ခုတလောတွေးဖြစ်နေတာတွေကအများကြီး.... များလွန်းလို့အသစ်မတင်ဖြစ်တာတောင်ကြာပေါ့... သတိတရနဲ့တဂ်လာတဲ့ ချစ်ကြည်အေးကိုတောင် ကျေးဇူးတွေတင်မိပါတယ်... နို့မို့ဆိုဒီလထဲဘာမှရေးဖြစ်မှာမဟုတ်တာအသေအချာ....
၂၀၁၀ ဝင်ကတည်းကတွေးနေမိတာက အသက်တစ်နှစ်ကြီးလာပြီဆိုတာပါ... အသက်နဲ့လုပ်ရပ်တွေကိုက်ညီရဲ့လားလို့ ကိုယ့်ကိုကိုယ်မေးခွန်းထုတ်ရင်း အရာရာကိုနားလည်ပေးတတ်ဘို့ သူများတွေကိုအပြစ်မမြင်တတ်ဘို့ ဒီနှစ်ထဲမှာ ကြိုးစားမယ်လို့ စဉ်းစားရင်းကနေ နားလည်ရခက်တဲ့ကိစ္စတွေ ကြုံလာရတဲ့အခါ သက်ပြင်းတွေအထပ်ထပ်ချရင်း ငြိမ်နေလိုက်တော့ အိုကေသွားတာပါဘဲ...
နောက်ထပ်တွေးနေမိတာက ဒီနှစ်ထဲမှာ လုပ်စရာအလုပ်တွေ သိပ်များနေတဲ့အကြောင်းပေါ့.... အိမ်အဟောင်းရောင်းပြီး ကွန်ဒိုတစ်ခန်းပြန်ဝယ်ပြီးတဲ့အခါ အဲဒီမှာလုပ်စရာတွေကအများသား... ရန်ကုန်ကိုဇူလိုင်လောက်မှဘဲ ပြန်နိုင်မှာမို့ ဒီကနေ အစ်မကိုအကူအညီတောင်းပြီး လုပ်ခိုင်းရတဲ့ကိစ္စတွေက ထင်သလောက်ခရီးမပေါက်... ပတ်စပို့သက်တမ်းတိုးဘို့... ဗီဇာကိစ္စ... ခလေးတွေကာကွယ်ဆေးထိုးဘို့... သားလေးရဲ့မွေးနေ့ပွဲအတွက်စီစဉ်.... ဒီကြားထဲ သင်တန်းတစ်ခုပြေးတက်လိုက်သေးတာ တစ်ပတ်ကိုသုံးရက်... အချိန်တွေမလောက်ရတဲ့ကြားက ဒီသင်တန်းကိုဘာကြောင့်များတက်မိလိုက်တာလဲလို့ ကိုယ့်ကိုကိုယ်မေးခွန်းပြန်ထုတ်မိတယ်...
စိတ်သွားတိုင်းကိုယ်သိပ်မပါနိုင်တော့တာ ဇရာကြောင့်လားလို့တွေးမိတယ်... ခလေးတွေနဲ့ကိုယ်နဲ့ အသက်သိပ်ကွာနေသလားလို့တွေးမိရင်း ရင်တွေမောနေတယ်... သမီးလေးကအခုရှစ်နှစ်ပြည့်ပြီးပြီ... သမီးလေးတက္ကသိုလ်တက်မဲ့အရွယ် အသက်၁၈နှစ်မှာ ကိုယ်က ၄၅နှစ်ကျော်၄၆နှစ်ထဲရောက်နေလောက်ပြီ... သားလေး ၁၈နှစ်မှာ ကိုယ်ကအသက်၅၀.... ကိုယ်တို့လင်မယားနှစ်ယောက်သူတို့ကျောင်းစရိတ်အတွက် ရုန်းကန်နေရဦးမှာ ကိုယ့်အသက်၅၅နှစ်လောက်အထိ၊ ကိုယ့်ထက်လေးနှစ်ကြီးတဲ့ခင်ပွန်းက အသက်၅၉နှစ်အထိ ရှာသမျှက ခလေးတွေကျောင်းစရိတ်... နောက်တစ်ယောက်ယူဘို့ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့အတွေးတွေနဲ့ ဒီခလေးနှစ်ယောက်ကိုဘဲ အရိပ်ကြည့်ချစ်နေရင်း ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်တွေ ရှိသမျှပိုင်ဆိုင်မှုတွေ အားလုံး သူတို့အတွက်ပုံအောရင်း ...ရေဆုန်ရေဆန်အကြောင်းတွေးမိလေရဲ့... ဘာမှပြန်ရဘို့မမျှော်လင့်ဘဲ အကောင်းဆုံးတွေဘဲ ပေးလိုက်ချင်တာပါ.....
