Saturday, November 12, 2011

ရောင်စုံလူသားများနှင့်ကမ္ဘာ


ရောင်စုံကမ္ဘာကြီးပေါ်မှာရောင်စုံလူသားများနေထိုင်လျှက်ရှိကြသည်… ကောင်းကင်သည် မိုးရွာပြီးစအချိန်မဟုတ်ဘဲနှင့် တချိန်လုံးသက်တံ့ရောင်စဉ် ဖြာတန်းလျှက်ရှိသည်… အပင်များကလည်းရောင်စုံအပင်များဖြစ်၍ တပင်ထဲမှာပင် ပင်စည်ကအနီရောင် အကိုင်းများကမဲနယ်ရောင် အခက်တွေကအညိုရောင် အရွက်တွေကအပြာရောင် အပွင့်တွေက တပွင့်ထဲမှာတွင် ပွင့်ဖက်တွေကရောင်စုံ အသီးတွေကလည်း တစ်လုံးထဲမှာ အရောင်စုံတွေ့ရသည်…
ရောင်စုံကမ္ဘာပေါ်ရှိလူများ၏မျက်နှာတွေကလည်း အရောင်အမျိုးမျိုးကွဲပြားလျှက်ရှိသည်… ဆံပင်ကတစ်ရောင် ခြေထောက်ကတစ်ရောင် လက်ကအရောင်ကလဲတမျိုး မျက်လုံးအရောင်ကလဲတစ်မျက်နှာထဲမှာတင် တဖက်နှင့်တဖက်အရောင်မတူကြ..
တိရိစ္ဆာန်တွေကလဲကိုယ်လုံးပေါ်မှာရောင်စုံအရောင်များတင်မက မျက်နှာ ခြေ လက် နားရွက် နှာခေါင်းတို့ကလည်း အရောင်ကွဲပြားကြသေးသည်..
ရောင်စုံလူသားများ ရောင်စုံမြေကြီးပေါ်မှာ သွားလာလျှက်ရှိသည်… ရောင်စုံခလေးငယ်များ ရောင်စုံ ရောင်စုံရေမြေပေါ်တွင် ရောင်စုံကစားစရာများနှင့် ဆော့ကစားလျှက်ရှိသည်… ရောင်စုံငှက်လေးများ ရောင်စုံကောင်းကင်ထက်တွင် ပျံသန်းလျှက်ရှိသည်… ရောင်စုံတိရိစ္ဆာန်များ ရောင်စုံအပင်များရှိသော ရောင်စုံသစ်တောထဲတွင် ကျင်လည်လျှက်ရှိသည်… ရောင်စုံကမ္ဘာနှင့် ရောင်စုံသက်ရှိသက်မဲ့များ သဟဇာတဖြစ်နေကြသည်…
တနေ့…. ရောင်စုံလူသားများပုံမှန်ကျင်လည်သက်ရှင်သွားလာနေသောထိုတနေ့တွင် ဝုန်းဆိုသော အသံကြယ်ကြီး မြည်ဟီးလျှက် ရောင်စုံကမ္ဘာကြီး ရုတ်တရက်မှောင်အတိကျသွားလေတော့သည်… ရောင်စုံလူသားများ ဘာဆိုဘာမှမမြင်ရတော့… အော်ဟစ်ငိုယိုသံများ ရုတ်ချည်းဆူညံသွားတော့သည်… ရောင်စုံမိဘများက မိမိတို့၏ရောင်စုံသားသမီးများ၏နာမည်များကိုအော်ခေါ်ပြီး သူတို့ရှိရာသို့လာခိုင်းသောအသံများ… ရောင်စုံသားသမီးများ၏ရောင်စုံမိဘများ၏နာမည်များကိုအော်ခေါ်လျှက်ငိုကြွေးနေသံများဖြင့်ဆူညံနေတော့သည်… ဆူညံနေသောအသံများ… လှုပ်ရှားရုန်းကန်သံများ… ထိခိုက်ပြိုလဲသံများ ဖြင့်ရောင်စုံကမ္ဘာကြီး မှောင်အတိကျပြီး နာရီအတော်ကြာသောအခါ ရုတ်တရက် အလင်းတန်းတခုဖြတ်ခနဲပေါ်လာလျှက် ဆူညံသံများရုတ်ချည်းတိတ်ဆိတ်သွားသည်… ထို့နောက် ရောင်စုံလူသားများ အရာအားလုံးအားပြန်လည်မြင်တွေ့နိုင်လာသည်… ရောင်စုံလူသားများ ပျော်ရွှင်စွာအော်ဟစ်သံများဖြင့် ခေတ္တခဏပြန်လည်ဆူညံသွားပြန်သည်… ဆူညံသံများခဏလေးမှာပင် ပြန်လည်ရပ်တန့်သွားသည်… အဘယ်ကြောင့်ဆိုသော် ရောင်စုံလူသားများရပ်တည်နေသောကမ္ဘာကြီးသည် ရောင်စုံကမ္ဘာကြီးမဟုတ်တော့… ကောင်းကင် နှင့် မြေကြီးသည် အဖြူရောင် ဆွတ်ဆွတ် အဖြူရောင်ကမ္ဘာကြီး အဖြစ်သို့ပြောင်းလဲသွားသည်ကို ရောင်စုံလူသားများ အံ့သြမှင်သက်လျှက် ....
ရောင်စုံလူသားများ ပုံမှန်ပြန်လည် အသက်ရှင်လှုပ်ရှားကြရန် အင်တိုက်အားတိုက် ကြိုးစားကြသော်လည်း ပုံမှန်အခြေအနေသို့ ပြန်မရောက်နိုင်ကြ… မိမိတို့နှင့် အသားကျနေပြီးဖြစ်သော ရောင်စုံကမ္ဘာကြီးကိုသာ တမ်းတလျှက် တိတ်ဆိတ်စွာ… အဖြူရောင်ကမ္ဘာကြီးကတော့ ဖြူဖွေးကြည်လင်လျှက် … ရောင်စုံလူသားများကတော့ ရောင်စုံကမ္ဘာကြီးကိုသာတမ်းတလျှက်…. နောက်ဆုံးတော့ ရောင်စုံလူသားများသည် မိမိတို့နှင့် အသားကျပြီးသောရောင်စုံကမ္ဘာကြီးကို ရှာဖွေရန်၊ ရောင်စုံကမ္ဘာကြီးနှင့် ဆင်တူယိုးမှား အရောင်များရှိသော ကမ္ဘာသစ်တခုအား ရှာဖွေရန် အဖြူရောင် ကမ္ဘာကြီး ပေါ်မှ တရွေ့ရွေ့ထွက်ခွါသွားကြလေတော့သည်…

