Tuesday, January 12, 2010

၂၀၀၉ နှင့်အတူ


ဒီအိမ်လေးဟာကိုယ်တို့ဇနီးမောင်နှံနှစ်ဦးရဲ့ အိမ်ထောင်သက်နဲ့အညီ ကိုယ်ပိုင်ဆိုင်ခဲ့တာ ဆယ်နှစ်ကျော်ခဲ့ပြီ.... ဒီအိမ်လေးဟာ ကိုယ်တို့ရဲ့ ပထမဆုံး နှစ်ယောက်အတူပိုင်ဆိုင်ခဲ့ရတဲ့ သက်မဲ့အိမ်ထောင်ဦးပစ္စည်းလေးပါ.... ချစ်သူသက်တမ်းတစ်နှစ်မပြည့်ခင်လေးမှာ ချစ်သူဗီယက်နမ်မှာ အလုပ်ရလို့ ပထမဆုံးခွဲခွာရတော့ နှစ်ယောက်လုံး အရမ်းဝမ်းနည်းပြီး သတိရလွမ်းဆွတ် ဖုန်းတွေဆက် စာတွေရေးရင်း တစ်ယောက်နဲ့တစ်ယောက် ဝေးမနေချင်တော့တာ သေချာသွားတဲ့ အခါ လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်.... လက်မထပ်ခင် ချစ်သူနောက် လိုက်လည်ဘို့ မိဘဆီခွင့်တောင်းကြည့်တဲ့အခါ လက်မထပ်ရသေးဘဲလိုက်ဘို့ ခွင့်မပြုတဲ့ မိဘတွေကြောင့် မှန်းတာထက်စောပြီး ချစ်သူသက်တမ်း နှစ်နှစ်ပြည့်ဘို့ ၃လအလိုမှာ လက်ထပ်ဖြစ်ခဲ့ကြတယ်.... လက်ထပ်ပြီးသိပ်မကြာခင် ဒီအိမ်လေးကို ဝယ်ဖြစ်ခဲ့တယ်.....


ဒီအိမ်လေးကို တွေ့တဲ့အခါ တွေ့တွေ့ချင်းဘဲ ဝယ်ချင်သွားခဲ့တာ... အိမ်ရှင်နဲ့ ဈေးညှိတော့ သိပ်စကားများမျာစားစား မပြောရဘဲ ဈေးတည့်သွားတယ်.... ဒီအိမ်လေးမှာနေရတာ အဆင်ပြေပေမဲ့ ဘယ်ညာအိမ်ချင်းကပ်ရက် အိမ်နီးချင်းနှစ်အိမ်မှာ ဘယ်ဘက်အိမ်နဲ့ ဆက်ဆံရတာ တော်တော်ဆင်ခြင်ရတယ်... သဘောကောင်းတဲ့ အပေါ်အခွင့်အရေး အရမ်းယူတယ်.... သူတို့အိမ်မှာရေစက်မရှိတော့ ရေလိုချင်ရင် ကိုယ်တို့အိမ်ကအမြဲပေးတယ်.. သူတို့ပိုက်နဲ့ အိမ်ကနေသွယ်ပြီးယူတယ်.... ဒါပေမဲ့နောက်ပိုင်း မီးတွေအရမ်းပျက်တော့ မီးလာတဲ့အချိန်မှ ရေတင်လို့ရတာကြောင့် ရေလိုချင်ရင် မီးလာတဲ့အချိန်မှ ယူဘို့ပြောရတယ်... တနေ့ မီးလာနေတဲ့အချိန် သူတို့ရေယူမယ်လို့ပြောတော့ ယူပါလို့ပြောပြီး ခြံတံခါးဖွင့်ပေးထားတယ်... ဒါပေမဲ့တော်တော်နဲ့ရေလာမသွယ်လို့ မယူသေးဘူးလား မီးပျက်တော့မယ်... မီးပျက်သွားရင် ရေတင်လို့မရတော့လို့ ပေးလို့မဖြစ်ဘူးလို့... အိမ်ကတင်ပြီးသားရေက အိမ်သုံးဖို့ဘဲလောက်လို့ ပေးလို့မဖြစ်ဘူးလို့ပြောလိုက်တယ်... ခနနေတော့ သူတို့ရေပိုက်ပေါက်နေလို့ပြင်နေတာတဲ့ အခုသွယ်တော့မယ်တဲ့ ...သူတို့ရေသွယ်ပြီးခနနေတော့ မီးပြတ်သွားတယ်... မီးပြတ်သွားတော့ ကိုယ်လဲဆက်ပေးလို့မဖြစ်တော့လို့ ပိုက်ဖြုတ်လိုက်ပြီး မီးလာမှ ရေပြန်သွယ်နော်လို့ပြောတော့ ... အဲဒီအိမ်ကညီအစ်ကိုနှစ်ယောက် မကျေနပ်တဲ့မျက်နှာတွေနဲ့ ပြန်သွားပြီး သူတို့အိမ်လဲရောက်ရော ကျမကို မကြားတကြား ဆဲတယ်.... ကျမအရမ်းစိတ်တိုသွားပေမဲ့ ဒီလိုလူတွေနဲ့ ပြိုင်မပြောချင်လို့ မသိချင်ယောင်ဘဲဆောင်နေလိုက်ပါတယ်.... နောက်ပိုင်း ကျမသူတို့ကို ရေပေးမသွယ်တော့ပါဘူး....