နောက်ထပ်တွေးမိနေတာက မြန်မာနိုင်ငံကြီးတိုးတက်လာမှာလားလို့ပါ... ကြီးကျယ်သလိုဖြစ်သွားသလား... ကိုယ့်နိုင်ငံသာတိုးတက်တဲ့နိုင်ငံတစ်ခုဆိုရင် ကိုယ့်သားသမီးတွေ ဆွေမျိုးသားချင်းတွေအများကြီးကြားမှာ ပျော်ပျော်ကြီးနေရမှာ... ခုတော့ ဆွေမရှိ မျိုးမရှိ သူများနိုင်ငံမှာ ကြိတ်မှိတ်ပြီးနေနေရတာ လုံးဝဘဝင်မကျပါဘူး... နိုင်ငံရေးသာအကောင်းဘက်ကိုပြောင်းလဲလာခဲ့ရင် တော်ရုံတန်ရုံအရင်းအနှီးလေးနဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုလုပ်ရင်း ကိုယ့်နိုင်ငံမှာဘဲ အခြေချနေထိုင်ချင်တယ်... မျှော်လင့်ချက်ရေးရေးလေးထားမိပါတယ်....
တကယ်တော့တွေးမိသမျှရေးချရရင်ရေးမကုန်နိုင်ပါဘူး... ဒီလောက်ဘဲရေးလိုက်တော့မယ်ချစ်ကြည်အေးရေ... ကျေနပ်တယ်ဟုတ်....
ထပ်ဆုံးကနေ လာကျေနပ်ပါတယ် ရို့စ်ရေ
ReplyDeleteမသီတာ
ကျေးဇူးမသီတာ :)
ReplyDeleteမရေ...
ReplyDeleteတူများတော့တိဘူးရယ်
တမီးတော့ကျေနပ်တယ်တိလား
မြန်ပြည်ကြီးကောင်းလာရင်
ရုံလေးမမကိုလာတွေ့မယ်တိလား
ချစ်ခင်စွာဖြင့်
ရုံလေး
အမရဲ.ဘလော.ဂ်ကိုမကြာခဏတော.လာဖတ်ဖြစ်ပါတယ်။
ReplyDeleteတခါမှတော.ကွန်.မန်.မရေးဖြစ်ခဲ.ဘူး။
အခုပို.စ်ကတော. ကိုယ်ကိုယ်တိုင် အခုတလောဖြစ်နေတဲ.ခံစားမှုနဲ.ထပ်တူကျနေလို. .........
ဟုတ်တယ်၊ သူများတိုင်းပြည်မှာ ဘယ်လောက်ဘဲအဆင်ပြေပြေနေနိုင်တယ်ပြောပြော..ကိုယ်.မိဘသားချင်းဆွေမျိုးတွေနဲ.သိုက်သိုက်ဝန်းဝန်းနေရတာ စိတ်ထဲမှာအင်မတန်နွေးထွေးစေပါတယ်။
အရမ်းကို ကိုယ်ချင်းစာနိုင်ပါတယ်လို.ဘဲပြောပါရစေ အမရေ။
“မ”ရေ...
ReplyDeleteအတွေးလေးတွေ ထပ်တူလာခံစားသွားတယ်နော်..
ရွှင်လန်းချမ်းမြေ့ပါစေရှင်..
ဒီလိုပဲ ညီမရေ... ကျမလည်းဟိုတွေးဒီတွေးနဲ့ ။
ReplyDeleteဘ၀အရေး။ သူ့ ဘ၀၊ ကိုယ့်ဘ၀....
ဒါဆိုလည်း.. သားရွှေအိုးထမ်းလာပါစေ ပေါ့နော်..
