Friday, October 23, 2009

ကော်ပြန့်စိမ်း

လက်ဖက်သုပ်နဲ့ရေနွေးကြမ်း
ကော်ပြန့်စိမ်းလိပ်ဖို့ အစာပလာများ

ကော်ပြန့်စိမ်းနှင့်အချဉ်


ကန်ပွန်းချဉ်ရွက်ကြော်၊ပန်းဂေါ်ဖီကြော်၊ပုဇွန်နှင့်အာလူးဟင်း



ကြက်သားဒံပေါက်၊ငါးနီတူခြောက်အစပ်ကြော်၊ငါးရံ့ခြောက်မီးဖုတ်




ပို့စ်အသစ်တင်ဘို့ mood မဝင်ဖြစ်နေပါတယ်... ခလေးတွေကလဲ တလှည့်စီနေမကောင်း.... farmtown မှာ တစ်သန်းတန်အိမ်ဝယ်ဘို့ လုံးပန်းနေရတာနဲ့ တခြားအကြောင်းကြောင်းတွေကြောင့် ဒီတပတ် ပို့စ်မတင်ဖြစ်ပါဘူး...ဒါပေမဲ့ တပတ်ကို အနည်းဆုံး ပို့စ်တစ်ခုတော့ တင်မယ်လို့ ဆုံးဖြတ်ထားတာကြောင့် ဒုတိယ အကြိမ်ဆားချက်လိုက်ပါတယ်... ကော်ပြန့်စိမ်းက သူငယ်ချင်း တစ်ယောက်အိမ်မှာ စုပြီးလုပ်စားဖြစ်တာပါ... ဓာတ်ပုံတွေက လက်ကိုင်ဖုန်းနဲ့ ရိုက်လို့ သိပ်မကောင်းဘူး... နဂိုထဲက ဓာတ်ပုံရိုက်တာလဲ မတော်တော့ သည်းခံပြီး ရှုစားသွားကြပါနော်...
ဘလော့ဂါမောင်နှမများနဲ့ လာလည်သူအားလုံးကိုချစ်တဲ့
rose of sharon



19 comments:

  1. တစ်ကွ............ အားလုံးကြိုက်တယ် မကြီးရေ

    ReplyDelete
  2. ဟင်းးး
    လုပ်ပြန်ဘီ
    ကြိုက်တယ် .. ကြိုက်တယ် .. ကြိုက်တယ် ... :D

    ReplyDelete
  3. ပုစွန်နဲ့အာလူးဟင်းအမုန်းဝါးသွားတယ်
    ဟဲဟဲ.... ကောင်းချက် :P

    ReplyDelete
  4. ကော်ပြန့်စိမ်း စားချင်တယ် မမ :)
    ဒီမှာလဲ ကော်ပြန့်စိမ်းရှိတယ် ဒါပေမဲ့ မကြိုက်ဘူး ချိုချိုကြီးတွေ :(
    ကင်ပွန်းချဉ်ရွက်ကြော်လေး စားကောင်းမယ့်အမျိုးပဲ
    အိမ်ချင်းနီးရင် ကလေးတွေနဲ့ လာကူဆော့သလိုနဲ့ ထမင်း လာစားမယ် ဟိဟိ

    ReplyDelete
  5. ကော်ပြန့် စိမ်းစားချင်တယ်သိလား..မမ

    ReplyDelete
  6. ကင်ပွန်းချဉ်ရွက်ကြော်စားမယ်။ နောက်ပြီး ကော်ပြန့်စိမ်းကို ကော်ဖီနဲ့မြည်းဖို့ သယ်သွားမယ်.. နောက်ပြီး လက်ဖက်သုပ်နဲ့ ရေနွေးကြမ်းလည်း သောက်သွားတယ်။ တစ်သန်းတန်အိမ်နားမှာ အိမ်နီးချင်းလာလုပ်ဖို့ ကြိုးစားရဦးမယ်.. :P

    ReplyDelete
  7. ကြက်သား ဒံပေါက်ပဲ အသားမစားလို့ အဲဒါကလွဲရင် ကျန်တာ အကုန်စားသွားတယ်။

    ReplyDelete
  8. မရိုစ် တို့ကလည်း ချက်တတ်သားပဲနော် .. အားလုံးထဲမှာ လက်ဘက်အကြိုက်ဆုံးပါပဲ ..

    ReplyDelete
  9. ကျွေးသမျှအကုန်စားပြီး လက်ဖက်ကို အစားပိတ်လေး မြုံ့ သွား တယ်အစ်မရေ
    ကျေးဇူး လက်ရာကတော့ ဂွတ်ရှည်ပဲ လျှာကို ကျွမ်းပြန်သွား တာပဲ :)
    ခင်တဲ့
    ရန်ကုန်သား :)

    ReplyDelete
  10. အကုန်လုံးကြိုက်တယ်ဗျို့  ...
    ကော်ပြန့်စိမ်းက အထဲမှာ ဘာနဲ့ လုပ်တာလဲ မသိဘူးနော်...
    ဒီပို့စ်မြင်ပြီး လုပ်စားဦးမယ်...( ကော်ပြန့် )

    mie nge

    ReplyDelete
  11. အင် ကော်ပြန့်အစိမ်းတော့ ကြိုက်ဘူးနော် ကော်ပြန့်ကြော်ပဲကြိုက်တယ် ဟီးးးးးးးးးးး

    ReplyDelete
  12. ကင်ပွန်းချဉ်ရွက်ကိုပုဇွန်နဲ့ကြော်စားချင်တယ် ။း(

    ReplyDelete
  13. ကော်ပြန်.စိမ်းဆိုသိတ်ကြိုက်တယ်

    ReplyDelete
  14. ကော်ပြန့်စိမ်းစားသွားပါတယ် မရိုစ်ရေ..

    ReplyDelete
  15. ရှိတာလေးတွေ ကလည်း များလှချေလား ။
    ဘုန်းကြီးဆွမ်းကပ်တာ ကျနေတာပဲ နော်။။

    တွေ့ တာ တွေ စားသွားတယ် ..
    ကင်ပွန်းချဉ်ရေဟင်း နဲ့ ငခြောက်စပ်ကြောလေး အမိုက်ဆုံး .. ဟေးဟေး...

    ReplyDelete
  16. ကော်ပြန့်စိမ်းလေး လာမြည်းတယ် အစ်မရေ..

    yu ya

    ReplyDelete
  17. လက်ဖက်သုတ်လေးနဲ့  ကော်ပြန့် စိမ်းလေး စားချင်လိုက်တာ
    မကြီးရာ ဂလု ဂလု

    ReplyDelete
  18. စားချင်ဖွယ်ရာတွေချည်းပဲ... ဟင်းးးးးးးးးးးးးးးးးးးးးးး

းဝ)

    ReplyDelete
  19. ဟိုက်ရှားဘား... စားချင်စရာတွေပါလား...
    စောစောကမသိလို့ မလာမိတာ နာသကွာ...
    နောက်ဆို စားစရာတွေတင်ရင် အရင်ဆုံးသိရအောင် Link ထားလိုက်မယ်နော်... :D

    ကော်ပြန့်စိမ်းလေး စားချင်ပါတယ်... စားချင်ပါတယ်... စားချင်ပါတယ်ကွယ်... (မမ ခင်ဦးမေ လေသံကို ကူးချထားသည်)

    ReplyDelete