Thursday, April 8, 2010

အချစ်


ွှအချစ်သည်အေးမြသည်.... အချစ်သည်စိတ်ရှည်သည်းခံတတ်သည်.... အချစ်သည်နားလည်ခွင့်လွှတ်တတ်သည်.... အချစ်သည်အားကိုးထိုက်သူ လေးစားထိုက်သူဖြစ်သည်.... ထိုအချစ်သည်ကျမယောကျာင်္းဖြစ်သည်... ထိုယောကျာင်္းဒီနေ့အသက် ၄၀ ပြည့်သည်.... သူ့အသက်၂၇နှစ်တွင် ကျမတို့နှစ်ယောက်စတင်ဆုံစည်းခဲ့ကြသည်... ချစ်သူသက်တမ်း၂နှစ်အိမ်ထောင်သက်၁၁နှစ် စုစုပေါင်း၁၃နှစ်အတွင်း ဘာမှမကြာလိုက်သလိုခံစားရသည်... သို့သော် ၂၇ နှစ်ရုပ်ရည်နှင့် အသက် ၄၀ရုပ်ရည်ကတော့အနည်းငယ်ကွာခြားမှုရှိပါသည်... မကွာခြားသည်က ကျမတို့နှစ်ယောက် တစ်ယောက်အပေါ်တစ်ယောက်ထားရှိသော အချစ်ဖြစ်ပါသည်... ပိုတိုးလာတဲ့ ရင်းနှီးမှု၊ နားလည်မှု၊သံယောဇဉ်များသာရှိပြီး လျော့သွားခြင်းဘာတစ်ခုမှမရှိခဲ့ပါ... ထို့အတွက် အချစ်ကိုကျေးဇူးအထူးတင်ပါသည်... အချစ်သည်ဖောက်ပြန်ခြင်းမရှိ.... အချစ်သည် မိန်းမနှင့်သားသမီးများကိုသာ ဦးစားပေးတတ်သည်.... သူ့မိဘများဘက်မှ ကျမအပေါ်ဖိအားပေးမှုများရှိလျှင်လည်း ကျမဘက်မှသာ မားမားမတ်မတ်ရပ်တည်ပေးတတ်သူဖြစ်သည်... အချစ်သည်အရက်မသောက် ဆေးလိပ်မသောက်ပါ... (ကျမသာအပေါင်းအသင်းကောင်းလျှင်သောက်ပါသည်၊ ဖဲလည်းရိုက်သေးသည်)... ကျမသောက်လျှင်လည်း မကြိုက်ပါ... အချစ်သည်သဝန်တိုတတ်သည်... အချစ်သည် အလုပ်ကိစ္စ မိသားစုကိစ္စမှလွဲပြီး အပြင်မထွက်တတ်ပါ... (ကျမကတော့ အပြင်ထွက်ရတာနှစ်သက်သည်) ကျမအပြင်ထွက်လွန်းလျှင်လည်း သူမကြိုက်ပါ... အချစ်သည် စာအလွန်ဖတ်သူဖြစ်သည်.... ဖတ်စရာစာအုပ်ရှိနေလျှင် အခန်းအောင်းစာဖတ်တတ်သူဖြစ်သည်... အချစ်ကြောင့် ကျမဘဝအေးချမ်းသည်... အချစ်ကြောင့် ကျမတို့မိသားစုလေး သာယာသည်.... အချစ်က မိသားစုကို လိုလေသေးမရှိအောင် အရာရာဖြည့်ဆည်းပေးသူဖြစ်သည်.... ကျမသူ့ကိုသိပ်ချစ်သည်... ထာဝရချစ်နေပါမည်....

