Friday, August 14, 2009

ထူးအိမ်သင်အမှတ်တရ


သူ့သီချင်းလေးတွေကိုခံစားရင်း ဆယ်ကျော်သက်အရွယ်မှာရင်ခုန်ခဲ့ဘူးတယ်... တနေ့နေ့တော့ချစ်လာလိမ့်မည် ဆိုတဲ့သီချင်းလေးကိုသဘောကျပြီး အဲဒီသီချင်းထဲကအတိုင်း ထီးနီနီနဲ့ ဖိနပ်နီနီလေး ဝယ်ပေးဘို့ အမေ့ကိုပူဆာခဲ့ဘူးတယ်.... ရထားနဲ့ခရီးထွက်ရတိုင်း အမေ့အိမ်သီချင်းထဲက ရထားခုတ်သံလေးကို လွမ်းမိတယ်... ဘယ်သူနဲ့ဝေးဝေး သူ့ရဲ့ ဝေးသွားတဲ့အခါ ဆိုတဲ့သီချင်းလေး ဖွင့်ပြီး ကြွေခဲ့ဘူးတယ်... ကျောင်းဆင်းခေါင်းလောင်းထိုးတိုင်း ခေါင်းလောင်းလေးတွေမြည်နေပြီလို့ အတန်းထဲမှာ သူငယ်ချင်းတွေ အော်ဆိုခဲ့ဘူးတယ်...

ရင်ခုန်ခံစားခဲ့ရသမျှ သူ့သီချင်းစာသားတိုင်းကိုသာ ချရေးရရင် ကုန်နိုင်မယ်မထင်ပါဘူး... အခု သူမရှိတော့တဲ့အခါ ရင်ခုန်လို့ကောင်းတဲ့သီချင်းလေးတွေ လက်တွေ့ဘဝအခြေအနေကို သီကုံးထားတဲ့သံစဉ်လေးတွေ သူ့ကိုယ်စားဘယ်သူက ဖန်ဆင်းပေးနိုင်မှာလဲ....

(ထူးအိမ်သင်ပုံကို htooeainthin.com မှယူပါသည်။)

17 comments:

  1. ဂီတသူရဲကောင်းတစ်ဦးပါ။ သူလိုလူလည်းနောက်တစ်ယောက် မရှိနိုင်တော့ဘူး။

    ReplyDelete
  2. သူ့သီချင်းတွေ မလေးလဲလွမ်းတယ်...

    ReplyDelete
  3. အဆိုတော် ထူးအိမ်သင်ရဲ့ သီချင်းတွေလား? ဒို့လည်း အရမ်း ကြိုက်တယ်..

    ReplyDelete
  4. အကြွေစောလို့အရမ်းနှမျောရပါတယ်
    တစ်ကယ်ဆို ဂီတလောကအတွက် ဒီကမ္ဘာလောကအတွက်
    သူလုပ်ပေးဖို့အများကြီးကျန်သေးတယ် လုပ်လည်းလုပ်နိုင်ခဲ့တယ်
    ထူးအိမ်သင်ဆိုတာ “အကြွင်းမဲ့မေတ္တာတော်သီချင်း”နဲ့ပဲ သားဆိုးတော်တော်များများရဲ့ နှလုံးသားကို
    နူးညံ့စေခဲ့သူပါ ။ အမေတွေရဲ့ ရင်ထဲကမေတ္တာကို ကြည်လင်ချိုမြတဲ့သူ့ပင်ကိုအသံနဲ့လှစ်ဟဖေါ်ကြူးနိုင်ခဲ့တယ်
    ဘာပဲပြောပြော သူဟာ ကမ္ဘာမြေအတွက် တစ်ထောင့်တစ်နေရာက တာဝန်ကျေပြွန်ခဲ့သူပါပဲ
    ခုတော့လည်း ကောင်းကင်ထဲကမြစ်တစ်စင်းထဲ သူ..တိုးဝင်
    ပျောက်ကွယ်သွားရှာပေါ့
    တနေ့နေ့တော့ သူပြန်လာပါလိမ့်ဦးမယ်
    အလင်းဝတ်ရုံတွေနဲ့အတူပေါ့လေ
    အဲနေ့ကျရင်တော့ ကမ္ဘာကြီးက ပျောက်နေတဲ့သားဆိုးလေး
    ပြန်တွေ့ရသလို သူ့ကိုကောင်းမြတ်ခြင်းတွေနဲ့ဝမ်းသာအားရ
    ပွေ့ဖက်ပါလိမ့်ဦးမယ်။