နောက်တစ်ခုကတော့တော်တော်ဆိုးပါတယ်.... အဲဒီအိမ်ကအဒေါ်ကြီးက ကျမအိမ်ကနေနယ်ကို ဖုန်းလာလာဆက်ပါတယ်... ကျမဘယ်တော့မှ မငြင်းခဲ့ပါဘူး.... အချိန်မရွေး ညဘက်အရေးကြီးလို့ ဆက်ချင်တယ်ဆိုရင်တောင်ခွင့်ပြုခဲ့ပါတယ်... သူ့သားတွေကလဲ ရေကိစ္စတုန်းက ဆဲထားတာသူတို့မဟုတ်တဲ့အတိုင်း... စလောင်းကလာတဲ့ဘောလုံးပွဲတွေ အိမ်မှာလာလာကြည့်ပါတယ်.... သူတို့အမေပါ ပါရင် ကျမခွင့်ပြုပါတယ်.... ဒါပေမဲ့ တစ်ည ညဦးပိုင်းမီးပျက်လို့ မီးစက်နှိုးထားချိန် သမီးလေးကအိပ်ရာဝင်ချိန်မှာမအိပ်သေးဘဲ အရမ်းငိုနေတာနဲ့ မီးစက်မပိတ်ဖြစ်သေးတဲ့အခါ အဲဒီညီအကိုနှစ်ယောက်က ကျမတို့ခြံတံခါးကို တုတ်နဲ့ရိုက်ပြီး အော်ဆဲတယ်... ကျမမှာ ခြံစောင့်ကောင်လေးကို မီးစက်ပိတ်ခိုင်းလိုက်ရတယ်... သမီးလေးကတော့ ငိုကောင်းတုန်း... နောက်နေ့မနက်မှ အဲဒီအိမ်ကို ကျမသွားတော့ အဒေါ်ကြီးဘဲထွက်တွေ့တယ်... အဲဒီညီအစ်ကိုနှစ်ယောက်ကိုမတွေ့ခဲ့ရဘူး.... အဒေါ်ကြီးကသူခေါင်းကိုက်နေလို့ မီးစက်သံကြောင့် ပိုဆိုးမှာဆိုးလို့ သူ့သားတွေက စိတ်တိုသွားတာပါတဲ့... အဲဒါနဲ့ကျမလဲကောင်းကောင်းဘဲပြောခဲ့ပါတယ်..." ဖုန်းဆက်ချင်တုန်းကလိုမျိုး... စလောင်းကဘောလုံးပွဲကြည့်ချင်တုန်းကလိုမျိုးဘဲ... တံခါးခေါက်ပြီးကောင်းကောင်းလာပြောရင်ရပါတယ်"... လို့... နောက်ပိုင်း သူတို့ကိုတံခါးဖွင့်မပေးတော့ပါဘူး....


