Tuesday, June 8, 2010

ကတိ

တန်ဘိုးကြီးမြတ်တဲ့
ဖေဖေ့ရဲ့ချစ်မေတ္တာတွေ
ဘယ်အခြေအနေရောက်ရောက်
မေ့ပျောက်နိုင်မယ်မထင်.....
မျှော်လင့်တောင့်တခဲ့ရတဲ့
မေမေ့ရဲ့မေတ္တာတရားတွေ
ဒီအချိန်များမှာတောင်
ယောင်မှားစွာကိုယ့်ဘက်မပါခဲ့.....
ဘာဘဲဖြစ်ဖြစ်ပေါ့လေ
ဖေဖေသိပ်ချစ်ခဲ့တဲ့
သူ့ချစ်သူမေမေ့ကို
ဖေဖေချစ်ခဲ့သလိုဘဲ
ထာဝရအမြဲချစ်နေပါ့မယ်.....
ကောင်းကင်ထက်ကဖေဖေတစ်ယောက်
စိတ်သောကမရောက်ရစေဘို့
မျှော်လင့်ခြင်းမဲ့အချစ်များနဲ့
(ဖေဖေသိပ်ချစ်တဲ့မေမေ့ကို)
သမီးချစ်သွားပါ့မယ်ဖေဖေ.....

12 comments:

  1. သမီးကောင်းပီသပါတယ်ရို့ စ်။

    ReplyDelete
  2. ရိုစ်ရေ...
    မေမေနဲ့ စိတ်ကောက်နေတာလား..။ (စတာနော်..။)

    “အဝေးရောက်သမီးဘ၀မို့ မေမေ့မေတ္တာနဲ့ ဝေးနေသလိုပဲ၊ မေမေ့ကို လွမ်းတယ်”လို့ အမြဲပြောတတ်တဲ့ ရိုစ်ရဲ့ မေတ္တာတွေကို မေမေ နားလည်နိုင်ပါစေ..။ အေးမြတဲ့ မေမေ့မေတ္တာတွေ ရိုစ်ဆီမှာ လွမ်းခြုံနိုင်ပါစေ.. ကောင်းကင်ထက်က ဖေဖေလည်း ဘုရားသခင်ရင်ခွင့်မှာ ငြိမ်းအေးပါစေလို့နော်..

    ReplyDelete
  3. ရို့စ်ရေ ဖတ်ရတာ ရင်ထဲ တမျိုးပဲ...။
    မှုံရွှေရည် ရုပ်ရှင်ကားထဲက ဇတ်ဝင်ခန်းတခုမှာ ပြောသွားတဲ့ dialog လေး...
    "သားသမီးဆိုတာ မိဘကို ချစ်တတ်ရတယ်။
    မိဘရဲ့ မေတ္တာကိုလည်း ရအောင် ယူတတ်ရတယ်..." တဲ့
    (ဒီကကျတော့ အဖေနဲ့ သိပ်စိမ်းတယ်။)

    ReplyDelete
  4. မရို့စ်ရေ.....

    ဖေဖေမရှိတော့လို့....
    ဖေဖေသိပ်ချစ်ခဲ့တယ်ဆိုတဲ့ မေမေ့ကို သိပ်ချစ်သွားမယ်ဆိုတာ သိပ်ကောင်းတယ်ဗျာ....။
    ခံစားမိတယ်......

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  5. တစ်ခါတစ်လေ မေမေတွေဟာ သိက်ခက်တယ် ...

    ReplyDelete
  6. ဘာဘဲဖြစ်ဖြစ်ပေါ့လေ
    ဖေဖေသိပ်ချစ်ခဲ့တဲ့
    သူ့ချစ်သူမေမေ့ကို
    ဖေဖေချစ်ခဲ့သလိုဘဲ
    ထာဝရအမြဲချစ်နေပါ့မယ်.....
    ဆိုတော့ မေမေကို အရင်ကထက်ပိုချစ်မှာလား၊ အရင်ကအဖေလောက်မချစ်ဘူးလား ဆိုတာစဉ်းသားနေတယ်၊?

    ReplyDelete
  7. ရှင်လေး၊လသာည၊ဏီလင်းညို... ကျေးဇူးနော်

    Vista... ခံစားချက်ချင်းတူတယ်ထင်ရဲ့

    မသီတာ... ကျမကရအောင်မယူတတ်ခဲ့တာထင်ရဲ့

    sosegado...အရင်ကလည်းချစ်ခဲ့ပါတယ်...ဒါပေမဲ့ ပေးသလောက်ပြန်ရချင်တဲ့မျှော်လင့်ချက်တွေနဲ့

    ReplyDelete
  8. မရို့စ်ရေ ကဗျာလေး လာခံစားသွားတယ်နော်

    ReplyDelete
  9. Rose ရေ လာဖတ်သွားပါတယ်။ မိဘကျေးဇူးကို သိတတ်တဲ့ သားသမီးတွေဟာ ဘယ်တော့မှ ဒုက္ခမရောက်ဘူး။ မိဘမေတ္တာကြောင့် နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပြီး အရာရာ အောင်မြင်ပါစေ။

    ReplyDelete
  10. မိဘကိုချစ်ခင် ရိုသေတာ ဘုရားအလိုတော်နဲ့ညီတယ်လေ...
    အဟဲ... အမကို ညီမက ဆရာလုပ်နေ သလိုလိုပဲ.........
    ဘုရားသခင်ကောင်းကြီးပေးပါစေ။

    ReplyDelete
  11. အချိန်အတော်များများ မှာ မိဘကို မေ့နေတတ်မိတယ်ဗျာ..၊

    ReplyDelete
  12. ဒီလိုဆိုတော့လည်း မရိုစ့်မေမေ အားရှိရတာပေါ့...

းဝ)

    ReplyDelete