    ReplyDelete
  5. မမရေ ကိုထူးအိမ်သင်ရဲ့ သီချင်းတွေကို ကြိုက်တယ်
    အမေ့အတွက် သီချင်းတွေကိုပိုကြိုက်မိပါတယ်
    ရင်ထဲမှာ အမေ့အိမ်လေးကိုလွမ်းတိုင်း ကိုထူးအိမ်သင်ရဲ့ ရထားဥသြသံလေးများကြားရင် အစား ကားဟွန်းသံလေးများ ကြားရင်လို့
    ပြောင်းဆိုရင်း မျက်ရည်ဝဲရတယ်မမရေ

    ReplyDelete
  6. ရို့စ်ရေ.... တခောတ်တယောက်ထွန်း အစားထိုးမရတဲ့ ဆုံးရှုံးမှုပါ...

    ReplyDelete
  7. ကိုထူးအိမ်သင် ကိုတော့အရမ်းကိုလေးစားတယ်။
    သူ့ ရဲ့ အသံကထူးခြားသလို၊ သူကြိုးစားလုပ်ဆောင်ခဲ့ရတာ တွေကလည်း ထူးခြားတယ်။
    သူ့ သီချင်းအတော်များများကောင်းပါတယ်။

    ReplyDelete
  8. အကြွေစောသွားသော ကိုငှက်ကြီး ကောင်းရာသုဂတိ လားပါစေ

    နှင်းဆီရေ (အဲလို ပဲ ရင်းရင်းနှီးနှီး ခေါ်လို့ရပါသလား ကိုယ့်ထက်ကြီးတာ သိပေမယ့် ရင်းရင်းနှီးနှီးခေါ်ချင်လို့ပါ ) လာတယ်နော် သားနဲ့ သမီးက ဘယ်သူနဲ့ တူတာတုံး ချစ်စရာလေးတွေ

    ကလေးတွေကို ပြောပေး တီတီတော်မယ်လို့ ပြီးရင် ပေါက်တတ်ကရတွေ အဲလေ စာသင်ပေးမယ် လို့ပြောပေး အဟက် ဘိုင် ပျံပြီ ဖလပ် ဖလပ်

    ReplyDelete
  9. အတူတူပါပဲလေ၊
    ပထမဦးဆုံးအခွေထွက်တော့ ကိုးတန်းလောက်ပဲရှိအုံးမယ်၊ ဒါပေမယ့် စိတ်ကူးယဉ်တတ်နေပြီလေ။

    ReplyDelete
  10. "သူ့ကိုယ်စားဘယ်သူက ဖန်ဆင်းပေးနိုင်မှာလဲ" တဲ့...

းP

    ReplyDelete
  11. မ Sharon သမီး လေးစားအားကျခဲ့တဲ့ ကိုငှက်ကြီး
    တကယ်အောက်မေ့မိပါတယ်။
    ကောင်းရာ သုဂတိလားပါစေလို့ပဲ ဆုမွန်ခြွေလိုက်တယ်။
    အရမ်းနှမြောတာပဲ။

    ReplyDelete
  12. မရိုစ့်ရေ...ကိုငှက်ကြီး အလွမ်းမပြေ ဖတ်သွားပါတယ်ခင်ဗျာ

    yu ya

    ReplyDelete
  13. အစားထိုးမရသော
    ကြယ်ကြွေတစ်ပွင့်.......

    ReplyDelete
  14. သူများစက်ကနေ လာမန့်ရတယ်အမရေ..
    စိတ်မကောင်းဘူးဗျာ.. လွမ်းသလိုခံစားရတယ်..

    ReplyDelete
  15. တစ်ရက်တော့ သူနဲ့ သွားတွေ့ဖြစ်အောင်တွေ့မယ်..

    ReplyDelete
  16. ရေတမာ၊အိမ်ချမ်းမြေ့၊လသာည၊သားကြီး၊အနော်၊Busymozzee၊ငှက်ကလေး၊အပြုံးပန်း၊ကိုလူထွေး၊Angel shaper ၊Yu Ya၊Manorhary၊ စည်သူ၊ကိုရင်နော်+ခင်လေးငယ်...... comment ရေးပေးသွားကြတဲ့ မောင်နှမများကို ကျေးဇူးအထူးတင်ပါတယ်ရှင်း)

    ReplyDelete
  17. ကရုဏသံနဲ့ ဆိုတတ်တဲ့ အဆိုတော်ပါ။ သမီးအရမ်းကြိုက်တယ်။ မိုးအေးအေးမှာ သူ့ အသံအေးအေးလေးနားထောင်ရတာ အရမ်းကောင်းတာဘဲ။

    ReplyDelete