Saturday, August 8, 2009

လေးစားရသောတိုင်းရင်းသားတစ်ယောက်


တကယ်တော့ဒီtagဟာအလေးအနက်ထားပြီးရေးရမှာဖြစ်တဲ့အတွက် ရေးရမှာမရဲလို့အချိန်တွေကြာနေတာကို ကိုလူထွေးတယောက်နားလည်ပေးမယ်ထင်ပါတယ်... ကိုယ်တိုင်က ကရင်လူမျိုးဖြစ်တဲ့အတွက် ရေးမဲ့ရေးတော့လည်းကရင်တိုင်းရင်းသားခေါင်းဆောင် အကြောင်းဘဲရေးချင်ပါတယ်... မရေးတတ်ရေးတတ်နဲ့ ဘလော့ပါးလဲမဝသေးတာကြောင့် အမှားပါရင်ခွင့်လွှတ်ကြဘို့ ပထမဆုံး တောင်းပန်ချင်ပါတယ်....
ကျမလေးစားမိတဲ့တိုင်းရင်းသားခေါင်းဆောင်တယောက်ကတော့ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ဖြစ်ပါတယ်...သူဟာကရင့်သမိုင်းမှာသာမကဘဲ မြန်မာနိုင်ငံလွတ်လပ်ရေးရဘို့ကြိုးပမ်းခဲ့ရာမှာလည်း မြန်မာ့သမိုင်းဝင်ထင်ရှားတဲ့ခေါင်းဆောင်တစ်ဦးလဲဖြစ်ပါတယ်... ၁၉၄၆ခုနှစ် မြန်မာနိုင်ငံအုပ်ချုပ်ရေးစံနစ်ပြန်လည်ဖော်ဆောင်ရာမှာ အင်္ဂလိပ်တို့ကဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အစိုးရအဖွဲ့ကိုဖွဲ့စည်းပေးခဲ့ရာ ဝတ်လုံတော်ရစောဘဦးကြီးဟာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်... ဖဆပလအဖွဲ့ကြီးရဲ့ဗဟိုကော်မတီမှာလည်း ဝတ်လုံတော်ရစောဘဦးကြီးဟာ ဗဟိုကော်မတီဝင် အဖြစ်ထည့်သွင်းဖွဲ့စည်းတဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်... ၁၉၄၇ခုနှစ်အတွင်း မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းဦဆောင်တဲ့မြန်မာကိုယ်စားလှယ် အဖွဲ့မှာ စောဘဦးကြီးဟာ ကန္ဒီအစည်းအဝေးသို့ လိုက်ပါတက်ရောက်ခဲ့ပါတယ်... ဗိုလ်ချုပ်နဲ့အတူ လွတ်လပ်ရေးရဘို့ ကြိုးပမ်းတဲ့ကာလမှာ အတူတကွ လက်တွဲဆောင်ရွက်ခဲ့ပါတယ်... ၁၉၄၈ခုနှစ် ဇန်နဝါရီလ၄ရက်နေ့ လွတ်လပ်ရေးနေ့မတိုင်ခင် ဗိုလ်ချုပ်ကျဆုံးခဲ့ပြီး လွတ်လပ်ရေးရပြီး မကြာမီ စောဘဦးကြီးကျဆုံးခဲ့ပါတယ်... စောဘဦးကြီးဟာ အစိုးရ ရာထူးဂုဏ်ရှိန်ကို မမက်မောဘဲ ကရင်အမျိုးသားရေးအတွက် ရာထူးဂုဏ်ရှိန်ကိုစွန့်လွှတ်ခဲ့ပါတယ်... "ကရင်တကျပ်သား၊ဗမာတကျပ်သား" ဆိုပြီး တန်းတူညီတူ ရရှိမှု အတွက် ကြွေးကြော်သံကိုချမှတ်ခဲ့ပါတယ်... ၁၉၅၀ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ နဘူးမြို့နယ် ကော့ကိုးကျေးရွာအနီး လယ်တဲထဲမှာ တောလှန်ရေးတာဝန်ထမ်းဆောင်နေရင်း သစ္စာဖောက်ထီးစွမ်းရွာသား မောင်အဲ၏ သစ္စာဖောက်မှုကြောင့် ရန်သူ၏ပစ်ခတ်မှုများကို အင်အားမမျှသော်လည်း လက်မမြှောက်ဘဲ ပြန်လည်ခုခံရင်း ကျဆုံးခဲ့ရပါတယ်....
သြဂုတ်လ၁၂ရက်နေ့(ကရင်အမျိုးသားအာဇာနည်နေ့)တွင် ကျဆုံးခဲ့သော ကရင်အမျိုးသားခေါင်းဆောင်ကြီးစောဘဦးကြီး နှင့်တကွ ကရင့်တော်လှန်ရေး ရဲဘော်အပေါင်းတို့အား ဦးညွတ်ဂါရဝပြုလျှက်
Rose of Sharon
မှတ်ချက်။ ။ကရင်အမျိုးသားစောဘဦးကြီး၏ပုံနှင့်မှတ်တမ်းအထောက်အထားများကို ဖားစည်သံ ကရင်ဘလော့မှယူပါသည်။

