Friday, November 27, 2009

နားလို့ဝပြီ




ခုတစ်လော ခလေးနှစ်ယောက်က တစ်လှည့်စီ နေမကောင်းဖြစ်ကြတယ်... ရာသီဥတု အကူးအပြောင်းကြောင့်ပါ... ကျောင်းတွေလဲ တစ်ပတ်မှာ တစ်ယောက်တော့ ပျက်ရတာ နှစ်ပတ်ဆက်တိုက်ရှိပြီ... အခုသူတို့နှစ်ယောက်လုံးနေပြန်ကောင်းသွားတော့ ကျမအလှည့်ရောက်ရော.... အသံက လဲဝင်ပြီး စကားကောင်းကောင်းပြောမရ... ဘာလုပ်လုပ်စိတ်တိုင်းမကျဖြစ်နေရတယ်... အဲဒါကြောင့် ခဏနားလိုက်တာပါ... ခုတော့နားလို့ဝသွားပါပြီ... ဘလော့လေးကို ပစ်ထားမိသလိုဖြစ်သွားတဲ့အတွက် လာလည်သွားတဲ့မောင်နှမများကိုတောင်းပန်ပါတယ်.... သတင်းမေးကြတဲ့ မောင်နှမများကိုလည်း ကျေးဇူးအထူးတင်ပါတယ်.... နောက်တစ်ပတ်ဆို ပို့စ်လဲပုံမှန်ပြန်တင်ပါတော့မယ်.... သမီးနဲ့သားလည်း ကျန်းမာပျော်ရွှင်စွာနဲ့ Game Centerတွေ ကျောင်းပိတ်ရက်တိုင်း ပြန်သွားနိုင်တော့မှာပါ... ပုံထဲက Game Centerက Big C စူပါမားကတ် အပေါ်ထပ်မှာဖွင့်ထားတာပါ... သမီးနဲ့သား ခဏခဏ သွားနေကျနေရာလေးပေါ့ (ဆားချက်တယ်ဘဲ သဘောထားကြပါနော်)


16 comments:

  1. ဟယ် သားသားနဲ့မီးမီးက ချစ်စရာလေး။ သေသေချာချာရော နေကောင်းရဲ့လား။
    လူလည်းနေကောင်း၊ ဗီယက်နမ်အစိုးရက ဖေ့စ်ဘွတ်ကြီးဘန်းထားတာလည်း ဖြုတ်လိုက်ပြီဆိုတော့ အင်း ရှေ့ဆက်ပြီးးးးပျော်ဖို့ပဲ ရှိတော့တယ်ပေါ့နော် :D

    ReplyDelete
  2. ကောင်းတယ်...ပျော်စရာကောင်းတယ်...။
    မိသားစုတွေ သိုက်သိုက်ဝန်းဝန်းနဲ့...။
    စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ...။
    သုခီအတ္တာနံ ပရိဟရန္တု...
    ဝင်းလတ်

    ReplyDelete
  3. မောင်လေးနဲ့ ညီမလေးက ချစ်စရာလေးတွေ
    ဆော့နေတာလေးတွေ အပြစ်ကင်းလိုက်တာ
    မမ နေကောင်းသွားပီဆိုလို့ ဝမ်းသာတယ်

    ReplyDelete
  4. တော်သေးတာပေါ့ .. နေကောင်းသွားကြပြီဆိုလို့  ။
    ကလေးတွေ နေမကောင်းဖြစ်ရင် ပြုစုရတာ က လူကြီးနေမကောင်းတာထက် ပိုပင်ပန်းတယ် ။

    မိသားတစု ချမ်းမြေ့ ကြပါစေ

    ReplyDelete
  5. ပြန်သွားတယ် မှတ်နေတာ..
    ကလေးတွေ နေမကောင်းဖြစ်လို့ကိုးး...
    မရှာရွန်လဲ နေမကောင်းဖြစ်တာကိုးး..
    အခုကောင်းသွားပြီပေါ့...

    ReplyDelete
  6. ဟုတ်တယ်အမရေ ကလေးတွေလည်း နေမကောင်းဖြစ်တာမဟုတ်ဘူး
    ကျွန်တော်လည်း ရာသီအပြောင်းချောင်းဆိုးနေတာ ခုထိမပျောက်သေး
    ဘူးအမရာ . . . :( . . . တူ တူမလေးတွေ ကျန်းကျန်းမာမာ နဲ့ ပျော်ရွှင်
    ကြပါစေဗျာ . . .

