Tuesday, October 13, 2009
ဗီယက်နမ်မှာ(၄)
(ရ)လ အရွယ်သမီးလေး
၂၀၀၂ခုနှစ် နှစ်လည်ပိုင်း အဲဒီတခေါက်ပြန်လာတဲ့ အချိန်မှာ ဗီယက်နမ်ဟာ တော်တော်တိုးတက်နေပါပြီ... မီတာနဲ့မောင်းတဲ့တက္ကစီတွေလဲ နေရာတိုင်းမှာရနေပြီ.... အိမ်ကနေဖုန်းနဲ့လှမ်းခေါ်ရုံနဲ့ ၅မိနစ်၁၀မိနစ်အတွင်း အိမ်ရှေ့ကိုရောက်လာပါတယ်... လာရတဲ့အတွက်လဲပေးစရာမလိုဘဲ ကိုယ်စဝင်ထိုင်တဲ့ အချိန်ကနေဘဲ မီတာစမှတ်ပါတယ်.... နိုင်ငံတကာ အဆင့်မှီဆေးရုံတွေလဲ ရှိနေပြီ....... ခါးပိုက်နှိုက်တွေ ရှိနေသေးပေမဲ့ အရင်လောက် မများတော့ဘူး..... စူပါမားကတ်တွေလဲ များလာတယ်.... ၁၉၉၉ခုနှစ် ကထက် အများကြီးနေလို့ကောင်းလာတယ်.....
သမီးလေးက ခြောက်လကျော်ရုံလေးရှိသေးတာမို့ ခလေးသုံးပစ္စည်းတွေ ရောက်ပြီးနောက်တစ်ရက်မှာ အမြန်ပြေးဝယ်ရပါတယ်.... ခလေးကူထိန်းပေးမဲ့ ခလေးထိန်းလဲ အမြန်ရှာရပါတယ်... အပြင်သွားတိုင်း ချစ်စရာကောင်းတဲ့ သမီးလေးကို သူများတွေ တောင်းတောင်းချီကြလို့ စိတ်ညစ်ရပါတယ်... ခလေးက နုနယ်တဲ့ အရွယ်မို့ ကိုယ်မရင်းနှီး အကြောင်းမသိတဲ့ သူတွေမှာ ရောဂါတခုခုရှိပြီး သမီးလေးကို ကူးမှာ စိုးရိမ်လို့ပါ.....ဈေးသွားတိုင်းလည်း သမီးလေးပါရင် ဈေးသည်တွေက ခလေးကချစ်စရာကောင်းလိုက်တာဆိုပြီး ဝယ်တာထက် ပိုပြီင်္း အများကြီးအပိုပေးကြပါတယ်.... ရောက်ခါစမှာ သမီးလေးက ပတ်ဝန်းကျင်အပြောင်းအလဲကို လက်မခံချင်ဘူးထင်ရဲ့... မရပ်မနားငိုပါတယ်... မောရင်အိပ်သွားလိုက်... ဗိုက်ဆာရင်အစားစားလိုက် ပြီးရင်ပြန်ငိုလိုက်နဲ့.... သားဦးမို့ အတွေ့အကြုံ မရှိတဲ့ ကျမ တကယ်ကို အရူးတပိုင်း ဖြစ်ခဲ့ရပါတယ်.... ခလေးငိုတိုင်း ဆေးရုံကိုပြေးလွန်းလို့ နောက်ပိုင်းမှာ ဆေးရုံကဆရာဝန်မလေးက သူ့ဖုန်းနံပါတ် ပေးထားပြီး တခုခုဖြစ်ရင် သူ့ဆီ အရင်ဖုန်းဆက်ခိုင်းပြီး ဘာဖြစ်လဲ အရင်မေးပါတယ်...