( အသက်၄၀ပြည့်ခင်ပွန်းအတွက်အမှတ်တရ)


34 comments:

  1. Happy Birthday !!!

    စိတ်ရှည်သည်းခံတတ်တဲ့သူဆို အကောင်းဆုံးပဲ

    ReplyDelete
  2. :) အချစ်အတွက် ကိတ်မုန့်ခွဲပြီးရင် နည်းနည်းပို့လိုက်ပါ။
    Happy birthday မရှရွန်အချစ်။
    mm

    ReplyDelete
  3. အမဘဝလေးက တကယ်ကို သာယာချမ်းမြေ့တာပဲနော်
    မမရဲ့ အချစ် နှစ် ၄၀မှတိုင် နောင်နစ်ပေါင်းများစွာထိ မမကိုချစ်နိုင်ပါစေ။
    အမတို့ မိသားစုလေးဒီလိုပဲထာဝရ သာယာချမ်းမြေ့ပါစေရန် တောင်းဆုပြုပါတယ်မရေ
    မိုး

    ReplyDelete
  4.ံHappy Birthday နော် အချစ်..
    အဲလေ..ယောင်လို့..
    မမrose ရဲ့အချစ်..ပျော်ရွှင်တဲ့မွေးနေ့ဖြစ်ပါစေနော်..
    ဘာပြောပြောချစ်ကြ ကြင်နာကြနဲ့ ဖြတ်သန်းလာတဲ့ဘ၀တွေ ဖတ်ရတာ အရမ်းကြည်နူးတာဘဲ။

    ReplyDelete
  5. Facebook မှာ ကိုယ်ကြိုက်တာလေးတွေ တွေ့ရင် Like တာ အကျင့်ပါနေတော့ Like Button ကို လိုက်ရှာနေမိသေးတယ်...
    ရေးထားတာလေး ကြိုက်တယ်...
    ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပါတယ်...း))

    ReplyDelete
  6. ဖတ်ရတာ ကြည်နူးပါသည်။
    ပျော်ရွှင်ဖွယ်မွေးနေ့ပါ။
    လေးစားဖွယ် ထိုထိုသော အဆွေခင်ပွန်းယောက်ျားများ ဤကမ္ဘာမြေ၌ ဆတက်ထမ်းပိုး တိုးပွားပါစေသတည်း။

    ReplyDelete
  7. အစ်မရဲ့အချစ်အတွက် Happy Birthday !!

    ReplyDelete
  8. အချစ်သည် တခါတရံ စိတ်ကို ပျော့ပြောင်းစေတက်သည်လည်း ထည့်ရေးပေးပါလို့..။

    အချစ်အတွက် ကိုယ်လုပ်ချင်တာလေးတွေလည်း လျှော့ပေါ့နော်..။
    ဒါမှ နှစ်ပေါင်း ၁၀၀ တိုင်....ချစ် ..ချစ်.. ချစ်။
    ပျြော်ရွင်နိုင်ပါစေလို့..။

    ReplyDelete
  9. “မရို့စ်” ရဲ့ အမျိုးသားအတွက် Happy Birthday သီချင်းလေးနဲ့ ဘဝမှာ ပျော်ရွှင်မှုအပေါင်းနဲ့ပြည့်နှက်နေတဲ့အိမ်ထောင်ရေးလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်..။

    ReplyDelete
  10. အချစ် နဲ့  သူ၏ ရှလွတ် တို့  ဇနီးမောင်နှံ ရာသက်ပန် .. အိုအောင်၊ မင်းအောင် ၊ ပေါင်းရပါစေသား...
    ၄၀ ဆိုတော့ ခုမှ ဘဝ စတာ လေ ... ပျော်စရာတွေ အများကြီး တွေ့ ရ ပါစေ ။
    သားလေး သမီးလေး တွေ ဘော်လုံးတသင်းစာ မွေးနိုင်ကြပါစေ ။း))

    ReplyDelete
  11. ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေနော်
    မမ ချစ်တဲ့ ခင်ပွန်း သားသမီးတွေနဲ့ အတူတူ ပျော်ရွှင်ပါစေနော်

    ReplyDelete
  12. ပျော်ရွှင်သောမွေးနေ့ လေးဖြစ်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။

    ReplyDelete
  13. ချစ်သော ရိုစ်ရေ..
    ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ပါစေနော်။ အရောက်နောက်ကျလို့ မွေးနေ့ကိတ်ကော ရှိသေးလားဟင်!!

