Sunday, August 16, 2009

ခုတလော

ငှက်ကလေးဆီသွားလည်ရင်းမရေးရသေးသူများကိုtagထားတဲ့ ခုတလော လေးကို ပေါ့ပေါ့ပါးပါးလေးမို့ ရေးလိုက်ပါတယ်...

တွေးနေမိတာက

ကလေးတွေရဲ့ရှေ့ရေး

ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက

ရင့်ကျက်ဘို့လိုသေးတယ်

ကျန်းမာရေး

မဆိုးပါဘူး

ဖတ်ဖြစ်တဲ့စာအုပ်တွေက

ကလေးတွေကျောင်းပိတ်ထားလို့စာအုပ်ဖတ်ချိန်မရှိပါဘူး

ရောက်ဖြစ်နေတာက

shopping center,game center(ကလေးတွေကိုလိုက်ပို့တာ)

ရေးဖြစ်နေတာက

ခုတလောtag

နားထောင်ဖြစ်နေတာက

သမီးနဲ့သား အော်ဆိုနေသောသီချင်းများ

ရွတ်နေမိတဲ့ကဗျာက

သံယောဇဉ်အမျှင်တန်းကို၊ရှင်ခန်းဘယ်သူဖြတ်နိုင်ပ

ဖြစ်ချင်နေတာက

ကိုယ်ကျိုးစွန့်ဝန်ထမ်း

စားဖြစ်နေတတ်တာက

ငါးပိရည်၊မုန့်ဟင်းခါး၊ရခိုင်မုန့်တီ

သနားနေမိတာက

နယ်စပ်ကဒုက္ခသည်တွေ

လွမ်းနေမိတာက

ခရီးထွက်နေတဲ့ချစ်ခင်ပွန်း

မေ့လျော့ပစ်နေမိတာက

မေ့ချင်တာမှန်သမျှ

ခါးသက်နေမိတာ

အူခါး(အူချိုနဲ့မှားဝယ်လာတာ)

တမ်းတနေမိတာက

ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ

ကြိတ်ပြီးအထင်သေးနေမိတာက

ကွယ်ရာမှာသူများအကြောင်းသွားပုတ်လေလွင့်ပြောတဲ့သူတွေ

ကြိတ်ပြီးချီးကျုးမိနေတာက

ကိုယ်ပိုက်ဆံနဲ့ကိုယ်ဒုက္ခရောက်သူကိုကူညီနေသူတွေ
မေလေး(ဆုံနိုင်ခွင့်လေး)

ဆန္ဒမရှိတဲ့နေရာ

ယောက္ခမအိမ်

ဆန္ဒရှိနေတဲ့ကိစ္စ

နယ်စပ်ကဒုက္ခသည်ကလေးငယ်တွေကိုစာသင်ပေးချင်တယ်(ကိုယ့်စားရိတ်နဲ့ကိုယ်)

မုန်းတီးနေမိတာက

မမုန်းမိအောင်ကြိုးစားတယ်... ရုပ်ရင့်မှာစိုးလို့

ချစ်နေတာက

ချစ်ခင်ပွန်း၊ချစ်သားသမီး၊ချစ်မိဘ၊ချစ်မောင်နှမ၊ချစ်သူငယ်ချင်းများ

စိတ်ပျက်နေမိတာက

ပျော်ရာမှာမနေရတဲ့ကိုယ့်ဘဝ

စွဲလမ်းနေမိတာက

ဖတ်ချင်ပြီးမဖတ်ရသေးတဲ့စာအုပ်တွေ

လိုအပ်နေတာက

ရင့်ကျက်မှု

တောင်းနေမိတဲ့ဆု

မြန်မာနိုင်ငံသူနိုင်ငံသားများဆင်းရဲတွင်းမှလွတ်မြောက်ရစေရန်၊ဘယ်နိုင်ငံသွားသွားမြန်မာလူမျိုးများ တခြားနိုင်ငံသားများနှင့်တန်းတူညီတူဆက်ဆံခြင်းခံရရန်

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

(ဘာမှမအော်ဟစ်မိဘူးထင်တယ်)

ဝန်ခံချင်တာက

I am nothing.