လိုအပ်မှ ဆေးရုံကိုလာခိုင်းပါတယ်.... အဲဒီဆရာဝန်မလေးကို အခုအချိန်ပြန်မတွေ့ရတော့ပေမဲ့ စဉ်းစားမိတိုင်း အရမ်းကျေးဇူးတင်မိပါတယ်.... တကယ့်စေတနာဆရာဝန်မလေးပါ....... သမီးလေးတဖက်နဲ့ ဟိုချီမင်းနဲ့ ဟနွိုင်းကို တလတခါ အမြဲသွားရတယ်... ခလေးရှိလာတဲ့အခါ ဟိုချီမင်းမှာနေရတာ ပိုအဆင်ပြေပါတယ်... ဟနွိုင်းမြို့လေးက အေးချမ်းပေမဲ့ လိုချင်တဲ့ ပစ္စည်း ရှာဝယ်ရတာ အဆင်မပြေသေးပါဘူး(၂၀၀၂ခုနှစ်မှာပါ)..... ဟိုချီမင်းမှာတော့ အဲဒီအချိန်ထဲက နိုင်ငံတကာ အဆင့်မှီ စူပါမားကတ်တွေ ရှိနေပါပြီ.... အဲဒီနှစ်ထဲမှာဘဲ ခင်မင်ခဲ့ရတဲ့ အခုချိန်ထိ ဆွေမျိုးရင်းချာတွေလို ရင်းနှီးသွားခဲ့တဲ့ သီသီ၊ဝါဝါ နဲ့ မအဲတို့ဟာ ကျမအတွက် ဟိုချီမင်းအမှတ်တရတွေပါဘဲ...ရေခြားမြေခြားမှာ ဆုံတွေ့ခဲ့ရပြီး ပြောမနာဆိုမနာ တယောက်ကိုတယောက် ဖေးဖေးမမနဲ့ ခင်မင်ခဲ့ကြရတာတွေကြောင့် သူတို့ကို ကျမဘယ်တော့မှ မမေ့ပါဘူး.... အဲဒီကစလို့ ဟိုချီမင်းမှာ မြန်မာအမျိုးသမီးတွေ တအိမ်အိမ်မှာ အမြဲစုပြီး မြန်မာ အစားအစာ တွေချက်စားကြတာ အစဉ်အလာတခုလိုဖြစ်သွားခဲ့တာပါ......... မြန်မာတိုင်းတော့ မဟုတ်ပါဘူး..... မြန်မာလို့ပြောရမှာ ရှက်တဲ့သူတွေလဲရှိပါတယ်... အဲလိုလူမျိုးတွေကတော့ ကျမတို့လို ကိုယ့်အိတ်ကိုယ်စိုက်ပြီး မြန်မာလိုက်စုတတ်သူတွေကို ရှောင်ပါတယ်.......တခါတုန်းကလဲ ကျမသူငယ်ချင်းတယောက်က ရန်ကုန်မှာမျက်မှန်းတန်းထားသူတယောက်ကို ဟိုချီမင်းတနေရာမှာ တွေ့လိုက်ရလို့ ဝမ်းသာအားရသွားနှုတ်ဆက်တဲ့ အခါ ဘာတွေလာပြောနေတာလဲ...နားမလည်ဘူးလို့ English လိုပြန်ပြောလိုက်တယ်....... နောက်တခါ စားသောက်ဆိုင်တခုမှာ ကျမနဲ့ တခြားမြန်မာ၃ယောက် နေ့လည်စာစားနေတုန်း တခြားဝိုင်းမှာထိုင်နေတဲ့ မြန်မာတယောက်က သူ့ဘေးကလူကို သူမြန်မာဖြစ်ကြောင်း ကျမတို့ကို မပြောပြဘို့မှာကြောင်း နောက်ပိုင်းမှာ ပြန်သိရပါတယ်....... လွန်ခဲ့တဲ့၆လလောက်တုန်းကလဲ ကျမရဲ့ခင်ပွန်းသည်က သူ့ရုံးခန်းကိုအခုလာခဲ့ဘို့ မှာပါတယ်..... ဘာမှန်းမသိ ကမန်းကတန်း ထလိုက်သွားမိတယ်... ဟိုရောက်တော့ သူ့ဆီကို အလုပ်ကိစ္စနဲ့ တခြားCompanyက လာတွေ့တဲ့သူက မြန်မာဖြစ်နေလို့ ကျမနဲ့မိတ်ဆက်ပေးဖို့ပါ.... စကားတွေပြောရင်း