Wednesday, November 11, 2009

ဆီထမင်းနှင့်အာဗြဲခြောက်ကင်

လက်ဖက်ရည်


ဆီထမင်းနှင့်အာဗြဲခြောက်ကင်

ဗယာကြော်၊ ဝက်သုံးထပ်သားသုတ်


ကော်ပြန့်စိမ်းလိပ်ရန်အစာပလာများ



ကော်ပြန့်စိမ်းနှင့်အချဉ်


တစ်နေ့က မနက်မိုးလင်းအိပ်ယာထချိန် ဆီထမင်းစားချင်စိတ်ပေါက်တာနဲ့ ကောက်ညှင်းဆန်လဲ အဆင်သင့်ရှိလို့ ဆီထမင်းချက်စားဖြစ်တယ်... ရန်ကုန်က လူကြုံပေးလိုက်တဲ့ အာဗြဲခြောက်ကင်လေးနဲ့တွဲစားတာကောင်းမှကောင်း...ပြီးတော့ လက်ဖက်ရည်သောက်ချင်တာနဲ့ Tea Mix ဖျော်သောက်တယ်... ပြင်းပြင်းလေးကြိုက်လို့ နှစ်ထုတ်ကို ရေနွေးတစ်ခွက်စာဘဲထည့်တယ်... နို့ဆီ tea spoon တစ်ဇွန်းလောက်ထည့်လောက်တော့ ကောင်းလိုက်တာ... ရန်ကုန်မှာ ဆိုင်ထိုင်သောက်တဲ့ အရသာနဲ့ အတူတူဘဲ... နေ့ခင်းကျတော့ ဗယာကြော်စားချင်စိတ်ပေါက်လာလို့ ကုလားပဲကို နှစ်နာရီလောက်ရေစိမ်... ပြီးတော့ blender နဲ့ကြိတ် ...ဆားရယ် ဂျင်းနဲ့ကြက်သွန်ဖြူထောင်းထားတာရယ် ထည့်နယ်ပြီး ကြော်ပါတယ်... ထမင်းစားခါနီးကျတော့ ဝက်သားသုံးထပ်သားဟင်းချက်ပြီးသားရှိပေမဲ့ ဒီတိုင်းမစားချင်တော့လို့ အတုံးတွေကို ပါးပါးလှီး... သခွါးသီးပါးပါးလှီး ပြီး ငံပြာရည်၊ပဲမှုန့်၊ဆီချက်၊အချိုမှုန့်၊ငရုတ်သီးစိမ်းတို့နဲ့ရောပြီး သုတ်စားလိုက်တယ်....ကော်ပြန့်စိမ်းကတော့ တလောကသူငယ်ချင်းတွေစုပြီးလုပ်စားတာပါ... မောင်နှမတစ်ချို့တောင်းဆိုလို့လုပ်နည်းလေးရေးပေးမလို့ပါ... ဒီမှာကော်ပြန့်စိမ်းလုပ်တဲ့ အဖတ်တွေကို မုန့်ဟင်းခါးဖတ်ရောင်းတဲ့ဆိုင်မှာ ဝယ်လို့ရပါတယ်...အထဲမှာထည့်တဲ့ အစာတွေက မုန်လာဥနီ၊မုန်လာဥဖြူ၊ပဲပြား၊ဂေါ်ဖီနဲ့ ဝက်သားတွေပါ.... မုန်လာဥနီ၊မုန်လာဥဖြူနဲ့ ဂေါ်ဖီတွေကို ပါးပါးလှီးပြီး တစ်ခုချင်းစီကြော်ရပါတယ်... ပဲပြားကိုတော့ အချပ်လေးတွေရအောင်ကြော်ပြီးမှ ပါးပါးပြန်လှီးပါတယ်... ဝက်သားကိုလဲ ပြုတ်ပြီးမှ ပါးပါးလှီးတာပါ(ဝက်သားမစားရင် ကြက်သားကိုပြုတ်ပြီး အသားနွှင်ထည့်၊သက်သက်လွတ်ဆိုရင် ပဲပြားနဲ့ဘဲပေါ့)... အားလုံးအဆင်သင့်ဖြစ်ရင် တစ်ခုချင်းကြော်ထား လှီးထားတာတွေကို ဇလုံတစ်ခုထဲမှာ အကုန်လုံးရောသွားအောင် ထည့်မွှေပါတယ်.. မွှေလို့ပြီးရင် ကော်ပြန့်စိမ်းလိပ်စားဖို့အဆင်သင့်ဖြစ်ပါပြီ.... ဆလပ်ရွက်၊ကြက်သွန်မိတ်တို့နဲ့ရောစားပါတယ်... အချဉ်က ရန်ကုန်ကသယ်လာတဲ့ငရုတ်ဆီပါ... ငရုတ်ဆီထဲကို ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းထောင်းတာရယ်... သကြားအနဲငယ်၊ဆားအနည်းငယ် နဲ့ မန်ကျည်းသီးအနှစ်အနည်းငယ်ရောထည့်ပြီးဖျော်ပါတယ်... ကော်ပြန့်စိမ်းလုပ်စားရတာ အရမ်းလွယ်ပါတယ်...
လာလည်သူမောင်နှမများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...

