Monday, November 30, 2009

ညီမငယ်ရုံလေးအတွက်(မြှုးသျှရီ)

ဒီနေ့မနက် အသစ်တက်လာတဲ့ ညီမငယ် မြုးသျှရီရဲ့ ပို့စ်ကို ဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်.... မနေ့ကတင်တဲ့ ပို့စ်လေးကို comment ပေးမရထဲက မနက်ဖြန်မှဘဲ ပေးတော့မယ်လို့ စိတ်ကူးထားခဲ့တာ... ဒီမနက်ကျမှဘဲ တမင်ဖြုတ်ထားလိုက်မှန်းသိရတယ်.... ကျန်းမာရေးမကောင်းတဲ့ ညီမငယ်လေးဟာ ထိခိုက်ခံစားလွယ်သူရယ်လို့ အကဲခတ်မိပြီးသားပါ.... comment တွေမှာ Cbox မှာ ချစ်စရာကောင်းအောင် ခလေးဆန်ဆန် ချွဲချွဲနွဲ့နွဲ့လေး comment ရေး နှုတ်ဆက်တတ်တဲ့ ညီမငယ်လေးကို လူမမြင်ဖူးပေမဲ့ သံယောဇဉ်တွယ်နေမိတာ.... အခုလို ရုံလေးတစ်ယောက် ဘလော့ကိုပါခွဲခွါတော့မယ်ဆိုတော့ အံ့သြမိသလို စိတ်မကောင်းလဲဖြစ်မိတယ်... ဘယ်သူတွေကများ ချစ်စရာကောင်းတဲ့ ရုံလေးကို ဒီလောက်ထိ စိတ်ထိခိုက်အောင် လုပ်လိုက်ကြတာလဲ?
ပြောလိုက်တဲ့သူက ပြောပြီးရင်ပြီးသွားပေမဲ့ ခံလိုက်ရတဲ့သူက တစိမ့်စိမ့်နာကျင်နာကျင်ခံစားနေရမှာ.... ဘာကြောင့်များသူများကိုနစ်နာစေရတာလဲ? အဝေဖန်ခံနိုင်သူ ခေါင်းမာသူတွေအဖို့ (ဥပမာကျမပေါ့)ဘာမှမဖြစ်လောက်ပေမဲ့ ထိခိုက်ခံစားလွယ် ဝမ်းနည်းတတ်သူအဖို့က ခံနိုင်ရည်မရှိဘူးလေ.... ကျမရေးတဲ့ စာတွေအပေါ်မှာလည်း တခါတလေ အမည်မသိဆိုတဲ့နာမည်နဲ့ အပေါ်ယံဖတ်ပြီး ဟော့ရှော့လုပ် ဝေဖန်သွားသူတွေ ရှိပါတယ်.... မြန်မာလိုတောင်မရေးနိုင်ပါဘူး.... E လိုခွပ်သွားတာပါ.... ဒါပေမဲ့ ကျမ မမှုပါဘူး.... comment အားလုံးကို ကျမတန်ဖိုးထားပါတယ်.... ဒီလိုရေးတဲ့သူရှိလာတော့ ကိုယ့်ဘလော့ကိုလာလည်တဲ့ သူတွေမှာ ခင်လို့လာလည်တဲ့ ဘလော့ဂါတွေ စာဖတ်ဝါသနာပါသူတွေအပြင် အပြစ်ရှာပြီး ခနဲ့ဖို့ လာဖတ်သူလဲရှိတတ်တယ်ဆိုတာ သတိထားမိသွားခဲ့ပါတယ်... အဲဒီအတွက် အမည်မသိ ဝေဖန်ခနဲ့သွားသူတွေကို ကျေးဇူးတင်ပါတယ်...
ဒါပေမဲ့ ညီမငယ်ရုံလေးဟာ ခလေးဆန်စွာ ချစ်စရာကောင်းပြီး စိတ်ထားဖြူသူလေးပါ... သူကျန်းမာရေးမကောင်းတာရော... ဝမ်းနည်းလွယ်တာ ထိခိုက်ခံစားလွယ်တာ သူ့ကိုချစ်တဲ့ ဘလော့ဂါမောင်နှမတွေ သိကြပါတယ်... သူရေးတဲ့ ဟင်းချက်နည်းလေးတွေဟာ တခါတလေ အဆန်းလေးတွေမို့ သူ့ဘလော့မှာ အသစ်တင်တိုင်း ကျမမှာ အပြေးအလွှား သွားကြည့်ရတာ... အခုတော့ သူဘလော့ကို ပိတ်ပစ်လိုက်တော့မယ်တဲ့ ... comment လဲရေးလို့မရ... Cbox လဲမရှိတော့ပါ.... ညီမငယ်ရုံလေးကို အဲလောက်တောင် စိတ်ဆင်းရဲ စိတ်ထိခိုက်အောင် လုပ်လိုက်တဲ့ သူဘယ်လိုများနေမလဲ? ပျော်နေမှာလား.... ကိုယ့်အမှားကိုသိပြီး တောင်းပန်မှာလားမသိပေမဲ့ ကျမတော့ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်... ညီမငယ်ရုံလေးရေ... ပြန်စဉ်းစားပါဦးလားလို့ ဒီပို့စ်လေးကနေ ပြောချင်ပါတယ်.... ညီမငယ်လေး ကို ချစ်တဲ့ ဘလော့ဂါတွေ အများကြီးရှိနေသေးတာ... ညီမငယ်လေးကို အားပေးကြမဲ့ အားပေးကြတဲ့ သူတွေ ရှိနေသေးတာ ညီမလေးသိရင် ညီမလေး ခံစားနေရတဲ့ နာကျင်မှုတွေ လျှော့ပါး ပျောက်ကွယ်သွားပါစေလို့ ရည်ရွယ်ရင်း ဒီပို့စ်လေးကိုရေးလိုက်ပါတယ်...