26 comments:

  1. ကရင် အမျိုးသားကြီး စောဘဦးကြီးအကြောင်း လာဖတ်သွားပါတယ်...

    mie nge

    ReplyDelete
  2. ကရင်အာဇာနည်သူရဲကောင်းကြီး“စောဘဦး”ဆိုတဲ့နာမည်ကို
    ကြားဖူးတာတော့ကြာပါပြီ သူ့အကြောင်းတော့ သေသေချာချာ တစ်ခါမှမဖတ်ဖူးသေးဘူး
    ဒီတစ်ခါပထမဆုံးသိခွင့်ရခြင်းပါ
    ဒီခေတ်ဆိုးကြီးထဲမှာ သူရဲကောင်းဆိုတာနည်းပါးလာတာနဲ့အညီ တစ်ခါက သူရဲကောင်းတွေဆိုတာကိုပြန်ပြီးအောင်းမေ့ရတယ် သူတို့အကြောင်းရေးထားတဲ့စာတွေတွေ့ရင် လောဘတကြီးဖတ်မိတယ် သူယုတ်မာတွေကောက်ကျစ်လေလေ သူရဲကောင်းတွေရဲ့
    ဇာတိက ထင်ပြောင်လေလေပါပဲ။
    လမင်းကိုခွေးဟောင်သလို တချိန်ကသူရဲကောင်းတွေရဲ့
    အတိတ်တွေ အရိပ်တွေကို ဖျောက်ဖျက်ပစ်ဖို့ကြိုးစားနေကြတဲ့ လူ့ငနွားတစ်သိုက်ကိုတွေ့ရတော့ တော်တော်သနားမိတယ်
    သမိုင်းဆိုတာဖျက်လို့ရစကောင်းအရာမှမဟုတ်တာလေ
    ကရင်အာဇာနည်သူရဲကောင်းစောဘဦးရဲ့အထ္ထုပ္ပတ္တိကိုလာ
    ဖတ်ရင်း ကရင်အာဇာနည်ကြီးကို လေးစားစွာဂုဏ်ပြုလိုက်ပါတယ်........။
    ထို့အတူ....ဒီပိုစ်လေးအတွက် အစ်မrose of sharonကိုလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါကြောင်း
    ထပ်လောင်းပြောကြားပါရစေ..။

    ReplyDelete
  3. တာပလုဒိုမာလေ အနောရေ
း)

    အဲကြောင့် မျှစ်တာလပေါ့ကြိုက်တာကိုး။

    သမီးကလေ ကရင်တိုင်းရင်းသားတွေကို အရမ်းချစ်တာ။ သူတို့ အကတွေက မြူးတယ်လေ။ ကြည့်ရင်းနဲ့ တောင် ခုန်ပေါက်ချင်တယ်။

    ခုတော့ ကရင်အာဇာနည် (ဦး)စောဘဦးအကြောင်းလာဖတ်သွားတယ်နော်။

    ReplyDelete
  4. မမရေ
    လေးစားဂုဏ်ယူစရာကောင်းတဲ့ မျိုးချစ်တိုင်းရင်းသားတွေကို ဦးညွှတ်အလေးပြုလိုက်ပါတယ်
    သူတို့က လူသာ သေတယ် နာမည်မသေတဲ့ တကယ့် အာဇာနည်သူရဲကောင်းတွေပါ