    ရိုစ်.. ပြောတော့ စကားမတတ်ဘူးမတတ်ဘူးနဲ့ ၊ ပြောတတ်လိုက်တာလည်း လွန်ရော။ အချစ်နဲ့တွေ့တော့လည်း စကားတွေ အရမ်းတတ်သွားတာပဲလားး))

    ရိုစ်ချစ်သော အချစ်နဲ့အတူ နောက်နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ ချစ်နိုင်ပါစေသတည်းနော်။ ဆုတောင်းပေးသွားတယ် သိလား..

    ReplyDelete
  14. မရိုစ့်ရေ......
    တစ်ကယ်ပဲဗျာ.....
    ရိုးရိုးလေးနဲ့ ရေးသွားတာ......
    ခံစားမိတယ်.....။
    မရိုစ့် အစ်ကိုကြီးကို တစ်ကယ်ချစ်မယ်ဆိုတာလေ.......။
    မသိပေမယ့် ဆုတောင်းပေးတယ်ဗျနော်..... အစ်ကိုကြီး.......
    ““ဟက်ပီး.. ဘတ်သ်ဒေးပါ ခင်ဗျ”.......

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  15. တကယ်ကြည်နူးမိပါတယ် မရေ့ 
    မရဲ့ ချစ်သောအစ်ကိုကြီးရဲ့မွေးနေ့အတွက် ဆုမွန်ကောင်းချွေပါတယ်နော်။
    ပျော်ရွှင်သောမွေးနေ့ပေါင်းများစွာပိုင်ဆိုင်နိုင်ပါစေနော်။
    ချစ်ခင်စွာဖြင့်လုလု

    ReplyDelete
  16. မမရေ နောက်ကျသွားတယ်
    မမရဲ့  ခင်ပွန်းအကိုကြီး ပျော်ရွှင်ဖွယ်မွေးနေ့လေးပါ.....
    ပျော်စရာကြီးနော်
    သားလေးတစ်ယောက် သမီးလေးတစ်ယောက်
    အချစ်လဲရှိတယ်
    ဘာလိုသေးလဲနော့
    (အားကျလိုက်တာ)

    ReplyDelete
  17. မရှရွန် အချစ် အတွက် ပျော်ရွင်စရာမွေးနေ့ ပါ
    အိုအောင်မင်းအောင် အချစ်နဲ့ ပျော်ပါစေလို့ 

    ReplyDelete
  18. မမ.. အမြဲဝင်ဖတ်ဖြစ်ပေမဲ့ တခါမှ စာမချန်ထားမိဘူး.. မမတို့မိသားစု မြန်မာနှစ်သစ်မှာ လတ်ဆတ်တဲ့အချစ်တွေနဲ့ သက်ဆုံးတိုင်ပျော်ရွှင်နိုင်ပါစေ

    ReplyDelete
  19. ပျောရွှင်သော မွေးနေ့ဖြစ်ပါစေ၊ အိုအောင်၊ မင်းအောင် ၊ ပေါင်းရပါစေ၊
    ရန်ဖြစ်သေးလား၊စိတ်ကောက်သေးလား၊

    ReplyDelete
  20. သာယာတဲ့ဘ၀ခရီးလမ်းကို အချစ်နဲ့ သားသားမီးမီးတို့နဲ့ အတူ ပျော်ရွှင်စွာ
    လျှောက်လှမ်းနိုင်ပါစေ...။

    ကိတ်မုန့်ကျန်သေးလား.. နည်းနည်းလောက်စားချင်လို့ပါ.. :D။

    ReplyDelete
  21. အိုးးးးးး အချစ်တွေ ပြည့်နေပါ့လားး)))))))))) မကြီးတို့မိသားစုကို ရေလာလောင်းတာပါ (((((((((((((())))))))))))နှစ်သစ်မှာ ရွင်လန်းချမ်းမြေ့ပါစေခင်ဗျာ

