Sunday, February 14, 2010

အိမ်ထောင်သက်တွေကြာလာတဲ့အခါ



ဒီနေ့ချစ်သူများနေ့ဟာ ကိုယ့်အတွက်တော့ ရင်ခုန်စရာမကောင်းပါဘူး.... >ခလေးတစ်ယောက်ထဲရှိတုန်းအချိန်ထိတော့ ဒီလိုနေ့မျိုးမှာ ညစာထွက်စားတာတွေဘာတွေရှိခဲ့ပေမဲ့ ခလေးနှစ်ယောက်ရပြီးချိန်မှာတော့ ချစ်သူများနေ့ကိုဘယ်လိုမှ မဆင်နွှဲနိုင်တော့ပါ.... မှတ်မှတ်ရရ သမီးလေးတစ်နှစ်နဲ့နှစ်လအရွယ်မှာ ချစ်သူများနေ့အမှတ်တရအဖြစ် ညစာထွက်စားဖြစ်တာနောက်ဆုံးပါဘဲ... အဲဒီတုန်းက ဗီယက်နမ်၊ဟနွိုင်းမြို့ရဲ့ sofital ဟိုတယ်မှာပေါ့... ဖယောင်းတိုင်မီးလေးနဲ့မျက်နှာချင်းဆိုင် ညစာစားနေချိန် သမီးလေးက ခလေးထိုင်ခုံလေးထဲမှာထိုင်လို့ပထမတော့ သဘောကောင်းစွာ ငြိမ်နေပေးပါသေးတယ်... ကြာလာတော့ သူ့ခမျာမထိုင်ချင်တော့ဘူးထင်ရဲ့... အော်ငိုလိုက်တာမှအကျယ်ကြီးဘဲ.... ဒါနဲ့ဘဲတခြားစုံတွဲတွေကို အားနာလို့ bill မြန်မြန်ရှင်းပြီး ပြန်လာခဲ့ရတယ်... အဲဒီထဲက ချစ်သူများနေ့ဆို နှင်းဆီပန်းနဲ့ဘဲ ကျေနပ်ရတော့တယ်.... ဒီနှစ်တော့ ချစ်သူများနေ့က ဗီယက်နမ်တွေရဲ့နှစ်သစ်ကူးချိန်နဲ့တိုက်နေတော့ နှင်းဆီပန်းရောင်းသူတွေလဲ အရင်နှစ်တွေလောက်မများဘူး... နှစ်သစ်ကူးပန်းအဝါရောင်တွေဘဲ လမ်းပေါ်မှာတွေ့ရတယ်... ဟိုချီမင်းမှာ အရင်နှစ်တွေက ချစ်သူများနေ့ဆို လူရှုတ်လွန်းလို့ လမ်းမထွက်ချင်လောက်အောင်ဖြစ်ပေမဲ့ သူတို့လူမျိုးတွေဟာ ရိုးရာနှစ်သစ်ကူးကို ပိုအလေးပေးကြတယ်ထင်ရဲ့... ဒီနှစ်တော့ခြောက်ကပ်ကပ်နဲ့.... ကိုယ့်အတွက်တော့ ချစ်သူများနေ့ဟာ ခြောက်ကပ်ကပ်... စည်ကားကား ဘာမှမထူးပါဘူး.... နေ့တိုင်းမြင်နေချစ်နေရတာနဲ့တင်ကျေနပ်ပါတယ်... ခလေးတွေက ကိုယ်တို့နှစ်ယောက်စလုံးအတွက် ပိုအရေးကြီးပါတယ်... ကျောင်းတွေလဲပိတ်ထားတော့ ခလေးတွေအတွက် ကစားဘို့ စားဘို့ စဉ်းစားနေရတာနဲ့ ချစ်သူများနေ့ဟာ ဘာမှန်းတောင်မသိချင်တော့ပါဘူး...( အော်... အိမ်ထောင်သက်တွေကြာလာတဲ့အခါ... Valen တွေလဲ မ tine နိုင်တော့ပါ

27 comments:

  1. ဖြစ်နိုင်တာက ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှု တခု မဟုတ်ပဲ တခြား ယဉ်ကျေးမှု တခုကို မွေးစားလာတော့ ရေရှည်မှာ တည်တံလာနိုင်ဖို့ သိပ်အားမကောင်းဘူး ထင်ပါတယ် ဒါကြောင့် ဗီယက်နမ်မှာ နှစ်သစ်ကူးကို လူတွေ ပိုစိတ်ဝင်စားသွားတာ ဖြစ်မယ်ထင်တယ် ....အိမ်ထောင်သက်လဲ ကြာလာရင် အနည်းနဲ့အများ အားလျှော့သွားလာတာ ဖြစ်မယ် ...

