Saturday, January 15, 2011

ပျောက်ဆုံး


သတိတွေထားပြီးပြောနေစရာမလိုတဲ့စကားတွေ
တဝကြီးပြန်ပြောနေချင်မိ
လူတွေဘာကြောင့်များ
ငယ်ရာကကြီးလာရပါလိမ့်
စိတ်အလိုမကျတိုင်း
နေရာမရွေးအော်ငိုချင်တယ်
ကိုယ့်ကိုစိတ်အနှေက်အယှက်ပေးသူတွေကို
တွေ့ရာနဲ့ပြေးထုချင်တယ်
ဘာဘဲလုပ်လုပ် ခလေးမို့ဆိုတဲ့အတွေးတွေနဲ့
ခွင့်လွှတ်ခြင်းတွေရချင်တယ်
ခုတော့
စကားအပြောအဆိုတွေ
ဆင်ခြင်နေရ
စိတ်ထဲမပါလဲ
ပြုံးပြနေရ
စော်ကားခံရတိုင်းလဲ
မြိုချနေရ
သြော်…….
စိတ်လွတ်လပ်မှုတွေပျောက်ဆုံးနေရ
ငါ့ဘဝ။

1 comment:


  1. စော်ကားခံရရင်တော့ မျိုမချနဲ့
    စိတ်သေတယ်
    လူပင်ပမ်းတယ်
    ညီမကတော့ထင်တယ်
    ပထမဦးဆုံးစော်ကားလာတဲ့ခြေတလှမ်းကို အားမနာပဲ ရဲရဲဝံ့ဝံ့တားဆီးကာကွယ်ခုခံပလိုက်မှ
    မဟုတ်ရင် တဲရှင်ကို အပြင်ထုတ်ပြီး တဖြည်းဖြည်းနေရာဝင်ယူလိုက်တဲကကုလားအုတ်ပုံပြင်လို
    တဲရှင်ဖြစ်သွားမှာ
    ဒါပေမဲ့ ညီမလည်းတချို့နေရာအားနာတတ်တော့ ကိုယ်မသိလိုက်တဲ့အခိုက်မှာ ကိုယ်က စိတ်ညစ်နေရပြီး တဲတပိုင်းအပြင်ရောက်နေတာမျိုးတွေအများကြီးကြုံဖူးတယ်
    :)))

    ReplyDelete