Friday, August 29, 2014

ဘလော့ဂ်ဒေးအမှတ်တရ


( ပုံကိုGoogleမှယူပါသည်) ဘဝမှာပျော်ရွှင်စရာများစွာနှင့်ကြုံခဲ့ရဘူးသလို ဝမ်းနည်းစရာများနှင့်လည်းကြုံတွေ့ခဲ့ရဘူးပါသည်။ စိတ်ရှုတ်ထွေးခဲ့ရချိန်မှားရှိသလို စိတ်ကြည်လင်လန်းဆန်းနေခဲ့ချိန်များလည်းရှိခဲ့ဘူးသည်။ ငိုကြွေးခဲ့ရဘူးသလို ရီမောပျော်ရွှင်ခဲ့ချိန်များလည်းရှိခဲ့ဘူးပါသည်။ ဘဝမှာတွေ့ကြုံခံစားခဲ့ရသမျှ ရသပေါင်းစုံက အမှတ်တရများစွာ ရင်ထဲစွဲကျန်ရစ်ခဲ့သည်။ စွဲကျန်ရစ်သမျှ ခံစားမှုရသများစွာကို မှတ်တမ်းတင်လိုသောဆန္ဒတစ်ခုဖြင့် ဘလော့စာမျက်နှာဖွင့်ရေးသားခဲ့သည်မှာ ၅နှစ်ကျော်၆နှစ်နီးပါးပင်ရှိခဲ့ပြီ။ ထိုဘလော့လေးသည် ကျမဘဝ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထိုဘလော့လေးတွင် ကိုယ်တွေ့ဇာတ်လမ်းများ၊စိတ်ကူးယဉ်ဝထ္တုတိုလေးများ ရေးသားရင်းကုန်ဆုံးခဲ့ရသောအချိန်များကို ကျမတန်ဘိုးထားမိသည်။ အိမ်ထောင်ရှင်မတစ်ယောက်၊ရင်သွေးနှစ်ယောက်၏မိခင်မို့ အားလပ်ချိန်နည်းပါးလှသော်လည်း ရေးခါစနှစ်များမှာ အချိန်ပေးရေးသားခဲ့ဘူးသည်။ ခုတော့တိတ်ဆိတ်လာသောဘလော့ရွာလေးမှာ ကိုယ်တိုင်က မအားလပ်ခြင်းများစွာကို အကြောင်းပြုလျှက် တစ်လ တစ်ပုဒ်တောင်မှန်မှန်မရေးဖြစ်တော့။ ဘယ်လောက်ဘဲ မအားမလပ်လို့မရေးဖြစ်ကြသော်လည်း တစ်နှစ်တစ်ခါ ဘလော့ဒေးရောက်ခါနီးတိုင်းမှာ တစ်ယောက်ယောက်က နှိုးဆော်လေ့ရှိတာတော့ မပျောက်ပျက်သွားခဲ့။ ဒီနှစ်လည်းတီတင့်ကသတိတရတဂ်တာကြောင့် ဘလော့ရွာလေးပြန်လည်စည်ကားလာခြင်းကို ဝမ်းမြောက်မိပါသည်။ ကိုယ်တိုင်းလည်းနှစ်တိုင်းလိုလို အမှတ်တရတစ်ခုခုတော့ရေးဖြစ်နေလေ့ရှိသည်။ ထိုဘလော့ဒေးက ဘလော့ဂါအပေါင်းကိုနိုးထစေသလို ပုံမှန်ပြန်ရေးဖို့အားယူမိသော အမှတ်တရနေ့လေးဖြစ်သည်။ အရေးကြဲသည့်ကိုယ်က ဘလော့ဒေးအမှတ်တရပို့စ်လေးရေးပြီးတိုင်း ဘလော့မှန်မှန်ပြန်ရေးဖြစ်ဖို့ ကိုယ့်ကိုကိုယ် သတိပေးမိနေလေ့ရှိသည်။ အနည်းဆုံးတစ်လတစ်ပုဒ်တော့မှန်မှန်ရေးဖြစ်ဘို့ ဘလော့ဒေးအမှတ်တရအဖြစ်ဆုံးဖြတ်မိပါသည်။ ဒီဘလော့လေးက ကျမအသက်ရှင်နေသရွေ့အသက်ဆက်နေမည်ဖြစ်သည်။ ဘလော့ဒေးအမှတ်တရပို့စ်ကိုလည်း နှစ်တိုင်းရေးဖြစ်နေပါဦးမည်။ ခင်မင်သူဘလော့မိတ်ဆွေအပေါင်းနှင့်တကွ ဘလော့ဖတ်သူမောင်နှမများ ကျန်းမာရွှင်လန်းကြပါစေရန် ဘလော့ဒေးအမှတ်တရ ဆုမွန်ချွေလိုက်ပါသည်။ ချစ်ခင်စွာဖြင့် Rose of Sharon

13 comments:

  1. အစ်မ စာမရေးတာကြာပြီ ဘလော့ဒေးကို မှတ်မှတ်ရရလေးလာတင်ပေးတာ ကျေးဇူး..။ ညီမတို့တော့ ရေးဖြစ်မယ်မထင်ဘူး ...ဟီးး အပျင်းကြီးနေတာ...။

    ReplyDelete
    Replies
    1. လာလည်​သွာူတာ​ကျေးဇူး​နော်​ညီမ​လေး

      Delete
  2. thanks a lot for blog day post .. <3

    ReplyDelete
  3. Happy Blog Day! Ma

    ReplyDelete
  4. ဘလော့ဒေးအမှတ်တရပို့စ်လေးရေးပြီးတိုင်း ဘလော့မှန်မှန်ပြန်ရေးဖြစ်ဖို့ ကိုယ့်ကိုကိုယ် သတိပေးမိနေလေ့ရှိသည်။ ----တူတူပါပဲမနော်ရေ
    Happy Blog Day ပါရှင်

    ReplyDelete
  5. blog အမှတ်တရပိုစ့်လေး ဖတ်သွားပါသည် ... စကားမစပ် google က ကူးယူသုံးထားတဲ့ ပုံကတူတူပဲ ... ဟီးးး ...

    ReplyDelete
    Replies
    1. ဟုတ်​လားညီမ​လေး..တိုက်​တိုက်​ဆိုင်​ဆိုင်​​နော်​ :D

      Delete
  6. Blog Day Post လေး FB လင့်ခ်ကနေ လာဖတ်သွားပါတယ်အမ။ မအားပေမဲ့လည်း အိမ်ထောင်ရှင်မ မိခင်ဘ၀ရဲ့ အစိတ်အပိုင်းတွေ ရောမွှေထားတဲ့ ဇာတ်လမ်းလေးတွေ ဖတ်ချင်တယ်။ ကိုယ်တွေ့ခံစားချက်ဆိုတာက ပိုပြီးပိုလွင်တယ်လေ။ ခုလင့်ခ်သိသွားပြီဆိုတော့ နောက်ဆိုမကြာမကြာ လာလည်ဖြစ်ပါလိမ့်မယ်။

    ReplyDelete
  7. ဖောဖော..ဒေါင်းလေးရောက်ရှိကြောင်း..း)

    ReplyDelete
  8. Its like you read my mind! You appear to know a lot about this,
    like you wrote the book in it or something. I think that you can do
    with a few pics to drive the message home a little bit, but instead
    of that, this is magnificent blog. A fantastic read.
    I'll definitely be back.

    my web site :: home renovations before and after []

    ReplyDelete