(ချစ်သူငယ်ချင်းလေးလသာညကိုဆက်tagပါတယ်)

21 comments:

  1. မမရေ ကွန်ပြုတာဖွင့်လိုက်တော့ မမပို့စ်က ထိပ်ဆုံးကတက်နေတာ နဲ့ မမဆီ ပြေးလာတာ။ဝေးးး ဘူမှရှိသေးဘူး တစ်ဘဲ ဆိုပြီး စာဖတ်နေတာ။
    ဖတ်ရင်းနဲ့ ကိုယ်နာမည်ကြီးပါလာမှ ရှက်တာအေ့။ မေလေးက ဘာမှမဟုတ်ပါဘူး။ ပိစိလေး ကူညီနိုင်ရုံ ရှိသေးတာပါမမရ။

    ချစ်ခင်ပွန်းကို လွမ်းနေရင် ဖုန်းဆက်လေ မမရ။
    ဆန္ဒမရှိတဲ့ နေရာကယောက်ခမ အိမ်လားမမ။
    ဒါဆို မားမားနဲ့ တူသွားပြီ မားမားလဲအမြဲဆုံးမတယ်။ ဘယ်တော့မှ ယောက်ခမအိမ်လိုက်မနေပါနဲ့တဲ့။
    မမုန်းတာ ကောင်းတယ် မမ။
    မုန်းနေရင် ပူလောင်ရတယ်။
    စားနေတာက မနာလိုဘူးအေ့။
    လာလည်မယ်။
    မမတောင်းတနေတဲ့ဆု က မေလေးအပါအဝင် လူတော်တော်များများလဲ တောင်းတနေပါတယ် မမရယ်။

    မမပျော်ရွှင်ပါစေနော်။
    သားသားနဲ့ မီးမီး က ချစ်စရာ လေးနော်။ မမနဲ့တူလို့ နဲ့တူတယ်။

    ReplyDelete
  2. အစ်မသားနဲ့သမီးအော်ဆိုတဲ့သီချင်းက
    ဘာသီချင်းတွေလဲဗျ?
    ဘာပဲပြောပြော မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ရင်သွေးလေး
    တွေရဲ့ အသံဟာ သာယာနာပျော်ဖွယ်အကောင်းဆုံးပဲ မဟုတ်လားခင်ဗျ
    အိမ်ရဲ့ဆည်းလည်းလေးတွေလို့တောင် တင်စားကြသေးတာပဲ
    ဖတ်သွားပါတယ်အစ်မရေ

    ReplyDelete
  3. အလွမ်းများငြိမ်းပါစေသား မရိုစီရေ။
    သားနဲ့သမီးဟာ ခွန်အားတွေပေါ့။
    စာအုပ်ဖတ်ဖို့အချိန်လေးရပါစေ။

    ReplyDelete
  4. အစ်မရိုစ့်ရေ... လွမ်းတယ်ဆိုတာ သတိရခြင်းရဲ့ Superlative Degree ပဲဗျ... လွမ်းသာလွမ်း အစ်မရဲ့ ချစ်ခင်ပွန်းကို.. အဟီး။


    yu ya

    ReplyDelete
  5. “လွမ်းနေမိတာက
    ခရီးထွက်နေတဲ့ချစ်ခင်ပွန်း”တဲ့.။

    နေမကောင်းဘူးဆိုလို စိတ်ပူနေတာ ထင်တဲ့အတိုင်း သူက လွမ်းနေတာကိုး..(^^;)။

    “ခါးသက်နေမိတာ အူခါး(အူချိုနဲ့မှားဝယ်လာတာ)”
    “ဆန္ဒမရှိတဲ့နေရာ ယောက္ခမအိမ်”

    ဖတ်ပြီး သဘောကျပြီး ရယ်လိုက်မိသေးတယ်။

    “ဆန္ဒရှိနေတဲ့ကိစ္စ နယ်စပ်က ဒုက္ခသည်ကလေးငယ်တွေကို စာသင်ပေးချင်တယ်(ကိုယ့်စားရိတ်နဲ့ကိုယ်)”
    ချစ်သောရို့စ်က ငယ်ငယ်က သူငယ်ချင်းတစ်ယောက်နဲ့ စိတ်နေစိတ်ထား တအားတူတာပဲလို့ ။ အဲဒီ သူငယ်ချင်းဆီတောင် ဖုန်းဆက်ဖြစ်သေးတယ်။

    ဒီပို့စ်လေးကို ဖတ်ပြီး ရို့စ်ရဲ့ ခုတလောလေးတွေကို သိခွင့်ရသွားပြီ။ကျေးဇူး..။

    ဖတ်ကောင်းကောင်းနဲ့ အဆုံးထိဖတ်နေတာ ကိုယ့်နာမည် တွေ့တော့မှ မျက်လုံးပြူးလို့ ..အွန် ...။