    ReplyDelete
  2. အဲဒီလိုလဲ မဟုတ်ပါဘူးလေ၊
    သတ်သတ်မှတ်မှတ် လုပ်ဖို့ မလိုတော့တာပါ၊
    အချိန်တိုင်းနီးနေတော့ အချိန်တိုင်းဟာ အချစ်တွေနဲ့ ထုံမွှမ်းထားနေတာပါ လို့ ထင်တာပဲ။
    :)

    ReplyDelete
  3. မလေးကတော့ ဘယ်တုန်းကမှ မတိုင်းပါ :P

    ReplyDelete
  4. မနော်ဖောအမျိုးသား နေကောင်းသွားပြီလား။
း) နက်ဖြန် tineမယ်။ နှစ်ယောက်တည်းမဟုတ်ဘူး ယောက်ခမပါပါတယ်။

    ReplyDelete
  5. မရိုစ့်ရေ...
    အဲ့ဒီလိုလည်း... မဟုတ်နိုင်ပါဘူးနော်ဗျာ...။
    အစ်ကိုကလည်း မရိုစ့်နဲ့ valentine's day ကို စိတ်ထဲမှာဆင်နွှဲနေမှာပါဗျာ...။
    (တစ်ခါလောက် ချွဲကြည့်ပါလားမရိုစ့်...:)
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  6. ချစ်ချစ်အမြန်နေကောင်းပါစေ။

    ReplyDelete
  7. ရိုစ်ရေ.. ရိုစ်...။ ရိုစ် က ရိုစ် ချစ်ခင် အားကိုးရတဲ့ ခင်ပွန်းနဲ့ ချစ်စရာကောင်းတဲ့ ကလေးတွေ အနားမှာနေရင်း ပြုစုရင်း ပျော်ရွှင်နေတာလေးက ဒီပိုစ်ကို ဖတ်လိုက်ရုံနဲ့ သိသာသွားတယ်..။ တကယ်တော့ နေ့တိုင်း ဗာလင်တိုင်းနေ့လို ချစ်နေ၊ ကြင်နာနေရတော့ သူများသတ်မှတ်တဲ့ ဗာလင်တိုင်းက ဒီလောက်အရေးမပါသလို ဖြစ်သွားတာနေမှာပါ... ကောင်းတယ်...
    ရိုစ်တို့မိသားစုလေး အမြဲ ပျော်ရွှင်ပါစေလို့ ဗာလင်တိုင်းဒေးမှာ ကူဆုတောင်းပေးမယ်..နော်

    ReplyDelete
  8. 365 ရက်မှာ.. တရက်ပဲ ချစ်သူ များ အတွက်.. ဆို တော့.. နဂို တည်းက..ပြည့်စုံမူ မရှိနေဘူးလေ..

    ReplyDelete
  9. ဒီတနေ့ တည်း တရက်တည်းမှ မဟုတ်ပါဘူးလေ.. တယောက်နဲ့ တယောက် နားလည် အလိုက်သိ နေကြတဲ့ အိမ်ထောင်ရေးဆို တာ ၊
    ဗယ်လက် တွေ ရော .. ညာလက်တွေပါ အမြဲ တင်း နေကြသလိုပါပဲ ..
    ဆက်တင်း ထား မရှလွတ် ရေ.. ..

    ReplyDelete
  10. ကျမတို့ လည်းအထူးတလယ် Valen မ tine ဖြစ်ပါဘူး။
    တယောက်နဲ့ တယောက် မေတ္တာရှိနေရင် ပြီးတာပါပဲနော်။

    ReplyDelete
  11. အဲဒီရက်ကို ခါတိုင်းဆို သတိတောင်မထားမိဘူး..ဒီနှစ်သာ ဘလော့ဂ်တွေပေါ်မှာတွေ့တွေ့နေလို့ ....:)

    ReplyDelete
  12. ဖတ်ပြီး ပြုံးမိတယ်...
    လူကြီးတွေဖြစ်လာကြတဲ့အခါ ဒီလိုပါပဲနော်...း))

    ReplyDelete
  13. တူတူပဲ.. တူတူပဲ..
    (လေးနက်အောင် နှစ်ခါထပ်ပြောသွားသည်။)

    ReplyDelete
  14.းးးးး)))))))
    “မရို့စ်” တို့ကတော့ လုပ်ပြီ...
    ခလေးတွေရှိလည်း Valen တွေ tine လို့ရပါတယ်နော်...
    အလုပ်တွေတော့ ရှုပ်နေတာပေါ့...
    ဒါပေမယ့် အစဉ်အလာကိုတော့ မဖျက်နဲ့လေ...
းးး)))))))
    နော်လို့...