24 comments:

  1. ထပ်တူခံစားရပါတယ် ညီမလေးရေ
    မမလဲအကြောင်းအမျိုးမျိုးကြောင့်ဘလော့ကိုပိတ်ပစ်မယ်စိတ်ကူးပေမဲ့
    တကယ်တမ်းကျတော့မလုပ်နိုင်ခဲ့ဘူး။
    ဘလော့ကိုဘယ်လောက်သံယောဇဉ်ကြီးလဲဆိုတာ နားလည်ပါတယ်ညီမလေးရေ။
    ပျော်ရွှင်ပါစေနော်။
    စိတ်လက်ကြည်သာအောင်နားလိုက်ပါ.။
    ပီးရင်ပြန်လာနော့
    ပို့စ်တင်ပေးတဲ့မမရှရွန်လဲကျေးဇူးး

    ReplyDelete
  2. ဟုတ်တယ် မရှရွှန်ရေ။ ကျွန်မလည်းသူ့ ပို့စ်ကိုတွေ့တော့ အံ့ဩပြီး စိတ်မကောင်းဖြစ်သွားတာ။ ကျွန်မ ဘလော့စမရေးခင်ကတည်းသူ့ပို့စ်ကိုသွားနေကြလေ။ ဖြစ်နိုင်ရင်တော့ ပြန်လာစေချင်ပါတယ် ရုံလေးရေ။

    ReplyDelete
  3. ဘဝတခု စိတ်တခုကို အတွင်းထဲအထိ လှိုက်လှိုက်ပြီး ထိခိုက်ခံစားလိုက်ရလို့ အခုလို ဆုံးဖြတ်ခဲ့တယ်ဆိုရင် မြူးရဲ့လုပ်ရပ် မှန်မှာပါ...

    ဒါပေမယ့် အခုလို အားလုံးကိုပိတ်ပစ်၊ သံယောဇဉ်တွေဖြတ်ပစ်ပြီး၊ မောင်နှမတွေအားလုံးကို နှုတ်ဆက်သွားရလို့ ရတဲ့ နာကျင်မှုက ပိုကြီးနေမယ် ဆိုရင်တော့...

    မြူးရေ...

    အချိန်မရွေး နေရာမရွေးက လှည့်ပြန်လာခဲ့ပါ...