ဖုန်းနံပါတ်လဲကြတယ်... နောက်မြန်မာတွေဆုံမဲ့ အစီအစဉ်ရှိရင် လှမ်းဖုန်းဆက်မယ်လို့ ပြောလိုက်တယ်... နောက်တပါတ်မှာ မြန်မာတွေဆုံမဲ့နေရာကို ဖုန်းဆက်ပြောတော့ အဲဒီတယောက် ဖုန်းမကိုင်ပါဘူး.... တခြားတယောက်လာကိုင်ပြီး မရှိဘူးလို့ပြောပါတယ်... လာကိုင်တဲ့သူပြောတာ မြန်မာသံပေါက်တဲ့ Englishစကားသံနဲ့ပါ.... ကျမလဲ အကျိုးအကြောင်းကို English လိုဘဲပြောပြလိုက်ပြီး သူပြန်လာရင် ဖုန်းပြန်ဆက်ခိုင်းဘို့ mesage ထားခဲ့လိုက်တယ်... ခဏနေတော့ ဖုန်းပြန်ခေါ်ပြီး မလာနိုင်ကြောင်းပြောပါတယ်... ကျမလဲနောက်ပိုင်း မဆက်သွယ်တော့ဘဲ ကြံဖန်ပြီးတော့ဘဲ နားလည်ပေးလိုက်ပါတယ်... အဲလိုမြန်မာလို့အသိမခံချင်သူတွေ မြန်မာအသိုင်းအဝိုင်းကို ရှောင်ချင်သူတွေဟာ..... တနေနေရာရာမှာ မြန်မာမို့လို့ ဆိုးဆိုးရွားရွား အနှိမ်ခံခဲ့ရဘူးတာမျိုး ဒါမှမဟုတ် မြန်မာအချင်းချင်းစိတ်နာစရာ တွေကြုံခဲ့ရတာမျိုး တခုခုရှိခဲ့လို့ နေမှာပါလို့ ဖြေတွေးပေးလိုက်ပါတယ်...... အကြောင်းအရာတိုင်းမှာသူ့ reason နဲ့သူတော့ရှိကြတာဘဲလေ.....
(ဆက်ရန်)
21 comments:
  1. တို့တော့ ဗမာလို့ပြောရတာကို သိမ်ငယ်တာတွေ ဘာတွေ မတွေးမိဘူး Rose ရယ်။ မသိတဲ့လူတွေကိုတောင် မြန်မာပြည်နေရာကို သေချာရှင်းပြလိုက်သေးတာ။ သိတဲ့သူတွေက ဗမာပြည်အခြေအနေ မေးရင်လည်း ရှင်းပြတာပဲ။ စရောက်ကာစတော့ ဗမာဆိုရင်အသေအလဲ တွေ့ချင်တာ။ သံရုံးကိုတောင် ဖုန်းဆက်ပြီး ဗမာသူငယ်ချင်းလိုချင်လို့ သိရင်ပြောပါဆိုပြီး မေးသေးတာ။ စတွေ့ကတည်းက ခုထိခင်နေတဲ့ သူတွေလည်း ရှိတယ်။ တချို့ကြတော့လည်း စရိုက်မတူတော့ ပေါင်းလို့မရဘူး။ သိပ်တွဲလွန်းပြန်ရင်လည်း တယောက်နဲ့တယောက် ပြဿနာဖြစ်တာတွေ ရှိလာ၊ ကြားလာတော့ နောက်ထပ် ဗမာသူငယ်ချင်း မရှာတော့ဘူး။ ကိုယ်တွေ့အရ ကြာကြာတခါတွေ့တာ ပိုကောင်းသလိုပဲ။ လူမျိုးခြားသူငယ်ချင်းတွေနဲ့ တွဲတာလည်း တခါတလေ ပိုအဆင်ပြေတယ်။ သူတို့က မိန်းမသိပ်မဆန်ဘူး။ ထားပါတော့ ဒါက တို့အကြောင်းပါ။