    အွန်း...တောင်းဆိုတော့လည်း ရေးပေးရမှာပေါ့။ ဒါပေမဲ့ လသာညရဲ့ ခုတလောအခြေအနေက ထူးထူးခြားခြားသိပ်မရှိတဲ့ သမရိုးကျတွေပဲ ဆိုတော့ ပေးဖတ်ရမှာ အားနာတယ် ဟီးးး။ နက်ဖြန်ခါလောက်မှ ရေးပေးမယ်နော်..။

    ReplyDelete
  6. မမရေ ခုတလောကို လာဖတ်သွားပါတယ်
    သားသားနဲ့ မီးမီးဆိုတဲ့ သီချင်းလေးတွေ နားထောင်ချင်တယ်
    စားဖြစ်နေတာတွေထဲက ရခိုင်မုန့်တီလေးပဲ တိုက်ပါ
    ငရုတ်သီးစပ်စပ်နဲ့လေ အဟင့် ရွှတ် နိုချင်တယ် မုန့်တီသောက်ချင်လို့ပါ :(

    ReplyDelete
  7. ငှက်ကလေးAugust 16, 2009 at 1:31 PM

    ရော် ဆန္ဒ မရှိတဲ့နေရာ ယောက္ခ အိမ်တဲ့ နော် ယောက်ျားကြားရင် စိတ်ဆိုးဦးမယ် ဟိဟိ

    မေးရဦးမယ် နှင်းဆီ ရေ သားနဲ့သမီးဘယ်သူ့ကို ပိုချစ်တုံး ငှက်ထင်တာတော့ သမီးလေးကို ပိုချစ်တယ်ထင်တယ် သမီးလေးက နှင်းဆီနဲ့ တူသလိုပဲ ဟုတ်လား ဟိဟိ မဟုတ်လဲ ဟုတ်လိုက်ကွယ်နော် ဘိုင် တာ့တာ

    ReplyDelete
  8. "ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ" ကိုလွမ်းတဲ့ထဲမှာ ကျနော်လဲပါတယ်...
    ငယ်ငယ်ကကလေးတို့ဘဝဟာ ပျော်ပါးဖို့အရမ်းလွယ်ပါတယ်...

    ဒါပေမယ့် ဒီကနေ့ခေတ်နယ်စပ်ကကလေးတွေ ပြည်တွင်းက ကလေးတွေ ဒီလိုမပျော်ပါးနိုင်တော့ဘူးနော်...

    ReplyDelete
  9. မရှက်ပါနဲ့မေလေးရယ်... မေလေးပြောတဲ့ ပိစိလေးကိုတောင် မလုပ်နိုင်သေးတဲ့ မမလို လူတွေ အများကြီးရှိနေသေးတာ...
    သားကြီးရေ... ဆည်းလည်းသံထက်ကျယ်လောင်တဲ့ အသံတွေနဲ့ သားလေးကမူကြိုသီချင်းတွေအော်ဆိုပြီး သမီးက ခေတ်ပေါ်သီချင်း မှန်သမျှလိုက်အော်ဆိုနေတာ...
    အပြုံးပန်းရေ... ကျေးဇူးပါ... ကလေးတွေကျောင်းပြန်ဖွင့်ရင် စာဖတ်ဖို့အချိန်ရပါပြီ...
    ယုယရေ... လွမ်းရမဲ့ရက်တွေကုန်ခါနီးပါပြီ...

    ReplyDelete
  10. လသာညရေ... လွမ်းတာကသက်သက်ပါ... နေမကောင်းတော့မဖြစ်ပါဘူး... ဟိုတလောက စိတ်မကောင်းလေးနဲနဲဖြစ်နေတာပါ... နောက်မှပြောပြမယ်
    အနော်ရေ... ဟိုချီမင်းရောက်ရင်ပြောပါ... ချက်ကျွေးမယ်
    ငှက်ကလေးရေ... ယောက္ခမအိမ်မှာနေရတာ စိတ်ကျဉ်းကျပ်လို့ပါ... သားကိုရောသမီးကိုရော အတူတူဘဲချစ်ပါတယ်
    ဟုတ်ပကိုလူထွေးရေ... ကျမတို့တွေရခဲ့တဲ့ငယ်ဘဝမျိုးသူတို့တွေ မရနိုင်ရှာဘူး...

