Wednesday, May 5, 2010

နှုတ်မဆက်ဘဲ

နှုတ်မဆက်ဘဲ
ရုတ်တရက်ထွက်ခွါသွားတဲ့ဖေဖေ
ကောင်းကင်ဘုံမှာ
ငြိမ်းချမ်းစွာနဲ့
သမီးအလာကို
စောင့်ကြိုနေပါဖေဖေ...

အရမ်းဝမ်းနည်းစိတ်မကောင်းဖြစ်နေပါတယ်.... ဒီနေ့ဖေဖေ့ရဲ့မွေးနေ့.... ဖေဖေ့ဆီကိုတယ်လီဖုန်းနဲ့ မွေးနေ့နှုတ်ခွန်းဆက်နေကျ.... မနေ့ကရန်ကုန်ကဖုန်းလာတယ်....ဖေဖေနေမကောင်းလို့ဆေးရုံတင်လိုက်ရတယ်တဲ့... အမတွေနဲ့ဘဲဖုန်းပြောဖြစ်ပြီး မနက်ဖြန်မွေးနေ့နှုတ်ခွန်းဆက်ရင်း ဖေဖေ့ကိုအားပေးစကားတွေပြောမယ်လို့ရည်ရွယ်ထားတာ...ဖေ့ဖေ့ကိုသတိတွေရပြီးအိပ်လို့လဲမရဖြစ်နေတုန်း ဖုန်းသံမြည်လို့ ထူးလိုက်တော့ ဖေဖေဆုံးသွားပြီတဲ့.... မြန်လိုက်တာ.. ကောင်းကင်ဘုံမှာတနေ့ပြန်ဆုံရမယ်ဆိုတာ သိပေမဲ့ ဖေဖေနေမကောင်းတဲ့အချိန် အနားမှာမပြုစုလိုက်ရတာ ယူကြုံးမရ ဖြစ်မိတယ်...

36 comments:

  1. အို..ဖြစ်ရလေ အစ်မရယ်။
    အဝေးရောက်နေတဲ့သူတွေချင်း ကိုယ်ချင်းစာပါတယ်။

    ReplyDelete
  2. Dear Rose...
    Sorry to hear that....

    ......I really dont know how to comfort you....
    I did feel the same when I lost my father....

    ReplyDelete
  3. အမရေ တကယ်ကိုကိုယ်ချင်းစာပါတယ်။ ညီမလည်း အဝေးရောက်နေတုန်း ဖေဖေ အသည်းအသန်ဖြစ်တာနဲ့ ကြုံဖူးတယ်လေ။ ကောင်းရာမွန်ရာ ရောက်ဖို့ ဆုတောင်းပေးပါမယ် မမ။

    ReplyDelete
  4. စိတ်မကောင်းပါဘူး မမရယ်..
    ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ် မမရယ်..

    ReplyDelete
  5. တကယ် စိတ်မကောင်းဘူးအစ်မရေ..။
    တကယ်ထပ်တူ ၀မ်းနည်းမိတယ်..။
    ကျွန်တော့်အဖေလည်း ဒီနေ့ဆို ဆုံးတာ ၇ နှစ်ပြည့်တယ်...။

    ReplyDelete
  6. အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု ကို ကိုယ်ချင်းစာပါတယ်။ တကယ်စိတ်မကောင်း ဖြစ်ရပါတယ် အစ်မ။

    ReplyDelete
  7. အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ် ရိုစ့် ..

    စူးနွယ်

    ReplyDelete
  8. ညီမရေ...
    ထပ်တူ ဝမ်းနည်းမိပါတယ်
    မိဘတွေနဲ့ အဝေးမှာ နေရတဲ့ ဘဝတူတွေမို့ ဒီလို သောကတွေကိုလဲ အတူတူ မျှဝေခံစားနိုင်ပါတယ်...
    ညီမ ဖေဖေ ကောင်းရာ မွန်ရာကို ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်...