    အော် မုန့်ဖုတ်တာတော်တယ်ဆိုလို့ ပြောရဦးမယ်။ စာအုပ်ဖတ်ပြီး လွယ်မယ်ထင်တာလေးတွေ လက်တည့်စမ်းတာပါ။ မအောင်မြင်လို့ ပစ်လိုက်ရတာတွေလည်း အများကြီးပဲ။ တချို့ကြတော့လည်း ပါဝင်တဲ့ပစ္စည်းတွေတော့ နာမည်သိပါရဲ့ ကိုယ်ကမမြင်ဖူးတော့ ဆိုင်ကလူကို ရှာပေးဖို့ အကူအညီတောင်းရသေး။ အောင်မြင်သွားတော့လည်း ပျော်တာပေါ့။
    ReplyDelete
  2. သမီးလေးက တကယ့်ချစ်စရာလေးနော် ...အာဘွား ပေးသွားတယ် .. ။
    နိုင်ငံရပ်ခြားရောက်နေတဲ့  မြန်မာတချို့ ...အင်းလေ ... မရို့ စ်ပြောသလိုပဲ နားလည်ပေးလိုက်ပါတယ်။။။
    ဗီယက်နမ်လို နိုင်ငံမျိုးတောင် Killing Field ထဲကနေ ရုန်းထွက်ပြီး တိုးတက်လာနိုင်ခဲ့ သေးတာပဲ .. နှစ်တိုတို လေးအတွင်း ကောင်းတဲ့ဖက်ကို ပြောင်းလဲ လာနိုင်ခဲ့ သေးတာပဲ ။။
    ဒါတွေကို အတုယူသင့်တယ် ။ ခေါင်းရှောင်တွေ မဟုတ်ပဲ တကယ်တော်တဲ့  မှန်တဲ့  ခေါင်းဆောင်တွေ ရွှေပြည်ကြီးမှာ နေရာရရင် ကောင်းမှာပဲ လို့  စိတ်ကူးယဉ်မိသွားတယ် ..ဟီးဟီးး
    ReplyDelete
  3. သမီးလေးက အရမ်းချစ်ဖို့ကောင်းတယ်
    နောက်တခေါက်ပြန်လာပြောတာ။
    ReplyDelete
  4. အော် နားလည်ပေးလိုက်ပါ တီတီရို့စ်ရယ်နော် ရှိမှာပေါ့လေ ညီမတို့ကတော့ ကိုယ်ဟာ မြန်မာပဲလို့ အမြဲတော့ပြောမှာပါ စိတ်ဝင်စားစရာလေးတွေ နောက် ဆက်ဦးနော်
    သမီးလေးးက ချစ်စရာလေးဆိုတော့ ချီချင်ကြတာ မဆန်းပါဘူးလေ ဟိဟိ ညီမလဲ တွေ့ရင် ချီချင်မလားပဲ ဟက်
    ReplyDelete
  5. ဟုတ်တယ် သမီးလေးက တအားချစ်ဖို့ကောင်းတာပဲ။ အနားနီးရင် တို့တော့ နေတိုင်းရောက်မှာ သေချာတယ်။
    တို့လည်း ရို့စ်လိုပဲ သမီးလေးအတွက် အရူးအမှုး စိတ်ပူခဲ့ရတယ်။ တချိန်တိုင်း ကိုယ်ပူလား နေကောင်းလားပဲ စမ်းပြီး ဆေးခန်းသွားဖို့ကို အမြဲ အဆင်သင့်ဖြစ်နေတတ်ခဲ့တာ..။ အခုလည်း ကိုယ်နဲ့ ဝေးတဲ့တစ်နေရာမှာဆိုတော့ စိတ်ပူတာက နေတိုင်းလိုလိုပဲ..။
    ရို့စ်ကို ကိုယ်ချင်းစာမိတယ်။ သမီးကိုလည်း လွမ်းသွားတယ် :'(
    ReplyDelete
  6. ရိုစ်ရေ