    ReplyDelete
  5. မ ရှာရွန်းရေ.... သမီးမသိသေးတဲ့ ဦးစောဘဦးအကြောင်း သိရလို့ကျေးဇူးတင်ပါတယ်။
    တကယ်လေးစားဖို့ ကောင်းတဲ့ မျိုးချစ်တိုင်းရင်းသားကြီးတွေ အများကြီး ပျောက်နေတာ ဒီတက်ဂ်လေးတွေကြောင့်သိခွင့်ရလို့လဲ ၀မ်းသာ ဂုဏ်ယူပါတယ်နော်။

    ReplyDelete
  6. လေးစားထိုက်သူများကို လေးစားခြင်းဟာ မင်္ဂလာတပါး ပါ။
    ကရင် တိုင်းရင်းသားမျိုးချစ်ခေါင်းဆောင် ဦးစောဘဦး ရဲ့ ကိုယ်ကျိုးစွန့် ပြီးအနစ်နာ ခံသွားခဲ့ပုံမှာလည်း လေးစားထိုက်ပါတယ် ။
    လူသေပေမဲ့ နာမယ် မသေတဲ့ ခေါင်းဆောင်တဦး ကို ဖေါ်ပြပေးတဲ့ မရို့ စ် ကို လည်း ကျေးဇူးပါ နော်...

    ReplyDelete
  7. ဒါဘလုဒါဖိုး ရို့စ်ရေ.... အမလဲ ကရင်တွေကို ခင်မင်တယ်... ကရင်ပြည်မှာ ခြောက်နှစ် တာဝန်နဲ့နေဘူးတယ်လေ.... လင့်ထားတာကိုလဲခွင့်ပြုပါနော်

    ReplyDelete
  8. ကရင် အမျိုးသား အာဇာနည်ကြီးအကြောင်းကို တင်ပြပေးတာ အရမ်းကို ကျေးဇူးတင်ပါတယ်။ ဗဟုသုတလည်း ရတယ်။ အတုယူစရာတွေလည်း လေ့လာရတယ်.။

    ReplyDelete
  9. မမပြောလို့ .ဦးစောဘဦးအကြောင်းသိရပါတယ်
    ခေါင်းဆောင်ကောင်းတစ်ယောက်မို့ .
    ဂုဏ်ယူစ၇ာကောင်းပါတယ်..ရှင်

    ReplyDelete
  10. မီးငယ်နဲ့ကေ>လာလည်သွားတာကျေးဇူးတင်ပါတယ်... Angel Shaperနဲ့နဒီမိုးညို>ဒီtagလေးကြောင့်စောဘဦးကြီးအကြောင်းသိသွားကြတယ်ဆိုတော့ မမရေးရကြိုးနပ်တာပေါ့... ဒီtagရဲ့ကနဦးခေါင်းဆောင်ကြီး ကိုလူထွေးကိုလည်းကျေးဇူးတင်မိတယ်
    သားကြီးရေ...သမိုင်းကြောင်းတွေကိုဖျောက်ဖျက်ပစ်တဲ့အဲဒီလူတစုကို ဒို့လဲသိပ်မုန်းတယ်
    ကျောပိုးအိတ်>ကရင်တိုင်းရင်းသားတွေကိုချစ်တဲ့ကျောပိုးအိတ် လှလှလေးကို မမကလဲချစ်ပါတယ်ကွယ်
    ဟုတ်တယ်အနော်... သူဟာတကယ့်သမိုင်းဝင်အာဇာနည်သူရဲကောင်း တယောက်ပါ...
    kikiနဲ့လသာည>မမလည်းကျေးဇူးတင်ပါတယ်၊လာလည်သွားတာရော၊commentရေးသွားတာရော ကျေးဇူးအထူးတင်ပါတယ်
    Busymozzee>ကရင်တွေကိုခင်တယ်ဆိုလို့ဝမ်းသာပါတယ်... လင့်ထားတာကျေးဇူးပါ

    ReplyDelete
  11. အင်းခုလို ကျွန်တော်မသိရ သေးတဲ.မျိုးချစ်
    အာဇာနည် ကရင်အမျိုးသားကြီး စောဘဦးကြီး
    အကြောင်း ဖတ်ခွင်.ရတဲ. အတွက်ကျေးဇူးအမရေ
    သစ္စာ ဖောက်တွေကတော. မိုက်ဇာတ်သိမ်းကြမှာပါ...
    တမလွန်မှာလည်း အဲ.အပြစ်တွေ ခံစားနေရမှာပါ ...

