Thursday, August 20, 2009

လင်တော်မောင်ခရီးသွားတဲ့အခါ

ဝက်သားဒုတ်(ခက်ရင်း)ထိုး
မုန့်ဟင်းခါး

ဒီတပတ်ဆုံဖြစ်ကြမယ်ဆိုတော့ ကျမလက်ရာမုန့်ဟင်းခါးလေးချက်ကျွေးဖို့ စဉ်းစားမိပါတယ်.... ဒါပေမဲ့ ကုလားပဲက အခြမ်းဝယ်မရတော့ အလုံးလိုက်ကို ရေစိမ်ပြီး အခွံချွတ်ရတာ အတော်လက်ဝင်ပါတယ်... ပြီးတော့လဲပြီးသွားတာပါဘဲ... မချက်ခင်တရက်အလိုမှ ဆန်မှုန့်မရှိမှန်းသိလို့ ဖုန်းလိုက်ဆက်မိတော့ အမတယောက်ဆီမှာ ရှိတယ်ဆိုလို့ သွားပြေးယူရပါတယ်... မဟုတ်ရင် ဆန်ကိုလှော် အမှုန့်ထောင်းနဲ့ အတော်အလုပ်ရှုပ်မှာ... နောက်ဆုံးတော့ အားလုံးစုံစုံ လင်လင်နဲ့ မုန့်ဟင်းခါးတစ်အိုး ချက်ဖြစ်သွားပါတယ်.... တချို့ကတောင်းဆိုတာကြောင့် ဝက်သားဒုတ်ထိုးလေးလဲ လုပ်လိုက်ပါသေးတယ်... ဓာတ်ပုံက နောက်မှရိုက်ဖြစ်လို့ နဲနဲလေးဘဲပုံမှာ ပါသွားတယ်... ညီမလေးတယောက်က အချိုပွဲအတွက် မာလကာသီး၊ ပီလောပီနံပေါင်း၊ ငှက်ပျောပေါင်းတွေ ယူလာပါတယ်... နောက်တယောက်က ကိတ်မုန့်၊ သူငယ်ချင်း ရခိုင်အမျိုး သမီးက ထုံးစံအတိုင်း မုန့်တီ သုတ်စားချင်သူများ စားနိုင်အောင် အစာပလာတွေ သယ်လာပါတယ်... အဲဒီနေ့ ကလဲ အရင်တပတ်ကလိုပါဘဲ... အားလုံးပျော်ပျော် ရွှင်ရွှင်စားကြသောက်ကြနဲ့ ဓာတ်ပုံရိုက်ဘို့ အချိန် မရလိုက်ပါဘူး...


ကဲ.. ဒီလောက်ပါဘဲ... အခုတလော ဘလော့ကိုပစ်ထားမိသလို ဖြစ်နေပါတယ်... လာလည်သူမောင်နှမများ ခွင့်လွှတ်ကြပါနော်....


21 comments:

  1. အရင်ဆုံး လာရောက်စားသောက်သွားပါကြောင်း။ ၀က်တုတ်ထိုးကိုစား၊ မုန့်ဟင်းခါးကို သယ် (အိမ်မှာစားဖို့)၊ ဌက်ပျောပေါင်းကို ကော်ဖီနဲ့ မြည်းပြီး ပြန်သွားပြီ.. "D"

    ReplyDelete
  2. လာစားတယ်မမရေ
    အမြဲမရိုးတဲ့ မုန့်ဟင်းခါး သိပ်ကြိုက်
    မမလက်ရာမို့ ပိုကောင်းမှာ သေချာတယ်။
    ဝက်သားဒုတ်ထိုးက နည်းနည်းလေး
    အလုပ်လုပ်ရင်း စားရအောင်
    ပန်းကန်လိုက်မသွားပီ
    တာ့။ အာပွားးး
    ချက်ကျွေးလို့

    ReplyDelete
  3. အဟီးးးး မုန့်ဟင်းခါး လာစားတယ် ကျန်သေးလားဗျိုးးးးးးးးးး ညီမက အစားကြီးတယ်နော် ၁ ပွဲနဲ့မဝဘူးနော် ၂ ပွဲမှ ဟားဟားးးးးးးးးးးး

    ReplyDelete
  4. အား ဒီအစ်မကလည်း လုပ်ပြန်ပြီ မုန့် ဟင်းခါး ဝက်သား ဒုတ်ထိုး အိုး ကောင်းချက် ကောင်းချက် ဒီမှာ အစ်မမောင် မန့် ရင်းနဲ့  သွားရည့်ကျနေပြီ

    အစ်မခင်းပြီးချထားသမျှ အကုန် လွေးသွားတယ် ပန်းကန်တော့ နောက်မှ လာဆေးမယ် အစ်မရေ ရှလွတ် .... :P

    ကျေးဇူး အစ်မရိုစ့် ရေ
    ကောင်း ကောင်း လွှတ်ကောင်း
    အေးမြသာယာပါစေ

    ReplyDelete
  5. ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု

    ReplyDelete
  6. အချိုပွဲမှာ ဓာတ်ပုံ မမြင်ရတဲ့ ပီလောပီနံပေါင်းစားချင်သားနော်။ မျှော်နေတာ ကြာပေါ့ ခုမှပဲ စားရတော့မယ်။ ကျေးဇူးးးးးးးးးးးးးးးး

    ReplyDelete
  7. မမရေ...............
    ရုံလေးလာစားတယ်
    တုတ်ထိုးတော့စားရဖူးလေ
    ကျန်တာတွေစားတယ်သိလားမမ