    သမီလည်း ချော မေမေကြီးလည်းချော လက်ကြီးပိုက်နေတဲ့ သားလေးကလည်း ခန့် ခန့် ကြီးနော်။ ကြီးလာရင် အကြီးအကဲ ဖြစ်မဲ့ပုံ နာခံမဲ့ပုံ ကြိုးစားမဲ့ပုံ လိမ်မာမဲ့ပုံလေး။ မအယ်ပြောရင် မှားခဲတယ်။
    လူတိုင်းမှာ သူ့ အကြောင်းနဲ့ သူရှိကြပါတယ် ရိုစ်ရေ။ မြန်မာလို့ ပြောရမှာကို ဘာလို့ မပြောချင်ကြတယ် မသိပါဘူး။
    ဘန်ကောက်မှာတော့ ဗမာဆိုရင် အလုပ်မရတတ်လို့  ရှမ်းတွေ က ရှမ်း တရုပ်တွေက တရုပ် အိန္ဒိယလူမျိုးတွေက india က လာတယ် ပြောကြတယ်လို့ ကြားဖူးတယ်။
    ဗမာ အလုပ်သမားတယောက်က နာမည်ကြီးမင်းသမီးရဲ့ ပစ္စည်း ခိုးတာရယ် ရှေးဟောင်းဘုရားတွေ ခိုးတာရယ် နဲ့ ဖမ်းခံရကတည်းကတဲ့ ဟိုးလွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကပါ။ ခုတော့ မသိပါဘူး။ ဗမာဆိုရင် တအားနှိမ်လို့ pass port တွေကပါ မြန်မာ မဟုတ်တော့ဘူး။ အတုတွေနဲ့ နေကြတာတဲ့လေ။ အဲ့တော့ အချင်းချင်း မတွေ့ ရဲတာရှိတယ်။ လူကြားထဲ ဗမာစကားမပြောရဲဘူးတဲ့။ ပတ်စ်ကြည့်လိုက်ရင် ဗမာ မဟုတ်။ ပြောနေတာက ဗမာစကား။ ယိုဒယားရဲတွေက တချို့ ဗမာလိုတတ်တယ်တဲ့။ တတ်တယ် မပြောပဲ ခပ်တည်တည် နေကြသတဲ့။ ကိုယ်က ရဲရှေ့ ဗမာလိုပြောမိရင် အတုသမားဆို ကျားရှေ့ လဲတာပဲတဲ့။
    ဗမာလို မပြောနဲ့ ဗမာတွေအိမ် မသွားနဲ့ ဆိုတဲ့ သူတွေ တွေ့ ဖူးပါတယ်။ သူ့ အကြောင်းနဲ့ သူပေါ့လေ။
    မအယ်
    ReplyDelete
  7. မရေ...ဗီယက်နမ် ၄ လာဖတ်တယ်သိလား
    ချစ်စရာ သမီးလေးကိုလည်းအာဘွားးးပေးသွားတယ်သိလား
    မမအယ်လေးပြေားတဲ့ဇတ်လမ်းလေးကြားဖူးတယ်
    ReplyDelete
  8. မရှာရွန်းရေ.... ချစ်စရာသမီးငယ်လေးကို အာဘွားးးးးးးးးးးးးးးး
    ပြီးတော့ ဖတ်တယ်။အဲဒါမျိုးတွေ နားလည်ပေးလိုက်ပါတယ်။ ဖြစ်တတ်လို့။
    ReplyDelete
  9. အမပြောတဲ့ သမီးလေးကိုကြည်းပေးတဲ့ ဆရာဝန်မလေးနဲ့  အန်တီkiki ပြောပြတဲ့  ဆရာဝံမကျီး ကွာပနော်
    ReplyDelete
  10. အကြောင်းအရာတိုင်းမှာသူ့ reason နဲ့သူတော့ရှိကြတာဘဲလေ.....
    အဲ့ဒါလေး သဘောကျတယ် Rose ရေ ... ဒီမှာလည်း လောလောဆယ် ခံစားနေရလို့ ...