    ReplyDelete
  7. မရေ........
    သမီးလေးနဲ့ သားလေးချစ်စရာလေး
    သမီးလေးက သွက်မဲ့ပုံလေးပဲ နေယာ်
    ပဲလေးလည်းပေးတတ်သေးတယ်ချစ်တယ်သိလား
    သမီးလေး နာမည်ကဘာလဲဟင်?
    နေကောင်းသွားပြီဆိုတော့ ပျော်ရွှင်ပါစေနော်...

    ReplyDelete
  8. အယ် အိမ်မှာ အသစ်လဲမတက်ပါ့လား ဘီလိုဖစ်တာတုံးမီသိဘူးရယ် အခုက သွပ်ပြားအိမ်ကနေ တဆင့်လာရတယ်လေ အဟင့်ဆိုးပါ့ အဖြစ်ကလဲ ဟားဟားးးးးးးးးးးးးးးး

    နေကောင်းသွားပြီဆိုလို့ ဝမ်းသာပါတယ် သတင်းမမေးဖြစ်တာ ခွင့်လွှတ်ပါ လူလဲ ဝတ္တရားတွေ ပျက်ကွက်နေတယ် ကွယ်

    ReplyDelete
  9. ရို့စ် ပို့စ် အသံဝင်လို့ မတင်နိုင်
    ခု ပို့စ် ရို့ စ် နားလို့ဝလို့ တင်
    နောက်ပို့စ် ရို့စ် လက်ဝင်မယ် ထင်တယ်။

    ပုဇွန်ဆိပ်လေးတွေ ငရုပ်သီးလေးနဲ့ ကြော်ပါအုန်း။

    မအယ်

    ReplyDelete
  10. လသာည... ခလေးတွေအသေအချာနေကောင်းသွားပါပြီ.... ဖေ့ဘွတ်က အခုဆော့မရပြန်ဘူး... ဒါပေမဲ့ ပျော်နေပါတယ်
    ဝင်းလတ်..... ဆုမွန်ကောင်းတွေအတွက် ကျေးဇူး
    အနော်.... ကျေးဇူး... အနော်လေးရောနေကောင်းလား
    Kiki..... ဟုတ်တယ်... သူတို့နေပြန်ကောင်းတဲ့ အချိန်ကိုယ်၂ကီလိုကျသွားတယ်... အဲဒါအမြတ်
    PAUK... အခု ခလေးရော လူကြီးရော နေပြန်ကောင်းပါပြီ
    မိုးစက်အိမ်... ကျေးဇူး... ကျန်းမာရေးဂရုစိုက်နော်
    Craton.... :)
    ရုံလေး.... ကျေးဇူး... ခလေးတွေကိုပြောပြလိုက်မယ်... သမီးနာမည်က ကျောင်းမှာ Alexandra, အိမ်မှာ ဖီဖီ (Fi-fille) မြန်မာနာမည် သရဖီ
    ဝက်ဝံလေး... ရပါတယ်ကွယ်...လာလည်တာကျေးဇူးပါ... စာတွေပိနေမှန်းသိပါတယ်
    မအယ်.... ဟီးဟီး... အသံဝင်လို့ ပို့စ်မတင်တာ ရီစရာနော်... နေလဲမကောင်းလို့ပါ :D

    ReplyDelete
  11. Rose ရေ - ကလေးတွေကို Game ပေးကစားတာ သတိထားဖို့လိုတယ်။ ကျွန်မသားလေးဟာ ၃ တန်းအထိ စာသိပ်တော်ပြီး ကျောင်းမှာ အမြဲဆုရတယ်။ ၄ တန်းကနေပြီး Game စွဲတာ အရင်ကလောက် မတော်တော့ဘူး။

    ReplyDelete
  12. နေကောင်းသွားကြပြီဆိုလို့ ဝမ်းသာပါတယ်။
    ဂရုစိုက်နော်။

    ReplyDelete
  13. NgeNaing > ဟုတ်... သတိထားပါ့မယ်... ကျေးဇူးနော်
    Shinlay > ဝမ်းသာပေးတာကျေးဇူးပါ... ဂရုစိုက်ပါ့မယ်

    ReplyDelete
  14. မရိုစ်ရေ...
    အခုမှနောက်တစ်ခေါက်ရောက်တော့တယ်ဗျာ...။
    သမီးလေးရော...၊ သားလေးရော...ချစ်စရာလေးတွေဗျနော့...။
    မိသားစုအားလုံးကျန်းမာပါစေနော့ဗျ...။

    ခင်မင်နေတဲ့
    ဏီလင်းညို

    ReplyDelete
  15. ရေးထားတဲ့စာဖတ်နေရင်းနဲ့တောင် ချောင်းဟန့်သံကြားတယ်...
    လက်ကျန် ချောင်း ထင်ပါရဲ့...

းဝ)

    ReplyDelete