ရှက်တတ်တယ်ရှင့်)…. အရင်တုန်းက ဘလော့ပေါ်မှာ ဖေ့ဘွတ်ပေါ်မှာ အစားအသောက်တွေဓာတ်ပုံရိုက်တင်ကြလို့ ကိုယ်ကစားချင်တယ်ပြောဖူးတဲ့အခါ စကာင်္ပူလာလည်ရင် ချက်ကျွေးမယ်လို့ ပြောထားကြဘူးသူတွေ သတိရကြပါစေ.. :P…. မှတ်မှတ်ရရ စကာင်္ပူလာရင်စားချင်တာတွေချက်ကျွေးမယ်ဆိုတဲ့ ဘလော့ဂါခြောက်ယောက်လောက်ရှိပါတယ်…. တွေ့ကြသေးတာပေါ့…. တကယ်ပြောတာဟုတ်မဟုတ်ဆိုတာ သိရတော့မယ်… :P… (တကယ်က ကျမမှာ အိမ်လည်လျှောက်စားဖို့ အချိန်မရှိပါဘူး… လေးရက်အတွင်းမှာ ခလေးတွေသွားချင်တဲ့ ကစားလို့ရတဲ့နေရာတွေဘဲသွားဖြစ်မှာပါ…)
၎ရက်ဆိုတဲ့အချိန်ကတိုတိုလေးဆိုတော့ ခလေးတွေနဲ့ဘယ်နေရာကိုသွားလည်သင့်တယ်ဆိုတာလေးတွေ အကြံပေးကြပါလို့ တောင်းဆိုပါတယ်… အခါတိုင်းက ယောင်္ကျားက ဦဆောင်ပြီး ကိုယ်နဲ့ခလေးတွေက နောက်ကလိုက်ရုံဘဲ… အခုသူမပါတော့ ကိုယ့်ဟာကို စီစဉ်ရမှာ… ( သနားစရာနော်  )
အခုတော့ အရင်ကသွားဖူးပြီးသားနေရာတွေထဲက သူတို့ဘယ်တွေပြန်သွားချင်လဲ မေးနေတုန်းပါဘဲ… Bugis Junction ကတော့နေ့တိုင်းသွားဖြစ်မှာပါ… အပြင်မှာတခါမှမဆုံဖူးပေမဲ့ ဘလော့ပေါ်မှာသိပြီး ဖေ့ဘွတ်ပေါ်မှာ ရင်းနှီးခဲ့ရတဲ့ ဘလော့ဂါသူငယ်ချင်းလေးက လေဆိပ်လာကြိုမယ်ဆိုတော့ အရမ်းကိုဝမ်းသာမိပါတယ်… အရင်အခေါက်တွေကလာတိုင်း လေဆိပ်ကနေ တက္ကဆီစီးပြီးတည်းမဲ့ နေရာကိုသွားနေကျပါ… တကူးတကလာကြိုမဲ့ သူ့ရဲ့ဖော်ရွေခင်မင်မှုကို တကယ်ဘဲတန်ဘိုးထားမိပါတယ်…. ကျမမြင်ဖူးချင်သော ဘလော့ဂါသူငယ်ချင်းများကို အခွင့်ရရင်တွေ့ချင်ပါတယ်… တွေ့ခွင့်မရရင်တောင် ဖုန်းလေးနဲ့တော့နှုတ်ဆက်ချင်ပါတယ်… ကျမရဲ့ မေးလ်ကို ဖုန်းနံပါတ်လေးပို့ပေးမယ်ဆိုရင် ကျမဖုန်းဆက်ပြီးနှုတ်ဆက်ချင်ပါတယ်… (ကျေးဇူးပြု၍ဖုန်းနံပါတ်လေးများမစပါ)
(ဒီလိုဘဲတုံးတိတိနှင့်ပို့စ်ကို အဆုံးသတ်လိုက်ပါသည် :P )

13 comments:

  1. .မနာလိုဘူး.မနာလိုဘူး.။ အိ.အိ..အိ.(ငိုသံ)
    Chinese Gardenရောက်ရင်သာ ကျွန်မနေခဲ့ဖူးသော နေရာလေးလို့ သတိရခဲ့ပါလေ။
    စကာင်္ပူမှာ ပျော်ပါ နှင်းဆီ..။
    mm