    ReplyDelete
  12. ကရင် အမျိုသားကြီးအကြောင်း လေးစားစွာ လာဖတ်သွားပါတယ်နော်

    ဘိုင်

    ReplyDelete
  13. အမျိုးသားခေါင်းဆောင် စောဘဦးကြီးရဲ့အကြောင်းကို အခုလို ရှာဖွေဖော်ပြပေးတဲ့အတွက်ရော... ဒီတဂ်ပိုစ့်ကို အရေးတယူ ရေးပေးတဲ့အတွက်ရော လေးလေးနက်နက် ကျေးဇူးတင်ပါတယ်ဗျာ...

    တကယ်တမ်းတော့ ကရင်ရယ် ဗမာရယ်ဆိုတာ ညီအကို ဆွေမျိုးတွေ မဟုတ်လား... ပြည်သူအချင်းချင်းမှာတော့ ဘယ်သူဘယ်ဝါကမှ အာဃာတတွေ အငြိုးအတေးတွေ မရှိကြပါဘူး...

    ဘုံရန်သူ အာဏာရူးတသိုက်ကြောင့်သာ တို့ပြည်သူပြည်သား တိုင်းရင်းသားတွေမှာ ဒုက္ခပင်လယ်ကြီးမှာ မျောနေကြရတာပါ...

    ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် မြင့်မြတ်တဲ့စေတနာ ဖြူစင်တဲ့စိတ်ထားနဲ့ အသက်ပေးကြိုးပမ်းသွားတဲ့ ခေါင်းဆောင်စောဘဦးကြီးကို လှိုက်လှိုက်လှဲလှဲ လေးစားမိပါတယ်...

    ReplyDelete
  14. လေးစားစွာ ဖတ်သွားတယ်နော်

    ReplyDelete
  15. ဟုတ်ပါတယ်ကိုလူထွေး... တိုင်းရင်းသားတွေဟာညီအစ်ကိုမောင်နှမတွေပါ... လူယုတ်မာတွေသွေးခွဲလို့တချို့တွေသွေးကွဲရတာပါ.. လာလည်တာကျေးဇူးအထူးတင်ပါတယ် :)
    ကျေးဇူးပါကောင်းကင်ပြာ... ကျမတောင်မရောက်ဖြစ်တာကြာပြီထင်တယ်... လာလည်အုန်းမယ် :)

    ReplyDelete
  16. မန့်ထားတာတွေ အကုန်ပျောက်ကုန်ပီ... ဘာဖြစ်ဖြစ် အာဇာနည်ခေါင်းဆောင် တယောက်ကို ယခုလို ဖော်ကျူးပေးတာ ကျေးဇူးအထူးပါ

    ReplyDelete
  17. အခုချိန်မှာတော့ ကရင်အပါအ၀င်တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ သမိုင်းကို မှေးမှိန်အောင်လုပ်ထားတယ် ထောင်သွင်းအကျဉ်းချထားတယ်
    ဒါပေမယ့် ပြည်သူတွေကတော့ အားလုံးတသားထဲပါပဲဗျာ..။
    ဒီလို အမျိုးသားခေါင်းဆောင်တယောက်ကို လူတွေပိုပြီးသိအောင် သတိရအောင် ရေးပေးတာ ကောင်းမွန်ပါတယ်...။

    ReplyDelete
  18. မမရေ
    လေးစားဖွယ် ကရင် အမျိုးသားကြီး စောဘဦးကြီး ကို ဦးညွှတ်အလေးပြုသွားပါတယ်။
    ရေးပေးတဲ့မမကိုလဲ ကျေးဇူးပါနော်။

