Wednesday, December 9, 2009

ခရစ္စမတ်စ်အကြို


အခါတိုင်းတော့ ခရစ္စမတ်သစ်ပင်ကို အစိမ်းရောင်ဘဲသုံးဖြစ်ပါတယ်... ဒီနှစ်တော့ သမီးလေးက ခရမ်းရောင်ဝယ်ပေးဘို့ပူဆာတယ်... ကျမကတော့ ခရစ္စမတ်စ်သစ်ပင်ကို အဲလိုသဘာဝမကျတဲ့ အရောင်ကြီး မလိုချင်ဘူး... ဒါနဲ့ဘဲ သမီးလေးနဲ့ညှိရင်း အဖြူရောင်နဲ့ သဘောတူသွားကြတယ်.... ဒီနှစ်အခါတိုင်းလို အိမ်တောင်သိပ်မရှင်းဖြစ်ဘူး... အရင်နှစ်တွေဆို နိုဝင်ဘာလနောက်ဆုံးပတ်မှာ အိမ်ရှင်းတယ်.... အဝတ်အဟောင်းတွေကို မိဘမဲ့ကျောင်းကိုလှုတယ်.... အားလုံးရှင်းပြီးမှဘဲ ဒီဇင်ဘာလပထမပတ်မှာ ခရစ္စမတ်စ်သစ်ပင်ကို အလှဆင်တယ်.... ဒီနှစ်ခရစ္စမတ်တော့ ရန်ကုန်ပြန်မှာမို့ရော... သိပ်မအားတာရောကြောင့် အိမ်ကောင်းကောင်းမရှင်းဖြစ်ဘူး... အဝတ်ဟောင်းတွေတောင် မသယ်နိုင်လို့ နိုင်သလောက်လေးဘဲသယ်သွားပြီးလှုရတယ်... ငယ်ငယ်တုန်းကတော့ ဒီလိုအချိန်ဆို မောင်နှမတွေ အရမ်းပျော်ကြတဲ့ အချိန်ပေါ့.... ဖေဖေက လုပ်အားခထဲက ၁၀ပုံ၁ပုံ ဖယ်ထားတဲ့ ဆယ်ဖို့တစ်ဖို့ စုဗူးကြီးကိုဖောက်ပြီး ဘုရားကျောင်းက ဆရာတွေကိုလှုဖို့ စာရင်းလုပ်... ရပ်ကွက်ထဲက ခလေးတွေ ဘယ်နှစ်ယောက်ရှိလဲ စာရင်းကောက်ပြီး လက်ဆောင်ဝယ်ဘို့ သိမ်ကြီးဈေးကိုသွားကြတယ်.... ဒီဇင်ဘာလရောက်တိုင်း ကိုယ်တို့မောင်နှမတွေနဲ့ မခေါ်တဲ့ သူငယ်ချင်းတွေက ကိုယ်တို့ကို အတင်းပြန်လိုက်ခေါ်တယ်... ခရစ္စမတ်လက်ဆောင်မရမှာစိုးလို့လေ... ဒါပေမဲ့ ဖေဖေက အိမ်နားက ခလေးတွေအကုန်လုံးကို အတူတူပေးနေကျပါ.... ပြီးတော့ ဘုရားကျောင်းမှာဆိုဘို့ ခရစ္စမတ်စ်သီချင်းတွေ စပြီးလေ့ကျင့်ချိန်ပေါ့... ဖေဖေက ဂစ်တာတီး မေမေနဲ့ ကျမတို့မောင်နှမတွေက သီချင်းဆို... သိပ်ကိုပျော်စရာကောင်းခဲ့တာပေါ့.... အခုတော့ ဒီလိုအချိန်တွေ ပြန်မရနိုင်တော့ဘူး.... ဒီဇင်ဘာဟာလွမ်းဆွတ်စရာတွေအပြည့်နဲ့.....

ဒါပေမဲ့ ဒီနှစ်တော့ အရင်နှစ်တွေလိုမလွမ်းရတော့ဘူး... နောက်တစ်ပတ်ဆိုရန်ကုန်ပြန်တော့မယ်... မိသားစုတွေနဲ့ အတူခရစ္စမတ်စ်ကို ဆင်နွှဲရတော့မယ်... တွေးရင်းပျော်နေတယ်... ဘလော့ဂါသူငယ်ချင်းတွေ ဘလော့လာလည်နေကျ မောင်နှမတွေကို နှုတ်ဆက်လိုက်ပါတယ်နော်.... ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်စ်ဖြစ်ပါစေ.....

