Tuesday, January 15, 2013

ရန်ကုန်ပြန်ရင်စားမဲ့စာရင်း



၂၀၁၂ကုန်လို့ ၂၀၁၃ ဝင်ရင် နှစ်ဟောင်းကိုစမြုံ့ပြန်ပြီး နှစ်သစ်ကိုကြိုဆိုတဲ့ပို့စ်လေးတပုဒ်လောက်ရေးမယ်စိတ်ကူးထားပေမဲ့ စိတ်ကူးသလိုမရေးဖြစ်ပါဘူး…
                               မလေးရှားမှအိမ်ဂျယ်လေး၊မဒမ်သောမတ်စ်တို့နှင့်အမှတ်တရ


ဇန်နဝါရီ၃ရက်နေ့မှာ မလေးရှားကပြန်ရောက်ခဲ့ပါတယ်… ကွာလာလမ်ပူမှာ အသွားသုံးရက် မပြန်ခင်၃ရက် ကျွန်းပေါ်မှာ၆ရက် စုစုပေါင်း၁၂ရက် အလည်သွားခဲ့ပါတယ်… ဧည့်ဝတ်ကျေတဲ့မလေးရှားကဘလော့ဂါမောင်နှမတွေကို ကျေးဇူးအထူးတင်ပါတယ်…
မလေးရှားကပြန်ရောက်ရောက်ခြင်း ဖေဖော်ဝါရီ ရန်ကုန်ပြန်ဘို့ထပ်လှုပ်ရှားရပါတယ်…
အခုတော့ အားလုံးအဆင်သင့်…သွားမဲ့ရက်မှာလေဆိပ်ဆင်းဘို့ဘဲကျန်ပါတော့တယ်…
ဖေဖော်ဝါရီ၂ရက်နေ့ညနေမှာ ရန်ကုန်ကိုရောက်ပါမယ်…
ရန်ကုန်ရောက်ရင်ဘလော့ဂါမောင်နှမတစ်ချို့နဲ့တွေ့ဖြစ်ပါဦးမယ်…
ဖေဖော်ဝါရီ၁၀ရက်နေ့ တီတင့်အိမ်မှာ မုန့်ဟင်းခါးစားရင်း ဘလော့ဂါမောင်နှမတွေ ဆုံကြရမှာကို တွေးပြီးကြိုတင်ပျော်ရွှင်မိပါတယ်….
ရန်ကုန်ပြန်ရင်စားချင်တာတွေအများကြီးမို့ ကြိုတင်စားရင်းလုပ်ထားပါတယ်…
ဖိတ်ကျွေးမဲ့သူတွေတော့ ကျွေးချင်တာကျွေးကြပါစေလေ :D
စာရင်းအရတနေ့ကိုနည်းနည်းစီ ကျန်သွားတာမရှိရလေအောင် စုံအောင်စားမှာပါ….
ကိုယ့်ဟာကိုယ်ဝယ်စားမှာပါ… ဖိတ်ကျွေးမဲ့သူတွေကိုယ့်စာရင်းဖတ်ပြီး စေတနာပျက်သွားမှာစိုးပါတယ်…
စာရင်းလေးကတော့ဒီမှာပါ…
မုန့်လင်မယား
မုန့်ဗိုင်းတောင့်
ဓညင်းသီးအုန်းနို့ဆမ်း
ဇီးသီးလတ်လတ်ဆတ်ဆတ်
ပဲပြုတ်ထမင်းကြော်
ပဲနံပြား
တိုရှည်နဲ့ပဲဟင်း
မန္တလေးမြီးရှည်
ဝက်ဆီဖတ်
ဝက်သားဒုတ်ထိုး
ဝက်ဂေါင်းသုတ်
လှည်းတန်းဈေးအသုတ်စုံ
အကြော်စုံ
ရန်ကင်းစင်တာရှေ့ကဗယာကြော်
ကောင်းကြိုက်ဒံပေါက်
ထမနဲ
ချဉ်ပေါင်ကြော်
ပုဇွန်ဂေါင်းချဉ်ပေါင်အရည်သောက်
ဝက်သားမျှစ်ချဉ်
ဝက်နံရိုးမျှစ်ချဉ်
ဆိတ်ရိုးပဲဟင်း
ငါးဇင်ရိုင်းဆီပြန်
ကြက်တောင်ပံပဲဟင်းရည်သုတ်(ကြည့်မြင်တိုင်ညဈေးရှေ့)
ကြက်အသဲအမြစ်ပဲဟင်းရည်သုတ်
မင်းလမ်းရခိုင်မုန့်တီ
ကျော်ကြားမုန့်ဟင်းခါး
ရွှေပုဇွန်ဖာလူဒါ
ဝိုင်ကေကေအိုကြေးအိုး
စကော့ဈေးဝက်ကြာဇံ
ရန်ကင်းဈေးထမင်းကြော်
ငါးချဉ်သုတ်
ပုဇွန်ချဉ်သုတ်
ငါးသလောက်ပေါင်း
ဓညင်းသီးပြုတ်
ချဉ်ဖတ်စုံ
ငါးပိရည်ကျို
ငါးရံ့ခြောက်ဆီပြန်
ရှမ်းထမင်းချဉ်
မြိတ်ကတ်ကြေးကိုက်
ပုန်းရည်ကြီး
သရက်သီးသနတ်အစိမ်းဖောက်
နေကြာစေ့
မရမ်းပြား
ရှောက်သီးသုတ်၊ကြာဇံဟင်းခါး
မန်ကျည်းသီးထောင်း
ကင်းမုံသီးကြော်
ပဲငပိအစပ်ကြော်
ပုဇွန်ဆီ
ဝက်သားနီချက်
တို့ဟူးသုတ်
သရက်ချဉ်ကြော်
ငါးသလောက်ဥကြော်
စမူဆာသုတ်
ဓညင်းသီးဝက်သားချက်
ကြက်ဗူးသီးကာလသားချက်
ဂွေးသီးငပိချက်
ငါးပိကောင်ကင်
ကော်ပြန့်စိမ်း
ဆေးဘဲဥသုတ်
တကယ်တော့စားချင်တာတွေကျန်ပါသေးတယ်... ပြန်ရမဲ့ရက်က ၁၂ရက်ထဲမို့ ဒီလောက်နဲ့ဘဲရပ်လိုက်ပါတယ်...
ဖိတ်ကျွေးမယ်ဆိုတဲ့သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်... ဒီစာရင်းထဲကနေ ၂မျိုး သုံးမျိုးလောက်ဘဲချက်ကျွေးရင်ရပါတယ်နော် :P .. ကျန်တာတွေတချို့က သွားရင်းလာရင်း ကိုယ့်ဟာကိုယ်ဆိုင်မှာဝယ်စားမှာပါ....

