Friday, February 11, 2011

ဟစ်တိုင်


တခါတလေတော့လည်း စိတ်ရှိလက်ရှိပြောချင်တာတွေ ပြောလိုက်ချင်သား… ဒါပေမဲ့ အသိုင်းအဝိုင်းနဲ့ နေတဲ့သူမှာ ထိန်းချူပ်ရတာတွေက အများသား… ဟစ်တိုင်တခုလောက် သတ်သတ်မှတ်မှတ်ထားလိုက်ချင်ရဲ့… ဘယ်သူမှ သိဖို့ ကြားဖို့မလိုပါဘူး… ရင်ထဲမှာပေါ့ပါးသွားရုံလေးပါ… ပြောချင်တာမပြောရ လုပ်ချင်တာတွေ မလုပ်ရတဲ့အခါ ဘဝရဲ့ ရပ်တည်မှုက အဓိပ္ပါယ်မဲ့လွန်းနေသလား…. ဟန်မဆောင်တတ်လို့ စိတ်ထဲရှိတာတွေဘဲ ပြောဘို့ အားယူမိတုန်း ကိုယ်တစ်ယောက်သာမြင်နိုင်တဲ့ လက်ဖဝါးတစ်ခုက လက်ခါပြတဲ့ အခါ ကိုယ်ဆွံ့အသွားရပြန်တယ်… လိမ်ညာမပြောချင်သူမို့ လိမ်ပြောကြသူ အသိုင်းအဝိုင်းမှာ ကိုယ်ဟာ တေမိ… မရှိတာတွေ အရှိလုပ် မဟုတ်တာတွေ အဟုတ်လုပ် တစ်ယောက်လိမ်တာကို တလှည့်စီယုံကြဘို့ သစ္စာဆိုထားကြသူတွေ အလည်မှာ ကိုယ်ဟာ သိုးမည်းတစ်ကောင်… အမှန်တရားကို မှောက်သွန်ချ အမှားတွေကို ပန်ဆင် ပြီး တလှည့်စီ မြှောက်ပင့်နေကြတဲ့ အခါ အဝေးက ဟစ်တိုင်တစ်ခုကို တောင့်တမိခဲ့… နည်းပညာတွေတိုးတက်လာသလို အလိမ်အညာလက်မှတ်တုတွေ ပေါများလာတဲ့အခါ လက်မှတ်စစ်ကိုင်ဆောင်သူကို သံသယမျက်လုံးများနဲ့ ပစ်ခတ်ကြ…အဲဒီအခါ အကြိမ်ကြိမ်တမ်းတမိတဲ့ ဟစ်တိုင်တစ်ခုကို စိတ်ကူးထဲမြင်ယောင်ကြည့်မိ… ဟစ်တိုင်ဟာ အဝေးတစ်နေရာက လူသူကင်းဝေးတဲ့နေရာဖြစ်ရမယ်…. လူစည်ကားရာမှာ ဟစ်တိုင်ရှိနေရင် အဲဒီဟစ်တိုင်ဟာ အမှန်တရားတွေ ရင်ဖွင့်ရာနေရာ တစ်ခု မဖြစ်နိုင်ဘူး… သူများကြားအောင် လိမ်ညာအော်ဟစ်ရင်း အမည်းရောင်မုသားတွေနဲ့ ပေရေနေတဲ့ ဟစ်တိုင်ဖြစ်သွားနိုင်တယ်… ဘယ်သူမှ မရှိတဲ့နေရာ ဘယ်သူမှမကြားနိုင်တဲ့နေရာ… ဘာမှမတုန့်ပြန်မဲ့ ဟစ်တိုင်တစ်ခု ရင်ထဲပေါ့ပါးသွားရုံလေး နှစ်သိမ့်မှုပေးတဲ့ ဟစ်တိုင်တစ်ခု ရှာနေဆဲ ရှာနေရင်း….

16 comments:

  1. ကမ်းခြေကိုရောက်တဲ့အခါ အကောင်းဆုံးဟစ်တိုင်ဖြစ်တဲ့ ပင်လယ်ကြီးကို အော်ပြီး တိုင်တည်ကြည့်ပါလား မရို့စ်.. မြေခွေးပေါသော အတုအယောင်ပါတ်ဝန်းကျင်ကနေ လွတ်ကင်းပြီး ငြိမ်းအေးမှုကို ရှာတွေ့နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်..