23 comments:

ကျောပိုးအိတ် said...

အဟဲ

ဆီထမင်းဆိုလို့ ပြေးလာတာ အာပြဲခြောက်လေးပါ ပါနေတော့ အတိုင်းမသိပေါ့။ မောမောနဲ့ စားသွားတာ နောက်လူအတွက်တောင် နည်းနည်းဘဲကျန်တော့တယ်။

စူးနွယ်လေး said...

အာပြဲခြောက်စားချင်လိုက်တာ မစားရတာနှစ်ချီနေပြီ
ကော်ပြန့်စိမ်းလည်း ကြိုက်တယ် အကြော်စားပြီးရင် အာခေါင်တွေအမြဲပေါက်တတ်လို့ အစိမ်းစားဖြစ်တာများတယ် ပိုလည်းကြိုက်တယ်
အခုတော့တယောက်တည်းမို့ ဘာမှမချက်ဖြစ်ဘူး
ဖြစ်သလိုပဲစားတယ် လာမယ့် weekends မှာ မှ တခုခုလုပ်စားတော့မယ်

လသာည said...

ကြည့်စမ်း စိတ်တိုင်းကျကို လုပ်စားနေလိုက်တာ။ အားကျကျနဲ့ အကုန်လုံးစားသွားတယ်.။ လက်ဘက်ရည်က တစ်ခွက်တည်းလား :'(
ရဘူး.. လုသောက်သွားတယ်.. :D

kiki said...

ရှလွတ် ရှလွတ် ....

ဆီထမင်းလဲ ကြိုက်စ်
အာပြဲချောက်ကြော်လေးလဲ ကြိုက်စ်
ဗယာကြော်လဲ ကြိုက်စ်
လဖက်ရည်တော့ ချိုပေါ့ ကျလေး ပိုကြိုက်စ် ...
ဟိုင်း ရှားလဘတ်စ်စ်စ် ..
( ဗိုက်ဝ တွား ဘီ .. တရေးလောက်နှပ်ပြီးမှ ပြန်တော့မယ် ...)

ကော်ပြန့် တော့ အစိမ်းရော အကျက်ရော မကြိုက်လို့ မစားသွားဘူးနော် ..း))

Evy said...

လက်ဖက်ရည်က ဗမာပြည်က လက်ဖက်ရည်နဲ့တူလား အစ်မ..ဒီကလက်ဖက်ရည်တွေ က ကျဲကျဲနဲ့သောက်လို့မကောင်းလို့

ဂျူနို said...

တယ်ဟုတ်ပါလား ရို့စ်ရ။
မြင်သာ မြင်ရ မကြင်ရ ဆိုတာ ဒါမျိုးနေမှာ ။ နှိပ်စက်တယ် ဝေ့။



မအယ်

sonata-cantata said...

အာ သိပြီ...မနက်ဖန် ကော်ပြန့်စိမ်း လုပ်စားမယ်...
(နည်း အတွက် ကျေးဇူး)

Shinlay said...

ကော်ပြန်ကြော်လာစားသွားတယ်။
အာပြဲခြောက်ကိုလည်းကြိုက်တယ်။
ကျေးဇူးနော်။။။

MANORHARY said...

လူကြီးတွေကိုပုံတွေနဲ့နောက်တာလား Rose ?? :(

သားကြီး said...

လုပ်နည်းတော့မဖတ်ဘူး
စားဖို့ပဲစိတ်ဝင်စားတယ် ဟဲဟဲ
ကော်ပြန့်စိမ်းနဲ့အချဉ်ကစားချင်စရာ
အပေါ်စီးကရိုက်ထားတာလှတယ်

Anonymous said...