    ReplyDelete
  11. ဗမာတွေ.. ကိုယ့်အိတ်ကိုယ်စိုက်ပီး လုပ်ခဲ့သေးတယ်..
    အခုတော့.. အတော်လေး လက်လန်သွားပီ..။ ဗမာဆို... .
    အဝေးက သူတွေကိုပဲ အပေါင်းအသင်းလုပ် သီးသီးသန့်သန့်နေ ..အကြာကြီးနေမှ တခါဆုံတော့တယ်.
    နောက် တခု ကိုယ့်အချင်းချင်းဖေးမ ကူညီမယ် စိတ်ကူးမရှိဘူး နှိမ်ချင်ကြတယ်။
    ကိုယ့် အကြောင်းကိုယ်သာသိတယ်။ ကိုယ်ဘာလုပ်ခဲ့လဲကိုယ်ပဲသိတယ်။ အထင်နဲ့မှန်းပီး ကိုယ့်ကို အထင်သေးတဲ့သူတွေကလဲ ရှိသေး.. ခုချိန်ထိ တော့ ကိုယ့်ဦးတည်ချက်အတိုင်း ရှင်သန်နေတာပဲ
    ကိုယ့်ကို ထောက်ခံသူတွေက မြန်မာကလွဲလို့ တခြားနိုင်ငံခြားသားတွေ အကုန်ရှိနေသ၍ .. ကိုယ်နဲ့ ပက်သက်ခဲ့တဲ့
    မြန်မာတွေရဲ့ အကူအညီကို ခုချိန်ထိ တခါမှ လဲ မရခဲ့သလို ယူမှာလဲမဟုတ်ဘူး လိုအပ်တဲ့ သူကို ကူညီပေးချင်ပေမဲ့ စိတ်ဓာတ်တွေကို မကြိုက်လို့ ခုတော့ ခပ်ခွါခွါပဲ ကိစ္စရှိမှပဲ ပြောဆိုဆက်ဆံတယ်။
    မြန်မာပြည်ကလာတာ မြန်မာပြည်အကြောင်း မြန်မာလူမျိုးအကြောင်း ကိုနိုင်ငံခြားသားတွေ ရှေ့မှာ အမြဲပြောတယ်။ ဂုဏ်ငယ်စရာမှမလိုတာ
    ကိုယ့်အမှုအရာ ကိုယ့်လုပ်ဆောင်ချက်က ဘယ်နိုင်ငံ ဘယ်လူမျိုးဆိုတာထက် ပိုအရေးကြီးတာပါ။
    နိုင်ငံခြားရောက် မြန်မာတွေကိုတော့ တကယ်ပဲ လက်ကုန်တယ်။
    ReplyDelete
  12. အချို့သော မြန်မာတွေကိုပြောတာပါ..
    မြန်မာတိုင်းတော့ မဟုတ်ပါဘူး
    ကလေးကအတော်လေးချစ်ဖို့ကောင်းတယ်နော်။
    ReplyDelete
  13. ဒီမြန်မာတွေနဲ့ တယ်ခက်နေကြတာကိုးဗျ ... ဗီယက်နမ်လို နိုင်ငံမျိုး ရောက်နေတာတောင် ကိုယ့်ကိုကိုယ် မြန်မာလို့ ထင်မြင်မိမှာ စိုးရိမ်နေကြတယ် ဒီလို စိတ်ဓါတ်တွေနဲ့ အနာဂတ်မြန်မာပြည်ကို ဘယ်လို တည်ဆောင်ကြမလဲဗျ ... ဒါတွေအားလုံးဟာ ဒီစစ်တပ်ကနေ ဖန်တီးပေးလိုက်တာပဲဗျ .. ကျနော်ကတော့ ဒီကောင်တွေကိုပဲ အပြစ်တင်မိတယ်ဗျာ
    ကိုဇော်
    ReplyDelete
  14. မမ သမီးလေးကချစ်စရာလေးနော်။
    ခက်ပါတယ်မမရယ်။
    တစ်ချို့မြန်မာတွေက နိုင်ငံခြားရောက်တာနဲ့ သွေးကြိးသွားကြတာလေ
    မြန်မာချင်းချင်းဆို နှိမ်ချင်တယ်။
    အကုန်လုံးတော့ မဟုတ်ပါဘူးလေ။
    မမပြောသလို
    သူတို့လဲ သူတို့အကြောင်းနဲ့ သူတို့ရှိလို့ ဖြစ်မှာပါ။
    ReplyDelete
  15. တိုးတက်ပြောင်းလဲလာတဲ့ ကောင်းသတင်းတွေကို ၀မ်းသာကြည်နှုးမိပါတယ်။ လူအမျိုးမျိုး စိတ်အထွေတွေလို့လဲ မှတ်ယူမိတယ်။
    ReplyDelete
  16. ဒါလည်း ဘာရောဂါလည်း မသိဘူးနော် .. ?????
