Thursday, August 20, 2009

ငါ့စိုက်ခင်းများလန်းချင်ပြီ

ဒီကဗျာလေးကို ဖတ်ပြီး heart ထိသွားလို့
Blogger မောင်နှမများအတွက်
ဝေငှပေးလိုက်ပါတယ်
ကဗျာဆရာရဲ့ရင်တွင်းဖြစ်စစ်စစ်ပါ
သူကတော့(ရင်တွင်းညှစ်)လို့ပြောပါတယ်










ငါ့စိုက်ခင်းများလန်းချင်ပြီ


နှလုံးသားပတ်ပတ်လည်မှာ

နေပျောက်မထိုးအောင်ကာရံထားတဲ့

ငါ့ရင်ထဲကနာမည်လေးတစ်ခုဟာ

ဂါဇာအရပ်ကအုတ်တံတိုင်းတွေထက်

ပိုမိုအေးစက်မာကျောခဲ့ပါတယ်

တစ်စိုက်မက်မက်ကျင့်သုံးခဲ့တဲ့မူဝါဒက

ဥပေက္ခာ

ပို့လွှတ်ခဲ့တဲ့ချစ်ခြင်းမှာ

ယမ်းစိမ်းနံ့တွေပေးမဝေနိုင်ခဲ့ဘူး

တစ်ဝုန်းဝုန်းကျရောက်ပေါက်ကွဲခဲ့တဲ့

ဒုံးကျည်အစင်းစင်းဟာ...ငါ့ရင်ထဲ

မသိကျေးကျွန်ပြုမှုရဲ့တစ်စွန်းတစ်စထဲ

ဘဝတစ်ခုလုံးစာတောက်လောင်မြည်ဟီးလို့

ငါကမင်းဖတ်ချင်စိတ်မရှိတဲ့အပေါ့စားဂျာနယ်

ပျင်းစရာကောင်းလွန်းတဲ့ကျမ်းစာအုပ်တစ်အုပ်နဲ့

နားထောင်စရာမလိုတဲ့သတင်းတစ်ပုဒ်ဖြစ်ချင်ဖြစ်မယ်

မျိုသိပ်ထားရတဲ့ကိစ္စတွေထဲ

ဒါဝင်ရဲ့မျောက်တွေစပ်စုတာကအစ

ဆံပင်တွေရှည်လာတဲ့ဖြစ်စဉ်အဆုံး

မီးနီမီးစိမ်းပြတာကအစ

နှုတ်မဆက်ဘဲပြန်တာအဆုံး

စကားလက်ဆုံကျချင်တာကအစ

ဝါးပင်တွေစက္ကူဖြစ်တာအဆုံး

ပြောင်းဝတဲ့တဲ့ကငါ့မျက်နှာကို

ငါ့လက်ကလေးမကွေးနိုင်သေးသ၍

ခိုလှုံရာမဲ့ငါ့စိတ်ကလေး

အညောင်းမိမပုပ်သိုးသေးသ၍

ကျည်မကုန်ခင်ကတည်းက

အလံဖြူပြခဲ့သူပါ

ငါ့စိုက်ခင်းများလန်းချင်ပြီ။



မင်းစစ်အိမ်

(ကဗျာပိုင်ရှင်မင်းစစ်အိမ် ဟာဟိုချီမင်းမြို့မှာ အလုပ်လုပ်ရင်း အချိန်မရတဲ့ကြားက ဝါသနာအရ ကဗျာရေးနေသူပါ... လူပျိုကြီးဖြစ်ပါတယ်)

17 comments:

  1. ခိုလှုံရာမဲ့ငါ့စိတ်ကလေး
    အညောင်းမိမပုပ်သိုးသေးသ၍
    ကျည်မကုန်ခင်ကတည်းက
    အလံဖြူပြခဲ့သူပါ
    ငါ့စိုက်ခင်းများလန်းချင်ပြီ။

    စိုက်ခင်းလန်းမဲ့ရက်ကို စောင့်နေကြဆဲပါ ။
    ကျည်မကုန်ခင် အလံဖြူပြတာ လဲ ဥာဏ်ရှိသူတို့ အလုပ်ပေါ့နော်...
    အဟဲ... ကျည်ကုန်ပြီးမှ ဆို သူ့ ကို ဘာများကြောက်စရာ လိုနေသေးလို့ လဲ ......
    ပြန်ဖက်ကိုက်ပလိုက်မယ်လေ ...
    ဟီးးး ကြောက်တယ် ။ ပြေးပြီနော်