    ReplyDelete
  11. နယ်စပ်ကဒုက္ခသည်ကလေးငယ်တွေကိုစာသင်ပေးချင်တယ်(ကိုယ့်စားရိတ်နဲ့ကိုယ်)
    မြန်မာနိုင်ငံသူနိုင်ငံသားများဆင်းရဲတွင်းမှလွတ်မြောက်ရစေရန်၊ဘယ်နိုင်ငံသွားသွားမြန်မာလူမျိုးများ တခြားနိုင်ငံသားများနှင့်တန်းတူညီတူဆက်ဆံခြင်းခံရရန်
    ဟုတ်တယ် ဘယ်ရောက်ရောက် မြန်မာဆိုနှိမ်ချင်ကြတယ်သိလား
    ရုံ တော့မခံပါဘူး ။ငါဒီနေ့ ဒီရောက်နေတာ ငါ့နိုင်ငံမှာ
    လူ့ အခွင့်ရေးဆိုတာ မရှိလို့ လို့ အမြဲပြေားတယ် ။

    ReplyDelete
  12. မမရေ

    စာလာဖတ်သွားတယ်။ ဆန္ဒမရှိတဲ့ နေရာကယောက်ခမ အိမ်လားတဲ့လား။
း)

    စားဖြစ်နေတတ်တာကငါးပိရည်၊မုန့်ဟင်းခါး၊ရခိုင်မုန့်တီ
    သမီးလဲကြိုက်စ်
း)

    ReplyDelete
  13. မမုန်းမိအောင်ကြိုးစားတယ်... ရုပ်ရင့်မှာစိုးလို့
    ဟီးးးးးးးး အမကတော. ဟာသက လုပ်သွား
    သေးတယ် ... တူလေးရေ တူမလေးရောက
    လူချောတွေဘဲ အမရေ...

    ReplyDelete
  14. ခါးသက်နေမိတာ

    အူခါး(အူချိုနဲ့မှားဝယ်လာတာ)


    တော်တော်နောက်တဲ့ Rose
    အခုမှပဲ ကိုယ့်ဖာသာကိုယ်
    အူချို အူခါး ကွဲကွဲပြားပြား သိရဲ့လား ဆန်းစစ်နေမိတော့တယ်...
    (အဖြေက သိဘူး တဲ့)

    ReplyDelete
  15. ဆန္ဒ မရှိတဲ့နေရာ တူနေပြီဟယ်.... ဟီး

    ReplyDelete
  16. မရှာရွန်းရေ...ခုတလောလေး လာဖတ်တယ်။
    မောင်လေးနဲ့ ညီမလေး အော်ဆိုတဲ့သီချင်းတွေ နားထောင်ချင်လိုက်တာနော်။
    ဆန္ဒရှိတာလေးတွေ၊ တမ်းတနေတာလေးတွေ။ တောင်းမိနေတဲ့ဆုလေးတွေ၊ လွမ်းမောမိတာလေးတွေ အမြန်ဆုံး ရရှိပါစေနော်။

    ReplyDelete
  17. ခါးသက်နေမိတာက
    အူချို အူခါးမှားဝယ်လာလို့တဲ့။ ကျွန်မလဲ ဟိုနေ့က အူချိုဝယ်လာတာ ခါးလိုက်တာ။ ရောင်းတဲ့သူလုပ်တာ မစင်လို့များလား။ နောက်ထပ်ဝယ်စားရမှာတောင် ကြောက်သွားတယ်။
    ကျန်းမာ ချမ်းသားပါစေ။

    ReplyDelete
  18.ဲ တောင်းတနေမိနေတာက မြန်မာနိုင်ငံသူနိုင်ငံသားများဆင်းရဲတွင်းမှလွတ်မြောက်ရစေရန်၊ဘယ်နိုင်ငံသွားသွားမြန်မာလူမျိုးများ တခြားနိုင်ငံသားများနှင့်တန်းတူညီတူဆက်ဆံခြင်းခံရရန် ဆိုတာကိုတော့ ကြိုက်သွားပြီ။

    ReplyDelete
  19. မမုန်းမိအောင်ကြိုးစားတယ်
    ရုပ်ရင့်တတ်တယ်နော်...ဟုတ်..ကောင်းတယ်မမ
    .ထောက်ခံပါတယ်..ဟီးးး

    ReplyDelete
  20. ဆန္ဒ မရှိတဲ့နေရာက တူနေပြီ။

    ReplyDelete
  21. မြူးလေး၊ကျောပိုးအိတ်၊မိုးစက်အိမ်၊မသီတာ၊မော်စကွီတို၊Angel Shaper၊ ငယ်နိုင်၊မိုးကောင်းသူ၊နဒီမိုးညိုနဲ့ နှင်းတို့အားလုံး... လာလည်ပြီးcomment ရေးသွားကြတာကျေးဇူးတင်ပါတယ်

    ReplyDelete