    ချစ်တဲ့
    ရုံလေး

    ReplyDelete
  8. မကြီးရေ မုန်.ဟင်းခါးနဲ. ၀က်သားတုတ်တိုးကတော.
    စပယ်ရှယ် ကြိုက်ဘဲဗျာ ဂလု ဂလု တံတွေးတွေ
    မျိုချနေရတယ်ဗျာ ... အော် ဘ၀ ဘဝ
    မြင်သာ မြင် မကြင်ရတဲ. ဘ၀ပါလားဗျာ :(

    ReplyDelete
  9. မုံ့ဟင်းခါးက ပဲကပ်ကြော်လေးနဲ့ စုံစုံလင်လင်၊ ၀က်သားတုတ်ထိုးကလည်း အချဉ်လေးနဲ့ တို့တို့စားလိုက်ရ

    ReplyDelete
  10. မုန့်ဟင်းခါး..မုန့်ဟင်းခါးလေးပါလားကွယ်။

    ReplyDelete
  11. မုန့်ဟင်းခါး..မုန့်ဟင်းခါးလေးပါလားကွယ်။ ငှက်ပျောအူရလားဟင်။

    ReplyDelete
  12. လသာည၊မေလေး၊ဝက်ဝံလေး၊ရန်ကုန်သား၊ရေတမာ၊မိုးကောင်းသူ၊ ရုံလေး၊မိုးစက်အိမ်.... လာလည်သွားတဲ့bloggerမောင်နှမအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်....

    ReplyDelete
  13. မသီတာ၊အမည်မသိသူ၊သုနှင်းဆီ... လာလည်ပြီးကော်မန့်ရေးပေးသွားကြတာကျေးဇူးတင်ပါတယ်

    ReplyDelete
  14. ဟေး....ဘယ်သူလည်း အကုန်စားသွားတာ...။

    အစ်မနှင်းဆီရေ.. ကျွန်တော်အတွက် ပြန်လုပ်ပေးပါဗျို့ အပေါ်က လူတွေ အကုန်စားသွားကြတာနဲ့ အခုမှ ရောက်လာတဲ့ ကျွန်တော် yu ya အတွက် ဘာမှ မရှိတော့ဘူး..အဟီး။

    yu ya

    ReplyDelete
  15. မုန့် ဟင်းခါးနဲ့ ဝက်သားခက်ရင်းထိုး
    အဝစားသွားတယ်...မမ..ဖို့ ..ကျန်တော့ဖူး..ခစ်ခစ်

    ReplyDelete
  16. မမ မုန့်ဟင်းခါးစားချင်တယ်
    ဒီမှာ မုန့်ဟင်းခါးက ဗမာမုန့်ဟင်းခါးနဲ့တူဘူးရယ်
    အမေ့နဲ့စကားပြောတုန်းက မုန့်ဟင်းခါးစားချင်တယ်ပြောလို့ အမေ စိတ်မကောင်းဖြစ်သွားတယ် ဟီးးးးးးးးးးးးးးးးး
    မုန့်ဟင်းခါးကို အလွမ်းပြေကြည့်သွားတယ်
    ဝက်သားခက်ရင်းထိုးကိုလဲ တစ်ပါတည်း စားသွားတယ်နော်

    ReplyDelete
  17. အစားအသောက် ပျက်နေပုံရတယ်...းP

းဝ)

    ReplyDelete
  18. “ဝက်သားဒုတ်(ခက်ရင်း)ထိုး”တဲ့လားဗျာ
    အဲဒီနာမည်ဖတ်ရတော့ ပြုံးသွားမိတယ်
    ဘာသာစကား၅မျိုးလား
    တကယ်က ငါးမျိုးမဟုတ်ဘူးဗျ ခြောက်မျိုး
    (၁)တရုတ်(ကွမ်တုံ)
    (၂)တရုတ်(ဟာ့ကာ့)
    (၃)မလေး
    (၄)ကုလား
    (၅)အင်္ဂလိပ်
    (၆)ဗမာ
    သိတယ်မဟုတ်လား
    ပေါက်တတ်ကရစကားတွေက ပိုမှတ်မိလွယ်တယ်လေ
    အဲလောက်ကြီးမဟုတ်ပါဘူး
    ကျနော်က ခပ်ပိန်းပိန်းကောင်ရယ်ပါ
    ပျော်ရွှင်ပါစေအစ်မ

    ReplyDelete
  19. ယုယ၊နဒီမိုးညို၊အနော်၊ကိုလူထွေးနဲ့သားကြီး တို့အားလုံး လာလည်ပြီးကော်မန့် ရေးပေးသွားပေးကြတာကျေးဇူးတင်ပါတယ်ရှင်...

    ReplyDelete
  20. အကုန်ကြိုက်တယ်။ ဘာမှလက်မလအတ်ဘူး စားပြီးသောက်ပြီးပြန်တယ်။

    သြော် မမရေ
    ပါဆယ်ဆွဲသွားလို့ ရဘူးလား။
း)

    ReplyDelete
  21. စကားတွေတောင်မပီတော့ဘူး။ အဟီး.........

    ပြန်မန့် တယ်ကွာ။ လာမတားနဲ့ (ဘယ်သူမှလဲမတားပါဘူး)။
း)

    အကုန်ကြိုက်တယ်။ ဘာမှလက်မလွှတ်ဘူး စားပြီးသောက်ပြီးပြန်တယ်။

    သြော် မမရေ
    ပါဆယ်ဆွဲသွားလို့ ရဘူးလား။
း)

    စာလုံးပေါင်းမှန်သွားပြီ။ ဗိုက်ပြည့်သွားလို့  စာကောင်းကောင်းရိုက်နိုင်တာ။
း)

    ReplyDelete