Monday, January 23, 2017

အချိန်မီလေးပြန်လိုချင်

အများအမြင်မှာ အရာရာပြီးပြည့်စုံနေပေမဲ့ ပျော်နေမယ်ထင်ပါသလား
အရီအပြုံးတွေ မမှတ်မိတော့တာ အတော်ကိုကြာခဲ့ပြီ
အဆင်မပြေတာတွေ ကြုံရတဲ့ခဏ စိတ်ဓာတ်ကျငိုကြွေးနေမယ်ထင်ပါသလား
မျက်ရည်တွေခမ်းခြောက်နေခဲ့တာ အတော်ကိုကြာခဲ့ပြီ
ဘဝရဲ့ အချိုးအကွေ့ အလှည့်အပြောင်းတွေမှာ ဟန်ချက်ညီဖို့ ကြိုးစားရုန်းကန်ရင်း  ခံစားတတ်တဲ့အာရုံတွေ            ဆွံ့ အသွားခဲ့ပြီလို့ သတိထားမိတဲ့အချိန်ဟာအတော်ကိုလွန်သွားခဲ့ပြီ
ပြန်မရနိုင်တော့တဲ့နုပျိုခြင်းတွေမှာ အရာရာလွင့်ပျက် ပျောက်ဆုံးသွားခဲ့ပြီ
လွတ်လပ်စွာဟားတိုက်ရီမောခဲ့ဘူးတာ ကိုယ်မှဟုတ်ရဲ့လားလို့ ဆေးရောင်ပျံ့လွင့်နေတဲ့ ဓာတ်ပုံလေးကို အားကျစွာငေးမောနေမိတာ နာရီပေါင်းများစွာ
ဝမ်းနည်းစွာရှိုက်ငိုခဲ့ဘူးတဲ့ အတိတ်ကအရိပ်ကခပ်မှိန်မှိန်
လက်သီးဆုပ်တွေ အချိန်အတော်ကြာပြန်ဖြည်မရအောင် နာကျည်းစွာမျက်ရည်ကျငိုကြွေးခဲ့ရတဲ့ ကိုယ်က နှလုံးသားထဲကသွေးစိမ်းရှင်ရှင်ထွက်နေတဲ့ဒဏ်ရာနာကျင်မှူအတွက် မျက်ရည်တစက်မှမကျတာ  သိပ်အံ့သြစရာကောင်းမနေဘူးလား
ပြန်မရနိုင်တဲ့နုပျိုမှူတွေကို မတောင့်တမိပေမဲ့ အဆိုးအကောင်းကိုလိုက်ပြီး ခံစားတတ်တဲ့ နှလုံးသားကိုတော့ ပြန်လိုချင်မိပါတယ်
ကိုယ့်ဘဝသက်တမ်း မကုန်ဆုံးခင်လေးအချိန်မီ ပြန်လိုချင်မိပါတယ်

Rose of Sharon

6 comments:

  1. Dear Ahma,
    I encourage you to read Psalms in your trials....and that's what I did.I am still going through a lot in life it keeps me in perspective.

    ReplyDelete
  2. အသက်အရွယ်နဲ့ လိုက်လို့ ခံစားချက်တွေ ပြောင်းလာတာ ဖြစ်မှာပါ...း)

    ReplyDelete