Monday, September 28, 2009

Virtual world မှာ

Restaurant city
Pet society

Farm town


Farm ville



တနေ့တနေ့Virtual world မှာအချိန်တွေ ကုန်နေတယ်.... ဒါပေမဲ့ကျေနပ်တယ်.... တနေ့တနေ့ ကိုယ့်ဘလော့လေးရယ် Facebook ရယ် အလှည့်ကျလည်ပတ်ရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်သွားတယ်.... Facebook ထဲမှာနဲ့ ကိုယ့်ဘလော့လေးမှာ ကိုယ့်ဘဝအမှန်ရှိတယ်.... နာမည်အရင်းနဲ့ ဘလော့နာမည်က အဓိပ္ပါယ် အတူတူဘဲ.... ဘလော့လေးကို ဖွင့်မယ်.... comment လေးတွေ.... c box ကနှုတ်ဆက် စကားလေးတွေနဲ့ ကြည်နူးမှုတွေ အစပြုတယ်.... ပြီးရင် လင့်ထားတဲ့ ဘလော့ list တွေထဲက အသစ်တက်လာသမျှ အကုန်လိုက်လည်တယ်... post မတင်တာ ကြာသွားတဲ့ မောင်နှမတွေကို c box မှာ လိုက်နှုတ်ဆက်တယ်.... post အသစ်တွေ ဖတ်ပြီးရင် ကိုယ် ခံစားနားလည် တဲ့အတိုင်း comment ရေးခဲ့တယ်.... Face book မှာ friend request တွေကို add လုပ်တယ်... friend suggestions ထဲက ကိုယ်သိတဲ့သူတွေကို add လုပ်တယ်.... home page မှာ ပေါ်လာတဲ့ လင့်တွေကို comment ရေးတယ်... ပြီးရင် Farmtown,Farmville,Pet society,restaurant city ဆော့တယ်... Mafia wars တော့ တခါတလေမှ ကလစ်လုပ်တယ်.... ကိုယ့်ဘဝလေး Virtual world မှာငြိမ်းချမ်းတယ်....

16 comments:

  1. အဲ့ဒါပဲကောင်းတယ် ...
    ကိုယ့်ဘဝမှာ ကိုယ်သာအရှင် သခင် ...
    ကြိုက်တာလုပ်နိုင်တယ် ။
    ဘယ်လဒရန်မှလဲ ကြောက်ဖို့ မလို ..
    ရွှေလိုချင် ရွှေဖြစ်တယ်..
    ဟိဟိ
    လမ်းဆက်လျှောက်မယ် ...

    ဟဲ့ ... (၁) ပါလားးး ...

    ReplyDelete
  2. ကောင်းတယ် ဟိ ..လာလည်ပါအုံး မမ

    ReplyDelete
  3. အစ်မရေ လည်တောလေး ထဲလာလည်ပါတယ် ......
    ပျော်ရွှင်ပါစေ :)))

    ReplyDelete
  4. အင်းကောင်းပါတယ် ဟိဟိ ဘိုင် တာ့တာ လာတယ်နော် နေကောင်းလား ကလေးတွေရော မေးတယ်လို့ပြောပေးဦးနော် ဘိုင် တာ့တာ

    ReplyDelete
  5. မမရေ တကယ့်ဘဝရဲ့ အမောတွေကို ဒီ virtual world လေးမှာ ဖြေလျော့မိတယ် လယ်တောထဲမှာ အပင်လေးတွေ စိုက် အသီးတွေ ရိတ် ဈေးမှာ သွားရောင်း ပိုက်ဆံမရှိရင် သူများလယ်တွေမှာ လယ်ကူလီလုပ် ဒီလိုနဲ့ပဲ ညညဘက်တွေ အိပ်ပျက်လှတယ် ဒါပေမဲ့ ပျော်နေမိတယ် :)

    ReplyDelete
  6. အိမ်ဦးနတ် ကိုလည်း ဂရုစိုက်ဦးနော်
း)

    ReplyDelete
  7. အော် အစ်မတောင် ကစားတတ်နေပြီကိုး... ဆော.တာတော.
    တွေ.ဘူးတယ် အပင်စိုက်နေတာ များပြီးကို ပြီးကျတော.ဘူး
    ဆိုးပ :P