10 comments:

  1. ရောင်စုံလူသားများနှင့်ကမ္ဘာအကြောင်းကို ရောင်စုံဒဿနလေးတွေနဲ့ ဖော်ညွှန်းသွားတာလေး ဖတ်သွားတယ် Rose ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. it's so high thinking for me.
    Me don't understand anymore, hee hee ! but very good writing, can't deny that.

    one of your readers
    Mya Yee

    ReplyDelete
  3. ဖတ်ပြီးသွားတဲ့အချိန်မှာ အတွေးတွေအမျာကြီး တွေးဖြစ်သွားတယ်။ အပေါ်ယံကြည့်လိုက်ရင် သာမာန် စိတ်ကူးယဉ် အကြောင်းအရာတစ်ခုလိုထင်ရပေမယ့် ဖတ်ရင်းဖတ်ရင်း အတွေးနက်နက်တွေကိုပေးနိုင်တဲ့ စာလေးပဲ။ အရမ်းကောင်းတယ်ညီမ..

    ReplyDelete
  4. အတွေးတခုခုတော့ ရှိမှာပဲ။

    ရေးထားတဲ့ စတိုင်လ်ကို သဘောကျမိတယ်။

    ReplyDelete
  5. အရောင်တွေကြားထဲက ခပ်ဒန်ဒန် ပို့စ်ပါလား၊း)
    ကြည့်ဖူးတဲ့ ကာတွန်းကားလေး သွားသတိရတယ်ဗျ၊ အဲဒီထဲမှာတော့ ဓါတုမိုး ရွာလိုက်လို့ အရောင်တွေအားလုံး ကျွတ်ကျသွားတာ....။

    ReplyDelete
  6. အန်တီတင့်၊မြရီ၊မအိမ်သူ၊ပိုးပိုး၊အပြုံးပန်း၊ညီလင်းသစ်တို့ကို ကျေးဇူးတင်ပါတယ်နော်...

    မအိမ်သူ... အတွေးနက်နက်တွေးပြီး ဖတ်ပေးသွားတာကျေးဇူးပါနော်..

    အပြုံးပန်း.. အတွေးတခုခုရှိပါတယ်.. ကျေးဇူးတင်ပါတယ်..

    ညီလင်းသစ်... အတွေးလွန်သွားပြီး ဒန်မိသွားတယ်... :D

    ReplyDelete
  7. အရောင်တွေကြားထဲမှာ တစ်ကယ်အတွေးလွန်စေတယ်မမ..:):)

    ReplyDelete
  8. ရောင်စုံကမ္ဘာထဲမှ
    ရောင်စုံလူသားတစ်ယောက်
    ရောင်စုံစာလေးများ ဖတ်သွားပါတယ်။
    အဖြူရောင်ကမ္ဘာကြီးဆီ သွားဖို့ လမ်းပြပေးပါ...။

    ReplyDelete
  9. ညီမလေးအိန်ဂျယ်လှိုင်... လာလည်သွားတာကျေးဇူးနော်...
    မြသွေးနီ... ကိုယ်လဲရောင်စုံကမ္ဘာထဲက ရောင်စုံလူသားတစ်ယောက်ပါဘဲ...

    ReplyDelete