Wednesday, April 13, 2011

Daily dislikes

နှစ်သက်တာတွေ အများကြီး ရေးခဲ့ပြီးပါပြီ... မနှစ်သက်တာတွေ ရေးရမယ်ဆိုတော့လဲ ရေးစရာတွေက စဉ်းစားလိုက်တော့ အများကြီး...( ကိုယ်လဲလေလောကီသားပေမို့ :P )... အကျဉ်းချုံးပြီးတော့ဘဲရေးလိုက်ပါတယ်.... ...........................................................................................................

  • ကိုယ့်တိုင်းပြည်မှာကိုယ်မနေရတာ မကြိုက်ဘူး



  • တက္ကစီစီးရင် ပိုက်ဆံပိုရအောင် ပတ်မောင်းတတ်တဲ့ ဗီယက်နမ်က တက္ကစီမောင်းသူတွေကိုမကြိုက်ဘူး


  • အင်္ဂလိပ်လိုလဲ မပြောနိုင် ကိုယ်က သူတို့စကားနဲ့ပြောတော့လဲ နိုင်ငံခြားသားပြောတဲ့ သူတို့စကားကို အသံဖမ်းနားမလည်ပေးနိုင်တဲ့ အတီးအတ ဗီယက်နမ်တွေကို မကြိုက်ဘူး


  • ဗီယက်နမ်မှာ ယောင်္ကျားတွေကြည့်ချင်စရာ ကောင်မလေးချောချောတွေ အများကြီးရှိပြီး မိန်းမတွေကြည့်ချင်စရာ ကောင်လေးချောချောတွေ တစ်ယောက်မှမရှိတာ မကြိုက်ဘူး


  • သားသမီးကို လိမ္မာယဉ်ကျေးအောင် မဆုံးမတတ်၊ဗဟုသုတလဲမရှိ၊လေ့လဲမလေ့လာ၊အသိဥာဏ်နည်းတဲ့ ခလေးတွေကျောင်းက မိဘတစ်ချို့ကိုမကြိုက်ဘူး (သူတို့သားသမီးတွေက ကိုယ့်ခလေးတွေကို ဗိုလ်လာလာကျလို့)


  • မနက်၅နာရီထက်စောပြီး အိပ်ရာထရတာကို မကြိုက်ဘူး


  • ခေါင်းခဏခဏမူးတတ်တာကို မကြိုက်ဘူး


  • စကားတွေအပိုလုပ်ပြော၊တကယ်မဟုတ်ဘဲ ကြွားတတ်ကြတဲ့သူတွေကို မကြိုက်ဘူး


  • သူတို့လုပ်တာမှအကောင်းထင်၊သူတို့လုပ်တာတွေလိုက်လုပ်မှ ကောင်းတယ်ထင်တတ်ကြသူတွေကို မကြိုက်ဘူး


  • စားချင်တာတွေမစားရတာမကြိုက်ဘူး


  • ရေးချင်တာတွေရေးချိန်မရတာမကြိုက်ဘူး


  • ဗီယက်နမ်မှာအင်တာနက် လိုင်းတွေမကောင်းတော့တာမကြိုက်ဘူး


  • တနင်္ဂနွေနေ့တွေမှာ တခါတလေ မေ့မေ့ဆီဖုန်းဆက်လို့မရရင် မကြိုက်ဘူး


  • ဆွေမျိုးတွေ တခါတလေ စိတ်အခန့်မသင့်ဖြစ်ကြတာ ကြားရရင် မကြိုက်ဘူး


  • နေအရမ်းပူတာမကြိုက်ဘူး


  • လေအရမ်းတိုက်တာမကြိုက်ဘူး


  • စူနာမီကိုမကြိုက်ဘူး


  • ငလျှင်လှုပ်တာမကြိုက်ဘူး


  • ရာသီဥတုတွေဖောက်ပြန်တာမကြိုက်ဘူး
မကြိုက်ဘူး ....မကြိုက်ဘူး.... မကြိုက်ဘူး.... မကြိုက်ဘူး.... မကြိုက်ဘူး....မကြိုက်ဘူး.... (ခြင် နှင့် ဝက်ဝံလေး တို့အား တဂ်ပါသည်)

8 comments:

  1. မကြိုက်တာတွေ လာဖတ်ပါတယ် မမရေ.. ဘယ်နေ့စလုံးရောက်မှာလဲ.. ဖုန်းနံပါတ် ဖဘကနေ ပို့ထားတာရလားဟင်..

    ReplyDelete
  2. ရတယ်မြူးမြူးရေ... ရေးမှတ်ထားတယ်... ရောက်ရင်ဖုန်းဆက်မယ်ညီမလေး

    ReplyDelete
  3. ကောင်မလေးချောချောလေးတွေ အားကြီးပဲလား...မိုက်သဗျာ....:)))
    မကြိုက်တာတွေ ကို ကြိုက်သွားပြီဗျိုးးးးးးး:D

    ReplyDelete
  4. အဟမ်း... ငမ်း...ငမ်း.... ဒီမှာရဲ တဂ်ထားတာကိုး.... :D

    ReplyDelete
  5. ချွေးမ ဆလူးလေးApril 15, 2011 at 4:44 AM

    imm lay ဟုတ်ပါ့ ဒီမှာလဲ တဂ်ထားတယ်လား ခစ်ခစ် ဒါဆို ကော်ပီလိုက်ပါ့မယ် ခက်တာလိုက်လို့ ဟိဟိ

    လာဖတ်သွားတယ် ယောက်ခမကြီး

    ReplyDelete
  6. မကြိုက်တာတွေမှာ ထိပ်ဆုံးက အချက်နဲ့တင် အတော်ထိသွားတယ် ရို့စ်ရေ...းP

    ReplyDelete
  7. အနှင်းApril 16, 2011 at 12:35 AM

    ဖောေ၇... နောက်တခေါက် လာဖတ်တယ်... ခေါင်းမူးရင် လူပျံတော် ပတမြားသွေးဆေး ဆီလေးသောက်ပေးနော်.. သက်သာတယ် အနှင်းလဲ တူတူပဲသိလား...

    ReplyDelete
  8. ဖေါဖေါ နော်... မကြိုက်တာတွေ မကြိုက်ဖူး လို့  ရေးထားတာတွေ မဖတ်ရရင် မကြိုက်ဖူး ဖြစ်နေမစိုးလို့..မကြိုက် ကြိုက်အောင် ကြိုက်လိုက် like တယ်။

    သများ ဘလော့လိပ်စာ လေး ပြောင်းသွား ဘီ ..အဟင့်
    အရင် ဒေါ့ကွန်းကြီး ပြုတ်သွားတာ ကို မကြိုက်ဖူးး ဗြဲ..
    ဘလော့စပေါ့ လေး ပြန် ပြောင်း မချိတ်ပေးရင် မကြိုက် ဖူးးး
    ဗြဲ..

    ReplyDelete