    ReplyDelete
  19. မမရေ....
    ကရင်အမျိုးသားကြီးစောဘဦးအကြောင်းဖတ်ရလို့ဝမ်သာမဆုံးပါရှင်။
    ဖော်ပြပေးတာကျေးဇူးပါရှင်။

    ReplyDelete
  20. လေစားရသော ကရင်အမျိုးသားကြီးစောဘဦးအကြောင်းလာဖတ်သွား
    ပါတယ်ရှင်။

    ReplyDelete
  21. ခြေလှမ်းသစ်၊မြစ်ကျိုးအင်း၊မေလေး၊ဂျာမုန်း၊မိုးကောင်းသူ အားလုံး လာလည်ပြီး ကော်မန့်ရေးသွားတာ ကျေးဇူးအထူးတင်ပါတယ်ရှင်....

    ReplyDelete
  22. ချစ်သောရို့စ်ရေ..

    ပို့စ်ကွန်မန့်ကရေးပြီးသား..ဟဲဟဲ ဒါက သီးသန့် ။ စီဘောက်မှာ ရှုပ်မှာစိုးလို့ ဒီမှာရေးခဲ့တာ။ facebook ကို ရောက်တယ်။ ဓါတ်ပုံတွေကြည့်ပြီး လန့်ပြေးသွားပြီလား..ဟားဟား
    ရို့စ်ပုံတွေလည်း ကြည့်သွားပါတယ်။ သရုပ်ဆောင်လေးနဲ့ တူတယ်။ ချောမှချော..။

    facebook ကလေ သိပ်မရောက်ဖြစ်ဘူး။ တစ်လမှတစ်ခါ။ အသွားများတယ်ဆိုတောင် တစ်ပတ်မှ တစ်ခါလောက်ရောက်တာ..။ တကယ်လို့ facebookမှာ မတွေ့ဖြစ်ရင် စိတ်ပူမှာစိုးလို့ ကြိုပြီး request လုပ်ထားတာ.. :P

    နေကောင်းသွားပြီဆိုလို့ ၀မ်းသာသွားပြီ..။ဧကန္တ မဟုတ်မှလွဲရော
    ပြင်သစ်ရောက်နေသူကို လွမ်းပြီး လွမ်းဖျားဖျားနေတာ မဟုတ်လား..ဟွန်းဟွန်း.. သိနေတယ်သိနေတယ်..။ :D
    လူကျန်းမာရေးရော နှလုံးကျန်းမာရေးရော ဂရုစိုက်ပါ ခင်ဗျာ...
    ကိုယ်စား....:)

    ReplyDelete
  23. လသာညရေ.. မဖျားပါဘူးကွယ်... ပြင်သစ်ရောက်နေသူကိုသတိရပေမဲ့ ဖျားလောက်အောင်တော့ မလွမ်းပါဘူး... အိမ်ထောင်သက်ကဆယ်နှစ်ကျော်နေပြီလေ....ခုလိုဂရုတစိုက်အားပေးတတ်တဲ့ ချစ်သူငယ်ချင်းလေးရှိနေတာ တကယ်ကိုဝမ်းသာမိတယ်...

    ReplyDelete
  24. it is true that we all r brothers whether u r karean or burmese.i wish we always want to live together in one land.i dont want seperate.to live together,we burmese have to show our love to them.

    ReplyDelete
  25. အခုလိုကိုသိတဲ့သတင်းကိုအခြာသူတွေအတွက်ပြန်မျှဝေပေးတဲ့မမကိုကျေးဇူးတင်
    ပါတယ်ညီမလေးကရင်လူမျိုးဖြစ်ပေမဲ့ကရင့်အကြောင်းကိုဘာမှမသိတဲ့သူတစ်ယောက်ပါညီမလေးလိုက်လေ့လာရင်နဲ့တွေ့လိုက်တာပါအခုတော့အရမ်းလေးစားရသောခေါင်းဆောင်ကြီးတစ်ယောက်ရဲ့အကြောင်းကိုညီမလေးသိသွားပါပြီးအမကိုကျေးဇူးတင်ပါတယ်

    ReplyDelete