ReplyDelete(ဇတ်လမ်းအဖွင့်...)ပြောင်းလဲ ဖွံ့ဖြိုးလာတဲ့..ရန်ကုန်မြို့ တနေရာက..ကွန်ဒိုကြီး တခုမှာ.. ၂ယောက်သားထိုင်ရင်း.. နိုင်ငံခြားမှာ ကျောင်းတက်နေမဲ့..သားနဲ့ သမီး အကြောင်း ပြောရင်း ကော်ဖီသောက်နေကြတာပေါ့.. မြင်ယောင်ကြည့်ပေးတာ..
( သားနဲ့သမီး ကို.. မြန်မာပြည်က..တက္ကသိုလ်မှာ..မထားမှာ..သေချာနေလို့.. အဲလို ဇတ်ကွက် ဆင်ပေးထားတယ်နော်..)
ခင်တဲ့.. မကေ..း)
ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်တွေ ရှိသမျှပိုင်ဆိုင်မှုတွေ အားလုံး သူတို့အတွက်ပုံအောရင်း ...ရေဆုန်ရေဆန်အကြောင်းတွေးမိလေရဲ့... ဘာမှပြန်ရဘို့မမျှော်လင့်ဘဲ အကောင်းဆုံးတွေဘဲ ပေးလိုက်ချင်တာပါ.....
ReplyDeleteဒါလေး ဖတ်ပြီး ရင်ထဲ နင့်သွားပါတယ် မရို့စ်ရေ မိဘတွေဆိုတာကတော့ ဒီလိုပါပဲ ဘာမှမမျှော်လင့်ထားဘူးလေ သားသမီးတွေဆီက သူတို့ကသာ ပေးဖို့ အဆင်သင့်လေ
----
ဟုတ်ပါတယ် မရို့စ်ရေ သမီးတို့ နိုင်ငံကြီးသာ ပြန်ကောင်းလာလို့ကတော့ အဲဒီမှာပဲ နေချင်ပါတယ်
----
မရို့စ်ရေ ခင်ပွန်း သမီးလေး သားလေးနဲ့ အမ ရော နေကောင်းပါရဲ့လား
တူညီတဲ့အတွေးလေးတွေပဲ ချစ်မရေ....
ReplyDeleteမျှော်လင့်ချက်လေးတွေ ဘုရားသခင်ကောင်းကြီးပေးလို့ ဖြည့်ဆည်းပေးပါစေနော်။
တူတူပဲ ရိုစ်ရေ ရင်မောရတာတွေ သက်သာဖို့ တိုင်းပြည် အခြေအနေလေး နည်းနည်း ကောင်းစေချင်တယ်။
ReplyDeleteရှေ့ရေး နောင်ရေး နည်းနည်းလောက် စိတ်ချ ချင်တယ်။ ဟူးးးးးး
မအယ်
ခံစားချက်ထပ်တူပဲ ရိုစ်ရယ်..
ReplyDeleteဟုတ်တယ် မိဝေးဖဝေးမှာ နေရတဲ့ဘ၀တွေကနေ နွေးထွေးတဲ့ မိသားစုအသိုင်းအ၀ိုင်းနဲ့ နီးနီးနားနား နေရချင်တယ်..
ကလေးတွေရဲ့ နောင်ရေးကတော့ ရိုစ်တို့မိဘနှစ်ဦးရဲ့ မေတ္တာကြောင့် အစစအဆင်ပြေသွားမှာပါ။ တအားကြီး တွေးပြီး စိတ်မပူနဲ့နော်။ ရိုစ်ပြောသလို အားလုံးဟာ ဘုရားသခင်၏ အလိုတော်အတိုင်းပေါ့။
မရိုစ့်ရေ....
ReplyDeleteပို့လေးကိုဖတ်ပြီး....ကလေးလေးတွေပုံကို ငေးနေမိသေးတယ်.....။
ဒီလိုပဲလေဗျာ......
ကြိုးစားနေသရွေ့တော့အရာထင်လာမှာပါ....။ ဖြစ်လာမှာပါခင်ဗျ...။
ကျွန်တော်ကတော့ မြန်မာပြည်မှာပဲနေချင်တာ အမှန်ဗျာ.....။
ပြန်သွားပြီးတဲ့နောက် အဆင်ပြေပြေမပြေပြေ....ဘယ်မှ မသွားချင်တော့ဘူးးးး
တစ်ကယ်ပဲ....း))
ခင်မင်တဲ့
ဏီလင်းညို
အတွေးတွေကလေးနက်တယ်နော်..
