Tuesday, January 10, 2012

၂၀၁၂အတွက် ပထမဆုံးပို့စ်


(ပုံကို Google မှယူပါသည်)


ကုန်သွားခဲ့တဲ့၂၀၁၁ဟာ ကိုယ့်အတွက်တော့ ကောင်းခြင်းတွေကပိုများခဲ့တယ်….

မိသားစုရဲ့ ကျန်းမာရေး စီးပွါးရေးတွေလည်း အရင်နှစ်တွေထက်ပိုကောင်းခဲ့တယ်….

အိမ်ထောင်ရေးမှာလည်း နှစ်ကြာလာတဲ့အမျှ ၂၀၁၁ ထဲမှာ နားလည်မှုတွေပိုရလာခဲ့တယ်…

ခင်ပွန်းရဲ့ ဘာကြောင့်မှန်းမသိ ခေါင်းထဲမိုက်ခနဲဖြစ်ဖြစ်သွားတာဟာ တခြားရောဂါတခုခုကြောင့်မဟုတ်ဘဲ stress ကြောင့်ဖြစ်ရတယ်ဆိုတာကို ခင်ပွန်းသည်လက်ခံအောင် ဆွေးနွေးဖော်ထုတ်ပေးနိုင်တဲ့ ဆရာဝန်ကောင်းနဲ့လည်းတွေ့ဆုံခဲ့ရပြီး အနာသိသွားလို့ ဆေးရှိသွားခဲ့ရတယ်…


ရန်ကုန်မှာရှိနေတဲ့ မေမေလည်း ဆရာဝန်ရဲ့ပုံမှန်ဆေးကုသမှုခံယူရင်း အခြေအနေကောင်းအောင် ထိန်းချူပ်ထားနိုင်လို့ ဆေးရုံတက်ရတာတွေမရှိတော့ဘူး….


AaBနဲ့အတူ ကုသိုလ်ပြုအလှုတွေ တတ်နိုင်သလောက်ပါဝင်ခဲ့ရတာကိုကြည်နူးခဲ့ရတယ်….


ကိုယ်နဲ့ကိုယ့်မိသားစုအတွက် ၂၀၁၁ဟာ အရာရာကောင်းခဲ့ပေမဲ့ သဘာဝဘေးအန္တရယ်တွေတော့ နိုင်ငံအချို့မှာ ကျရောက်ခဲ့တယ်… ငလျှင်ဘေး ရေဘေး စစ်ဘေးတွေ ၂၀၁၂မှာကင်းဝေးပါစေလို့ဆုတောင်းပါတယ်…


၂၀၁၂မှာပိတ်တော့မယ်ဆိုတဲ့ Facebook လဲခုထိတော့ အိုကေနေတုန်း…

၂၀၁၂ဒီဇင်ဘာ ရဲ့ဘေးအန္တရယ် ဇာတ်လမ်းအကြောင်းလည်း ဒီနှစ်ထဲမှာ လူတွေပြောသံ သိပ်မကြားမိတော့….


ဘာဘဲဖြစ်ဖြစ် တနှစ်ကုန်လို့ တနှစ်ပြောင်းတိုင်း နှစ်ဟောင်းက မကောင်းခဲ့တာတွေကို ထားခဲ့ပြီး နှစ်သစ်ရဲ့ကောင်းခြင်းတွေကို ခံစားချင်မိတာတော့ နှစ်တိုင်းပါဘဲ…


ပိုကောင်းတာတွေတောင့်တရင်း ကိုယ်တိုင်က ပိုမိုကောင်းမွန်တဲ့ စိတ်ထားနဲ့ ပတ်ဝန်းကျင်မှာ အကောင်းဆုံးအသက်ရှင်နိုင်ဖို့ ဒီတနှစ်လည်း ကြိုးစားအသက်ရှင်သွားမှာပါ…