    ReplyDelete
  9. ရို့စ်ရေ

    ရုတ်တရက် ဆိုတော့ ညီမရေ ကျန်ခဲ့တဲ့သူတွေ အရမ်းဝမ်းနည်းရပေမယ့် ရို့စ်ဖေဖေကတော့ ဝေဒနာကို ကြာကြာ မခံစားလိုက်ရဘူး ထင်တယ်နော်။

    ညီမ ဖေဖေ ကောင်းကင်ဘုံမှာ ငြိမ်းချမ်းပါစေ။

    ကိုယ့်ကို ကိုယ်လည်း ဂရုစိုက်ပါ ညီမ။

    မအယ်

    ReplyDelete
  10. မရို့ စ် နဲ့ ထပ်တူ ဝမ်းနည်း စိတ်မကောင်းခြင်းများစွာ ဖြစ်မိပါတယ် ။
    အဝေးရောက်နေလို့  မပြုစု လိုက်ရပဲ ခုလို ရုတ်တရက် ခွဲခွာသွားတဲ့  တို့  အဖေ အဖြစ်မျိုး နဲ့ တူနေလို့  ၊ မရို့ စ် ခံစားနေရတဲ့ ဝမ်းနည်းမှုမျိုးကို ကိုယ်ချင်းစာ နားလည် မိပါတယ် ။

    မရို့ စ် ရဲ့ ဖေဖေ ကောင်းရာဘုံဘဝ မှာ အေးချမ်းစွာ ရှိနေပါစေ ......

    ReplyDelete
  11. အရမ်းစိတ်မကောင်းဖြစ်မိပါတယ် မရိုစ်ရယ်..
    ကိုယ်ချင်းလည်း စာပါတယ်..
    ဘ၀တူပါ မရယ်...
    ဟိုဘက်ကမ်းမှာ ပြန်ဆုံကြမှာပါ မရယ်..

    ReplyDelete
  12. မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်..မရို့စ်ရေ...
    အရမ်းကို စိတ်မကောင်းဖြစ်နေမယ်ဆိုတာ နားလည်ပါတယ်...
    မရို့စ်ရဲ့ဖေဖေ ကောင်းရာဘုံရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...။

    ReplyDelete
  13. မရို့စ် .. ထပ်တူခံစားရပါသည်။ ပြန်ဆုံကြမဲ့ ခရီး အစ ပါ..

    ReplyDelete
  14. Rose ရေ ထပ်တူထပ်မျှ ခံစားရပါတယ်။ Rose အဖေ ကောင်းကင်ဘုံမှာ အေးချမ်းစွာ အနားယူနိုင်ပါစေ။

    ReplyDelete
  15. ၀မ်းနည်းရပါတယ်အမရယ်။
    အမအရင်လက ပြန်လိုက်တာမှန်သွားတာပေါ့အဖေနဲ့ တွေ့လိုက်ရတယ်မဟုတ်လာ ?


    sy phoo

    ReplyDelete
  16. so so sad to hear like this...

    ReplyDelete
  17. ငိုချင်ရက်လက်တို့ .. ငိုသွားတယ် ..စိတ်မကောင်းဘူးလို့ မပြောတော့ဘူး ငိုနေတာ သက်သေပဲး(

    ReplyDelete
  18. Very sad to hear that. :(


    sdl

    ReplyDelete
  19. အမရေ မိဘဆိုတာ အစားပြန်ရရိုး ထုံးစံမရှိလို့ 
    ထပ်တူ ထပ်မျှ ၀မ်းနည်းရပါတယ်ဗျာ . . .