ဒီအိမ်ကိုနောက်ဆုံးစိတ်ကုန်သွားရတဲ့ အကြောင်းရင်းကတော့ သူခိုးဝင်တာပါဘဲ.... အိမ်အောက်ထပ်ကသယ်လို့ရတဲ့ပစ္စည်းတွေ အကုန်ပါသွားတယ်... အဲဒီမတိုင်ခင်တုန်းကလဲ ခြံထဲမှာရပ်ထားတဲ့ ကားထဲက ဝှီးတပ်(ဂ်) တွေခန ခန အခိုးခံရတယ်.... သူခိုးဘာကြောင့်ဝင်လို့ရတာလဲ... ခြံစည်းရိုးလဲမြင့်ရဲ့သားနဲ့လို့ သေချာစဉ်းစားပြီး ကြည့်တော့ သူခိုးရဲ့ခြေရာက အဲဒီဘယ်ဘက်အိမ်ကလာတာတွေ့ရတယ်.... သူတို့အိမ်ခြံစည်းရိုးကနိမ့်နေတော့ ကျမတို့ခြံထဲကျော်ဝင်ဘို့ လှေခါးထစ်လိုဖြစ်နေတယ်.... အဲဒါနဲ့ သူတို့အိမ်ခြံစည်းရိုးကို ကျမအိမ်ခြံစည်းရိုးနဲ့ တညီတည်းဖြစ်အောင် မြှင့်ပေးပါရစေ... ကျမ အကုန်ခံပါ့မယ်လို့ပြောတာ လက်မခံပါဘူး.... ဘယ်လိုမှ ပြောလို့မရဘူး... နောက်ဆုံးမှာကျမလက်လျှော့လိုက်ပြီး ဒီအိမ်ကို ပြန်ရောင်းဘို့ဆုံးဖြတ်လိုက်ပါတယ်....


ရန်ကုန်ကိုလဲမပြန်ဖြစ်တော့ ရောင်းဘို့ကအဆင်မပြေဘူး... ဒါကြောင့်ဒီတစ်ခေါက်ပြန်တော့ ရန်ကုန်က အစ်မကို ကျမ မပြန်ခင် ပွဲစားတွေကိုဆက်သွယ်ပေးထားဘို့ပြောထားတယ်... အစ်မကလဲ အားလုံးကူညီပေးပါတယ်... ဈေးတောင်ညှိပေးထားတာပါ....


ပြန်ပြီးနောက်တစ်ရက်မှာ အစ်မကဘဲအားလုံးကူညီပေးလို့ အဆင်ပြေသွားခဲ့တယ်... အခုတော့ ကျမတို့ရဲ့ ပထမဆုံး အိမ်ထောင်ဦးပစ္စည်းလေးကို ၂၀၀၉ နဲ့အတူထားခဲ့လိုက်ရပြီ... နှမြောသလိုဖြစ်မိပေမဲ့ ဘယ်လိုမှ ဆက်နေလို့မဖြစ်တော့လို့ပါ... နေရစ်ခဲတော့အိမ်ကလေးရေ.... ၂၀၀၉နဲ့အတူ

24 comments:

  1. ပိုကောင်းတဲ့ အိမ်လေးရမှာပေါ့
    အစွဲအလမ်းမထားပါနဲ့ မမ အဆင်ပြေဖို့ ကအရေးအကြီးဆုံး
    အိမ်နီးနားချင်းမကောင်းတာလည်း တော်တော်ဆိုးတယ်နော

    ReplyDelete
  2. ဆိုးလိုက်ကြတာနော် လူတွေကလည်း စိတ်ပျက်စရာ။

    ReplyDelete
  3. ဝေမျှခံစားသွားပါတယ် မရိုစ်ရယ်..

    ReplyDelete
  4. မမရေ စေတနာဟာ လူတိုင်းနဲ့မတန်ဘူးဆိုတာ အထင်အရှားပဲနော်
    အိမ်ကလေးက နေချင်စရာလေးပဲ
    မမရေ နောက်ထပ် ချစ်စရာကောင်းတဲ့ အိမ်လေးမျိုး အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့
    ဆုတောင်းပေးပါတယ်နော်
    ချစ်တဲ့မိသားစုနဲ့ အတူ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နှစ်သစ်လေးတွေချည်း ပိုင်ဆိုင်နိုင်ပါစေ :)

    ReplyDelete
  5. Rose ရေ လာဖတ်သွားပါတယ်။ အိမ်လေး နှမြောစရာကြီး။ အလိုက်မသိတဲ့သူတွေက နေရာတိုင်းမှာ ရှိတယ်နော့်။ Holiday သွားတာတော်တော် ပျော်ခဲ့မှာပဲနော့်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

    ReplyDelete
  6. မရိုစ်. အိမ်နီးချင်းကောင်း ဖို့  အရေးကြီးတယ်လေ...ပိုချစ်စရာကောင်းတဲ့ အိမ်လေးမျိုး ရပါစေနော်.....:D

    ReplyDelete
  7. Rose ရေ တူနေပြီ မသီတာလည်း တိုက်ခန်းလေး ရောင်းချင်လို့...
    Dec ပြန်တုန်းက အခန်းကို စောင့်ရှောက်ပေးနေတဲ့ ညီမကို ရောင်းပေးပါလို့ ပြောခဲ့တယ်။
    Roseတို့ မိသားစု အတွက် ပိုကောင်းတဲ့ အိမ်ရပါစေ...