    ငါ့ညီမကို ချစ်ကြခင်ကြတဲ့သူတွေ ကြိုဆိုနေကြမယ့်သူတွေ ..အများကြီးရှိနေတယ် ဆိုတာကို အမြဲ အမှတ်ရနေစေချင်တယ်...

    ကိုလူထွေး

    ReplyDelete
  4. မြူး ဘာတွေများအဆင်မပြေဖြစ်သွားပါလိမ့်။ သူတင်ထားတဲ့ post ဖတ်လိုက်ရတယ်။ စိတ်မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်လမ်းကိုဆက်လျှောက်ပါ ညီမလေး။ သူများပြောတာကို သိပ်စိတ်ထဲမထည့်ပါနဲ့ အချိန်တန်ရင် သူ့အလိုလို ရပ်သွားပါလိမ့်မယ်နော်။ ကိုယ့်ဘဝက ကိုယ့်ဘာသာလျှောက်ရတာမို့ သူများကို ဂရုမစိုက်ဘဲ ကိုယ့်လမ်းကိုဆက်လျှောက်ပါညီမလေး။ ကျန်းမာရေး ဂရုစိုက်နော်။ post တင်ထားတဲ့ မမrose ကိုလည်းကျေးဇူး ပါ။

    ReplyDelete
  5. ဟုတ်ပါတယ် မရှရွန် စိတ်မကောင်းဘူး ဖတ်လိုက်ရတာ၊
    ဒီနေရာလေးကနေ ပြန်လာပါလို့ ခေါ်ပရစေ ရုံလေး လေ..

    ReplyDelete
  6. မြူး တော်တော် စိတ် ထိခိုက် သွားပုံပဲ။
    ချစ်ခင်သူတွေလည်း အများကြီးရှိတယ် ဆိုတာလည်း မေ့မသွားနဲ့မြူးရေ။



    မအယ်

    ReplyDelete
  7. မြူး တော်တော် စိတ် ထိခိုက်သွားပုံပဲ။
    ချစ်တဲ့ ခင်တဲ့သူတွေလည်း အများကြီး ရှိတယ် ဆိုတာ မမေ့ပါနဲ့ မြူးရေ


    မအယ်

    ReplyDelete
  8. ချစ်သောရိုစ်ရေ..
    ဖတ်ရတာ စိတ်မကောင်းဘူးကွာ။ ဒီပိုစ်ထဲက ညီမလေးကို စာနာမိတယ်။ ချစ်ခင်တဲ့ ဘလော့ဂါမောင်နှမတွေရဲ့ မေတ္တာကြောင့် သူလေး ခံစားနေရတဲ့ စိတ်ထိခိုက်ခံစားမှုတွေ လျော့ပါးပြီး ပြန်လာနိုင်ဖို့ ကူဆန္ဒပြုပါတယ်။

    ReplyDelete
  9. ရို့စ်ရေ....ဟိုနေ့ကပဲ သူပျော်ပျော်ရွှင်ရွှင်နဲ့ ပို့စ်အသစ်လေးတင်သေးတယ်။ စိတ်မကောင်းဘူး။ တို့ဘလော့ဂ်မစခင်ကတည်းက သူနဲ့မိုးကောင်းသူဆီ ဟင်းတွေသွားသွား ကြည့်နေကျပါ။
    မြူး...ကွန်မဲန့်ဖြုတ်လိုက်လေ...ဒါမှမရပ်ရင် စီဘောက်စ်ပါဖြုတ်လိုက်ပေါ့..ဆက်တော့ရေးပါ..ဒါကြောင့်မို့နဲ့တော့ မရပ်ပါနဲ့။

    ReplyDelete
  10. ဟင်းချက်တာ သွားကြည့်နေကျဘလော့လေးပါ။ ဘလော့တော့ ဖျက်မပစ်ပါနဲ့။
    စီဘောက်စ်တွေ ကောမန့်တွေ ပိတ်ထားရင် ရတာပဲဟာ...