32 comments:

  1. Merry Chrismas and Happy New year လို့ ကြိုနှုတ်ဆက်ထားတယ်နော့်။ မြန်မာပြည် ပြန်သူတိုင်း ပြန်မရောက်မချင်း အွန်လိုင်းပေါ်က ပျောက်ပျောက်သွားတတ်လို့ ကြိုနှုတ်ဆက်ထားတာပါ။ သွားရေးလာရေး အဆင်ပြေချောမွေ့ပါစေ။

    ReplyDelete
  2. ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်စ်ဖြစ်ပါစေ...

    ReplyDelete
  3. May your X'mas be filled with joy and happiness! X'mas သစ်ပင်လေးကလှလိုက်တာ

    ReplyDelete
  4. မရိုစ့်ရေ...
    ခရစ်စ္စမတ် သစ်ပင်လေးက...လှတယ်ဗျာ...။
    ပျော်ရွင်စရာကောင်းတဲ့ ခရစ်စ္စမတ်နေ့ရက်လေးကို ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျ...။
    (ရန်ကုန်ပြန်ရတော့မှာဆိုတော့ ပျော်စရာကြီးနော်....။ အားကျမိပါ၏။)

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  5. ပျော်ရွှင်ပါစေ..

    ReplyDelete
  6. သစ်ပင်လေးမသွားပါဒယ်... ပျော်ပျော်ရွှင်ရွှင်သွားပါ..။

    ReplyDelete
  7. မမရေ..ပျော်ရွှင်ဖွယ်ကောင်းသော ခရစ်စမတ်လေး ဖြစ်ပါစေ..။
    ချစ်စရာကောင်းသော သားသားလေးနှင့် မီးမီးလေး လဲပျော်ရွှင်ပါစေ..။
    ခင်မင်စွာဖြင့်

    ReplyDelete
  8. Merry Christmas and a Happy New Year!!!
    မြို့ထဲမှာ ကြုံရင် လှမ်းခေါ်လိုက်မယ်နော်...:)

    ReplyDelete
  9. ပျော်ရွှင်စရာ ခရစ်စမတ်အတွက် ကူပြီး ပျော်ပေးပါတယ် အမ။

    ReplyDelete
  10. မ ရိုစ့် ရေ...ခုမှ တခေါက်ပြန်လာလည်ပါတယ် ။ မိသားစုနဲ့ အတူ ပျော်ရွှင်စရာ ခရစ်စမတ် ဖြစ်ပါစေ...။ Merry X'mas & Happy New Year ပါရှင်...

    ReplyDelete
  11. မေ့တော့မလို့....လင့်ခ်သွားတယ်နော်...:D

    ReplyDelete
  12. Merry X'mas & Happy New Year ပါရှင်။
    မြန်မာပြည်ပြန်မယ်ဆိုတော့ ပျော်စရာကြီးပေါ့နော်.
    မိသားစုနဲ့အတူ ပျော်ရွှင်ဖွယ်ခရီးလေးဖြစ်ပါစေရှင်။
    အလည်လာခဲ့တာတွေ အတွက် ကျေးဇူးတင်ပါတယ်နော်။

    ReplyDelete
  13. ချစ်သောရိုစ်..မေရီခရစ္စမတ်စ်....(ကြိုပြောထားတာ)
    မြန်မာပြည်ပြန်ရင် မှာထားတာ မေ့နဲ့နော်။ ပျော်စရာတွေ သယ်လာပေးဖို့။ မုန့်ဟင်းခါးလည်း ပိုစားခဲ့ပေးဖို့်။ နောက်ပြီး ပျော်ပျော်နေပြီး ရသလောက်လည်ဖို့... နော်။

    ReplyDelete
  14. ခရစ္စမတ် မှာစိတ်ချမ်းမြေ့ပါစေ။

    ReplyDelete
  15. ပျော်စရာကြီးပါလား နော် ....
    မိသားတစု ပျော်ရွှင်စွာ ဆင်နွှဲနိုင်သော
    ခရစ္စမတ်လေး ဖြစ်ပါစေ မရို့ စ် ရေ ...

    ReplyDelete
  16. Merry X'mas & Happy New Year.Have a nice trip and nice stay in Myanmar

    ReplyDelete
  17. ပျော်ရွှင်ဖွယ်ခရစ္စမတ်ဖြစ်ပါစေ....
    ဒီမှာကတော့ ဇန္န၀ါရီ ၇ ရက်နေ့မှ ခရစ္စမတ်ရောက်မှာလေ...
    ဒီရောက်မှကြုံဖူးတာပဲ။ ခရစ္စမတ်ကို ဇန္န၀ါရီမှာ..