    ReplyDelete
  8. အလိုက်မသိတဲ့ အိမ်နီးချင်းတွေကြောင့် စိတ်အနှောက် အယှက်ဖြစ်ရတာ အတော်ဆိုးတာပဲ နော် ။
    ဒိထက်ကောင်းတဲ့ အိမ်လေးနဲ့ အိမ်နီးချင်း ပတ်ဝန်းကျင်ကောင်းကောင်းမှာ နေရဖို့ အတွက် အဟောင်းကို စွန့် ရတယ် ပဲ သဘောထားပေါ့ မရို့ စ် ရယ်
    ( စကားမစပ် အိမ်ခြံမြေဈေးတွေ တအားတက် နေတာ ။ တခု
    ရောင်းပြီးရင်၊ နောက်တခုကို ချက်ချင်း အမြန် ပြန် ဝယ်ထားမှ စိတ်ချရမယ် နော် )

    ReplyDelete
  9. အစွဲလန်းမထားသင့်တာ မှန်ပေမဲ့ ကိုယ့်အတွက် မဖြစ်မနေ အသုံးဝင်တဲ့ ပစ္စည်းမျိုး၊ တကယ်သုံးလို့ အဆင်ပြေတဲ့ ပစ္စည်းမျိုးလေးတွေ ပျောက်ဆုံးတဲ့အခါ ပျက်ဆီးတဲ့အခါ တကယ်နှမြောဖို့ကောင်းပါတယ်။ အထူးသဖြင့် ချွတ်စွပ်တူတာ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ ပစ္စည်းလေးတွေ အမှတ်တရ ပစ္စည်းလေးတွေပေါ့။ ဒါပေမယ့်လည်း အခြေအနေ အချိန်အခါတွေအရ စွန့်ခွာဖို့ အကြောင်းဖန်လာရင်လည်း ထားခဲ့ရတော့တာပဲ။

    အဲဒီထဲကမှ အိမ်။ အိမ် နဲ့ ပက်သက်ရင် အကြောင်းအမျိုးမျိုးကြောင့် အပြီးတိုင် စွန့်ခွာရတော့မဲ့အခါ ခံစားရမှုက အဆိုးဝါးဆုံးပဲ။

    တကယ်ငြိမ်းချမ်းတဲ့ အိမ်လေးတစ်လုံး အမြန်ဆုံး အစားထိုး ပိုင်ဆိုင်နိုင်ပါစေ အမခင်ဗျာ။

    ReplyDelete
  10. ညီမ ရိုစ့် ပြန်ရောက်နေပြီကိုး...
    ရန်ကုန်မှာ ပျော်ခဲ့ကြလား... ရန်ကုန်ပိုစ့်တွေတင်ပါအုံး.. မျှော်နေမယ်

    အင်း.. ဟုတ်တယ် အိမ်နီးချင်းမကောင်းရင် စိတ်ညစ်ရတယ်...
    ဒီလိုပဲပေါ့.. နောက်ကို ဒီ့ထက် အများကြီးကောင်းတဲ့ အိမ်လှလှလေး ရမှာပါ...
    စိတ်မညစ်နေနဲ့တော့နော်...း))

    ReplyDelete
  11. ရိုစ်ရေ.. ကိုယ့်အတွက်အမှတ်တရပစ္စည်းတစ်ခုဖြစ်တဲ့ အိမ်လေးရောင်းရတာ စိတ်ထိခိုက်နေလား..။ ဒီလိုပဲပေါ့ကွာ အပေါ်ကတစ်ယောက်ပြောသလိုပဲ ပိုကောင်းတဲအိမ်လေးနဲ့ပိုကောင်းတဲ့ပတ်ဝန်းကျင်လေး ရမှာမိုလို့လို့ သဘောထားလိုက်နော်။

