Friday, December 9, 2011

စကာင်္ပူသို့ နောက်တခေါက်


စကာင်္ပူသွားဘို့အတွက် အောက်တိုဘာလထဲကကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်… ဒီဇင်ဘာလမှာဟိုတယ်တွေအခန်းပြည့်တတ်တာမို့ ဟိုတင်ဘွတ်ကင်အတွက် အရင် စလှုပ်ရှားရတယ်… ခင်ပွန်းသည်ရော ခလေးတွေပါ နှစ်သက်အဆင်ပြေမဲ့ ဈေးနှုန်းလည်း သင့်တဲ့ဟိုတယ်ကိုရှာရပါတယ်… အကြိုက်တွေ့တဲ့ ဟိုတယ်ရဲ့လိပ်စာရှာ ဆက်သွယ်ပြီးမှ ယောက္ခမမောင်နှံက သူတို့လဲစကာင်္ပူလာခဲ့မယ် ဆိုတော့ ဘွတ်ကင်ကို ပြန်ပြင်ရပါတယ်… ဒါနဲ့တင်မပြီး၊ မလေးရှားက မလ္လကာကိုလည်း နှစ်ရက်သွားလည်ဦးမယ်ဆိုတော့ အဲဒီအတွက် ဟိုတယ်ရှာရပြန်ရော… ဟိုတယ်ဘွတ်ကင်ပြီးတော့ လေယာဉ်လက်မှတ်ဘွတ်ကင်တင်ပြီးသားကိုငွေချေပြီး E Ticket ကို ပရင့်ထုတ် မိတ္တူကူးပြီး စကာင်္ပူဗီဇာလျှောက်ရပါတယ်… မလေးဗီဇာလဲယူရဦးမှာမို့ စကာပူဗီဇာကို အရင်လျှောက်တာလိုက်တာ ဗီဇာလည်းရရော ကိုယ်မလေးကနေ စကာင်္ပူကို ပြန်ဝင်မဲ့နေ့က E Visa ထဲမှာ valid မဖြစ်တော့ဘူး… သံရုံးကိုပြန်ပြောပြတော့ စကာင်္ပူရောက်မှ extention ထပ်လုပ်လိုက်ပါတဲ့… ကိုယ်ကတော့ အရင်လို သုံးလအတွင်း valid ဖြစ်မယ်ထင်လို့ ကြိုလျှောက်လိုက်တာ အခု တစ်လအတွင်းဘဲ valid ဖြစ်တော့ အလုပ်ကတော့ ရှုတ်ရဦးမယ်…
စကာင်္ပူဗီဇာကလျှောက်ရတာ အဆင်ပြေလွယ်ကူပေမဲ့ မလေးဗီဇာက ဟိုတယ်ဘွတ်ကင်နဲ့လေယာဉ်လက်မှတ်တင်မကဘူး… တခြား အထောက်အထားတွေပါပေးရတယ်… သူတို့တောင်းတာတွေ ကိုယ်ပေးနိုင်လို့သာ ဗီဇာပေးတာ… ကိုယ်သွားလေရာ အမြဲခေါ်နေကျ ကိုယ့်ရဲ့အိမ်အကူအတွက်တော့ ဗီဇာမရဘူး… သူ့ကို စကာင်္ပူမှာဘဲနှစ်ရက်ထားခဲ့ရတော့မှာ…
အားလုံးအဆင်သင့်ဖြစ်နေပေမဲ့ အရင်တခေါက်လို ဘလော့ဂါသူငယ်ချင်းတချို့နဲ့တော့ တွေ့ဖြစ်တော့မယ်မထင်ဘူး… ဖုန်းဆက်ပြီးတော့ဘဲနှုတ်ဆက်မယ်လို့ စဉ်းစားထားပါတယ်… အလှုအတွက်ပိုက်ဆံစိုက်ပေးထားတဲ့ ကြွေးရှင်ညီမလေးနှစ်ယောက်နဲ့တော့ တွေ့ဖြစ်မှာပါ… တခြားမောင်နှမတွေနဲ့တွေ့ဘို့ကတော့ အခြေအနေအရပါဘဲ… ယောက္ခမမောင်နှံက တကောက်ကောက် ပါမှာမို့ ကျမဆန္ဒရှိသလို ကျမရဲ့ဘလော့ဂါမောင်နှမတွေနဲ့ မတွေ့ဆုံနိုင်ရမှာကိုတော့ စိတ်မကောင်းပါဘူး… ကျမမှာဖုန်းနံပါတ်ရှိတဲ့ မောင်နှမတွေကိုတော့ ကျမဖုန်းဆက်ပြီးနှုတ်ဆက်မှာပါ…

ရှော့ပင်းစန်တာနဲ့ ကစားကွင်းတွေမှာ ခလေးနှစ်ယောက်လက်တွဲထားတဲ့ မျက်လုံးပြူးပြူး နှုတ်ခမ်းထော်ထော် ဗိုက်ပူပူ မိန်းမတစ်ယောက်ကိုတွေ့ရင် တော့ ကျမပါဘဲ…လှမ်းခေါ်လိုက်ပါနော်…း))

18 comments:

  1. အစ်မ စင်ကာပူကို ဘယ်နေ့ လာမှာလဲ...
    ရောက်တုန်း ရောက်ခိုက် ဘလော့ဂါ မိတ်ဆွေတွေနဲ့ အေးအေးဆေးဆေးလေး တွေ့ သွားနိုင်ရင် ကောင်းတာပေါ့ အစ်မ... တစ်ခေါက်တစ်ခေါက် လာဖို့ က လွယ်တာမှ မဟုတ်တာကို...