    ReplyDelete
  2. အင်း..ကောင်းတယ် :P

    ReplyDelete
  3. ဟိုချီမင်းက ကဗျာဆရာအားဂုဏ်ပြုပါ၏၊ သေနတ်ကြီးကိုင်ပြီးလက်တော့အကွေးပါနဲ့၊ "ဆိုင်ဂုံ" ဆိုတဲ့စာအုပ်ကိုဖတ်ခဲ့တာတော့ ကြာပေါ့၊ we were soldier ထဲက ကိုမဲလ်ကိုလည်းသိတ်ကြိုက်၊
    ရို့စ်တို့မိသားစုပျော်ရွှင်ချမ်းမြေ့ပါစေ..၊

    ReplyDelete
  4. ကဗျာလေးက ကောင်းတယ်ဗျာ :D

    ReplyDelete
  5. ကျနော်ကဗျာနဲ့ဝေးပါတယ်
    ဒါပေမယ့် ဖတ်သွားတယ်

    ReplyDelete
  6. လူပျိုကြီးဆိုလို့ ဒီလိုကဗျာရေးတာလားလို့ မဆီမဆိုင် တွေးမိသေးတယ်။
    သေနတ်ထဲက လက်ကို မကွေးခိုင်းပါနဲ့ဗျာ မြင်ထားခဲ့ရတဲ့ စိတ်ဒါဏ်ရာတွေ မပျောက်သေးလို့ပါ...။

    ReplyDelete
  7. ခေါင်းစဉ်တွေ့တော့ စစချင်း farm town ကိုပြောတာလား ထင်သွားတယ်:)

    ReplyDelete
  8. ကဗျာဆရာရဲ့ အတွေးတွေထဲ အချစ်တွေအပြင် အလွမ်းတွေပါ မြင်လိုက်ရသလိုပဲ မမရေ
    ကဗျာလေးရဲ့ အရေး အတွေးက ကောင်းတယ် မမရေ
    လာခံစားသွားပါတယ်နော်

    ReplyDelete
  9. ကဗျာလေး ဖတ်သွားပါတယ် နှင်းဆီရေ ကောင်းပါတယ်

    နှင်းဆီရော နေကောင်းရဲ့လား ကလေးတွေရော နေကောင်းပါရဲ့လား ညီမ မေးတယ်လို့ ပြောပေးပါဦးနော် အဟီးးးးးးး ကလေးတွေဆိုရင် ညီမက ချစ်တတ်လို့ တွေ့ချင်ပါတယ် ဘလော့ဂ်ဂါ မောင်နှမ အကုန်လုံးနဲ့ အဟက် ဂယ်ပြောတာ သိလား

    ReplyDelete
  10. ကဗျာလေး ကောင်းတယ်ဗျာ .....
    ပထမဆုံးအကြိမ်လာလည်ခြင်းပါ ....
    ညီမ တစ်ယောက်လားလို့လာကြည့်တာ ..
    အမည်လေးတူလို့ ... မဟုတ်ဘူးထင်ပါတယ် ...
    သူကတော့ ကလေးရှိဝူးတဲ့ ... ဒါပေမယ့် အမည်သုံးတာ တစ်ပုံစံထဲပဲ :D

    ReplyDelete
  11. လုံးဝ ကို လန်းတဲ. ကဗျာ ဘဲ အမရေ ... အဲအစ်ကို
    လူပျိုကြီးပေမဲ. အလွမ်းဓာတ်အားတော. ကောင်းမဲ.ပုံဘဲ :P
    ကဲ ငါ.အစ်ကိုကြီး စိုက်ခင်းလေးတွေ လန်းပါစေဗျာ :)

    ReplyDelete
  12. အပာ . . . ကဗျာလေးး ကလန်းးပါ့ဗျာ . . .

    ReplyDelete
  13. ကဗျာလေးကို လာရောက် ဖတ်ရှု အားပေးပြီး comment ရေးပေးသွားကြတဲ့သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်...

    ReplyDelete
  14. ဖတ်လာတာ ဟုတ်နိုးနိုးနဲ့  နောက်ဆုံးကြတော့ ကြေညာဝင်သွားတယ်။ လူဆိုး။
း)

    ယ့်ခြောက်နှစ်သား အရွယ်က ခန္ဒာကိုယ်က အခုထိဒီအတိုင်း... ပိန်ပိန်သေးသေးနဲ့ ကျမချစ်ခင်ပွန်းလို အားကိုးလောက်စရာခန္ဒာကိုယ် လဲမရှိ...

    ဟုတ်တယ်နော်။ မြန်မာတွေဘာလို့ ပိန် ဘာလို့ သေး။
း(

    ချစ်တဲ့
    ကျောပိုးအိတ်

    ReplyDelete
  15. ထိတယ်ဟေ့.. သက်ဆိုင်သူကတော့ ဘယ်လောက်ကြွေလိမ့်....

    ReplyDelete
  16. ကဗျာလေး လက်ရာမြောက်တယ်နော်...

    ReplyDelete