အရမ်းလွယ်သတဲ့...
သင်တန်းလာတက်အုံးမှပဲ...

းဝ)

စန္ဒကူးမေ said...

စားချင်စရာလေး rose.....
အဲဒီအထုတ်လေးတွေက လဖက်ရည်နဲ့တကယ်တူလားဟင်.. မသောက်ဖူးလို့..

ရေတမာ said...

မကြီးမကောင်းဘူး မနက်စောစောစီးစီး ကြည့်ရင်းနဲ့ သရေတွေ ကျလာတယ်။ အားလုံးကျနော်ကြိုက်တာတွေကြီးပဲ။

အိမ့်ချမ်းမြေ့ said...

တိုက်တိုက်ဆိုင်ဆိုင် အမေ့အိမ်မှာ ဒီနေ့ဆီထမင်း မရိုစ်ရေ..း))

စည်သူ said...

အာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာ စားချင်လာပြီး သရေတွေတောင် ကျတယ်.. နည်းလေးပေးနော်အမ.. ကော်ပြန့်စိမ်း လုပ်စားမယ်.. ရှလွတ်...

မျက်မှန်လေး said...

စားချင်လိုက်တာ ကွာ...
ကော်ပြန့်စိမ်းလုပ်စား ဦးမယ်။ ဒီစနေကျရင်
ကျေးဇူးနော်.

မမိုး said...

အာဗြဲခြောက်ကျော် သိပ်ကြိုက်တာ.
အိမ်နီးချင်းတွေပြောမှာဆိုးလို့
မစားရဘူး...
ဆီထမင်းလေးနဲ့.......
အင်း..တဖြေးဖြေးနဲ့ လူကနတ်နဲ့
နဲနဲတူလာပြီ။ အငွေ့ပဲသုံးဆောင်နေရတယ်နော်..))

အနော် said...

မမ လက်ဖက်ရည်ကြိုက်တယ်
ဆီထမင်းလဲ အဝစားသွားတယ်
ဆောင်းတွင်းမနက်တွေဆို သစ်ရွက်အခြောက်တွေ မီးရှို့ရင်း ကောက်ညှင်းပေါင်းပူပူလေးနဲ့ လက်ဖက်ရည်သောက်
ပီးရင် ကျောင်းသွား သတိတောင်ရသွားဘီ ဟိဟိ
စကားမစပ် လက်ဖက်ရည် နောက်တစ်ခွက်လောက် ရဦးမလားဟင် မမ :P

Angel Shaper said...

သမီးက ကိုသားကြီးနဲ့ အကြိုက်တူတယ်။ ဟိဟိ
လုပ်နည်းတယ် စားနည်းကို ပိုစိတ်ဝင်စားတယ်။
ခုမှလာစားဖြစ်တယ်။ စားချင်စဖွယ်လေးတွေ ပလွတ် ပလွတ်။
ပလပ် ပလပ်ရှယ်။ ဟိဟိ

သက်ဝေ said...

စားချင်စရာတွေ တော်တော်လုပ်တတ်တာပါလား...
ကော်ပြန့်စိမ်း စားချင်တယ်...း)

မိုးစက်အိမ် said...

မကြီးက အမြင်အာရုံနဲ့ နှိပ်စက်တယ်ဗျာ ဂလု ဂလု
ဆီထမင်းလေး စားချင်လိုက်တာ

Sweet Sweet said...

ဗီယက်နမ် ကော်ပြန့်စိမ်းနဲ့ အချဉ်ရည် လုပ်နည်းလေးလည်း ပြောပြပေးပါလား

yangonthar said...

ဆီထမင်းနဲ့ အာဗြဲခြောက်ကို အနံ့ လာခံတာအစ်မရိုစ့်ရေ .... ကျနော်တော့ အကြောင်းမကြားဘဲ အလုပ်တွေများနေတာ အတော်ကြာပေါ့ ခုတော့ အားသယောင်ယောင်ပဲ အစ်မရ နေကောင်းတယ်နော် ထုံးစံအတိုင်း ရန်ကုန်အစားလာငမ်းပါတယ် :))
အဆင်ပြေပါစေ အစ်မရိုစ့်ရေ
ခင်တဲ့
ရန်ကုန်သား :))

Post a Comment