    ReplyDelete
  12. မရိုစ့်ရေ...
    သိရင် ဆက်ဆံမိမှာတောင် ဟုတ်ဘူးနော်...။ ရေလည်းပေးရသေးတယ်...ဆဲလည်းဆဲတယ်ဆိုတော့... နည်းနည်းများသွားပြီ...။ တစ်ကယ်စိတ်မကောင်းဘူး....း((
    (ဒါနဲ့ ကွိကွိစ်ပြောသွားသလို မြန်မြန်ပြန်ဝယ်လိုက်ဦးနော်...။ စိတ်ပူ၍ပြော၏...း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  13. ညီမရေ ရောင်းလိုက်တာကောင်းတယ်။ ကျမလည်း အဲ့ဒီလို ဒုက္ခမျိုး
    ထပ်တူမဟုတ်ပေမဲ့ ကြုံနေရတယ်။

    ReplyDelete
  14. အိမ်နီးချင်း မကောင်းတာ စိတ်ညစ်စရာကြီး... ဒီထက် ကောင်းတဲ့ အိမ်တလုံး ထပ်ရမှာပါ

    ReplyDelete
  15. အမရေ တခါတခါမှာ အမှတ်တရ တွေလည်း စွန့်လွှတ်ရတာပဲနော် ... ကိုနဲ့ မထိုက်လို့ပဲ လို့ သဘေားထားလိုက်ပါနော် ..

    ReplyDelete
  16. ရို့စ် ပြန်ရောက်နေပြီလား။
    ပျော်ခဲ့လား။ ဘာတွေစား ဘယ်တွေရောက်ခဲ့လဲ။ ရေးပါအုန်း အတွေ့အကြုံတွေ။

    အိမ်လေးက ချစ်စရာကြီး။ ဒါပေမဲ့ အိမ်နီးချင်း တွေကြောင့် စိတ်အနှောက်အယှက် ဖြစ်ရရင်တော့ ရောင်းလိုက်တာပဲ ကောင်းပါတယ် ရို့စ်ရေ၊ အိမ်သစ်တက်ရင်း မင်္ဂလာ နှစ်ပတ်လည် လုပ်ရင်း မင်္ဂလာထပ်ဆောင်လိုက်ပေါ့။ ပြီးတာပဲ။

    မအယ်

    ReplyDelete
  17. အဲဒီ အိမ်လေးကို သိပ်ရင်းနှီးတာပါပဲ။ မဟုတ်မှ လွဲရော မဟာမြိုင်လမ်းထိပ်ကပဲ ဖြစ်မှာပါလေ။

    ReplyDelete
  18. မမရယ် ဖတ်ပြီး စိတ်မကောင်းဘူး။
    တော်တော်နှမြောမှာဘဲနော်..။

    ReplyDelete
  19. ကော်မန့်ရေး၊အကြံပေး၊အားပေးသွားကြတဲ့ MM,Aster,Ma Eh,ခြေလှမ်းသစ်၊မီယာ၊ရှင်လေး၊ဏီလင်းညို၊လသာည၊သက်ဝေ၊တောင်ငူသား၊Kiki၊မသီတာ၊ချစ်ကြည်အေး၊ငယ်နိုင်၊အနော်၊အိမ်ချမ်းမြေ့၊Evy၊Vista တို့အားလုံးကို ကျေးဇူးအထူးတင်ပါတယ်....

    ReplyDelete
  20. Visited. I do enjoy your posts to be honest

    ReplyDelete
  21.ုမရောက်ဖြစ်တာတောင် ကြာသွားပြီ...
    နေကောင်းကြတယ်နော့်...

းဝ)

    ReplyDelete
  22. ချစ်မရေ... အဲဒါ ဘုရားလမ်းပြတာပဲလေ။
    လူ့အနေနဲ့ ဘယ်လိုမှ ကောင်းတယ်လို့ မထင်တဲ့အရာတစ်ခုဟာ ဘုရားအလိုနဲ့အညီ အကောင်းဆုံးဖြစ်လာတာပဲမဟုတ်လား။ ဘုရားသခင်က အကောင်းဆုံးလမ်းပြပို့ဆောင်နေပါတယ်။ ဘုရားသခင် လမ်းပြပို့ဆောင်ပါစေ။

    ReplyDelete
  23. ပတ်ဝန်းကျင်မကောင်းရင် နေရတာသိပ်စိတ်ပျက်ဖို့ ကောင်းပါတယ် အမရယ်... နောက်ထပ်နေရာကောင်းလေးတစ်ခုဖြစ်လာမှာပါ

    ReplyDelete