    မြန်မာက မြန်မာပဲလို့ထင်တာပဲ အစ်မရယ်
    သွေးကလဲ သိတယ်နော်
    မသိစေချင်ရင်တော့ မသိချင်ယောင်ဆောင်နေပေးလိုက်ရုံပေါ့ ..း))
    ReplyDelete
  17. အော်... ဟုတ်တယ် အမရေ....
    ကျနော်တို့ဆီမှာလည်း တချို့တွေဆို....
    ဗမာလို့မပြောကြဘူး စိတ်နာမိတယ်ဗျာ...
    ဒီမှာဆို ကျနော်တို့ကို ချိနော်( Chinese) လို့ခေါ်ကြတယ် မက္ကဆီကန်တွေ အမေရိကန်တွေက ကျနော်လည်း ငါတို့က ချိနော်မဟုတ်ဘူး ဗမာ Between India, China. သမိုင်းလေးပြောပြရတယ်... တချို့တွေက ကြည်နူးနေကြတယ်...။
    လေတယ်ဗျာ...
    ပြောရင်အရှည်ကြီးဗျ... အများကြီးကြုံမိတယ်...
    ReplyDelete
  18. Rose ရေ လာဖတ်သွားပါတယ်။
    မှတ်လည်းမှတ်သားသွားပါတယ်။
    Thanks for your Info about Vietnam and Myanmar.
    ReplyDelete
  19. ဘယ်အရပ်ရောက်ရောက် ဘယ်နေရာရောက်ရောက် ပါးစပ်က ထုတ်ဖော် ဝန်မခံပေမယ့် ဗမာလူမျိုး မြန်မာပြည်သား တွေဆိုတာကိုတော့ မမေ့သင့်ကြပါဘူးကောင်း တဲ့သူ ဆိုးတဲ့သူဆိုတာတော့ နေ ရာတိုင်းမှာ ရှိမှာပါပဲ .... ခုထိတော့ မြန်မာလို့ ပြောရတာ အားမရှိပေမယ့် လေသံမာမာနဲ့  ကျုပ်မြန်မာ လို့ ပြောနေတုန်း ပဲ အစ်မရေ ..... ဗဟုသုတအတွေ့ အကြုံလေး အတွက် ကျေးဇူး ညီမလေးက သိပ်ချစ်ဖို့ ကောင်းတော့ လူတွေ ကချီချင်တာပေါ့ .....
    အစ်မရေ မရောက်တာကြာလို့ နေကောင်းတယ်နော်
    ကျန်းမာပါစေ
    ခင်တဲ့
    ရန်ကုန်သား :)
    ReplyDelete
  20. အိတ်စိုက်ပြီးချက်ကျွေးမယ်ဆို ခေါ်လိုက်လေ... လာခဲ့မယ်...
    တကယ်လာလည်တော့မှ ဘယ်သူလဲ ကိုလူထွေး... မသိပါဘူး ဆိုပြီး ဗိယက်နမ်လို ပြန်မပြောရဘူးနော်...
းဝ)
    ReplyDelete
  21. ချောလိုက်တဲ့ သမီးလေး
    ကစ်ကစ်လေး
    ReplyDelete