ကင်မ်ချီထမင်းကြော်
ဝက်သားကင်နှင့်ကောက်ညှင်း
သရက်သီးသုတ်
သင်္ဘောသီးထောင်း
ဝက်သားကင်နှင့်ထမင်းကြော်
ချစ်သမီးနှင့်ချစ်သား
၁၁ရက်နေ့သောကြာနေ့တုန်းက ခလေးတွေကျောင်းမှာ တိရိစ္ဆာန်တွေကို ညှာတာဘို့နဲ့ ဆေးကုသဘို့လိုအပ်တဲ့ တိရိစ္ဆာန်လေးတွေ အတွက် ရည်ရွယ်ပြီး"Dress as your favourite animal" Dayလုပ်တယ်... Animal costume ဝတ်လာတဲ့ခလေးတွေက အလှုငွေထည့်ဝင်ရတယ်...
တစ်ချို့ခလေးတွေကတော့ ကျောင်းဝတ်စုံဘဲဝတ်လာကြတယ်... အလှုငွေက တော့စေတနာရှိသလောက်ထည့်လို့ရပါတယ်.. သမီးလေးက လိပ်ပြာအနီရောင်လေးနဲ့ သားလေးကတော့ ပင်ဂွင်းလေးပါ...
ပြီးတော့ အဲဒီနေ့မှာဘဲ ခလေးတွေကျောင်းသွားချိန် သူငယ်ချင်းတွေနဲ့ နေ့လည်စာထွက်စားဖြစ်တယ်.. ကျမကဝက်သားကင်ထမင်းကြော်နဲ့ သဘောင်္သီးထောင်းစားတယ်... သူငယ်ချင်းတွေက ဝက်သားကင်ကောက်ညှင်း၊ သရက်သီးသုတ်နဲ့ ကင်မ်ချီထမင်းကြော်မှာစားတယ်... သူတို့မစားခင် ဓာတ်ပုံတောင်းရိုက်ထားလိုက်တယ်... အခုတလော ဗီယက်နမ်မှာ အင်တာနက်ကော်နက်ရှင်တွေ အရမ်းဆိုးပါတယ်... ဖေ့စ်ဘွတ်ဆို လုံးဝဝင်မရသလောက်ဘဲ... ဂိမ်းတွေဆော့လို့မရတော့ဘူး... စိတ်ညစ်ရင်းနဲ့ ဒီပို့စ်လေးတင်လိုက်တာပါ... :(
(ဆားချက်တဲ့ပို့စ်များဖြစ်သွားသလား... :D )
လိပ်ပြာလေး ချစ်စရာလေး
ReplyDeleteကင်မ်ချီစမ်းလုပ်ထားတယ်။ ဖြစ်ရင်ထမင်းနဲ့ကြော်စားမယ်။
ဖဘ က တကယ်စွဲတယ်နော်။
စူးနွယ်လေး
ကလေးတွေ ချစ်စရာလေးတွေ။ စားပြီးတာတောင် မနော်ရဲ့ ထမင်းကြော်တွေ့တာ ဗိုက်ပြန်ဆာလာပြီ
ReplyDeleteစားစရာတွေသွးရည်ကျသွားပါတယ်။
ReplyDeleteကလေးတွေကိုနှုတ်ဆက်ပေးပါရှင်။
ထမင်းပွဲလေး ပြင်ထားတာကိုက စားချင်စရာလေး ကျနော် ခုပဲ နိုးတာ ဗိုက်တော်တော်ဆာနေတာဗျး)
ReplyDeleteမောင်မျိုး
သားနဲ့ သမီးလေးက ချစ်စရာလေးတွေ...အစားအသောက်တွေကလည်း စားချင်စရာ...:)
ReplyDeleteယောင်းမလေးနဲ့ ယောက်ခမကြီးရဲ့ သားလေးက ချစ်ချာယေးးး အဟေးးအဟေးးးးးး
ReplyDeleteအစားသောက်တွေလဲ ငမ်းသွားပါကြောင်းး ဟိဟိ
သားသားကိုပြောပေးဦး သတိရတယ်လို့ ဟက်ဟက်
စားချင်စရာတွေပဲ၊ လိပ်ပြာလေးနဲ့ ပင်ဂွင်းလေးက ချစ်စရာလေး...။း)
ReplyDeleteသမီးနဲ့ သားက ချောချောလေးတွေ...
ReplyDeleteအမေပြောတဲ့ အမောပြေလေးတွေပေါ့...း))
ထမင်းစားပြီးစ အချိန်မှာ လာဖတ်တာမို့ အစားအသောက်တွေကိုတော့ အိနြေ္ဒရရပဲ ကြည့်သွားနိုင်တယ်... အဟိ
သားနဲ့ သမီးက ချစ်စရာလေး အစားအသောက်တွေကလည်း စားချင်စရာနော်
ReplyDeleteကြည့်စမ်း...ကလေးတွေတောင် ကြီးလာပြီ..
ReplyDeleteလိပ်ပြာလေးက လှလိုက်တာ..အမေတူလို့ဖြစ်မှာ..စားစရာတွေပြပြီးနှိပ်စက်ကြပါကွယ်...
ဆားချက်တယ်လို့ မထင်ပါဘူး၊
ReplyDeleteခင်မင်သူတွေ အကြောင်း သိရ မြင်ရတယ်လေ။
ဆားချက်တဲ့ပို့စ်မဟုတ်ပါဘူး (ဟင်းချက်တဲ့ပို့စ်ပါ :P)
ReplyDeleteဘယ်လိုပဲဖြစ်ဖြစ် အစားအသောက်တွေကို သွားရည်ကျသွားတယ်။ ကလေးလေးတွေကို ချစ်စနိုးကြည့်သွားတယ်။ :)
သရက်သီးသုပ်က သဘောင်္သီးထောင်းသလို ထောင်းထားတာထင်တယ်
ReplyDeleteစားချင်စရာလေး.. ထမင်းကြော်ကိုတော့ ဘယ်လိုကြော်ကြော် ကြိုက်တာ
ကလေး၂ယောက်ကလည်း ချစ်စရာကောင်းတာ အလွန်ဘဲ.. အသည်းကျော်လေးတွေ ထင်ပါရဲ့
ကြည့်ရတာ ပျော်စရာ
သူငယ်ချင်းရေ... အရှုံး မပေးနဲ့.... တနေ့တလံ ဖဘ ဘယ်ပြေးမလဲကွ..... တို့လဲ ဘလော့တွေ ဝင်မရတာ ကြာပြီ... ခုမှ ဝင်လို့ရလို့ ဖောရဲ့ မက်ဆေ့တွေ့တာ.... ဒီပို့လေးက အရသာ အရမ်းရှိတာပဲကွာ.... မီးလေးနဲ့ တားတားပုံလေးတွေကလဲ လွမ်းနေတုန်း အတော်ပဲ... ဗီယက်နမ်က အစားသောက်တွေ အတော်ကောင်းတယ်နော်.... လာဖြစ်အောင်လာဦးမယ်... အဟဲ.... မြန်မာပြည် မပြန်ပဲ စောင့်နေနော်... ဟီး...
ReplyDeleteကင်ချီထမင်းကြော် မစားဖူးသေးဘူး...သွားစားဦးမှပါ
ReplyDeleteအစားတွေ အကုန်ကြိုက်
ဖိုးပင်ဂွင်းနဲ့ မယ်လိပ်ပြာ...ချစ်စရာလေးတွေ