Thursday, October 8, 2009
သူငယ်ချင်းကောင်းဆိုတာ
(သူငယ်ချင်းတစ်ယောက် email ပို့ပေးတာကို မျှဝေပေးတာပါ)
Friend ( သူငယ်ချင်းကောင်းဆိုတာ)
A - Accepts you as you are.
သင့်ကိုအရှိအတိုင်းလက်ခံသူ
B - Believes in ''you'' .
သင့်ကိုယုံကြည်သူ
C - Calls you just to say ''HI'' .
"နေကောင်းရဲ့လား"ဟုမကြာခဏ နှုတ်ခွန်းဆက်သသူ
D - Doesn't give up on you.
သုံးလို့မရပါဘူးဟု စွန့်ပယ်မပစ်တတ်သူ
E - Envisions the whole of you (even the unfinished parts)
သင့်လုပ်ဆောင်ချက်အားလုံး (မပြီးသေးသော အစိတ်အပိုင်းများအပါအ၀င်)ကို
မှန်းမျှော်ပီတိဖြစ်နေသူ
F - Forgives your mistakes.
သင့်အမှားများကို ခွင့်လွှတ်တတ်သူ
G - Gives unconditionally.
ခြွင်းချက်မရှိသော မေတ္တာစေတနာကို ပေးတတ်သူ
H - Helps you.
ကူညီဖေးမသူ
I - Invites you over.
နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်တတ်သူ
J - Just ''be'' with you.
သင်နှင့်အတူရှိနေတာကို ကျေနပ်သူ
K - Keeps you close at heart.
လှိုက်လှဲပွင့်လင်းစွာ ခင်မင်သူ
L - Loves you for who you are.
ဆင်းရဲ ချမ်းသာမပါသော ချစ်ခြင်းဖြင့်ချစ်ခင်သူ
M - Makes a difference in your life.
သင့်ဘ၀မှာ သူရှိနေသည့်အတွက် အပြောင်းအလဲဖြစ်စေသူ
N - Never judges.
အပြစ်တင်ဝေဖန်ခြင်းမပြုသူ
O - Offer support.
သင့်ဘက်မှ ရပ်တည်ထောက်ခံပေးမည့်သူ
P - Picks you up.
ဝမ်းနည်းအားငယ်ခြင်းကို ဖြေသိမ့်ပေးမည့်သူ
Q - Quiets you fears.
ကြောက်ရွံ့စိတ်ကို ပြေပျောက်စေသူ
R - Raises your spirits.
စိက်ဓာတ်မြှင့်ပေးသူ
S - Says nice things about you.
သင့်ရဲ့ကောင်းကွက်လေးများကိုသာ ရွေးချယ်ပြောသည့်သူ
T - Tells you truth when you need to hear it.
သင့်ကိုယ်ချင်းစာစိတ်ဖြင့်နားထောင်ပါက အမှန်ကိုပြောမည့်သူ
U - Understand you.
သင့်ကိုနားလည်သူ
V - Values you.
သင့်ကိုတန်ဖိုးထားသူ
W - Walks beside you.
သင့်နားမှာ လျှောက်လှမ်းပေးမည့်သူ
X - Xplains thing you don't understand.
သင်နားလည်လာသည်အထိ ရှင်းပြပေးမည့်သူ
Y - Yells when you won't listen.
သူ့စကားကိုနားမထောင်ပါက အော်တတ်သူ
Z - Zaps you back to reality.
သင့်အားအမှန်တရားဘက်သို့ပို့ဆောင်ပေးမည့်သူ
18 comments:
  1. သူငယ်ချင်းကောင်းဖြစ်ချင်တယ် :)။ အရမ်းကောင်းတဲ့ အဆိုလေးတွေမို့ မှတ်သားသွားတယ်။ နေကောင်းလား။
    ReplyDelete
  2. မှတ်သားလောက်ပါတယ်ဗျာ တကယ့်ပြည့်ဝတဲ့ အေ တူ ဇီ အထိ အချက်အလက်တွေပါပဲ ....
    ReplyDelete
  3. A to Z ထိ အားလုံးပြည့်စုံတဲ့ သူငယ်ချင်းကောင်း တယောက်တော့ လိုချင်မိတယ် .... ရှိတော့ရှိတယ် ရှားတယ်နော် ..
    ReplyDelete
  4. သိပ်ကောင်းတဲ့ အချက်လေးတွေပဲ
    တိုက်ကြည့်တော့.....