ရန်ကုန်ပြန်ဖို့ရင်တွေခုန်လျှက်

Rose of Sharon






26 comments:

  1. ပျော်စရာ ခ၇ီးစဉ်ပါအမ။စားသာ စားခဲ့အမ အားမနာနဲ့. ၊:)

    ReplyDelete
  2. 12ရက်တည်းနဲ့လောက်ပါ့မလား ...အဲဒီထဲက စားချင်တာတော်တော်များများကိုလိုက်ကျွေးမယ်..ကြေးအိုး ကောင်းကြိုက် မင်းလမ်း အကုန်လုံးအိမ်နားမှာရှိတယ် မနော်ဖော..တီတင့်အိမ်မှာလဲဆုံကြမယ်...။

    ReplyDelete
    Replies
    1. လောက်အောင်အချိန်ဇယားနဲ့စားရမှာပေါ့ကွယ်...ကျေးဇူးညီမလေး

      Delete
  3. စာရင်းက တကယ့်ကို အရှည်ကြီးပါလား...၊း) ရှည်သလို အသေးစိတ် လုပ်ထားတာကိုလည်း သဘောတွေ ကျနေတာ..၊ ဥပမာ- ဗယာကြော် ဆိုတာနဲ့ မလုံလောက်ဘူး၊ ရန်ကင်းစင်တာ ရှေ့က ဗယာကြော်မှ...၊းP

    မိုက်တယ်ဗျာ..၊ အဲဒီလိုမှ မလုပ်ထားရင်လည်း ပြန်လာတဲ့အခါ စားချင်တာတွေ အမြဲ မေ့ကျန် ခဲ့လေ့ရှိတယ်နော်...။ Have a nice trip ahead, sis!!

