Tuesday, March 30, 2010

အနီရောင်စာအုပ်လေး


တင်းထားတဲ့မာနတွေ

အရည်(ရေ)မပျော်

တောင့်ထားတဲ့စိတ်ဓာတ်တွေ

ယိုင်နဲ့မသွားစေဘို့

ကြိုးစားထိန်းမတ်

ခက်ခဲစွာခရီးဆက်နေပေမဲ့

မငဲ့ကွက်မစာနာ

ဝေဒနာတွေပေးရက်တယ်....

တကယ်စိတ်ပျက်လွန်းနေပေမဲ့

ခေါင်းမာစွာနဲ့

နာကျင်မှုတွေကိုမျိုချရင်း

စိတ်အကြိမ်ကြိမ်တင်းလျှက်

လက်ထဲမှာ(ခုထက်ထိ)

မြဲမြံစွာဆုပ်ကိုင်ထားမိတာ

(ဟောဒီက)အနီရောင်စာအုပ်လေး။
Rose of Sharon

21 comments:

  1. နွေးနေခြည်March 30, 2010 at 10:09 AM

    ကောင်းလိုက်တာ.. မမ
    မြဲမြဲ ဆုပ်ကိုင်ထားဖို့ဆိုတာ တကယ်မလွယ်ပါဘူး။

    ReplyDelete
  2. ဏီလင်းညိုMarch 30, 2010 at 10:24 AM

    မရိုစ့်ရေ....
    ခံစားမိတယ်.....။
    ဒီလ ပထမဦးဆုံးအပတ်လေးမှာပဲ ကျွန်တော် စာအုပ်သက်တမ်းသွားတိုးခဲ့ရသေးတာလေ....။
    ပိုက်ပိုက်တွေ အညားဂျီးကုန်တွားတယ်....မရိုစ့်....း((
    ကပ်စေးနဲတာမဟုတ်ပေမယ့်......နုတ်ဘွတ်ခ်အကောင်းစားတစ်လုံးဝယ်စာလောက်ကုန်ကုန်သွားရတာ ဒါနဲ့ဆို နှစ်ခါတောင်ရှိပြီပါပြီဗျာ.........။
    (အစ်မတစ်ယောက်ဆီမှာ လာညည်းသွားတယ်လို့ သဘောထားပေးနော်....း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  3. ထပ်တူထပ်မျှ ပါပဲဗျာ
    အခုအချိန်ထိတော့ ဆုပ်ကိုင်ထားလျှက်ပေါ့
    အနာဂတ်ဆိုတာတော့ မမြင်နိုင်တော့ မပြောတက်သေးဘူး

    ReplyDelete
  4. တူတူပဲ
    တူတူပဲ

    ReplyDelete
  5. တောင့်ထား.. အောင်မောင်းး)

    ReplyDelete
  6. ယုံကြည်ရာ လမ်းတွေကို ဆက်လျှောက်ကြတာပေါ့...

    ReplyDelete
  7. ဘ၀တူတွေပဲ Rose..
    တို့လည်းစိတ်ပျက်ပေမယ့် ဆက်ကိုင်ထားနေဆဲပါ

    ReplyDelete
  8. အတူတူပါဘဲမမရေ.. သံရုံးမှာ မမြင်ချင်တဲ့မျက်နှာတွေ သွားသွားကြည့်ရတာ.. ခေါစာသွားသွားပစ်ရတာ.. ဟင်း.. မုန်းတယ်..

    ReplyDelete
  9. ကျွန်မမှာလည်း တအုပ်ရှိတယ်။ မသုံးတော့ပေမဲ့ အမှတ်တရ သိမ်းထားတယ်။

    ReplyDelete
  10. ခုချိန်မှာ မျက်နှာငယ်စွာ ရင်နာစွာ ကိုင်စွဲနေရတဲ့ ဒီနီနီလေး တအုပ်စီဟာ နောင်တချိန်မှာ ဂုဏ်ယူဝင့်ကြွား ရေပန်းစားတဲ့  အရောင်ပြောင်း အသွင်ပြောင်းလေး တအုပ်စီ မဖြစ်လာဘူး လို့ 
    ဘယ်သူပြောနိုင်မလည်းနော် .....
    ဒီတော့ ဒီတော့ ..
    မျှော်လင့်ချက်နဲ့  အသက်ရှည်နေရတာလည်း
    တမျိုးကောင်းပါတယ် ..
    တင်းထား.....ဆက် တင်း ထား..... မရှလွတ်ရေ ..