    ReplyDelete
  8. ဟားဟား သစ်ပင်တွေစိုက်လိုက် ပန်းတွေ အသီးတွေကို သူငယ်ချင်းတွေဆီပို့လိုက် နဲ့ ပျော်နေတာ တွေ့တယ်ရော.။ အဲလို ဘ၀ကို စိတ်ချမ်းသာသလိုနေလိုက်တော့ ဘ၀ကြီးက နေပျော်တာပေါ့.။ ချစ်သောရို့စ်.. အမြဲပျော်ရွှင်ချမ်းမြေ့ပါစေ..။

    ReplyDelete
  9. ငြိမ်းချမ်းတာကောင်းပါတယ် အမရေ.. လောကကြီးမှာ ပျော်အောင်နေဖို့ အရေးကြီးတယ်။ ဒါမှ ကိုယ့်ပတ်ဝန်းကျင်လည်း ပျော်မှာပေါ့ ဟုတ်ဘူးလား

    ReplyDelete
  10. ကိုယ်ကြိုက်တာ ကိုယ်လုပ်..ဟီး ဟီး...စိတ်ချမ်းသာဖို့ အရေးကြီးတယ်

    mie nge

    ReplyDelete
  11. မရေ...တူတူပဲ။
    အဲလိုပဲ အမြဲတမ်း စိတ်ချမ်းသာ ပါစေ...

    ReplyDelete
  12. အမ jr.လဲတူတူပဲ။
    ဒါပဲလုပ်နေမိလို့ စာတောင်မလုပ်ဖြစ်ဘူး။
း)

    ReplyDelete
  13. restaurant city, sunshine ranch နဲ့ farm ville ဆက်မဆော့တော့ဘူး။ ဖြုတ်လိုက်တော့မယ်။ farm town ပြတ်အောင်ဆော့လိုက်မယ်။ ၃၄ ရောက်ခါနီးနေပြီ။ ပြီးရင် YoVille တခုပဲ ဆက်ဆော့တော့မယ်။ YoVille က ပျော်ဖို့ကောင်းတယ်နော်။ တကယ့် လက်တွေ့ဘ၀လိုပဲ။ အဲဒီထဲမှာ တနေ့တနေ့ ပိုက်ဆံစုပြီး ရှော့ပင်းပဲထွက်ဖြစ်နေတယ်။ ၀ယ်ချင်တာတွေက အများကြီး။ ပိုက်ဆံက မရှိဘူး။ ကိုယ့်အရုပ်ကို လည်း အ၀တ်တွေ တနေ့တမျိုး ဆင်ပေးမိတယ်။ ငယ်ငယ်တုန်းက အရုပ်မအ၀တ်တွေ ခဏခဏလဲဝတ်ပေးရတာသတိရတယ်။ အခုက ပိုပျော်စရာကောင်းတယ်။ crew needed!!!:)

    ReplyDelete
  14. ဒါနဲ့ ပြောရဦးမယ်
    ဆံပင်ညှပ်ခ၊ ဆေးဆိုးခတွေကလည်း ဈေးကြီးလိုက်တာနော်
    YoVille မှာပြောပါတယ်
    တော်ပြီ ကိုယ့်ဟာကိုယ်ပဲ အိမ်မှာလုပ်တော့မယ် :)

    ReplyDelete
  15. တူတူပဲ... မအားတဲ့ကြားက facebook က ဂိမ်းတွေတော့ ၀င်ဆော့ဖြစ်တယ်။ မတူတာတစ်ခုပဲရှိတယ်.. တခြားဂိမ်းတွေ မဆော့အားတောင် Mafia တော့ ၀င်ဆော့တယ်..

    ReplyDelete
  16. ညီမလည်း face book မှာတင် တော်တော် အချိန်ကုန်နေတယ် .. :D
    အက်လိုက်မယ်နော် .. :D

    ကော်ဖီ ဝေါလ်မှာလဲ ဆော့သေးတယ် .. ဟီး

    ReplyDelete