    ReplyDelete
  18. ရို့စ်ရေ

    ပျော်စရာကြီးပဲကွယ်။ အစစ အဆင်ပြေပါစေ။


    မအယ်

    ReplyDelete
  19. ခရစ်စမတ်အချိန် အိမ်ပြန်ရတာ ပျော်စရာနော်... Merry Christmas and a very happy new year!

    ReplyDelete
  20. Merry chistmas and happy new year သာယာတဲ့ လမ်းခရီးဖြစ်ပါစေ

    ReplyDelete
  21. Marry Christmas ပါ အမရယ် မိသားစုနဲ့ အတူ ပြန်လည်ဆုံတွေ့ကာ ပျော်ရွှင် ရမယ်ဆိုတော့ တွေးပြီးတောင် ၀မ်းသာနေမိပါတယ်ဗျာ

    ReplyDelete
  22. ပျော်ရွှင်တဲ့ ခရစ္စမတ်နေ့တွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

    လေးစားလျက်

    ReplyDelete
  23. Wishing you and your family a Merry Christmas and Happy New Year 2010. ကံကောင်း ရင် ရန်ကုန် မှာတွေ နိုင်အုံးမှာပါအစ်မရေ

    ReplyDelete
  24. ငယ်ငယ်တုန်းက အဲလိုအချိန်လေးကို အမတော်တော်ပြန်
    တမ်းတပြီးရေးလိုက်တာ ဖတ်ရတဲ့ သူတိုင်းတစ်မျိုးတော့
    ခံစားရမှာဘဲ . . . အဲလိုအချိန်တွေပြန်မရတော့ပေမဲ့  ခုရလာ
    တော့မဲ့ ပျော်ရွှင်ချိန်လေးကိုဘဲ တန်ဖိုးထားလိုက်ပါတော့
    အမရေ . . . ပျော်ရွှင်သော ခရစ်စမတ် လေးဖြစ်ပါစေဗျာ :)

    ReplyDelete
  25. Merry Xmas my sister..:)

    Can give comment but can't type Myanmar words. One thing good although another one.. ahint.. ahint.. :-(

    Friendly
    Si Thu

    ReplyDelete
  26. နောက်တခါ ဆယ်ဖို့တဖို့ဆုဗူးဖောက်တဲ့အခါ ကြိုပြောစေချင်ပါတယ်...

းဝ)

    ReplyDelete
  27. Merry Christmas & Happy New Year ပါ မမရေ။ ခရစ္စမတ်ပင်လေးကိုနှစ်သက်မိတယ်။ ပြန်ရမယ်ဆိုတော့ပျော်စရာကြီးနော်။ ပြန်တောင်ပြန်ချင်လာပြီ။

    ReplyDelete
  28. လာလည်ပြီး comment ရေးသွား ဆုမွန်ချွေပေးသွားကြတဲ့ မောင်နှမများကို အထူးဘဲ ကျေးဇူးတင်ပါတယ်....

    ReplyDelete
  29. နှုတ်ဆက်သွားကြသူအားလုံးကိုကျေးဇူးတင်ပါတယ်

    ReplyDelete
  30. Sharon
    Merry X'mas and happy new year to you and your family.
    San

    ReplyDelete
  31. ပျော်ရွှင်ဖွယ်နှစ်သစ်ကူး ပါ မရေ...

    ပြီးတော့ ဟိုတစ်ခါ မ ရေးတဲ့စာ မှာ facebook မှာ သူငယ်ချင်းတွေ ရှာတွေ့သွားလို့ ပျော်တဲ့အကြောင်းရေးထားတာလေ။
    facebook မှာ့ မယ့်ပုံတော့ တင်မထားပါဘူး ။ ဒါပေမယ့် အရမ်းတွေ့ချင်နေတဲ့
    ငယ်သူငယ်ချင်းမလေးတစ်ယောက် ကို ပြန်တွေ့လိုက်ရတယ်။ အဲဒါ မ စာလေးကို သတိတရကျေးဇူးတင်စွာ လာပြောတာပါ။

    ReplyDelete
  32. 2010 is at the door...
    Remember...Life is short,
    break the rules,
    forgive quickly,
    kiss slowly,
    love truly,
    laugh uncontrollably,
    and never regreat anything that made you smile.

    ReplyDelete