အကောင်းတွေကို မျှော်လင့်ရင်း အဆိုးတွေကြုံလာတဲ့အခါ ခံနိုင်ရည်ရှိတဲ့ ရင့်ကျက်မှုမျိုးကိုလည်း ကြိုးစားရယူရဦးမယ်…


အရာရာကို အကောင်းဘက်ကမြင်တတ်အောင် ကြိုးစားရင်း မထင်မှတ်တဲ့တိုက်ခိုက်မှုတွေအပေါ် စိတ်ပျက်မသွားဘဲ သင်္ခန်းစာယူနိုင်ဘို့လည်း ကိုယ့်ကိုကိုယ်လေ့ကျင့်ရမယ်…


ကဲ… ၂၀၁၂ ရေ… ကိုယ်ကတော့ ဒီနှစ်ထဲမှာ စိတ်ဓာတ်တွေပိုမိုရင့်ကျက်ဘို့ကို မျှော်လင့်ရင်း မိသားစုနဲ့အတူ ဘဝခရီးကိုလျှောက်လှမ်းလိုက်ပါဦးမယ်….

12 comments:

  1. ပိုမိုကောင်းမွန်တဲ့ စိတ်ထားနဲ့ ပတ်ဝန်းကျင်မှာ အကောင်းဆုံးအသက်ရှင်နိုင်ဖို့ ဒီတနှစ်လည်း ကြိုးစားအသက်ရှင်သွားမှာပါ-----
    အရမ်းကောင်းတဲ့စိတ်ထားလေးကို တွေ့လိုက်ရတယ်
    ၂၀၁၂ မှ အားလုံး ပြည့်စုံပါစေလို့

    ReplyDelete
  2. ၂၀၁၁ ထက် ပိုကောင်းတဲ့နှစ်ဖြစ်လာဦးမှာပါ သူငယ်ချင်းရေ ...
    သားလေး၊ သမီးလေးနဲ့ ခင်ပွန်းသည်ရော သူငယ်ချင်းတို့မိသားစုအားလုံး ၂၀၁၂မှာ ပိုလို့တိုးတက်အောင်မြင်ပျော်ရွှင်ပါစေ။

    ReplyDelete
  3. ပိုကောင်းတဲ့ မနက်ဖြန်များစွာကို မိသားစုနဲ့ အတူပိုင်ဆိုင်နိုင်ပါစေ မမနော်ရေ

    ပိုးပိုး

    ReplyDelete
  4. ပျော်ရွှင်သော ၂၀၁၂ ပါ မရို့စ်

    ReplyDelete
  5. ၂၀၁၂ မှာ ပိုကောင်းတဲ့ မိသားစုဘဝနဲ့ ပျော်ရွှင်ခြင်း သုခတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အစ်မ...

    ReplyDelete
  6. အမတို့မိသားစုအတွက်
    2012 ဟာပျော်ရွှင်ခြင်းအတိဖြစ်ပါစေလို့
    ဆုတောင်းပေးပါတယ်အမ

    ReplyDelete
  7. အရာရာကို အကောင်းဘက်ကမြင်တတ်အောင် ကြိုးစားရင်း
    သိပ်ကောင်းပါတယ်၊
    2012 မှာ မိသားစုတစ်စုလုံး ပျွော်ရွှင်အေးချမ်းပါစေ၊

    ReplyDelete
  8. ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ...။
    နှစ်သစ်မှာ အောင်မြင်မှုအပေါင်းနဲ့ ပြည့်စုံပါစေ...။
    ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

    ReplyDelete
  9. ၂၀၁၂ရဲ့ ပွဲဦးထွက်ပို့စ်လေး အားပေးသွားတယ် Rose ရေ။
    ကိုယ်စိတ်နှစ်ပါးပျော်ရွှင်အေးချမ်းစွာနဲ့ လိုအင်ဆန္ဒများပြီးပြည့်စုံပါစေ။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ မရို့ စ်

    ReplyDelete