    ReplyDelete
  11. ရိုစ်...
    ဟုတ်တယ်ကွာ..ကိုယ်ချင်းစာတယ်။ နိုင်ငံခြားကို ရောက်နေရတဲ့ မြန်မာတိုင်း (နိုင်ငံမရွေး) အဲဒီခံစားချက်တွေကိုယ်စီ ရှိနေရတယ်..။ ဘယ်တော့များမှ.... ဘယ်တော့များမှ...

    ReplyDelete
  12. တချို့ကျတော့ ရှက်လို့တဲ့ အဖုံး ဖုံးထားတယ်..
    Ciao,
    AATO

    ReplyDelete
  13. မီးမှာလဲ ရှိတယ် မီးက ပတ်စ်ပို့ သက်တမ်းတိုးထားတာ ၂၀၁၂ မှကုန်မှာာာာ ပတ်စ်ပို့သက်တမ်းတိုးတာ သိပ်တော့ မကုန်ဘူး ကုန်တာ ဗီဇာ သက်တမ်းတိုးတာပဲ အဟီးးးးးး အကောင်းဘူး

    ReplyDelete
  14. ဟုတ်တယ်နော်..
    “အနီရောင်စာအုပ်လေး” ပြောပါတယ်..
    မရှိမကောင်း..ရှိမကောင်းး))) လေးပါပဲ...
    သူက ထမင်းမစားဘူး...ပိုက်ဆံပဲစားတာ...(ပိုးဟတ်တွေလိုမျိုးပေါ့)
    ဟီး..ဟီး...------(မပြောဘူးနော်)..

    ဒါပေမယ့်လည်း....“ချစ်လျှက်ပါ..မနှင်းဆီ”....ပါပဲ...

    ReplyDelete
  15. အတူတူပဲ Rose ရေ...
    တောင့်ထား။ မြန်မာဖြစ်ရတာဂုဏ်ယူလိုက်ပါ။
    ရွှေထက်တန်ဖိုးရှိတဲ့ ဒီစာအုပ်လေးကို တတ်နိုင်သလောက်တော့ ကိုင်ထားရအုံး
    မယ်နော်။

    ReplyDelete
  16. တူသောခံစားမူ့ ပါပဲ
    Kiki ပြောသလို ဖြစ်လာမလား ဖြစ်လာမလားနဲ့ 
    ခုတော့ ………

    ReplyDelete
  17. ဘယ်လို တွေ ပဲ ဖြစ်နေပါစေ ..
    အမြဲ သိမ်းထားနေမိ မှာပါ ...

    ReplyDelete
  18. အမရေတောင့်ထားနော့ အနီရောင်ဆိုတာ ရဲရင့်ခြင်းဘဲ
    အဲဒီနောက်မှာတော့ အပြာရောင်လို တည်ငြိမ်အေးချမ်းပါ
    စေလို့ ဘဲဆုတောင်းနေပါတယ် . . . ခင်မင်လျက်

    ReplyDelete
  19. နားလည်ခံစားမိပါတယ်။

    ReplyDelete
  20. အခုစာအုပ်တွေအရောင်ပြောင်းတော့မယ်အမရေ...(အီး)ပတ်စ်ပို့ဆိုပဲ

    ကြွပ်ကြွပ်အိပ်နဲ့ထုပ်ပြီးကိုင်မှရမယ်ထင်တယ်...အဟိ...

    အစစအရာရာအဆင်ပြေပါစေ...
    အားပေးလျှက်(နိုင်

    ReplyDelete
  21. အမရေ ဒီစာအုပ်ကလေးကို မြဲမြံစွာ ကိုင်ထားခဲ့သမျှ ကျွန်တော်တို့တွေ အမိမြေကြီး နဲ့ ဝေးနေ လွမ်းနေရအုံးမယ်နော်ဗျ ... ၁၆ ရက်နေဆို သက်တမ်း သွားတိုးရတော့မယ် ထပ်ဝေးရဦးမယ်ဗျ ...
    ခင်တဲ့
    ပေါ့ဆိမ့်

    ReplyDelete