    ReplyDelete
  20. ကိုလူထွေးဘလော့ကနေသိလို့ လာအားပေးတာပါ။ တခါမှ မရောက်ဘူးဘူး။ အဝေးမှာရောက်နေတဲ့အချိန်မှာ ကိုယ်မဖြစ်စေချင်ဆုံးကလည်း အဲဒါပဲဆိုတော့ အရမ်းကိုကိုယ်ချင်းစာမိပါတယ်။ အမအဖေကောင်းကင်ဘုံမှာ အေးချမ်းနေမှာပါ။

    ReplyDelete
  21. မနက်ကဖေ့ဘွတ်မှာသိသိချင်းထဲမှာ ငိုနေမိတယ်
    အပြင်မှာမမြင်ဖူးပေမဲ့အမရင်းတစ်ယောက်လိုခင်မင်နေမိတဲ့ မမနဲ့ထပ်တူခံစားရပါတယ်..။
    ကျမ်းမာရေးဂရုစိုက်နော်

    ReplyDelete
  22. ဏီလင်းညိုMay 5, 2010 at 9:10 PM

    မရိုစ့်ရေ......
    စာလေးထဲမှာ ၀မ်းနည်းတဲ့အရိပ်အငွေ့တွေ ပြည့်ကျပ်နေတာ.......ခံစားမိတယ်ဗျာ.....။
    စိတ်လည်း.....မကောင်းဖြစ်ရမိတယ်......။
    သက်ပြင်းလည်း.....အခါခါချမိပါရဲ့.....။
    ဘာဆက်ရေးရမှန်းတောင် မသိတော့ဘူးဗျာ.......။
    ကျန်းမာရေးကိုဂရုစိုက်ပါဦးမရိုစ့်ရယ်........ တစ်ကယ်ပဲစိတ်မကောင်းဖြစ်မိရတယ်ဗျာ.......။

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  23. ဝမ်းနည်း စိတ်မကောင်း ဖြစ်မိပါသည်၊
    မရို့စ် ဖေဖေ ကောင်းကင်ဘုံမှာ ငြိမ်းချမ်းပါစေ။
    ထပ်တူခံစားရပါသည်၊ အဝေးရောက် သားသမီးတွေ ဘဝ။

    ReplyDelete
  24. Rose နဲ့ ထပ်တူ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။

    ReplyDelete
  25. ဝက်ဝံလေးMay 5, 2010 at 9:57 PM

    ကြားရတာ စိတ်မကောင်းဘူး မရို့စ်ရယ်
    မရို့စ်အဖေ ကောင်းကင်ဘုံမှာ ငြိမ်းချမ်းမှာပါ

    ReplyDelete
  26. ဖြစ်ရလေ မမရယ်။

    ရင်ထဲမှာ နင့်နေအောင် ခံစားရတယ်။
    ကောင်းရာသုဂတိ လားပါစေနော်။
း(

    ReplyDelete
  27. မရေ......
    ထပ်တူထပ်မျှခံစားရပါတယ်
    မမရဲ့ဖေဖေ ကောင်းရာသုဂတိလားပါစေနော်

    ချစ်တဲ့
    ရုံလေး

    ReplyDelete
  28. ကိုယ်ချင်းစာစိတ်နဲ့ ထပ်တူခံစားကြေကွဲမိပါတယ်.. ကျွန်မဖေဖေတုန်းကလဲ အဲလိုပဲလေ.. ရုတ်တရက်ကြီး..

    ReplyDelete
  29. စိတ်မကောင်းဖြစ်ရပါတယ် အမ

    ReplyDelete
  30. သိရတာ စိတ်မကောင်းဘူး မမရယ်။

    ReplyDelete
  31. စိတ်မကောင်းဖြစ်ရပါတယ် မရို့စ်

    ReplyDelete
  32. မမရေ

    ကြားရတာနဲ့တင် ကြေကွဲရပါတယ်... ကိုယ်ချင်းစာမိပါတယ်.....

    မမရို့စ်အဖေ ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိနိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်မမ...

    ReplyDelete
  33. စိတ်မကောင်းဘူး ရိုစ်ရယ်...
    ရိုစ်နဲ့ထပ်တူ ကြေကွဲရပါတယ်။

    ReplyDelete
  34. ထပ်တူ ထပ်မျှ စိတ်မကောင်းဖြစ်မိပါတယ်

    ReplyDelete
  35. ဘာမှ မပြောချင်တော့ ပါဘူး အမရယ်...

    ReplyDelete
  36. စိတ်မကောင်းပါ။

    ReplyDelete