    ReplyDelete
  2. မရေ

    မိုက်တယ်ကွာ စ က ၄ ရက်လောက်ဆိုရင်တော့ တစ်ကယ်ကို အပျင်းပြေတယ်။် တစ်ပတ်လောက်ဆိုရင်တော့ ငြီးငွေ့ လာမယ်။

    ကဲ ဘလောဂါများနဲ့ ဆုံစည်းနိုင်ပါစေ
    ပျော်ရွှင်ဖွယ် ခ၇ီးဖြစ်ပါစေ။

    ကြည်ကြည်

    ReplyDelete

  3. ဂျပန်ဘက်လာဖြစ်ရင်ပြောနော်
    :))

    ReplyDelete
  4. Santosa ကို လိုက်ပို့လိုက်အစ်မ...ခုပိုလှလာပြီ..။universal studio၊tiger live၊
    sound of the sea၊အင်း...ပြီး..မာလိုင်းယွန်းပေါ်တက်...၊အဲ....ကလေးတွေ
    အတွက်ဘယ်နေရာတွေ ရှိသေးလဲသိဘူး၊မေးကြည့်လိုက်ဦးမယ်...။ဘယ်ရက်
    တွေလဲအစ်မ...၊ကျွန်တော်လိုက်ပို့ပေးနိုင်အောင်ကျိုးစားကြည့်မယ်နော်...။
    ထမင်းလည်းချက်ကြွေးချင်တာ...၊ခက်တာက ကိုယ့်ဘာသာ ကိုယ်ချက်ပြီး
    ကိုယ်တိုင်တောင်မစားနိုင်တော့လည်း.....အစ်မတို့ကို ဒွတ်ခမပေးတော့ပါဘူး :))

    ReplyDelete
  5. လေးယောက်ခန်းယူပြီးမှ ၃ယောက်ပဲ သွားဖြစ်တော့တာလား
    ပျော်ရွှင်ဖွယ်ခရီးလေး ဖြစ်ပါစေနော်

    စူးနွယ်လေး

    ReplyDelete
  6. ပျော်ကြပါစေ ဘလော့ဂါတွေက အပြင်မှာလည်း ခင်တတ်ကြပါတယ် ။

    ReplyDelete
  7. ပျော်စရာကြီး...လိုက်လည်ချင်လိုက်တာ....

    ReplyDelete
  8. ကျောက်ဂစ်ဂျန်းရှင်းApril 3, 2011 at 8:48 PM

    ဟင်း...အိမ်က ဟာကြီးကို တမင်ထားခဲ့တာမို့လား...
    စလုံးလဲ လိုက်လည်ချင်ပါ့ ဗျာ...တရက်လုံးလုံး လေယာဉ်ပေါ် ထိုင်နေရတာ စိတ်ပျက်လို့...

    ReplyDelete
  9. MA Rose

    Pls see the below link. take children and enjoy it.

    http://www.marinabaysands.com/Wonderfull/

    Jasmine

    ReplyDelete
  10. တွေ့ချင်တယ် မမရို့စ်ရေ.. ဘယ်နေ့ရောက်မှာလဲ.. ဖုန်းနံပါတ်ကို ဖဘမှာ မက်ဆေ့ခ်ျပို့လိုက်မယ်.. ဆက်ဖြစ်အောင်ဆက်နော်..း)

    ReplyDelete
  11. သူငယ်ချင်းကို တွေ့ရမှာ မို့ ပျော်နေပါသည်... ဟိဟိ

    ReplyDelete
  12. ခရီးအစဉ်ပြေပါစေ။ ပျော်စရာကြီးဖြစ်မှာပါ

    ReplyDelete
  13. ကော်မန့်လေးများအားလုံးအတွက် ကျေးဇူးတင်ပါတယ်ရှင်... ကော်နက်ရှင်မကောင်းလို့ တခုချင်း မပြန်နိုင်ခဲ့တာပါ...

    ReplyDelete