Sunday, March 6, 2011

12th Wedding Anniversary




နှလုံးသားနုနုမှာ
နူးညံ့တဲ့မေတ္တာတွေ
စတင်နေရာယူလာတဲ့နေ့
ဒီနေ့...

ကိုယ်မှန်တယ်ထင်
ဘယ်တော့မှမပြင်
တဇွတ်ထိုးတတ်တဲ့
စိတ်ဓာတ်နဲ့မာနတွေကို
လိုက်လျှောညီထွေတတ်စေဘို့
စတင်ပြောင်းလဲပစ်ခဲ့ရတဲ့နေ့
ဒီနေ့...

နှစ်ယောက်ပေါင်းလျှောက်ရမဲ့လမ်း
ရွေးချယ်လှမ်းခဲ့ကြပြီမို့
အတ္တတွေထောင်ချ
အိမ်ထောင်ကျခဲ့တဲ့နေ့
ဒီနေ့…

၁၂နှစ်ပြည့်တဲ့ထိ
အတူညှိနှိုင်းခဲ့
အတူပျော်ရွှင်ခဲ့
အတူဝမ်းနည်းခဲ့
အတူကြည်နူးခဲ့
အတူစိတ်ကောက်ခဲ့ကြ
အေးအတူပူအမျှ
ပိုတိုးလို့ရလာတဲ့
နားလည်ရင်းနှီးမှုတွေနဲ့
နှစ်ယောက်အတူလှမ်းခဲ့ကြတဲ့
သာယာဖွယ်ဒီလမ်းကို
ဟန်နီရေ…
ဒို့အတူလက်တွဲလို့
သက်ဆုံးထိလျှောက်ကြစို့။

23 comments:

  1. Happy Anniversary!

    A Smiling Flower

    ReplyDelete
  2. Happy 12th Anniversary ပါမနော်ရေ

    ReplyDelete
  3. ပျော်ရွှင်မှုများ နှစ်တစ်ရာတိုင်ပါစေ၊
    Happy Anniversary

    ReplyDelete
  4. ဟိ...
    အားကျသွားတယ် သူငယ်ချင်းလေးရေ...
    သူငယ်ချင်းတို့ရဲ့ ချစ်မေတ္တာ ထာဝရ အဓွန့်ရှည်စေသော်...

    ReplyDelete
  5. နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်မှု၊ နားလည်မှု၊ အနစ်နာခံမှု၊
    အားပေးမှု၊ မျှဝေခံစားမှုတွေ နဲ့  ဆက်လက်လျှောက်လှမ်းနိုင်ပါစေ။
    Happy Anniversary.....

    ReplyDelete
  6. ပျော်ရွှင်တဲ့နှစ်ပတ်လည်နေ့ပါနော်...ဒီအိမ်ထောင်အပေါ်မှာ ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာ တိုး၍ကျရောက်ပါစေ..

    ReplyDelete
  7. ဟယ် အမရယ်

    မင်္ဂလာ နှစ် ၁၂ နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာဆီသို့ 


    ချစ်ကမ္ဘာနှစ် ၁၀၀ တိုင်ပါစေ မရေ

    ကြည်ကြည်

    ReplyDelete
  8. Happy Anniversary!

    ReplyDelete
  9. ညီလင်းသစ်March 6, 2011 at 10:58 PM

    အကွဲအပြဲတွေ များလွန်းတဲ့ လောကကြီးထဲ ၁၂ နှစ်ဆိုတာက ကြည်နူးဖို့ ကောင်းလှတယ်...၊

    A Very Happy Anniversary and many more to come...!!!!!

    ReplyDelete
  10. ကိုကြီးကျောက်March 6, 2011 at 11:20 PM

    အမယ်...နှစ်ပေါင်းတဒါဇင်အတူနေနိုင်ဖို့ဆိုတာ တယောက်နဲ့တယောက် တော်တန်ယူံ မေတ္တာမဟုတ်ပေဘူး..
    အိုအောင်မင်းအောင် ပေါင်းရပါစေဗျာ..

    ReplyDelete
  11. မမရေ ညီမလေးနဲ့ မောင်လေးနဲ့ ချစ်တဲ့သူနဲ့ မင်္ဂလာနှစ်ပတ်လည်မှသည် ပျော်စရာ နောင်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်ပါစေနော်..

    ReplyDelete
  12. ချော(အစိမ်းရောင်လွင်ပြင်)March 7, 2011 at 12:13 AM

    ၁၂နှစ်ပြည့်မှသည် ၁၂၀ပြည့်တိုင်တွဲလက်ခိုင်ခိုင်မြဲနိုင်စွာဖြင့် ပျော်ရွှင်သာယာချမ်းမြေ့သော အိမ်ထောင်ရေးခရီးလမ်းကို လျှောက်လမ်းနိုင်ပါစေ...
    ကြည်နူးပျော်ရွှင်အားကျလေးစားစရာပါဘဲ..

    ReplyDelete
  13. ချစ်သူငယ်ချင်း ပျော်ရွှင်သော မင်္ဂလာနှစ်ပတ်လည် ဖြစ်ပါစေ !!!

    စူးနွယ်လေး

    ReplyDelete
  14. Happy Anniversary!
    မင်္ဂလာနှစ်ပတ်လည်တိုင်း..ပျော်ရွှင်ပါစေ..။




    ပေါက်

    ReplyDelete
  15. congratulations!!!! ပါမမrose ရေ...
    ပျော်စရာကြီး..နောင်နှစ်ပေါင်းများစွာ အမြဲတူ ထာဝရ မခွဲမခွာ ကြင်နာချင်ခင်နိုင်ပါစေ။

    ReplyDelete
  16. Happy Anniversary ညီမ...
    နောင် နှစ် ပေါင်း များ စွာ အ ထိ... Together Forever နော်...း))

    ReplyDelete
  17. သားသားမီးမီး နှင်တကွ ချစ်သူငယ်ချင်းဖောနှင့် ခင်ပွန်းတို့ ပျော်ရွှင်သော နှစ်ပတ်လည်နေ့များစွာ ပိုင်ဆိုင်နိုင်ပါစေ

    ReplyDelete
  18. 12 နှစ်မှသည် သက်ဆုံးတိုင် ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ ...

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  19. ဘ၀ဖော်နဲ့ အသက်တာ တခုလုံး အဆင်ပြေ ပျော်ရွှင်ပါစေ မနှင်းဆီ

    ReplyDelete
  20. ရက်ကျော်သွားပြီထင်တယ်။ ဒါပေမဲ့ အွန်လိုင်းကရှာပြီး တင်ပေးလိုက်တယ်။

    12th Wedding Anniversary Symbols

    Traditional: Linen/Silk
    Modern: colored Gems/Pearls
    Flower: Peony
    Gemstone: Jade/Opal

    လက်ဆောင်တောင်းလို့ရအုန်းမှာပါ။ :)

    ReplyDelete
  21. Happy Anniversary ပါ မရိုစ်..

    မလေး နည်းနည်းနောက်ကျသွားတယ်း))

    ReplyDelete
  22. ချစ်ကြည်အေးMarch 13, 2011 at 7:19 PM

    ဆုတောင်းဆိုတာ နောက်ကျတယ် မရှိဘူးနော် ရိုစ့်လေး...:P

    အတူအမြဲ
    မခွဲမခွာ
    ကြင်နာသက်ဆုံး
    နှောင်ထုံးလိုရစ်
    တိုးလို့ချစ်နိုင်ကြပါစေရှင်...:)

    ReplyDelete