    တို့မှာ အဲလိုသူငယ်ချင်း နှစ်ယောက်ကြီးများတောင်ရှိတယ်
    ReplyDelete
  5. ကောင်းလိုက်တဲ့ အချက်တွေဘဲ အမရေ တကယ် ပြည်.၀တယ်ဗျာ
    အလို သူငယ်ချင်း တွေများများရှိချင်လိုက်တာဗျာ :)
    ReplyDelete
  6. အယ် အဲလိုလား သိဘူးနော် အခုမှသိတယ် သိလား ကျေးဇူးနော် မရို့စ်ရေ ဟိဟိ
    ReplyDelete
  7. မအယ်မှာ မိတ်ဆွေ ၂ယောက်ရှိတယ်။
    သူတို့ က ဒီက အချက်တွေထက်တောင် ပိုကောင်းနိင်ကြသေးတယ် ဆိုရမယ်။
    ကိုယ်က တခုခုအတွက် ကျိုးစားနေတယ်ဆို အောင်မြင်ဖို့ သူတို့ က ၀ိုင်းပြီး ဘာလုပ်ပေးနိုင်မလည်း ချက်ချင်းစဉ်းစားကြတယ်။
    ကိုယ်တောင် မသိလိုက်ရဘူး အသေအချာဆွေးနွေးနေကြပြီလေ။
    အောင်မြင်မှု ဆုံးရှုံးမှုတွေအတွက် ထပ်တူ ခံစားတယ်ဆိုတာ သူတို့ နဲ့ တွေ့ မှ ကြုံဖူးတော့တာမို့  လောကမှာ ဒီလိုမိတ်ဆွေရှိတယ်ဆိုတာ ယုံသွားတယ်။
    ကိုယ်ကိုယ်တိုင်ကတော့ တတ်နိုင်သလောက် မိတ်ဆွေတွေပေါ်ကောင်းနိုင်ဖို့ ကျိုးစားပါတယ်။
    မအယ်
    ReplyDelete
  8. အစ်မရေ နေကောင်းတယ်နော်
    သူငယ်ချင်းကောင်းရဲ့ ဂုဏ်သတ္တိလေးတွေ လာဖတ်သွားတယ် အစ်မရိုစ့်ရေ .... ကိုယ်ကိုကိုယ်တိုင် ဒီလို လူမျိုးဖြစ်အောင် ကြိုးစားအားထုတ်ဖို့ ဆုံးမလိုက်တယ်လို့  ခံယူဖတ်ရှုသွားပါတယ် အစ်မရေ ကျေးဇူး :)
    ခင်တဲ့
    ရန်ကုန်သား :)
    ReplyDelete
  9. ဟုတ်တယ်နော်..
    သူငယ်ချင်းဆိုတာ...
    ReplyDelete
  10. မရေ....အားလုံးအတွက် သူငယ်ချင်းကောင်းဖြစ်ဖို့ ကြိုးစားနေပါ့မယ်။
    တကယ်မှတ်သားသင့်ပါတယ်နော်။
    ReplyDelete
  11. အရမ်းကောင်းတယ်။
    ကိုယ်တိုင်ကလဲ ကောင်းအောင်နေပါတယ်။
    အဲလို သယ်ငယ်ချင်းရဖို့ကခက်ပေမဲ့ ၂ယောက်လောက်တော့ ရှိပါတယ်။
    ReplyDelete
  12. မှတ်သားဖွယ်ရာပို့စ်လေးဘဲမမရေ။
    ကိုယ်တိုင်အချက်အားလုံးနဲ့ညီအောင် ကြိုးစားလိုက်အုန်းမယ်မမရေ။
    ReplyDelete
  13. သူငယ်ချင်းကောင်းများနဲ့ တွေ့ဆုံ ပေါင်းသင်းရပါစေ
    ReplyDelete
  14. မကြီးရေ တချို့ တလေတွေ တခါတခါတော့ တခုခု လုပ်ပေးခဲ့မိမယ်ထင်တယ်။ ကျနော်လည်းလေ လောကိသားမို့....
    သူငယ်ချင်းကောင်းတွေ ပိုင်ဆိုင်ပါစေ
    ReplyDelete
  15. မမရေ ကိုယ်ကိုယ့်ကိုပဲ သူငယ်ချင်းကောင်းဖြစ်အောင် ကြိုးစားနေပါတယ်
    ReplyDelete
  16. အချက်တွေ အားလုံးကိုလက်ခံတယ်။ ဒါပေမယ့် ကျွန်မဘ၀မှာတော့ အဲဒီလောက်ကောင်းတဲ့ မိတ်ဆွေ မတွေ့ဖူးသေးဘူး။ ကျွန်မမှာလည်း ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတယောက် ရတိုင်း အဝေးကိုပဲ ရောက်ရောက်သွားလို့ အဲဒီလောက် ရင်းနှီးအောင် အချိန်ပေးဆက်ဆံရတဲ့ မိတ်ဆွေ မရှိသေးလို့ မိတ်ဆွေကောင်းတယောက် ဖြစ်ချင်ပေမယ့် အခြေအနေမပေးခဲ့ဘူး။
    ReplyDelete
  17. သူငယ်ချင်းကောင်းတွေဆိုတာ ဘဝမှာ မရှိမဖြစ် လိုအပ်ပါတယ်... မနော်ဖောကိုကြည့်ရတာလည်း သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတယောက် ဖြစ်ပုံပေါက်ပါတယ်...
    ပိုက်ဆံချေးဦးနော်...
းဝ)
    ReplyDelete
  18. အဲဒီလောက်တော့ ရှိမယ်မထင်ဘူး။
    ReplyDelete