    ReplyDelete
  22. ဟက်ပီပါစေ မမရဲ့ အချစ်..
    မမသိပ်ချစ်တာကိုတွေ့ရတယ်။

    ReplyDelete
  23. ရိုစ့် ရေ .. နှစ်သစ်မှာ မိသားစုပိုပြီး အောင်မြင်တိုးတက်ပါစေ၊ အချစ်တွေနဲ့ပြည့်နေတဲ့ ဘ၀လေး အမြဲသာယာပါစေ ..
    ရိုစ့်ရဲ့ အချစ်အတွက်- “ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ” ...

    လေးစားခင်မင်တဲ့

    ReplyDelete
  24. ပျော်ရွှင်စရာအချစ်တွေနဲ့ပါလား!!!
    မိသားစုထာဝရပျော်ရွှင်နိုင်ပါစေ..

    Tanti Auguri da AATO

    ReplyDelete
  25. မရှာရွန်ရဲ့အချစ် မွေးနေ့မှာပျော်ရွှင်ပါစေ..

    ReplyDelete
  26. မရို့စ်ရေ မွေးနေ့ဆုတောင်း နောက်ကျတာ ခွင့်လွှတ်နော် အန်တီ့အိမ်ပြန်နေလို့
    HaPpY BiRtHdAy ပါလို့နော်
    ပျော်ရွှင်ပါစေ မရို့စ် အချစ်ရေ ဟီးးးး

    ReplyDelete
  27. Rose,

    Though I have all faith so that I could move mountains, but have not love, I am nothing. And though I give away all my goods to feed the poor and even thougn I give my body to be burned but have not love, it profits me nothing.
    1 Cor 13 (2-3)

    Thanks so much for writing such a beautiful post. Thanks... The kingdom of God is at hand. Be close to him.

    ReplyDelete
  28. Rose,

    And though I have all faith so that I could move mountains but have not love, I am nothing.

    And though I give all my goods to feed the poor and even though I give my body to be burned but have not love, it profits me nothing.
    1 Cor 13 (2-3)

    Thanks for very beautiful posting. Stay close to God. Kingdom of God is at hand.

    ReplyDelete
  29. နောက်ကျသွားပေမဲ့ ဆုတောင်းပေးချင်ပါသေးတယ် အချစ်ရဲ့ မွေးနေ့ကို ....အချစ် ချစ်တဲ့ မရို့စ် နဲ့ မိသားစု နဲ့အတူ ပျော်နိုင်၊ချစ်နိုင် ယနေ့မှစ နှစ်တရာတိုင်ပါစေလို့ .....

    ReplyDelete
  30. မမနှင်းဆီ အချစ်နဲ့ ပူးတေအချစ် ထပ်တူနီးပါးတူနေပါလားနော်... ဒါပေမယ့် ပူးတေက မမတို့လို ၁၇ နှစ်တိုင်အောင် စောင့်ကြည့်ရဦးမယ်....

    မမတို့ အချစ် ခိုင်မြဲသည်ထက်ခိုင်မြဲ၍ အောင်မြင်ပျော်ရွှင်နိုင်ကြပါစေသော်ဝ်...

    သားသားမီးမီးတို့နဲ့အတူ ရာသက်ပန် ပျော်ရွှင်ကြည်နူးနိုင်ကြပါစေနော်

    ReplyDelete
  31. မရိုစ်... ထပ်လာဖတ်သွားတယ်..

    ReplyDelete
  32. ခင်မင်းဇော်March 23, 2011 at 10:20 PM

    ချစ်နိုင်သူတွေ ချစ်ကြပါ ချစ်ကြပါ...
    (အဲဒီတုန်းကဘာလို့ မဖတ်မိခဲ့ပါလိမ့်)
    အမ ခင်မင်းဇော်

    ReplyDelete
  33. သိပ်ကံကောင်းတဲ့ သူငယ်ချင်းလေးဖော... :)))

    ReplyDelete