    ReplyDelete
  15. ဟိ ဗယ်လက်မတင်းနိုင်တော့ဘူးလား မရို့စ် ဟိဟိ

    ReplyDelete
  16. အပြင်မှာ မထွက်စာပဲ ကိုယ့်အိမ်မှာ အမှတ်တရ အနေနဲ့ ကောင်းကောင်းချက်စားလည်း ရသားပဲ။

    ReplyDelete
  17. နေ့တိုင်းဟာ ချစ်သူများနေ့ ဖြစ်နေလို့ ဒီလို သံယောဇဉ်လေးတွေနဲ့ ခိုင်မြဲနေတာပေါ့ လို့ မှတ်ပါ ညီမရေ..

    ReplyDelete
  18. "ကိုယ့်အတွက်တော့ ချစ်သူများနေ့ဟာ ခြောက်ကပ်ကပ်... စည်ကားကား ဘာမှမထူးပါဘူး.... နေ့တိုင်းမြင်နေချစ်နေရတာနဲ့တင်ကျေနပ်ပါတယ်"
    အဲဒါအဓိက အကျဆုံးပါဘဲမရိုစ့်ရေ

    ReplyDelete
  19. နေ့တိုင်း မြင်နေ၊ ချစ်နေ၊ ပြုစုနေ၊ ဂရုစိုက်နေ၊ ကြင်နာနေ၊ မေတ္တာရှိနေရင်ပဲ လုံလောက်နေပြီ မဟုတ်လား...

    ဒါနဲ့ အမျိုးသားရော နေကောင်းသွားပြီလားဗျ...

းဝ)

    ReplyDelete
  20. မရှရွန်ရေ့ 
    နေ့တိုင်းချစ်နေကြတာကိုက သီးသန့် ဗယ်လင်တိုင်းဒေးလုပ်စရာ မလိုတော့ဘူးမဟုတ်လားနော်။
    မိသားစုတွေအားလုံး ကျန်းမာပျော်ရွှင်ပါစေနော်။
    ဘုရားသခင် ကောင်းချီးပေးပါစေ။

    ReplyDelete
  21. အာာ.... မကြီးကလဲ.... ဗလက်က အဆင်ပြေတဲ့အချိန်တင်းလို့ရတာပဲ။
    ဘာပဲဖြစ်ဖြစ်ပေါ့ မတို့မိသားစုကို ဆက်ပြီး ဘုရားသခင်ကောင်းကြီးပေး လမ်းပြပို့ဆောင်ပါစေနော်။

    ReplyDelete
  22. အရေးအသားလေးကချစ်စရာကောင်းတာမို့
    တစ်ယောက်ထဲကြိတ်ပြုံးမိပါဘိ။
    အိမ်ထောင်အကြောင်းကိုကောင်းကောင်းသိတာမို့၊
    ထပ်တူထပ်မျှပင်ခံစားမိပါဘိ။
    ချစ်စရာကောင်းတဲ့မိသားစုလေး။
    အစဉ်ဘုရားကကောင်းကြီးပေး။
    ချစ်တဲ့
    ဂျာမုန်းဒန်

    ReplyDelete
  23. ရိုစ် ငြိမ်လိုက်တာ။ နေကောင်းပါစ။

    မအယ်

    ReplyDelete
  24. စိတ်ထဲမှာ အတူရှိနေတဲ့ အချိန်တိုင်း ဗယ်လန်တိုင်းမ်... တဲ့

    ညီမ ဘိုးတော် ပြောတာပဲ (၀ါပိုကြီးလို့ ညီမလို့ ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်သည်။ ညီမတွင် ကလေးတယောက်သာ ရှိသေးသည် :P)

    တကယ် အဲလိုဖြစ်ဖို့ ပိုအရေးကြီးတယ် ထင်ပါတယ်နော့

    မိသားစုလေးနဲ့ အတူ အမြဲ ပျော်ရွှင်နေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အမရေ

    ReplyDelete
  25. :) ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်.... ကြာလာတော့လေ

    ReplyDelete
  26. ဗယ်လင်တိုင်းနေ့ထက် နေ့တိုင်းမြင်နေချစ်နေရတာနဲ့တင်ကျေနပ်ပါတယ်...
    ဆိုတာ ပိုမှန်တယ်လို့ ကျတော်လည်း သုံးသပ်မိပါတယ် အစ်မရေ...
    ခင်လျက်
    ပေါ့ဆိမ့်

    ReplyDelete