    ReplyDelete
  4. အောင့်မြလေး..လေး
    သွားရည်တွေ ယိုလိုက်တာနော်း))

    ReplyDelete
  5. အစားအသောက်တွေဖတ်ပြီး စိုးရိမ်သွားတယ်နော်ဖောရေ။
    အစားသောင်းကျန်းလို့ နေရတဲ့ရက်တွေ တန်ဘိုးမဲ့မသွားစေအောင်တော့
    ကျန်းမာရေးဂရုစိုက်နော်။ တီတင့်အိမ်မှာ ဆုံကြမယ့် ၁၀ရက်ဖေဖော်ဝါရီအတွက်
    အခုထဲကပျော်နေပြီး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့တီတင့်... ဆုံကြရတော့မယ်နော်

      Delete
  6. စားချင်တာတွေကအများကြီးပဲ ။စာချင်တာတွေစုံအောင်စားရပါစေဗျာ ။ကျန်းမာရေးလဲ ဂရုစိုက်အုံးနော် ။

    ReplyDelete
    Replies
    1. ပေးတဲ့ဆုနဲ့ပြည့်ပါစေ ...ကျေးဇူး

      Delete
  7. သွားမယ့်နေရာတွေ မှာရနိုင်မယ့် အစားအသောက်ကို မသွားခင်ကတည်းက ကြိုစဉ်းစားရင်ကောင်းမယ်။ ဥပမာ စကော့ဈေး သွားရင် ဓညင်းသီးအုန်းနို့ဆမ်း၊ ထမနဲ၊၀က်သားကြာဇံ၊ ၀က်သားလိပ် စားမယ်၊ မင်းလမ်း မှာရခိုင်မုန့်တီ သွားစားရင် ရန်ကင်း စင်တာမှာ မှာဗယာကြော်ဝင်ဝယ် တာမျိုးပေါ့။ ခိခိ

    ReplyDelete
    Replies
    1. ဒီအကြံလေးကောင်းတယ်...ကျေးဇူး

      Delete
  8. ၁၂ရက်အတွင်း ဒီစာရင်းကို ဖြိုဖို့ဆိုရင် ကျန်းမာရေး ဒေါင်ဒေါင်မြည်မှ ဖြစ်မှာနော်..
    ပြီးတော့ တစ်မြို့လုံးနှံ့အောင် သွားနိုင်မှ ပြည့်မယ့် စာရင်း..
    ဘာပဲပြောပြော အားပေးပါတယ်..အားလည်း ကျပါတယ်..
    -m

    ReplyDelete
  9. I will wait for you. U Need me to fetch u in airport? Which flight? I will bring u to all these places. Only bring u there ...:)

    ReplyDelete
    Replies
    1. Bringing all these places is more than enough, thanks sis!

      Delete
  10. အသေအချာ စာရင်းပြုစုထားတာပါလား..Have a nice trip sis..

    ReplyDelete
  11. ဖတ်လိုက်တာဗိုက်ဆာပြီး ပြန်ချင်စိတ်တောင်ပေါက်လာပြီ။
    Have A Safe and Good Trip!!!

    ReplyDelete
  12. ဒီလိုပရောဂျက်မျိုးအတူတူဝင်နွှဲချင်လိုက်တာနော်။း)
    အိုင်အိုရာ

    ReplyDelete
  13. မရေ
    ညီမလည်း တွေးထားပီးမစားဖြစ်လိုက်တာတွေအများကြီးရယ်
    ငါးဇင်ရိုင်းရယ်ငါးပြေမဆီပြန် အဟဲ
    ရက်နည်းတာရော ပွဲရှိလို့ပြေးလွှားရတာရော
    သူငယ်ချင်းတွေနဲ့သွားတွေ့ အလုပ်ကိစ္စသွားတွေ့တာတွေနဲ့
    အပြင်စာတွေစားတာများပြီး အမေ့ဟင်းတောင်သိပ်မစားလိုက်နိုင်လို့
    ပြန်လာမှတွေးပီးစိတ်မကောင်းဘူး
    ဒီတခါတော့ စားပစ်ပလိုက်ဦးမယ်
    :D

    ReplyDelete