Tuesday, September 15, 2009

အပျင်းပြေ

ဘယ်နှစ်အိမ်ရှိလဲ...မှန်းကြည့်လို့ရတယ်ဟုတ် .... သွားကြားထိုးတံတချောင်းကို ဒေါင်၅၀၀၀ သတ်မှတ်ပြီး ပွဲပြီးမှ သွားကြားထိုးတံအရေအတွက်နဲ့ ပိုက်ဆံရှင်းပါတယ်


ပြီးခဲ့တဲ့စနေနေ့တုန်းက သမီးလေးကိုပြင်သစ်စာသင်တန်းလိုက်ပို့ရင်း အဲဒီနားမှာနေတဲ့ သူငယ်ချင်းတစ်ယောက် အိမ်ကိုဝင်လည်ဖို့စဉ်းစားလိုက်တယ်... သားနဲ့ရွယ်တူခလေး တစ်ယောက်လဲ သူ့မှာရှိတော့ သားလေးကိုပါခေါ်သွားလိုက်တယ်... သူငယ်ချင်းကလဲ သူ့ယောင်္ကျား ခရီးထွက်မယ် အတော်ဘဲတဲ့... ဟိုချီမင်းက အိမ်ထောင်ရှင်မြန်မာအမျိုးသမီးများရဲ့ထုံးစံအတိုင်း ပွဲတော်ကျင်းပကြမယ်ပေါ့.... အသုတ်စုံလုပ်စားဖို့တိုင်ပင်ကြတယ်.... သူ့အိမ်ရောက်သွားတော့ တံခါးလာဖွင့်တာက သူ့ခင်ပွန်း.... ဟင်...ခရီးထွက်မယ်ဆိုလို့မေးတော့ အချိန်ပြောင်းသွားတာတဲ့ ညနေမှသွားတော့မှာတဲ့... ဒါပေမဲ့ စီစဉ်ပြီးသားဆိုတော့ ပွဲက မပျက်ပါဘူး... ခလေးတွေတဝုန်းဝုန်း စကားသံတညံညံနဲ့ သူ့ခင်ပွန်းခင်မျာ ကွန်ပျုတာနဲ့ အခန်းထဲမှာဘဲ ဝင်နေရှာပါတယ်....


လူကလဲ စုံသလောက်ရှိတော့ အပျင်းပြေ ဖဲကစားဖို့ ကြိုတင်စီစဉ်ထားတဲ့ အတိုင်းပိုကာဆွဲကြပါတယ်... အပျော်ကစားတာမို့ လောင်းကြေးတော့နဲပါတယ်.... ဗီယက်နမ်ဒေါင် ၅၀၀၀ ပါ... usတဒေါ်လာကို ဗီယက်နမ်ဒေါင် ၁၈၀၀၀ ဝန်းကျင်ရှိပါတယ်.....


အပျော်ကစားတာဆိုပေမဲ့ အရှိန်ကတက်သွားတယ်.... စားပြီးသောက်ပြီးချိန် နေ့လည်တနာရီခွဲလောက်က ပွဲစလိုက်တာ ကျမခင်ပွန်းသည်က dinner အပြင်မှာထွက်စားကြမယ်ဆိုပြီး ဆိုင်ကိုလိုက်လာဘို့ ဖုန်းလှမ်းဆက်တော့မှဘဲ ၆နာရီကျော်ကျော်မှာ ခလေးတွေနဲ့ထပြန်ခဲ့ပါတယ်.... လောင်းကြေးနဲတာတောင် ဒေါင်၅သိန်းခွဲရှုံးပါတယ်... ဒေါ်လာ၃၀ လောက်ရှိမှာပေါ့... ဒါပေမဲ့ တခါတလေ မို့ရှုံးပျော်ပါတယ်...

17 comments:

  1. ပြီးခဲ့တဲ့အပတ်ကဘဲ ဒီမှာလည်း သူငယ်ချင်းတွေနဲ့ အပျော်ဆော့တာ ၂၀ ကျော်လောက် ရှုံးသွားခဲ့ပြီးပြီ..တွမ်တီဝမ်း ကို
    အလှည့်ကျ ဒိုင်ကိုင်ရလို့ ကိုင်လိုက်တာမို့ပေါ့...တွမ်တီဝမ်း
    တခုတည်း ဆော့တတ်တယ်...သူငယ်ချင်းတွေက ကျန်တာသင်ပေးမယ်ဆိုတော့ မသင်ပေးဖို့ တားထားရတယ်...တော်ကြာ စွဲသွားမှာစိုးလို့...တခါတလေ
    အပျော်ဘဲ ကောင်းတယ်လေ...

