Saturday, December 3, 2011

အလှုရှင်များသို့




ဒီသတင်းလေးကို The Voice Myanmar
မူရင်းသတင်း မှာဖတ်မိလိုက်ကြမယ်လို့ထင်ပါတယ်... ဒီခလေးလေးဟာ အသည်းရောဂါကြောင့် အခုလိုမြင်တွေ့ရခြင်းဖြစ်ပြီး အချိန်မီ အကြီးစားခွဲစိတ်မှုပြုလုပ်ရန်အတွက် ငွေကျပ်သိန်း၃၀ခန့်လိုအပ်နေပါတယ်... လောလောဆယ် အလှုငွေ၎သိန်းခန့်ရရှိထားတယ်လို့သိရပါတယ်... ဖေ့ဘွတ်စာမျက်နှာပေါ်မှာဖွဲ့စည်းထားတဲ့ AaB အဖွဲ့မှ ဘလော့ဂါများလည်း ခလေးငယ်အတွက် အလှုငွေကောက်ခံလျှက်ရှိပါတယ်... ရန်ကုန်သို့တိုက်ရိုက်လှုဒါန်းမည့်သူများ ဖုန်းနံပါတ် ၀၉၅၀၇၉၇၆၅ သို့ဆက်သွယ်လှုဒါန်းနိုင်ပြီး AaB( All about Bloggers) မှတဆင့်လှုဒါန်းလိုသူများ comment မှာ ဆက်သွယ်ရန် အီမေးလ်လိပ်စာများချန်ထားပေးခဲ့ကြပါက လှုဒါန်းရန်အသေးစိတ်အချက်အလက်များကို အီးမေးလ်နဲ့ပို့ပေးပါမယ်ရှင်...

ကိုယ့်အတွက် ကိုယ်သုံးမဲ့ထဲက နည်းနည်းလေးဖဲ့လှုပြီး အသက်တစ်ချောင်းကို ကယ်တင်နိုင်လိုက်မယ်ဆိုရင် အဲဒီအတွက် ခံစားရတဲ့ကြည်နူးပီတိဟာ ဘာနဲ့မှနှိုင်းယှဉ်လို့မရနိုင်ပါဘူး...
စာဖတ်သူ ဘလော့လာလည်သူမောင်နှမများ စေတနာစိတ်ရှေ့ထားပြီး ဒီခလေးလေးအတွက် လှုဒါန်းနိုင်ကြစေရန်ရည်ရွယ်လျှက်.....

6 comments:

  1. ရေဖျဉ်း စွဲနေတာ ..ဒီလောက်ကြီး တင်းနေတော့ နေရခက်မှာပဲ ။ ဘယ်ဆေးရုံ မှာ ခွဲရမှာ လည်း။
    ကလေး နာမည် ။ အသက် ။ နေရပ်လိပ်စာ သိလား ။ ရန်ကုန် ကလေးဆေးရုံကြီးမှာ ဆိုရင်တော့ သူငယ်ချင်းကနေတဆင့် လှူပေးမလို့ပါ ။ အပေါ်က ဖုံးနံပတ်ဆက်ပြီး ဘယ်သူ့ ကို ရှာရင်ရမလည်း နော် ။ ဖုံးပိုင်ရှင် နာမည် ပါ သိရရင် ကောင်းမယ် မရှလွတ်ရေ ..
    အိမ်ကလူတွေကို ဆက်သွယ်ခိုင်းမလို့ ပါ ။

    ReplyDelete
  2. Kiရေ... အပေါ်က The Voice Myanmar ကို ကလစ်လိုက်ရင် အဲဒီမှာ သတင်း အသေးစိတ်သိရလိမ့်မယ်... ကလစ်ပြီးဖတ်ကြည့်လိုက်နော်...

    ReplyDelete
  3. အင်း... သူ့ ဘဝကလဲ သနားစရာဘဲနော် အစ်မ...
    တတ်နိုင်သလောက် ကူညီကြတာပေါ့...

    ReplyDelete
  4. paypal account နဲ့ အလျှူခံရင် လျှူရတာ အဆင်ပြေတယ်။

    ReplyDelete
  5. ညီရဲရေ...ကျေးဇူးနော်
    Anonymous... AaB မှာ Paypal နဲ့လက်ခံပေးပြီး တဆင့်ပြန်လွှဲပေးတဲ့သူရှိပါတယ်...

    ReplyDelete
  6. ပြန်လည်မျှဝေပေးပါ့မယ်...ညီမရေ..။

    ReplyDelete