ReplyDeleteအတွေးလေးမှာ..ထပ်ပြီးတွေးသွားရတယ်ဗျာ...
ReplyDeleteအားလုံးအဆင်ပြေချောမွေ့နိုင်ပါစေ...
း)အသစ်မတင်တာကြာလို့ မျှော်နေတာ။
ReplyDeleteကိုယ့်နိုင်ငံမှာ အဲလိုဆို သိပ်ကောင်းမယ်နော်။
Hi there,
ReplyDeletePlease don't worry too much. I had a baby girl in my late 30s. Just think, their childhood is so much better than our. Well.... we grow up closer to nature and relatives. It's always good and bad. Cheers!!
ရို့စ်ရေ...မအားတဲ့ကြားက ရေးပေးတဲ့ အတွက် ပိုချစ်သွားပြီ....၊ သားသမီးရှိသူတွေရဲ့ အတွေးလေး...တကယ်ပဲ မေတ္တာတွေ စုန်ဆင်းနေတာ ခံစားလိုက်ရတယ် ရို့စ်ရေ....:)
ReplyDeleteကလေးတွေရဲ့ အနာဂတ်ကို တောက်ပစေချင်တဲ့ အမေတယောက်ရဲ့ စေတနာကို မြင်မိပါတယ်။
ReplyDeleteကိုယ့်သားသမီးတွေ ကောင်းစားသလို မြန်မာပြည်က ကလေးသူငယ်တွေကို ဖြစ်ထွန်းစေချင်တဲ့ စေတနာအတွက်လည်း လေးစားပါတယ်။
စိတ်သွားတိုင်း ကိုယ်မပါတာတော့ ဇရာကြောင့် ဟုတ်လောက်ပါဘူးဗျ... ငယ်ငယ်လေးတွေ ရှိကြသေးတာကို...
းဝ)
ရုံလေးညီမလေးနေကောင်းလား... လာလည်သွားတာဝမ်းသာလိုက်တာ
ReplyDeleteနောက်ဆုံးတော့ ကိုယ့်ပြည်ကိုယ့်ရွာမှာဘဲ အားလုံးပျော်မွေ့ချင်ကြတာပါဘဲ..။
ReplyDeleteအခြေအနေတွေမပေးတော့ တော်ရာမှာဘဲနေကြရတာပါ..။
အကောင်းဆုံးတွေကိုဘဲ မျှော်လင့်ကြတာပေါ့..။
အမြဲလာအားပေးလို့ကျေးဇူးပါ..။ ကျွန်တော်လာဖြစ်ပေမယ့် ခြေရာမချန်ဖြစ်ဖူးရယ်..။
ဒီပို့စ်ကို တင်ထားတာ မတွေ့လိုက်ဘူး။ ကျွန်မမှာလည်း သားတယောက်ပဲ ရှိပြီး ဒီသားအတွက်ပဲ အမြဲတွေးနေတော့ Rose ရေ အတွေးတူနေတယ်။
ReplyDeleteလာလည် ကော်မန့်ရေးသွားကြသော ချစ်ရစွာသောဘလော့ရောင်းရင်းများအား ကျေးဇူးအထူးတင်ပါသည် :)
ReplyDeleteမ ရေ့ 
ReplyDeleteမြန်မာလာလို့ကတော့ ပြောနော်။ တွေ့ကြမယ်နော်။
ချစ်ခင်စွာဖြင့်
လုလု
ဖတ်မောပဲ... ပြန်ချင်နေတယ်..
ReplyDeleteပြန်လို့မရ.. သူများတွေမြန်မာပြည် ပြန်တယ်ပြောတိုင်း
ရင်ထဲမှာအောင့်တက်လာတယ်.. မျက်ရည်ကဝဲတက်တယ်..
ကျမလာဘူး.. အနှစ် (၂၀) ပြည့်တော့မယ်...။ လွမ်း၏..။
လူတိုင်းက ပြည့်စုံတယ်လို့ မှမရှိတာလို့ လူတော်တော်များများ ပြောကြတာ ဟုတ်နေတယ် ဆိုပေမယ့် ကျွန်တော်တွေ အတွေးဘဲမှ မနေနိုင်ကြတာနော်...
ReplyDelete