    mie nge

    ReplyDelete
  2. ကြည့်ရတာ ပျော်စရာကြီးနေမှာပဲနော် မမ
    ဟိဟိ အနော်တို့လဲ ကျောင်းတုန်းကတော့ ကစားတယ်
    ဒါပေမဲ့ အခုတော့ တယောက်တည်း ပျင်းရင် ကွန်ပျူတာက ဖဲပဲ ကစားနေရတယ် :)

    ReplyDelete
  3. အိမ်မှာလည်း ဟိုးတုန်းက အမေဖေနဲ့ သူတို့မိတ်ဆွေလင်မယားတွေ အပျင်းပြေ ကစားကြတယ်။ တို့တွေက ကလေးတွေပေါ့။

    ReplyDelete
  4. ဓါတ်ပုံထဲမှာ တစ်ခုခုလိုနေသလိုပဲ
    သြော် ဖန်ခွက်လေးတွေပါ ချထားရင် ပိုပြည့်စုံမယ်
း))
    နောက်တာနော်
    ခင်မင်စွာဖြင့်

    ReplyDelete
  5. မကြီးရာ ကျနော့အမလုပ်နေပြီး ရှုံးရလား.. နောက်တစ်ခါကျနော်ပါလိုက်မယ်နော်

    ReplyDelete
  6. အားပါးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    အဲ့လိုအမြဲရှုံးမယ်ဆိုရင်တော့ အမြဲ လာကစားပါတယ်...

းဝ)

    ReplyDelete
  7. အဟင့်
    ရုံလေးတတ်ဖူးရယ် သင်ပေးသိလား မမ
    ရုံလေးတတ်တာကလေ တမျိုးပဲ Q ခိုးတမ်းလေ
    ဘုရင်မှ လက်မှာကျန်တဲ့ လူ နဖူးတောက်ခံရတယ်
    မဟုတ်ရင်ရေသောက်ရတယ်
    အကိုတွေ နှိပ်စက်ပုံများ ကြည့်ပါလား
    ခုလိုဆိုဘယ်လောက်ကောင်းလဲနော်
    ပိုကိပိုက်တောင်ရသေး

    ခင်တဲ့
    ရုံလေး

    ReplyDelete
  8. ပျော်စရာကြီးပါလား။ မဆော့တတ်ဖူး။ နောက်ကျ သင်ပေးဦးနော်..။

    ReplyDelete
  9. အယ် ရှုံးပျော်တယ်ဆိုပဲ ဟိဟိ အဲ ပိုက်ဆံတွေ ဝံလေးကို ပေးလိုက်ပါလားလို့ ဟင့်

    ဟားဟားးးးးး

    မကစားတတ်ဘူးရော သင်ပေးနော် သိလား

    ReplyDelete
  10. အနော်ကတော. မရိုက်တော.ဘူး သွားကြားထိုးတံတွေဘဲ အများ
    ကြီးယူလာတော.မယ် ... ပြီးရင် မကြီးနဲ. တစ်ယောက်တစ်ဝက် :P

    ReplyDelete
  11. အမရေ အရုံးတော့ မခံနဲ့ ဒီတခါ အနိုင်သာပိုင်း

    ReplyDelete
  12. ဖဲကစားပြီးတော့ အဲ့ဒီသွားကြားထိုးတံတွေနဲ့ 
    သွားကြား ဆက်ထိုးကြသေးလားဟင်....
    ဖဲ တော့ သိပ်မဆော့တတ်ဖူးကွယ်..
    အမြဲ ရှုံး တတ်တာ နဲ့  နှမြောလို့  မဆော့ တော့တာ နဲ့  မေ့ကုန်ပြီ..
    ဂျိုကာ ၃ ကောင်နဲ့ တောင် မဒေါင်းတဲ့ ဖဲ..
    ကဲ.. အဲ့ လို တော်တာ ..ဟိဟိ
    အပျင်းပြေ ဆိုတော့ တော်သေးတယ်...

    ReplyDelete
  13. မီးချစ် က ဒိုင်ပဲလုပ်မယ်..ဘယ်သူထိုးကြမလဲ ..လာထားနော်..း))

    ReplyDelete
  14. တစ်အိမ်ချန်ထားပေးနော်... အပြေးလာခဲ့မယ်

    ReplyDelete
  15. သဘောကျသွားတယ် မရိုစ်း)
    ကလေးတွေနဲ့ ဘယ်လို အာရုံစိုက်ပါလိမ့်နော်၊ ဒါကြောင့် ဒေါင်ငါးသိန်းခွဲကျော် ရှုံးတာလားမသိ

    ReplyDelete
  16. တစ်အိမ် လိုရင်ပြောနော်..
    ပျော်ရွှင်ရတာကျေနပ်စရာပါဘဲ..

    ReplyDelete
  17. ရှုံးပျော်လေး ဖြစ်လာတာလား မကြီးရေ.... ဟိဟိ

    ReplyDelete