    ReplyDelete
  11. ညီမလေး မြူးရေ

    ဖြစ်နိုင်မယ်ဆိုရင် တော့ မေ့ထားစေချင်တယ်။

    ကိုကြီးရီနို

    ReplyDelete
  12. မရိုစ်ရေ...
    ဒီပို့စ်လေးကိုဖတ်ရတာ...စိတ်မကောင်းပါဘူးဗျာ...။
    ကျွန်တော်နဲ့ တစ်ခါမှမသိခဲ့ဖူးတဲ့ အဲ့ဒီညီမလေးအတွက်လည်း...စိတ်မကောင်းဖြစ်မိရတယ်...။ ဘာဖြစ်လို့များ အဲ့ဒီလိုလုပ်ကြရတာလည်းဆိုတာ... ကျွန်တော်လည်း..ဒီနေ့ထိ မတွေးတတ်ပါဘူးဗျာ...။ တော်တော်ခက်ာကတာပဲနော်...။ အဲ့ဒီညီမလေးကိုလည်း... အားလုံးနဲ့ထပ်တူကျတဲ့စကားလေးပဲ ဒီနေရာကနေပြောလိုက်ချင်ပါတယ်...။ ဘလော့ရပ်ဝန်းလေးဆီကို.. ပြန်လာခဲ့ပါခင်ဗျာ...။

    ခင်မင်လျှက်...
    ဏီလင်းညို

    ReplyDelete
  13. အေးလေ ဒီလောက် ဟင်းချက်ကောင်းတဲ့ မြူးက ဘယ်ကို ထွက်သွားတာတုံး မောင်နှမတွေကို ပစ်ပြီးတော့

    ReplyDelete
  14. မြူးလေးကို Rose ကတဆင့်ပဲပြောလိုက်ပါတယ်။
    ဘ၀မှာ တိုက်ခိုက်မှုတွေ က နေရာတိုင်းအချိန်တိုင်းမှာ ၀င်လာနိုင်ပါတယ်။
    တခါတလေမှာ မခံနိုင်လောက်အောင်ဒေါသဖြစ်ရတယ်။ ၀မ်းနည်းရတယ်။
    နားလည်ပေးနိုင်ပါတယ်မြူးရေ။
    ဒါပေမဲ့ မြုးလေးပြန်လာမဲ့အချိန်ကို စောင့်နေမှာပါလို့ ။

    ReplyDelete
  15. မြူးရေ...

    ဘာဖြစ်မှန်းတော့သေချာမသိပေမဲ့ မြူးရဲ့ ဘလော့မှာရော..ဒီမှာရော
    ဖတ်ရတာစိတ်မကောင်းဘူးကွယ်...ကိုယ်ချင်းစာမိပါတယ်...ဒါပေမဲ့
    သူများကတိုက်ခိုက်တာကို ကိုယ်ကပြိုလဲပြီးပြန်မထနိုင်တာက အရှူံးပေးတာပဲ.. ပြိုလဲနေရာက ပြန်ထနိုင်တာက တကယ်စိတ်ဓာတ်ခိုင်တာ...။ ခုလိုမြူးကထွက်သွားတော့မယ်ဆိုပြီး သူငယ်ချင်းတွေအားလုံး စိတ်မကောင်းဖြစ်ကျန်ခဲ့အောင် လုပ်တော့မှာလားလို့ .....။ အစ်မroseကိုလဲ ဒီပိုစ့်အတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete
  16. ရုံးလေးရေ ပြန်လာခဲ့ပ`ါ ...မောင်နှမတွေအားလုံးက ကြိုနေကြမှာ...

    ReplyDelete
  17. ပြဿနာကြောင့် စိတ်ညစ်နေတဲ့ အချိန်မှာ ချက်ချင်းပြန်လာပါလို့ မပြောချင်ပေမယ့် ခဏခဏ ဆာတတ်တဲ့ ဗိုက်ကတော့ မမမြူးရဲ့ ဟင်းတွေကို ပုံကြည့်ပြီး ငမ်းဖို့ စောင့်နေပါတယ်