    ReplyDelete
  2. အလည်ေ၇ာက်ခဲ့ပါတယ်..မကြာခဏ ဆိုပေမယ့်
    အခုမှစာေ၇းဖြစ်သွားပါတယ်....
    မိသားစုနဲ့ ပျော်ရွှင်ဖွယ်ခရီးတစ်ခုဖြစ်ပါစေ။

    ReplyDelete
  3. မိသားစုနဲ့ တပျော်တပါး ခရီးထွက်ဖြစ်ဦးမယ် ဆိုတော့ ကောင်းတာပေါ့၊ (အဲ.. ယောက္ခမတွေ ပါတာလည်း တစ်ကဏ္ဍပေါ့လေ)း) Have a safe and mercy trip..!

    ReplyDelete
  4. မိသားစုနဲ့ ပျော်ရွှင်ဖွယ်ခရီးတစ်ခုဖြစ်ပါစေ။
    KOALA

    ReplyDelete
  5. ကိုအောင်(ပျူနိုင်ငံ)December 10, 2011 at 5:50 AM

    ရေးချင်သလို ရေးလည်း ဖတ်လို့ကောင်းသည် ...း)

    ReplyDelete
  6. ကလေးလေးတွေက ဘလော့ထဲကပုံလေးတွေ ကြည့်ရင်းနဲ့ကို တဖြည်းဖြည်းကြီးလာကြတယ် မောင်နှမ၂ယောက်လုံးချစ်ဖို့ ခဏခဏလာကြည့်တယ် ..... ပျော်ရွှင်ဖွယ်ရာစင်္ကာပူခရီးစဉ် ဖြစ်ပါစေ အမ...

    ReplyDelete
  7. လာလည်သွားတယ်နော် အမ ..စလုံးရောက်ရင် အချိန်မရွေး လာလည်ပါနော် ..သတိရရင်ခေါ်လိုက်ပါ

    မဒိုးကန်

    ReplyDelete
  8. မမရေ.. တွေ့ချင်သေးတယ်.. ဟိုတခါက ဘာမှမကျွေးလိုက်ရဘူး..

    ReplyDelete
  9. ပျော်ရွှင်သော ခရီးဖြစ်ပါစေ..

    ReplyDelete
  10. ခရီးသွားအပြန် ပိုစ့်လေးတင်ပေးပါဦးအမ

    ReplyDelete
  11. ရှင်ကျားပူမှ နောက်တစ်ကြိမ် လှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျား.....။

    ReplyDelete
  12. ဘာပဲပြောပြော ခရီးထွက်တာ ကောင်းပါတယ်...အတွေ့အကြုံသစ်နဲ့ စိတ်သစ် လူသစ် ဖြစ်သွားတာပေါ့..
    ခင်တဲ့
    အိမ်မက်

    ReplyDelete
  13. မိသားစုနဲ့ ပျော်ရွှင်ဖွယ်ခရီးတစ်ခုဖြစ်ပါစေ။

    ReplyDelete
  14. Rose ရေ။ စင်္ကာပူရောက်ရင် ဘလော့ဂါတွေနဲ့ ဆုံဖြစ်အောင်
    ဆုံလိုက်နော်။ အားလုံးက ချစ်ဖို့ကောင်းပြီး နွေးနွေးထွေးထွေးရှိကြတယ်။
    ပျော်ရွှင်ဖွယ်ခရီးလေးဖြစ်ပါစေနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  15. ပျော်ရွှင်ဖွယ်ရာ ခရီးဖြစ်ပါစေ။ ကလေးလေးတွေ နှစ်ယောက်စလုံးက အရမ်းချစ်ဖို့ ကောင်းတာဘဲနော်။ အရမ်းထွားလာကြတယ်။ နောက်မှ ဓါတ်ပုံလေးတွေနဲ့ တင်ပေးပါအုံးနော်။

    ReplyDelete
  16. နာတယ်ကွာ....ညီမလေးက စင်္ကာပူကမဟုတ်တာ...မဟုတ်ကို မမကို လိုက်ရှာနေမှာ...:):) မမရေ ပျော်ရွင်ဖွယ်ခရီးစဉ်လေး ဖြစ်ပါစေလို့..ဆန္ဒပြုရင်း..

    ReplyDelete
  17. ဖြစ်နိုင်ရင် ဘလော့ဂါတွေနဲ့ ဆုံလိုက်ပါ အမရေ... နော်ဆို အရမ်းဆုံချင်တာ... :)
    ပျော်ရွှင်သော ခရီးစဉ်ဖြစ်ပါစေဗျာ။

    ခင်လျက်

    ReplyDelete
  18. ကလေးလေးတွေ နှစ်ယောက်စလုံးက အရမ်းချစ်ဖို့ ကောင်းတာဘဲနော်။
    ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ခရီးလေးဖြစ်ပါစေလို့

    ReplyDelete