    ReplyDelete
  2. ဘလော့ဂ်ကို ဟစ်တိုင်လို့ သဘောထားလိုက်ပါလား။ တို့လည်း မနေ့က စိတ်တိုစရာတခုကြုံလို့ ရေးဖို့စဉ်းစားသေးတယ် :)

    စူးနွယ်လေး

    ReplyDelete
  3. အဲဒီလို ဟစ်တိုင်မျိုး ရှာတွေ့ခဲ့ရင် ပြောပါနော်...
    တို့လဲ ပြောစရာတွေ ရှိနေတယ်...း))

    ReplyDelete
  4. ကျေးဇူးမိုးစက်ပွင့်...
    ရေးပြီးရင် လာဖတ်မယ်စူးနွယ်...

    rose of sharon

    ReplyDelete
  5. ပြောမယ် မသက်ဝေ...

    rose of sharon

    ReplyDelete
  6. ဖဘ နဲ့ မလုံလောက်တော့ဘူးလား..း)
    ဒါမှ မဟုတ်..စဉ့်အိုးတလုံး ၀ယ်ထားလေ..
    နောက်တာနော်.. ပျော်အောင်..း)

    ReplyDelete
  7. ကေနောက်လို့ပျော်သွားပါတယ်... :)

    ReplyDelete
  8. ဟစ်တိုင်တခု အသည်းအသန် လိုအပ်လာတိုင်း.. လိပ်ကလေး လိုပဲ ခေါင်းခြေလက် တွေ ဝှက်ပြီး အခွံလေးထဲမှာပဲ အော်ပစ်လိုက်တယ်... ဖောရေ...း((

    ReplyDelete
  9. ငါ့သူငယ်ချင်းလေး ခြင်ဘဝကနေ လိပ်ခလေးလဲ တခါတလေ ဖြစ်သွားသေးတယ်ပေါ့...

    Rose of sharon

    ReplyDelete
  10. စီဘောက်ကို ဟစ်တိုင်လုပ်ပြီး အော်ဟစ်နေတာ ဒီက
    ကူးလာပေးတယ်

    11 Feb 11, 10:11
    S-C: ဘလော့ဂ်မရှိရင် အသက်မရှင်ချင်ဘူး ❤♫ အချစ်ရယ် မနေ့က ငါသေဆုံးသွားခဲ့တယ်...♪ ♪ ♪
    11 Feb 11, 10:12
    S-C: ♫♫♫ စိတ်ညစ်လို့ အရက် ကို သောက်တယ်...♪♪♪ အရက်သောက်တော့ စိတ်ပိုညစ်တယ် ♫♪...အေ့
    11 Feb 11, 10:15
    S-C: ♫♪ တနေ့နေ့တော့ ဖြစ်လာလိမ့်မည်...♪ ♫♪ ♪ သို့သော် ဘယ်နေ့မှန်းမသိ... စောင့်ရရက်သာ ကြာခဲ့ပါပြီ ... :( :cry: :zonked:
    11 Feb 11, 10:18
    S-C: ♫♪ ၀ဲကုတ်ရင်း သီချင်းဆိုမယ် ♫♪ ငှက်ကလေးများလို ကွယ်...♫♪ :cool:
    11 Feb 11, 10:19
    S-C: အို ♫♪ ..ခရီးသွားရင်း သီချင်းဆိုမယ်...♫♪

    ReplyDelete
  11. ဟားဟားရီရတယ်... မသီတာကတော့လေ...

    Rose of sharon

    ReplyDelete
  12. စဉ့်အိုးကြီးထဲခေါင်းဝင်ပြီး၇င်ဖွင့်တဲ့အမတ်ကြီးလိုတော့မလုပ်နဲ့နော်..ဟဟ

    ReplyDelete
  13. ဘ၀ထဲက သင်ခန်းစာတွေပေါ့ သူငယ်ချင်း...

    ReplyDelete
  14. စိတ်ညစ်ရင် သီချင်းကို ခံစားချက်အပြည့်နဲ့ အော်ဆိုကြည့်ပါလား...ယူက သိုးမည်းမဟုတ်ပါဘူး..သိုးမည်းတွေကြားထဲက သိုးဖြူပါ..တို့လဲ ဒီလိုပဲ လိမ်ညာ၊မြောက်ပင့်၊မဟုတ်မှန်းသိရဲ့နဲ့ဟန်ဆောင်ယုံပြနေကြတဲ့လူတွေကြားမှာ အသက်ရှုတွေကျပ်နေခဲ့ဖူးတယ်...ကိုယ်ချင်းစာပါတယ်..ပျော်ရွှင်ပါစေနော်..

    ReplyDelete
  15. နည်းပညာတွေတိုးတက်လာသလို အလိမ်အညာလက်မှတ်တုတွေ ပေါများလာတဲ့အခါ လက်မှတ်စစ်ကိုင်ဆောင်သူကို သံသယမျက်လုံးများနဲ့ ပစ်ခတ်ကြ…အဲဒီအခါ အကြိမ်ကြိမ်တမ်းတမိတဲ့ ဟစ်တိုင်တစ်ခုကို စိတ်ကူးထဲမြင်ယောင်ကြည့်မိ.........

    Inn, Sharon. I am also finding this place. Believe most people love the truth but forget to be truth.:).....

    ReplyDelete
  16. လူတွေက တဖြည်းဖြည်းနဲ့ ငွေရဲ့ကျေးကျွန်တွေဖြစ်မှန်မသိဖြစ်နေပြီ၊ လူက ငွေကို ခိုင်းရမယ့်အစား၊ ငွေက လူကို ပြန်ခိုင်းနေတယ်၊ သြော် လူတွေ ဘယ်တော့များမှ လောဘ တွေကုန်းခမ်းသွားမလဲမသိဘူးနော်

    ReplyDelete