    ReplyDelete
  18. အကိုလဲ ညီမလေးချက်ကျွေးနေကြတွေ မစားရ၊ မမြင်ရတော့ဘူးပေါ့။ သူအတွက်လဲ စိတ်မကောင်းဖြစ်မိပါတယ်ဗျာ။သူကို ပြောပေးပါ သူ့ခွဲခွာမှုအတွက် ဝမ်းနည်းနှမျောတသနေမိပါတယ်လို့။

    ReplyDelete
  19. တိမ်ကင်းတဲ့ညတွေမှာ
    ကောင်းကင်က ကြယ်တွေလင်းလက် နေတာကို
    အလှကြည့် ကြည့်နေချင်မိတာက လူတိုင်းရဲ့ ဆန္ဒပါ။
    ဒါပေမယ့်လည်း
    ကြယ်တွေကြွေသွားတာကို မြင်မိရင်
    ရင်ထဲမချိအောင် ခံစားရမိပါမယ်။

    ဒီလိုပါပဲ
    ဘလောဂ့်မိတ်ဆွေတွေ လျော့လျော့ သွားတာကို
    အလွန်ပဲ နှမြောမိပါတယ်။

    ReplyDelete
  20. သတင်းကြားတုန်းက ဘယ်သူမှန်းမသိဘူး..
    အခုမှ “မြူး”ဆိုတာ သိရတာ...
    စိတ်မကောင်းလွန်စွာဖြစ်မိပါတယ် “မြူး”ရေ...
    ဖြစ်နိုင်ရင် ပြန်လာခဲ့ပါနော်...

    ReplyDelete
  21. ဘာတွေ ဖြစ်မှန်းတော့ မသိဘူး.. ဝေဖန်ခံရလို့ blog ကို ပိတ်ပစ်စရာ မလိုပါဘူး မြူးရယ်... အားတဲ့ အခါ စိတ်ပြေရင် ပြန်လာခဲ့ပါ..

    ReplyDelete
  22. အမြဲတမ်း သူ့ ချက်တဲ့ အစားအစာတွေ ကြည့်ပြီး သရေယိုနေကြဗျ..။
    မမြူးသျှရီ blog ကို အပြေးအလွှားသွားပြီး comment ပေးဖို့  ကြိုးစားပေမယ့် blog က ပိတ်သွားခဲ့ပြီကိုး...။ အတော် စိတ်မကောင်းဖြစ်မိတယ်ဗျာ..။
    အခု ဒီအမ blog ကနေ ပဲ ပြောခဲ့ပါရစေဗျာ..။
    ဘ၀ဟာ အမြဲတမ်း မချောမွေ့ နိုင်ဘူး..။ ကြမ်းတမ်းလာရင် ကြံ့ ကြံ့ ခိုင်နေနိုင် ဖို့ တော့ လိုတယ် ညီမလေး မြူးရေ...။ ဘာပဲဖြစ်ဖြစ် အဆင်ပြေတဲ့အချိန်မှာ ပြန်လာခဲ့ပါ..။ blogger ညီအစ်ကိုမောင်နှမတွေ ချစ်တဲ့ ညီမလေး မြူးကို အမြဲတမ်း ကြိုဆိုလျက်ပါ...။
    စိတ်ရောကိုယ်ရော ချမ်းမြေ့ပါစေ။

    ReplyDelete
  23. ဒီနေ့မှ သိရတယ် ၊ စိတ်မကောင်းဘူးဟယ်၊ တချို့ လူတွေ ဘာလို့များ ဒီလောက်ရက်စက်ကြတယ် မသိဘူး ၊ အဲဒီ ညီမလေးကို သိတ်မသိလိုက်ဘူး၊ ခမျာ တော်တော် လေး ထိခိုက်သွားလို့နေမှာ....

    ReplyDelete
  24. ခုနကလေးတင် မြူးသျှရီ ဆိုတဲ့ လင့်ကိုတွေ့လို့ ၀င်လိုက်တာ
    blogger permission denied ဆိုပြီးပေါ်လာတာ ဘာကြောင့်မှန်းမသိဘူး ခု
    rose-sharon ရဲ့ဘလော့ကို ၀င်ဖတ်မှ သိရတယ်..
    စိတ်မကောင်းဖြစ်မိပါရဲ့

    ReplyDelete